For this month, we are featuring World-renowned Event Planners who are in one of the most lucrative businesses in the world. Known for the world famous events that they have planned, we have picked those whose are specifically known for the celebrity weddings that they had managed. They are not only in charge of events, and also experts in related creative work such designs and decorations. This is why they are in this month’s LUSH Creator section.
အခုလမှာ ဖော်ပြပေးသွားချင်တာကတော့ ၀င်ငွေအကောင်းဆုံးသော လုပ်ငန်းတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ Event Planners တွေအကြောင်းပါ။ အခုဖော်ပြပေးမယ့်သူတွေကတော့ ကမ္ဘာကျော်ပွဲစီစဉ်သူတွေဖြစ်ပါတယ်။ အထူးသဖြင့် Wedding တွေကို အထူးပြုပြီး စီစဉ်ပေးနေတဲ့ celebrity wedding planners တွေကို ရွေးချယ်ပေးထားတာလည်းဖြစ်ပါတယ်။ သူတို့တွေက ပွဲတစ်ခုကို စီစဉ်ပေးရတယ်ဆိုတာထက် သူတို့ကိုယ်တိုင်ကိုကလည်း သက်ဆိုင်ရာ Decoration နဲ့ပတ်သက်ပြီးဖြစ်စေ၊ ဒီဇိုင်းပိုင်းနဲ့ပတ်သက်ပြီးဖြစ်စေ ကျွမ်းကျင်စွာလုပ်ဆောင်နိုင်စွမ်းရှိသူတွေလည်းဖြစ်ကြပါတယ်။ ဒါကြောင့် သူတို့တွေကို Creator ကဏ္ဍအတွက် ရွေးချယ်တင်ဆက်ပေးလိုက်ရတာဖြစ်ပါတယ်။
Colin Cowie
While he is mainly based in New York, Los Angeles and San Francisco, you can see his works all over the world. In Vogue Magazine “The Best Wedding Planners in US” article, he was mentioned as No. 1 in Northeast United States.
Imagine a wedding designed to heighten your five senses. That is the secret of his method. Colin Cowie brings different experiences through vision, sound, smell, touch and taste, thus creating unforgettable wedding experiences for those in attendance. It is no wonder that his client list include Oprah Winfrey, Jennifer Lopez and Kim Kardashian West.
သူကတော့ New York, Los Angeles နဲ့ San Francisco တို့မှာ အဓိကအခြေစိုက်လုပ်ကိုင်ပါတယ်။ အဲဒီနေရာတွေမှာ အခြေစိုက်လုပ်နေတယ်ဆိုပေမယ့် တခြားနိုင်ငံခြားတွေမှာလည်း ပွဲတွေအများကြီးပြုလုပ်နေသူတစ်ယောက်ဖြစ်ပါတယ်။ The Best Wedding Planners in the U.S ဆိုပြီး Vogue က ရေးသားခဲ့တဲ့ဆောင်းပါးမှာ Colin Cowie ကို အမေရိကရဲ့အရှေ့မြောက်ပိုင်းအတွက် နံပါတ်တစ်ပေးပြီး ရေးသားဖော်ပြခဲ့ပါတယ်။
မင်္ဂလာအခမ်းအနားတစ်ခုက သင့်ရဲ့အာရုံငါးပါးကိုမြှင့်တင်ပေးဖို့စီမံထားတယ်လို့တွေးကြည့်လိုက်ပါတဲ့။ ဒါက Colin Cowie ရဲ့နောက်ကွယ်က method တစ်ခုပါပဲ။ Colin Cowie က မတူကွဲပြားတဲ့နေရာဒေသ အတွေ့အကြုံတွေကနေတစ်ဆင့် အကြား၊ အမြင်၊ အထိ၊ အနံ့ နဲ့ အရသာ တွေကို ယူဆောင်လာပြီး ပုံဖော်တာကြောင့် Colin Cowie စီစဉ်တဲ့မင်္ဂလာအခမ်းအနားတွေဟာ လူတွေရဲ့အာရုံမှာထင်ကျန်နေစေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း Oprah Winfrey, Jennifer Aniston, Jennifer Lopez နဲ့ Kim Kardashian West တို့ကလည်း Colin Cowie ရဲ့ဖောက်သည်စာရင်းထဲမှာ ရှိနေတာဖြစ်ပါတယ်။
Preston Bailey
He is known as a Floral Couturier for his masterpiece floral designs. He brings in the outside world into the ballroom.
