Hello… Lush Magazine ရဲ့ စာဖတ်ပရိသတ်ကြီးများအားလုံးပဲ မင်္ဂလာပါ….
အခုဖော်ပြပေးမဲ့ အကြောင်းအရာကတော့ ၂၁ ရာစုရဲ့ တော်ဝင်မင်းသားမင်းသမီးတွေ ထိန်းမြားလက်ထပ်တဲ့အခါ ဝတ်ဆင်ခဲ့ကြတဲ့ Wedding Gown တွေထဲကမှ လူအများ နှစ်သက် ချီးကျူးကြရတဲ့အထိ နာမည်ကြီးခဲ့တဲ့ Gown ၁၀ မျိုးကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်….
Mary Donaldson 2004
Mary Donaldson ဆိုတဲ့ အမျိုးသမီးလေးကတော့ 2004 ခုနှစ်မှာ Denmark ရဲ့ Crown Prince တစ်ဦးဖြစ်တဲ့ Frederik နဲ့ ထိန်းမြား လက်ထပ်ခဲ့ပါတယ်။
Denish Designer တစ်ဦးဖြစ်တဲ့ Uffe Frank ရဲ့ ဆင်စွယ်ရောင်ရှိတဲ့ Silk Gown လေးကို ဝတ်ဆင်ခဲ့ပါတယ်… Off-shoulder neckline လေးကိုမှ fitted-bodice A-Gown လေးကို သူမရဲ့ Inverted Triangle body shape နဲ့ လိုက်ဖက်အောင် ဝတ်ဆင်ခဲ့ပြီး Crown Princess Margaretha ဆင်မြန်းခဲ့ဖူးတဲ့ Lace Veil ကို ပြန်လည်ဆင်မြန်းခဲ့ပါတယ်။
Kate Middleton 2011
Prince William နဲ့ ကြင်ယာတော် Kate Middleton တို့ကတော့ 2011 မှာ ထိန်းမြားလက်ထပ်ခဲ့ကြပါတယ်…
Kate ရဲ့ Wedding Gown လေးကတော့ Alexander Mcqueen ရဲ့ ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Sarah Burton က ဖန်တီးပေးခဲ့တာပဲဖြစ်ပါတယ်… အနောက်မှာ Train အရှည်ကြီးပါတဲ့ A-line Gown လေးကိုမှ Victorian Era ကို inspired ယူထားတဲ့ Fitted Corset လေးနဲ့ တွဲဖက်ထားပေးပါတယ်… Kate ရဲ့ ကျက်သရေရှိတဲ့အလှကို ပိုမိုပေါ်လွင်စေဖို့ Lace flower collar လက်ရှည်လေး ကိုပါ တွဲစပ်ခဲ့တဲ့အတွက် တစ်ကမ္ဘာလုံးက သတို့သမီးလောင်းလေးတွေ အားကျ ခဲ့ကြရပါတယ်…
Beatrice Borromeo 2015
2015 မှာ Princess Caroline ရဲ့ သားတော် Prince Casiraghi ကို လက်ထပ်ခဲ့သူလေး Beatrice ကတော့ Giorgio Armani Prive ရဲ့ Custom Gown လေးကို ဝတ်ဆင်ခဲ့ပါတယ်။
Grecian Inspired A-line Gown လေးကတော့ Beatrice နဲ့ အင်မတန်လိုက်ဖက်လှသလို Gown မှာ တစ်ဆက်တည်းပါတဲ့ Train နဲ့ ရှည်လျားလွန်းတဲ့ Tulle Cape တို့ကြောင့်လဲ Fairytale Gown လေးအဖြစ် နာမည်ကြီးခဲ့ပါတယ်။
Charlotte Wellsley 2016
ဝိတိုရိယဘုရင်မကြီးရဲ့ မျိုးဆက်တစ်ဦးဖြစ်တဲ့ Lady Charlotte Wellesley ဝတ်ဆင်ခဲ့တာကတော့ Emilia Wickstead ဖန်တီးခဲ့တဲ့ Structured Gown လေးပဲ ဖြစ်ပါတယ်…
Off Shoulder-long sleeves A-line Gown လေးပေမဲ့ Cape အရှည်ကြီးတွဲလျက်ပါတာကြောင့် Dreamy Graceful vibe လေးကို ခံစားနိုင်ပြီး ဆန်းပြားတဲ့ Polka-dot veil လေးကြောင့်လဲ ခေတ်မီတဲ့အသွင်ကို ရခဲ့ ပြန်ပါတယ်…
Alessandra de Osma 2018
Prince Christian of Hanover နဲ့ လက်ထပ်ခဲ့သူလေး Alessandra ကတော့ Spanish Fashion Designer တစ်ဦးဖြစ်တဲ့ Jorge Vazquez ရဲ့ long-sleeve lace bodice dress လေးကို ဝတ်ဆင်ခဲ့ပါတယ်…
ဂါဝန်တစ်ထည်လုံးအပြည့် ဇာပန်းတွေနဲ့ အလှဆင်ထားခဲ့တာ ကြောင့် Alessandra ရဲ့ နူးညံ့မှုကို ပိုမိုပေါ်လွင်စေပါတယ်… Hanover Floral Tiara နဲ့အတူ Veil အရှည်ကြီးကို ဝတ်ဆင်ခဲ့တာကြောင့်လဲ ရိုးရိုးလေးနဲ့ ပိုပြီး လှနေခဲ့ပါတယ်…
Meghan Markle 2018
2018 တုန်းက Prince Harry နဲ့ လက်ထပ်ခဲ့တဲ့ Meghan Markle ကတော့ Givenchy ရဲ့ Artistic Director ဖြစ်တဲ့ Clare Waight Keller ဖန်တီးခဲ့တဲ့ Gown လေးကို ဝတ်ဆင်ခဲ့ပါတယ်.
