LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0

ALPINA : Precision. Quality. Elegance. Toughness.

written by Aung Lynn Thit December 26, 2020
ALPINA : Precision. Quality. Elegance. Toughness.

Alpina Brand ကို 1883 ခုနှစ်ကတည်းက Swiss Watchmaker Gottlieb Hauser  ဆိုသူက တည်ထောင်ခဲ့တဲ့ Brand တစ်ခုဖြစ်ပါတယ် Alpina Brand ဖြစ်တည်လာပုံကို ထပ်ပြောရရင်တော့ Gottlieb Hauser ဟာ leading Swiss independent watchmakers တွေကို စုစည်းပြီး Alpinists  လို့လူသိများလာတဲ့ Alpina Swiss Watchmakers Corporation ဆိုပြီးတည်ထောင်ခဲ့ရာကနေစတင်ခဲ့တာပါ။ သူတို့ဟာ နာရီစတင်ထုတ်လုပ်စဉ်ကတည်းက Strong and Sturdy အရည်အသွေးမြင့် DNA ကို ပုံဖော်ပြီး ထုတ်လုပ်လာခဲ့တာဖြစ်ပါတယ်။ ပြီးတော့ ၂၀ ရာစုတစ်ခုလုံးရဲ့ Aviators Watch တွေအကြောင်းကိုပြောဆိုရာမှာတော့ Alpina ရဲ့ reliable and distinctive ဖြစ်တဲ့ pilot’s watches တွေနဲ့ နေရာရယူနိုင်မှုက တကယ့်ကိုအံ့မခန်းအောင်မြင်မှုတွေပါပဲ။ Alpina Brand ဟာ Swiss Time Square ကို Family Member အနေနဲ့ထပ်မံရောက်ရှိလာတဲ့ ကမ္ဘာကျော် Swiss watch brand တစ်ခုဖြစ်ပါတယ်။

Alpina တွေကတော့ လုံး၀ကိုပဲ အများထဲက ကွဲထွက်ပြီး မိုက်နေတဲ့အသွင်ကိုတွေ့ရမှာပါ။ တြိဂံပုံ အနားသုံးနား၊ ထောင့်သုံးထောင့်ထဲမှာ နာရီပုံစံအဝိုင်းလေးနဲ့ Logo ရယ်၊ Alpina ဆိုတဲ့ စာသားရယ်က သူတို့ရဲ့နာရီတိုင်းမှာ ပါနေတာမို့ သူ့ Logo နဲ့ Alpina ရဲ့ ဝင့်ကြွားတဲ့ပုံစံကလည်း တော်တော်လေးကို ဆွဲဆောင်မှုရှိတာပါ။ ပြီးတော့ တစ်ခုပြောပြချင်ပါသေးတယ်၊ အခုအချိန်မှာတော့ နာရီ Brand တွေ အများစုနီးပါးဟာ international guarantee ကို ပေးနေခဲ့ကြတာကြာပြီဆိုပေမယ့် Alpina ကတော့ အဲဒီ international guarantee ကို ၁၉၂၆ ခုနှစ်ကတည်းက အာမခံချက်ပေးခဲ့တဲ့ first watch brand ပဲဖြစ်ပါတယ်။

နယ်ပယ်စုံ Adventure တွေအတွက် Sport Watch တွေကို ဦးတည်ပြီး ထုတ်လုပ်ခဲ့ပါတယ်။ ပထမကမ္ဘာစစ်ပြီးခါစကာလ ၁၉၂၀ ခုနှစ်မှာ Alpina နာရီတွေကို ဥရောပရဲ့ နာရီဆိုင်ပေါင်း နှစ်ထောင်ကျော်မှာ တင်သွင်းရောင်းချခဲ့ရပါတယ်။ သူတို့ဟာ အောင်မြင်မှုတွေ တော်တော်ကြီးကို ရလာခဲ့ပြီးမှ ၁၉၈၀ ခုနှစ်လောက်မှာ သူတို့ရဲ့ရည်ရွယ်ချက်တွေ၊ လမ်းကြောင်းတွေဟာ မသေချာမှုတွေရှိလာခဲ့တယ်လို့ ကမ္ဘာ့နာရီသုံးသပ်သူတွေက သုံးသပ်ပြခဲ့ကြပါတယ်။ ဒါတွေကြောင့် ၂၀၀၂ ခုနှစ်အရောက်မှာတော့ Frederique Constant ရဲ့တည်ထောင်သူ Peter Stas က Alpina Brand ရဲ့ ဖြတ်သန်းခဲ့ရာ rich history ကိုတန်ဖိုးထားတာကြောင့် Alpina ကို ဝယ်ယူခဲ့ပါတယ်။ ဆိုတော့ Alpina Brand ဟာ လက်ရှိမှာ Frederique Constant ရဲ့လက်အောက်မှာရပ်တည်နေပြီးတော့ ဟိုးအရင်ကတည်းက Alpina ရဲ့ရည်ရွယ်ချက်၊ ဦးတည်ရာအမှန်ဖြစ်တဲ့ ဒီဇိုင်းနဲ့နည်းပညာဆန်းသစ်တီထွင်မှုတွေနဲ့ ကွာလတီအထူးကောင်းမွန်ပြီး ယုံကြည်စိတ်ချရတဲ့ professional sports watches တွေကိုထုတ်လုပ်ပြီး ခရီးဆက်ဖို့ပါပဲ။ ဒီ Mission နဲ့ပဲ Alpina ဟာ အောင်မြင်မှုဆီ တစ်ကျော့ပြန် ရောက်လာခဲ့တာပါ။