There was one wedding where he placed a breathtaking “tornado of butterflies” installation in the dessert counter. Bailey likes to incorporate trees in his creation .One of his most talked about work featured trees on the wall using lighting and a projector. When the groom and the bride said their vows, flowers start to bloom from the trees and became a field of flowers.
It is true that his talent lies in creating a soft and delicate world of flowers that no one else could do.
That is why his staunch fans include the royal family and celebrities such as Oprah Winfrey, Melissa Rivers, Michael Douglas and Catherine Zeta-Jones.
သူ့ရဲ့ Masterpieces လို့ပြောကြတဲ့ အင်မတန်လှပတဲ့ ပန်းအလှဒီဇိုင်းဖန်တီးမှုတွေကြောင့် လူသိများပါတယ်။ Preston Bailey ရဲ့ အတွေးဒဿနကတော့ အပြင်ကမ္ဘာကို အတွင်းခန်းမထဲသို့ သယ်ဆောင်လာခြင်းပဲဖြစ်ပါတယ်။
မင်္ဂလာဆောင်တစ်ခုမှာဆိုရင် သူက အင်မတန်လှပပြီး ရင်သတ်ရှုမောဖွယ်ပျံဝဲနေတဲ့သဏ္ဍန်ရှိတဲ့လိပ်ပြာကို ဖန်တီးပြီး အချိုစားပွဲရဲ့အလယ်မှာ ထားရှိခဲ့ပါတယ်။ Bailey က သူဖန်တီးတဲ့ဒီဇိုင်းတွေမှာ သစ်ပင်တွေကိုထည့်သွင်းဖန်တီးရတာကို နှစ်သက်သူတစ်ယောက်လည်းဖြစ်ပါတယ်။ လူပြောများတဲ့ သူ့ရဲ့ဖန်တီးမှုတစ်ခုကတော့ ပရော့ဂျက်တာနဲ့အလင်းနည်းပညာကို အသုံးပြုပြီး နံရံပေါ်မှာ သစ်ပင်တွေကိုပုံဖော်ပြသတာဖြစ်ပါတယ်။ ဇနီးမောင်နှံနှစ်ဦး တစ်ဦးကိုတစ်ဦး သဘောတူလက်ခံကြောင်း သစ္စာကတိပြုတဲ့အချိန်မှာတော့ ခုနက သစ်ပင်တွေဟာ ဖူးသစ်တွေဖူး၊ ပွင့်သစ်တွေပွင့်ပြီး ဝေေ၀ဆာဆာနဲ့ ပန်းခင်းအတိဖြစ်စေတာပါပဲ။
အလွန်တရာကိုမှ နူးညံ့သိမ်မွေ့လှပလွန်းတဲ့ အပြင်အဆင်တွေနဲ့ ပန်းတွေကို သူမတူစေတဲ့ ကမ္ဘာတစ်ခုတည်ဆောက်ပေးနိုင်ခြင်းက Bailey ရဲ့ အောင်မြင်တဲ့အချက်တွေဆိုရင် မမှားသော အမှန်တရားတစ်ခုပါပဲ။
ဒီအချက်တွေကြောင့် Bailey ရဲ့ အမာခံပရိသတ်ထဲမှာ တော်ဝင်မိသားစုအသိုင်းအ၀ိုင်းနဲ့ နာမည်ကျော်တွေဖြစ်တဲ့ Oprah Winfrey, Melissa Rivers, Michael Douglas နဲ့ Catherine Zeta-Jones တို့က ပါဝင်နေတာဖြစ်ပါတယ်။
David Stark
He has been leading the Event industry for over twenty years with his unique perspective and experiences. His out-of-the-box decorations and humorous, quirky designs are very well known. Moreover, he is also a revered Party consultant and also sells party accessories.
