Coca-Cola နဲ့ BAPE တို့ပေါင်းပြီး မေလတုန်းက Coca-Cola Bottle တွေထုတ်ခဲ့တာ အားလုံးမှတ်မိကြမယ်ထင်ပါတယ်။ အခု အဲ့ collection ထဲမှာ အဝတ်အစား၊ အသုံးအဆောင် နဲ့ ဖိနပ်ပါပါလာပြီ။ ဒီ capsule မှာ သုံးထားတဲ့အရောင်တွေက BAPE ဆိုပြီး သိစေမယ့် အရောင်တွေ၊ Coca-Cola လို့တန်းသိနိုင်မယ့် သူ့ရဲ့ အနီ၊ အဖြူနဲ့ အနက်တို့ကို မြိုင်မြိုင်ဆိုင်ဆိုင်သုံးထားပါတယ်။
T-shirt, hoodie, kimono, trucker hat, bucket hat, ခြေအိတ်၊ ခေါင်းစည်း၊ ဘောင်းဘီတို၊ BAPE STAs ဖိနပ်တွေ ဒီ capsule ထဲမှာပါပါတယ်။ နောက်ပြီး ဒီ capsule မှာမပါမဖြစ်ပါရမယ့်ဟာ ရှိပါသေးတယ်။ အဲ့ဒါကတော့ BAPE နဲ့ Coca-Cola တို့ပေါင်းပြီး ထုတ်ထားတဲ့ Coke အအေးဘူးတွေပါပဲ။
အသုံးအဆောင်ပစ္စည်းတွေအနေနဲ့ဆို ဂျပန် ဥချိဝ (uchiwa) ယပ်တောင်၊ တဘက်၊ ရင်ထိုး၊ ဖန်ခွက်နဲ့ ပုလင်းအဖုံးပုံစံ ကီးချိန်းတွေလည်း ပါသေးပါတယ်။ ဒီ capsule ကို ဇူလိုင် ၂၅ ရက်နေ့၊ A Bathing Ape flagship ဆိုင်တွေမှာ ဝယ်လို့ရမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီ collection မှာပါတဲ့ပုံတွေကို ဒီမှာ ကြည့်လို့ရပါတယ်။
Ref: Hypebeast