 

ဒီတစ်ကြိမ်မှာ Swiss Time Square မှာရရှိနိုင်မှာဖြစ်တဲ့ Alpina ရဲ့ အမိုက်ဆုံးနာရီ ၆ လုံးအကြောင်းကို တင်ဆက်ပေးထားတာဖြစ်ပါတယ်။\

Startimer Pilot Quartz

Air/Startimer Category အောက်က Startimer နာရီတစ်လုံးဖြစ်ပါတယ်။ Calibre AL-240 ကို အသုံးပြုပေးထားပြီးတော့ Movement ကတော့ Quartz Type ဖြစ်ပါတယ်။ နေ့တိုင်းစိတ်ကျေနပ်မှုအပြည့်နဲ့ စမတ်ကျကျဝတ်ချင်တဲ့အမျိုးသားတိုင်းအတွက် perfect companion ဖြစ်စေမှာပါ။ ဒီနာရီမှာ Battery Life က 25 months ဖြစ်ပြီးတော့ ဒီဇိုင်းအနေနဲ့ရော feature တွေရော အရမ်းကို ရိုးရှင်းပါတယ်။ Case ရော၊ ဒိုင်ခွက်ရော အနက်ရောင်ဖြစ်ပြီးတော့ အထဲမှာလည်း feature အနေနဲ့ Date Display Window တစ်ခုတည်းသာပါဝင်ပြီးတော့ ၃ နာရီနေရာမှာ ထည့်သွင်းပေးထားပါတယ်။ နာရီအချက်ပြတွေကိုတော့ အင်္ဂလိပ်အက္ခရာတွေကိုအသုံးပြုပေးထားပြီးတော့ အနောက်လိုင်းမှာ Baton Indexes တွေကိုပါထည့်ပေးထားပါသေးတယ်။ ဒီ Baton Indexes ထူထူထဲထဲလေးတွေက အလင်းမရချိန်မှာ လင်းလက်တောက်ပနေဖို့အတွက် luminous တွေပါဝင်တဲ့အတွက် တော်တော်လေးကို လှပပါတယ်။ Alpina ဟာ traditional oversized crowns တွေကို အသုံးပြုတတ်ပေမယ့်လည်း ဒီ Startimer Pilot Quartz မှာတော့ Case Diameter: 42 mm နဲ့လိုက်ဖက်တဲ့ မကြီးလွန်းမသေးလွန်းတဲ့ အနေတော် Crown ကို အသုံးပြုထားတာတွေ့ရပါတယ်။ နာရီကြိုးကတော့ textile နဲ့ရနိုင်မှာဖြစ်ပြီးတော့ Water Resistance ကတော့ မီတာ ၁၀၀ ဖြစ်ပါတယ်။