His creation of 12 legged Chicken, Big Golden eggs and changing a hokey field to a miniature Santorini, Greek are just a few of his standout creations. This is why he has strong celebrity fans such as Brad Pitt. He was also the event planner for Saturday Night Live’s 40th Anniversary.
David Stark’s biggest dream is to plan out a grand traditional Indian wedding.
သူဖြတ်သန်းခဲ့တဲ့ သူ့အတွေ့အကြုံ၊ သူ့အယူအဆတွေနဲ့ ဒီ Event Industry မှာ နှစ်ပေါင်း နှစ်ဆယ်ကျော်လောက်ထိအောင် ဦးဆောင်လာနိုင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ရဲ့ တမူထူးခြားတဲ့ ဒီဇိုင်းအပြင်အဆင်တွေ၊ ဟာသဥာဏ်ရွှင်စွာဖန်တီးတတ်မှုတွေနဲ့ တစ်ခါတစ်ရံမှာ ပေါက်ပေါက်ရှာရှာ စဉ်းစားဖွေရှာပြီး ဆန်းသစ်မှုတွေကြောင့် နာမည်ကြီးသူတစ်ယောက်လည်းဖြစ်ပါတယ်။ ပြီးတော့ သူက ပါတီအပြင်အဆင်တွေအတွက် အကြံပေးသူတစ်ယောက်အနေနဲ့လည်း လူသိများပါသေးတယ်။ David Stark က ပါတီအခမ်းအနားအပြင်အဆင်အတွက် လိုအပ်တဲ့ Accessories တွေကိုလည်း ပြုလုပ်ပြီးရောင်းပေးပါတယ်။
ခြေထောက် ၁၂ ချောင်းပါတဲ့ ကြက်ပုံစံပုံဖော်လိုက်တာမျိုး၊ ရွှေရောင်ဥအကြီးကြီးတွေကို ပွဲခင်းထဲမှာ ဆင်ယင်ထားတာမျိုး၊ ပြီးတော့ ဟော်ကီကွင်းကနေ ဂရိနိုင်ငံ၊ ဆန်တိုရီနီကို သွားတဲ့ခရီးစဉ်လေးတစ်ခုသဖွယ်ဖြစ်အောင် စီစဉ်လိုက်နိုင်ပုံမျိုးက David Stark ရဲ့ ဖြစ်တည်မှုတွေပါပဲ။
ဒီလိုဖန်တီးပုံတွေကြောင့် Brad Pitt တို့လို နာမည်ကျော်တွေက သူ့ရဲ့ပရိသတ်အဖြစ်ရှိနေပါတယ်။ သူက Saturday Night Live ရဲ့ နှစ် ၄၀ ပြည့် ပွဲကိုလည်း စီစဉ်ပေးခဲ့ရသူတစ်ယောက်ဖြစ်ပါတယ်။
David Stark ရဲ့ လုပ်ချင်စိတ်ဖြစ်နေတဲ့ သူ့အိပ်မက်တစ်ခုကတော့ အိန္ဒိယရိုးရာမင်္ဂလာဆောင်တစ်ခုခုကို ခမ်းနားကြီးကျယ်စွာပြုလုပ်ချင်နေတာပဲဖြစ်ပါတယ်လို့ဆိုပါတယ်။
Marcy Blum
She began her career as a chef and food consultant. After changing her career, she has been a wedding planner for more than 20 years. And she is also a writer.
The events she had planned out are always very memorable for the wedded couple and the guests. She also always thought out the most suitable and appropriate favors for the guests.
Her most well received favor was Bloody Mary Mix and Coffee Cake for the morning.
