ဖက်ရှင်ကျကျ အထာကျကျ မိမိုက်နေဖို့ LUSHers တို့အတွက် ဒီတစ်ပတ်မှာတော့ Dress Pants နဲ့တွဲဖက်ဝတ်ဆင်သင့်တဲ့ matching outfit လေးတွေကို ပြောပြပေးသွားပါ့မယ်။ ကိုယ်က အလုပ်လုပ်တဲ့အချိန်မှာ ဝတ်ဆင်ဖို့ စဉ်းစားထားတယ်ဆိုရင်တော့ Blazer coat နဲ့တွဲဖက်ဝတ်ဆင်လို့ရပါတယ်။ ဒါမှမဟုတ် ကိုယ်က Casual ဖြစ်တဲ့ပုံစံ ဝတ်ဆင်မယ်ဆိုရင်တော့ ခဲနဲ့အဖြူရောင် ပေါင်းစပ်ထားတဲ့ အကျီ ၤနဲ့ ခါးပတ် အဖြူလေး ဝတ်ဆင်ပြီး Ballet Flat Shoe လေးနဲ့ပါ တွဲဖက်လိုက်မယ်ဆိုရင်တော့ တကယ့်ကို မိမိုက်နေမှာ အသေအချာပါပဲ။ အဲလို မဟုတ်သေးဘူး ပေါ့ပေါ့ပါးပါး ပုံစံ ဝတ်ဆင်မယ် ဆိုတဲ့ LUSHers တွေ အတွက်ကတော့ Oversized White Shirt Sleeve လက်ရှည်လေးကို လက်ခေါက်ပြီး ဝတ်လိုက်မယ်ဆိုရင်တော့ ကွက်တိပဲပေါ့။
Dress Pants တွေနဲ့ အလိုက်ဖက်ဆုံး ဖိနပ်ပုံစံအမျိုးအစားကတော့ Pointed Toe ဖြစ်တဲ့ Heel ကိုလည်း ရွေးချယ်နိုင်သလို Open-Toed Heel ကိုလည်း ရွေးချယ် ဝတ်ဆင်နိုင်ပါတယ်နော်။
#LUSHmagazineMyanmar #LUSHitRight #LUSHfashionVocab