ကမ္ဘာကျော် Pop Stars တွေ တော်တော်များများ ကိုယ်ပိုင် brand တွေထုတ်လုပ်လာတာ အားလုံးသတိထားမိကြမှာပါ။ အခုဆို Justin Bieber ကလည်း သူ့ကိုယ်ပိုင် brand တစ်ခုကို မိတ်ဆက်လိုက်ပါပြီ။ drewhouse လို့ခေါ်တဲ့ သူ့ brand က သူ့ရဲ့ middle name ဖြစ်တဲ့ Drew ဆိုတာကို မှီငြမ်းထားတာပါ။ Justin က Drew, The House of Drew, La Maison Drew စတဲ့နာမည်တွေကိုလည်း မှတ်ပုံတင်ထားပါတယ်။
ပထမဆုံး Collection မှာ ပေါ့ပေါ့ပါးပါးနဲ့ ထသွားထလာဝတ်လို့ကောင်းမယ့် အပြုံးပုံ Logo ဒါမှမဟုတ် “drew” ဆိုပြီး ရိုးရိုးရှင်းရှင်းရေးထားတဲ့ Unisex T-shirts, Hoodies, sweatshirts နဲ့ Pants တွေပါဝင်ပါတယ်။ Brand ရဲ့ first drop looks တွေက Yeezy ရဲ့ Season 3 Collection နဲ့တောင် ခပ်ဆင်ဆင်ပါ။ Nude tones အရောင်တွေနဲ့ Justin ရဲ့ ထုံးစံအတိုင်း oversized designs တွေနဲ့ Skater-influenced style တွေကို တွေ့ရမှာပါ။ ဈေးနှုန်းတွေကတော့ $48 လောက်ကနေစပြီး $148 လောက်ထိ ရှိတယ်လို့ သိရပါတယ်။
#may
#LUSHmagazineMyanmar #LUSHdaily #LUSHitRight
Photos Credit – thehouseofdrew