ALPINER QUARTZ

ဒီနာရီဒီဇိုင်းမျိုးက တခြားနာရီ Brand တွေဆီမှာလည်းများစွာတွေ့ရပါလိမ့်မယ်။ ဒါပေမယ့် Alpiner က သူ့ရဲ့ တြိဂံ Logo နဲ့အတူ ခမ်းနားထည်ဝါမှုနဲ့ရိုးရှင်းမှုတွေမျိုးတော့မဟုတ်နိုင်ပါဘူး။ ပြီးတော့ ပိုပြီး affordable ဖြစ်တဲ့နာရီတစ်လုံးဖြစ်တယ်။ အနက်ရောင်ဒိုင်ခွက်ကာလာနဲ့အတူ Case တွေ၊ ကြိုးတွေအကုန်လုံးအထိ Stainless Steel ကိုတွဲဖက်ထားပေးထားပါတယ်။ traditional oversized crowns ကို ခပ်ကြီးကြီးတွေ့မြင်ရပါတယ်။ Date Display Window ကိုတော့ ၆ နာရီအမှတ်ရဲ့ အပေါ်မှာထည့်ပေးထားပါတယ်။ hour marker တွေကိုတော့ ဘာသာစကား Numerals တွေအသုံးမပြုထားဘဲ luminous  ပါဝင်တဲ့ Silver Baton Indexes ထူထူလေးတွေအသုံးပြုထားတာက နာရီရဲ့ခန့်ညားမှုကို ပိုပြီး အားပေးအားမြှောက်ဖြစ်စေပါတယ်။ ပြီးတော့ နောက်တစ်ချက် ဒီဇိုင်းခန့်ညားစေမှုကို ဖြည့်ပေးထားနိုင်တဲ့ အကြောင်းအချက်တစ်ခုက hour marker ရဲ့အနောက်လိုင်းမှာ ထည့်ပေးထားတဲ့ second marker တွေက ဒီဇိုင်းအတွက် အများကြီးအထောက်အပံ့ဖြစ်တာကိုတွေ့မြင်ရမှာပါ။ သူ့မှာလည်း Startimer Pilot Quartz လိုပဲ AL-240 Caliber ကိုအသုံးပြုပေးထားတယ်။ Battery Life က 45 months ဖြစ်ပါတယ်။ Water Resistance ကတော့ 100 m/330 FT ဖြစ်ပါတယ်။  Water Resistance အမှတ်အသားကိုတော့ နာရီရဲ့ဒိုင်ခွက်ပေါ်မှာလည်း အထူးပြုဖော်ပြထားပါသေးတယ်။

Alpina Startimer Pilot Watch

နောက်ထပ်သော ဒီဇိုင်းတစ်မျိုး Startimer တစ်လုံးပါ။ ဒီကောင်ကလည်း Quartz Type ပဲဖြစ်ပါတယ်။ Case Diameter size က 42 mm ဖြစ်တယ်။ ဒိုင်ခွက်ကာလာက Blue လို့သတ်မှတ်ထားပေမယ့် Blue စစ်စစ်ကြီးတော့မဟုတ်ပါဘူး။ Blue ဖောက်ထားတယ်ဆိုရုံ ကာလာတင်းတင်းရင်းရင်းကို တွေ့ရမှာဖြစ်တယ်။ ဒီဇိုင်းကလည်း ထူးခြားပြီးတော့ unique look ဖြစ်တာကိုတွေ့ရမှာဖြစ်ပါတယ်။ Feature Function တွေဘာတွေပါမလဲဆိုတော့  အဓိကဒိုင်ခွက်အတွင်းမှာမှ second dial ကိုထည့်ပေးထားတယ်၊ အဲဒီ second dial ထဲမှာမှ Date Display ကိုထည့်သွင်းထားပါတယ်။ အဲဒီ second dial ကတော့ 6 hour marker ရဲ့အပေါ်နေရာကနေ ဒိုင်ခွက်ရဲ့ဗဟိုချက်အထိ ခပ်ကြီးကြီးလုပ်ပေးထားကိုတွေ့ရပါမယ်။ ဒီနာရီဒီဇိုင်းကတော့ ပုံမှန်ကြည့်လိုက်ရင် ထူးခြားတယ်လို့ ခံစားမိချင်မှ ခံစားမိပါလိမ့်မယ်၊ အသေးစိတ် သေချာကြည့်ရင်တော့ သူ့ရဲ့တည်ဆောက်ပုံတွေ၊ ဒီဇိုင်းတွေကို စဉ်းစားကြည့်လိုက်ရင်း နှစ်သက်ချင်စရာကောင်းလာပါတယ်။ hour marker တွေကို Numerals ကိုအသုံးပြုပေးထားပါတယ်။ ဒါပေမယ့် ၁၂ နာရီနေရာကိုတော့ Alpina ရဲ့ Logo နဲ့အစားထိုးထားတာကိုတွေ့မြင်ရမှာပါ၊ ပြီးတော့ ၉ နာရီနဲ့ ၃ နာရီနေရာတွေကိုတော့ Space အလွတ်ကြီးချန်ပြီး အာရုံကိုဆွဲခေါ်ထားပါတယ်။ ၅ နာရီ၊ ၆ နာရီ၊ ၇ နာရီ marker နေရာတွေဆိုရင်လည်း second dial က ဖုံးအုပ်ထားလိုက်တဲ့ပုံစံမျိုးတစ်ဝက်တစ်ပျက်တွေပြတ်တောက်ပေးထားတဲ့ဒီဇိုင်းကိုတွေ့ရမှာပါ။ Baton Indexes တွေကလည်း သေသပ်ပြီး စွဲဆောင်မှုရှိပါတယ်။ ဒီနာရီမှာ oversized crowns ကိုအသုံးပြုထားပြီးတော့ မလိုအပ်ဘဲနဲ့တောင် crown ကလှည့်နေချင်စရာကောင်းလွန်းလှပါတယ်။ Case Diameter 42 mm ရှိပြီးတော့ Strap Type ကတော့ Leather Strap ပါ။ Water Resistance ကတော့ မီတာ ၁၀၀ ဖြစ်ပါတယ်။