Bateau Neckline ကိုမှ three-quarter-length-sleeves လေးပဲပါတဲ့ Minimalistic Shealth dress လေးဟာ အံသြဖွယ်ကောင်းလောက်အောင် Meghan နဲ့ လိုက်ဖက်ခဲ့ပါတယ်… Hand-made ပန်းကနုတ်လေးတွေပါပြီး ၁၆.၅ မီတာ အရှည်ရှိတဲ့ Silk veil ရဲ့ အလှကတော့ အခုချိန်ထိ ပြောစမှတ်တွင်နေတုန်းပါပဲ…
Princess Eugene 2018
2018 မှာပဲ မင်္ဂလာပွဲကျင်းပခဲ့တဲ့ Princess Eugene ရဲ့ Wedding Gown ကိုတော့ Peter Pilotto နဲ့ Christopher de Vos တို့က Custom ဖန်တီး ခဲ့ပါတယ်…
Princess Eugene ရဲ့ တောင်းဆိုမှုကြောင့် Lowback long-sleeves Gown လေးကို ဖန်တီးခဲ့ရပြီး အကြောင်းအရင်းကတော့ Princess Eugene ရဲ့ Scoliosis surgery scar ကို ပြသနိုင်ဖို့အတွက်ပဲဖြစ်ပါတယ်…
Hidden Message လေးပါတဲ့ ဒီ Gown လေးရဲ့ ဇာပန်းခတ် လေးတွေပါတဲ့ ဂါဝန်အောက်ပိုင်းနဲ့အတူပါတဲ့ train အရှည်ကြီးကလဲ Eugene ရဲ့ Apple Body Shape လေးကို ပိုပြီး လှပစေခဲ့ပါတယ်…
Princess Beatrice 2020
2020 May မှာ ကျင်းပဖို့ပြုလုပ်ခဲ့တဲ့ အစီအစဉ်တွေ ပျက်သွားခဲ့ရတာကြောင့် Princess Beatrice ရဲ့ မင်္ဂလာပွဲကို July လမှာမှ ပြောင်းလဲကျင်းပခွင့်ရခဲ့ပါတယ်…
သူမဝတ်ခဲ့တဲ့ Wedding Gown ကတော့ သူမရဲ့အဖွားဖြစ်တဲ့ Queen Victoria ၀တ်ဆင်ခဲ့ဖူးတဲ့ Vintage Gown လေးပဲ ဖြစ်ပါတယ်…
1960 အကျော်က Norman Hartnell ဖန်တီးခဲ့တဲ့ ဒီ Vintage Gown လေးကိုတော့ Princess Beatrice က volume ပါတဲ့ Organza short-sleeve လေးထပ်မံထည့်ပြီး ပြုပြင်ပြောင်းခဲခဲ့ပါတယ်… ပိုပြီးပြည့်စုံသွားစေဖို့ အတွက် Queen Victoria ရဲ့ မင်္ဂလာပွဲမှာဆင်မြန်းခဲ့တဲ့ Diamond Tiara ကို ပြန်လည် ဆင်မြန်းခဲ့ပြီး ကျင်းပခဲ့ပါတယ်…
အခုလောက်ဆို Royal Princess တွေရဲ့ ခမ်းနာတဲ့ Wedding Gown လေးတွေအကြောင်း ဖတ်ရလို့ Wedding Gown တွေနဲ့ ပတ်သက်ပြီး ပိုပြီးစိတ်ဝင်စားကြမယ် ထင်ပါတယ်….
နောက်ထပ် Wedding နဲ့ ပါတ်သက်တဲ့ ဘယ်လို Article တွေ ဖော်ပြပေးသွားမယ်ဆိုတာလဲ စောင့်မျှော်ပေးကြပါဦး…
LUSH X Thi’s Fashion Alliances Collaboration
Before The Bump. cialis generic south africa Parent Opinion.