Career Life ကို ပြောင်းလဲခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အရင်က စားဖိုမှူးနဲ့အစားအသောက်ပိုင်းဆိုင်ရာအကြံပေးလုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူမဟာ ဒီလို Wedding Planner တစ်ယောက်ရဲ့ဘ၀ကိုစတင်ခဲ့တာကလည်း နှစ်ပေါင်း ၂၀ ကျော်လွန်လာခဲ့ပြီဖြစ်ပါတယ်။ ဒါတင်ဘယ်ကဦးမလဲ သူမက စာရေးဆရာမတစ်ယောက်လည်းဖြစ်ပါသေးတယ်။
သူမရဲ့စီစဉ်မှုတွေက အမှတ်ရစရာတွေချည်း ဖြစ်လွန်းလှပါတယ်။ Aspen တောင်ပေါ်က မင်္ဂလာအခမ်းအနားရဲ့ပုံရိပ်တွေ၊ ဧည့်ခံစားစရာအဖြစ် ဒိန်ခဲပေါ်မှာ အရသာအမျိုးမျိုးဖြူးပြီးဘီးတပ်လှည်းပေါ်မှာတည်ခင်းပေးတာမျိုးစသဖြင့် သူမဟာ သတို့သား၊ သတို့သမီးအတွက်ရော၊ ဧည့်လာပရိသတ်တွေအတွက်ရော စိတ်ထဲစွဲကျန်နေရစ်စေတဲ့ ပွဲတစ်ခုဖြစ်အောင် စီစဉ်နိုင်စွမ်းရှိသူတစ်ယောက်ဖြစ်ပါတယ်။ မင်္ဂလာပွဲကို လာရောက်ချီးမြှောက်ကြတဲ့ ဧည့်သည်တွေအတွက် ပြန်ကမ်းလက်ဆောင် ပေးတဲ့အခါမှာလည်း တကယ်အသုံးတည့်၊ အသုံးဝင်တဲ့လက်ဆောင်ဖြစ်ဖို့ကို သူမက အမြဲတွေးပြီး လုပ်ဆောင်ပေးပါတယ်။
Blum ရဲ့ အကြိုက်ဆုံးအရာတစ်ခုကတော့ မင်္ဂလာပွဲအပြီး Breakfast အတွက် စီစဉ်ပေးရတဲ့ Bloody Mary Mix နဲ့ Coffee Cake ပဲဖြစ်တယ်လို့ပြောပါတယ်။
Sarah Haywood
She is a world renowned event planner based in London and also the most wanted in Britain for events. She has also planned out many grand weddings all over the world.
Sarah Haywood is known to be a hard worker who can plan out a successful event within two weeks. She could also fulfill the requests of five clients at the same time to their satisfaction.
She was also the bridal expert for CNN Worldwide Live Broadcast of Prince William and Kate’s wedding. Furthermore, she is a UK Top Seller of books regarding weddings.
သူက လန်ဒန်အခြေစိုက်တဲ့ ကမ္ဘာကျော်ပွဲစီစဉ်သူတစ်ယောက်ဖြစ်ပါတယ်။ ဗြိတိန်က လူတော်တော်များများကတော့ သူနဲ့ပဲ ပွဲလုပ်ဖို့ကို အလိုရှိကြတယ်လို့ဆိုပါတယ်။ Sarah Haywood ဟာ ကမ္ဘာတစ်ဝှမ်းက နာမည်ကြီးတွေရဲ့ ခမ်းနားဝါတဲ့ မင်္ဂလာပွဲတွေကို စီစဉ်ပေးခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။
သူကတော့ အလုပ်အင်မတန်လုပ်နိုင်သူတစ်ယောက်ပဲဖြစ်ပါတယ်။ ပွဲတစ်ပွဲအတွက် အချိန်နှစ်ပါတ်တာကာလအတွင်း ပြီးပြည့်စုံအောင်ပြင်ဆင်နိုင်သူဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ Client ငါးဦးအတွက် တစ်ဦးချင်းရဲ့လိုအပ်ချက်တွေကို စိတ်ကျေနပ်မှုပြည့်သည်အထိ ၀န်ဆောင်မှုပေးနိုင်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။
ပြီးတော့ Sarah Haywood က မင်းသား William နဲ့ Kate Middleton တို့ရဲ့ မင်္ဂလာပွဲကို နိုင်ငံတကာအထူးဝေဖန်သူတစ်ယောက်လည်းဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ UK ရဲ့ Top Seller စာရင်းဝင် မင်္ဂလာပွဲနဲ့သက်ဆိုင်တဲ့စာရေးသူတစ်ယောက်လည်းဖြစ်ပါသေးတယ်။