Alpina Startimer Pilot Chronograph

တော်တော်လေးမှမဟုတ်ဘူး။ တော်တော်ကြီးကို စွဲမက်စရာကောင်းတဲ့ နာရီနှစ်လုံးပါ။ တစ်လုံးက ဒိုင်ခွက်ကာလာ Soft Yellow လို့ခေါ်သလို Cream ကာလာ ဖြစ်ပြီးတော့ တစ်လုံးကတော့ ဒိုင်ခွက်ကာလာ Blue ဖြစ်ပါတယ်။ spectacular and sporty look ဖြစ်တဲ့ ဒီနာရီနှစ်လုံးကို ငြင်းဆန်နိုင်စွမ်းရှိတဲ့ အမျိုးသားတွေဆိုတာ တော်တော်ရှားပါးပါလိမ့်မယ်။ နှစ်ရီနှစ်လုံးစလုံးက Quartz Type movement ဖြစ်ပြီးတော့ Caliber AL-371 ကိုအသုံးပြုထားပါတယ်။ Main Dial အတွင်းမှာ sub Dial ၃ ခုပါဝင်ပါသေးတယ်။ Date Display ကို ၄ နာရီနေရာမှာထားပေးပြီးတော့ Weekdays Dial ကိုလည်းထည့်သွင်းပေးထားပါတယ်။ Case Size က 42mm ဖြစ်လို့ အမျိုးသားအများစုရဲ့လက်ကောက်ဝတ်ပေါ်မှာ တင့်တယ်နေစေမှာပါ။ Case ကနေ ကြိုးအထိ အကုန်လုံး Stainless Steel နဲ့ရရှိနိုင်မှာပဲဖြစ်ပါတယ်။ နာမည်ကိုယ်တိုင်ကိုက Chronograph ဖြစ်တဲ့အတွက် Chronograph function ပါဝင်ပါတယ်။ Water Resistance က မီတာ ၁၀၀ ဖြစ်ပါတယ်။

Seastrong Horological Smartwatch Black

အမျိုးသားတစ်ယောက်အတွက် ဆွဲဆောင်နိုင်စွမ်းအမြင့်ဆုံးအရာတွေထဲမှာ နာရီတွေလည်း ထိပ်ဆုံးမှာပါဝင်နေပါတယ်။ ဒီနာရီမျိုးကို ဘယ်လိုအမျိုးသားတွေက မငေးဘဲ၊ မလိုချင်ဘဲ နေနိုင်ရိုးရှိပါမလဲ။ ဒီဘက် Smart era ထဲက Smart Watch တွေလိုမျိုး၊ LCD Screen တွေ၊ Touch တွေနဲ့တည်ဆောက်ထားတာမျိုးတော့မဟုတ်ပါဘူး။ ပွန်းရာခြစ်ရာ ထိခိုက်ရာတွေကို ကာကွယ်ပေးနိုင်တဲ့ Sapphire Crystal ကိုအသုံးပြုထားပါတယ်။ ဒီနာရီကို ဘယ်လိုအသုံးပြုရမလဲဆိုတော့ Alpina ကထုတ်ထားတဲ့ Motion X ဆိုတဲ့ app ကို ဒေါင်းလုဒ်ဆွဲပြီး တွဲဖက်သုံးပေးရမှာပါ။ app နဲ့ချိတ်တာဆက်တာ ဘာညာအကုန်လုံးကို သူ့ရဲ့ Crown တစ်ခုတည်းကနေလုပ်ဆောင်ပေးမှာပါ။ ဘာတွေစွမ်းဆောင်နိုင်မလဲဆိုတော့ Always On Time, Activity Tracking, Sleep Monitoring, Sleep Cycle Alarms, Get Active Alerts, Dynamic Coaching, Cloud Backup and Restore ပြီးတော့ Mobile Notifications တွေ စတဲ့ function တွေရနိုင်ပါတယ်။ Caliber MMT-282-1 ကိုအသုံးပြုထားပြီးတော့ အထင်ကြီးစရာအကောင်းဆုံး Battery Life က 4+ Year ဖြစ်ပါတယ်။ Case Diameter 44 mm ဖြစ်ပါတယ်။ Bazel ရော ဒိုင်ခွက် ရော အကုန်လုံးက အနက်ရောင်ဖြစ်ပြီးတော့ အဲဒီအပေါ်မှာ Luminous ပါဝင်တဲ့ marker တွေ၊ indexes တွေကို အဖြူရောင်သုံးပေးထားပါတယ်။ Bazel ပေါ်မှာလည်း minutes marker တွေကို ရေးသားဖော်ပြထားပါသေးတယ်။ အရမ်းအရမ်းကိုမိုက်တဲ့ နာရီတစ်လုံးပါ။ နာရီကြိုးကတော့ အကောင်းစား ရာဘာသားကို အသုံးပြုပေးထားတာပဲဖြစ်ပါတယ်။ Water Resistance ကတော့ မီတာ ၁၀၀ ဖြစ်ပါတယ်။

 

ဆိုတော့ ဒီနာရီတွေကို မြန်မာပြည်မှာ တရားဝင်(တရားဝင်နော်) ဘယ်မှာရနိုင်မလဲ။ ပြောပြစရာတောင်လိုတော့မယ်မထင်ပါဘူး၊ အပေါ်မှာလည်း ပြောပြပေးခဲ့ပြီးသားဖြစ်တဲ့ Swiss Time Square ပဲဖြစ်ပါတယ်။ ဘာကြောင့် Swiss Time Square ဟာ တခြားနာရီရောင်းသူတွေထက် စိတ်ချရတာလဲ။ Swiss Time Square ကနေ ကမ္ဘာကျော် နာရီ Brand ပေါင်းများစွာနဲ့အလုပ်တွဲလုပ်နေပြီး မြန်မာပြည်ကို တစ်ဦးတည်းအရောင်းကိုယ်စားလှယ်အနေနဲ့တင်သွင်းရောင်းချပေးနေတာဖြစ်ပါတယ်။ ဒါကြောင့် Swiss Time Square မှာဆိုရင် နိုင်ငံတကာ စံချိန်စံနှုန်းအတိုင်းလုံး၀မလျော့ဘဲရမယ်၊ ပစ္စည်းအာမခံစိတ်ချရမယ်၊ အရည်အသွေးစိတ်ချရမှာဖြစ်ပါတယ်။ ဒါကြော

By taking Cerazette continuously, you take the pill even when withdrawal bleeding appears, and you start a new pack as soon as the last pill of the previous packet was taken. tadalafil Note: you can start taking Cerazette for the first time without having taken a hormonal contraceptive before.

1
Facebook Twitter Google + Pinterest
Aung Lynn Thit

previous post
How to Style for Aggressive Glam Look?
next post
Eight Best Fairytale Royal Wedding Gowns of 21st Century

Recommended

Ms.Devona’s Visit

November 14, 2018

5 shows to watch on Prime Video

June 9, 2020

LUSH Beauty Program – Less is more EP6...

July 23, 2019

Merguri or An Untouched Paradise

November 29, 2019

Get Married In A ONE PIECE Wedding Dress!

January 11, 2021

Crystal-covered wings

November 10, 2018

Collagen supplements တွေရဲ့ကောင်းကျိုးများ (Part II)

August 19, 2020

Prized cats of the world

February 26, 2019

Elle Fanning Fashion Style Look-book

January 29, 2021

အရှိန်မပြယ်သေးတဲ့ 80s Fashion Trend များ

July 20, 2023

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem