LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
STYLETRENDS

Celebrities တွေ အကိုင်အများဆုံး Designer Bag များ

written by Maeve August 31, 2023
Celebrities တွေ အကိုင်အများဆုံး Designer Bag များ

Designer Bag တွေဝယ်ပြီး စုဆောင်းရဖို့ဆိုတာလည်း လွယ်တဲ့အလုပ်တခုတော့မဟုတ်ပါဘူး။ ကိုယ်အရမ်းကြိုက်လို့ ပိုက်ဆံစုပြီး ဝယ်မယ်ဆိုရင် ပိုလို့တောင်ဆိုးတာပေါ့။ ပိုက်ဆံတွေအများကြီး အိတ်ဝယ်ဖို့အတွက်သုံးတဲ့သူတွေတောင်မှ အခုလိုကာလမှာ နည်းနည်းတော့ စဉ်းစားရကြပ်ကြမှာပါပဲ။ ဆိုတော့ မဝယ်ခင် အိတ်အကြောင်း သေချာလေ့လာထားသင့်တာကတော့အမှန်ပါပဲ။ ဒါကြောင့် တထောင့်တနေရာကနေ ရွေးချယ်တာမှန်အောင် အထောက်အကူပြုမယ့် Celebrities တွေအကိုင်များတဲ့ Designer Bag တွေအကြောင်းကို အခု article လေးမှာပြောပြပေးသွားချင်ပါတယ်။

Hailey Bieber ရဲ့ Bottega Veneta Andiamo Bag

Bottega Veneta Andiamo bag အိတ်က 2023 နှစ်အစမှာမှ စပြီး launch လုပ်ခဲ့တာဖြစ်သလို launch လုပ်လုပ်ပြီးချင်းမှာပဲ အတော်ကို ရေပန်းစားခဲ့တာပါ။ ရေပန်းစားခဲ့တဲ့အကြောင်းအရင်းထဲမှာ Euphoria သရုပ်ဆောင် Jacob Elordi ကိုင်လိုက်တာကလည်းပါပါတယ်။ နောက်ပြီး Hailey Bieber တို့ Kylie Jenner တို့က ဒီအိတ်ကိုပဲ size မျိုးစုံကိုင်ပြတာတွေ့လိုက်ရတော့ ဒီအိတ်က နေရာတိုင်း၊ ဖက်ရှင်တိုင်းနဲ့ကို အံ့ဝင်ဂွင်ကျအပ်စပ်လွန်းလို့ လူကြိုက်များတဲ့အိတ်တခုဖြစ်လာခဲ့ပါတယ်။ ဈေးနှုန်းကတော့ size ပေါ်မူတည်ပြီး $4100 ကနေ $7900 လောက်ရှိပါတယ်။

Jennifer Lopez ရဲ့ classic Hermès Birkin bag

Hermès Birkin bag တွေရဲ့ အကြီးစား fan တယောက်ဖြစ်တဲ့ J.Lo ကတော့ classic Hermès Birkin bag တွေကို အဖြူရောင်ကနေ အနီရောင် leather အိတ်တွေထိ အရောင်စုံ စုဆောင်းတတ်တဲ့သူပါ။ ကမ္ဘာမှာဈေးအကြီးဆုံးအိတ်တွေထဲကတအိတ်ဖြစ်တဲ့ Hermès Birkin bag တွေရဲ့အကြောင်းကတော့ ထွေထူးပြောစရာကို မလိုတော့ပါဘူး။ ဈေးအနေနဲ့ $10,000 ကနေ $250,000 ဝန်းကျင်ထိရှိပါတယ်။

Rihanna ရဲ့ Miu Miu Pocket Bag

Dior, Louis Vuitton နဲ့ Gucci တို့လို brand တွေရဲ့ vintage bag တွေကို ကိုင်နေကြဖြစ်တဲ့ Rihanna တယောက် ဒီနှစ်အစပိုင်းလောက်က New York Carbone စားသောက်ဆိုင်မှာ A$AP Rocky နဲ့အတူတူ ညစာထွက်စားတဲ့အချိန်တုန်းက ကိုင်ခဲ့တဲ့ Miu Miu ရဲ့ အိတ်အသစ် Pocket bag ကလည်း ဖက်ရှင်လိုက်စားသူတွေကြားထဲအတော်ကို ရေပန်းစားသွားခဲ့ပါသေးတယ်။ ဒီ Miu Miu Pocket Bag ကို Rihanna တင်မဟုတ်ဘူး Sydney Sweeney, Emily Ratajkowski, Rita Ora နဲ့ Jenna Ortega တို့ကိုင်ကြတာကိုလည်း တွေ့ရပါသေးတယ်။ ဈေးကတော့ USD 3,050 ရှိပြီး အရောင် ၃ မျိုးထွက်ထားပါတယ်။

Angelina Jolie ရဲ့ monogrammed Celine tote

Jolie နဲ့အတူတူ တွေ့ရအများဆုံးအိတ်ကတော့ Celine ရဲ့ signature Triomphe ပန်းထိုးနဲ့ ‘Horizontal Cabas’ Bag တွေပါပဲ။ ဒီအိတ်က Maxi dress တွေ၊ Camel suit တွေအပြင် outfit အမျိုးမျိုးနဲ့ လိုက်ဖက်ကြောင်းကို Jolie က ချပြခဲ့ပါတယ်။ Celine ရဲ့ signature Triomphe motif ပန်းထိုး feature တွေပါတဲ့ ဒီ Celine ‘Horizontal Cabas’ tote bag တွေက ဘယ်တော့မှ မရိုးသွားမယ့်အိတ်မျိုးထဲမှာပါတာမို့ investment လုပ်ပြီး ဝယ်ဖို့အတွက် အရမ်းကောင်းတဲ့ထဲမှာပါပါတယ်။ ဈေးနှုန်းကတော့ USD 2200 လောက်ရှိပါတယ်။

Kendall Jenner ရဲ့ The Row Half Moon Bag

နောက်ပိုင်း The Row က အရမ်းမိုက်ပြီးလှတဲ့အိတ်တွေထုတ်လာတာ သတိထားမိကြမယ်ထင်ပါတယ်။ အဲ့ထဲက လူကြားထဲမှာ ရေပန်းအစားဆုံးအိတ်ကတော့ The Row ရဲ့ Half Moon shoulder bag ပါပဲ။ ဒီအိတ် design ကို inspired ယူပြီး ဈေးသက်သက်သာသာနဲ့ပြန်ထုတ်နေကြတာမှ အများကြီးပါပဲ။ Half Moon shoulder bag က ‘90s ခေတ်ကအိတ်ကို inspired ယူထားတာပါ။ ဒီအိတ်ကို celebrities တွေကြားထဲမှာလည်း အရမ်းကိုတွေ့ရသလို တွေ့ရအများဆုံး celebrities ကိုပြပါဆိုရင်တော့ Kendall Jenner ကိုပဲ ပြရမှာပါ။ အိတ်ရဲ့ဈေးနှုန်းကတော့ USD 1,390 လောက်ရှိပါတယ်။

Taylor Swift ရဲ့ structured Mansur Gavriel bag

Taylor Swift တယောက် off-duty အချိန်တွေ အပြင်ထွက်တဲ့အခါတိုင်းမှာ သူနဲ့အတူတူတွဲပြီး တွေ့ရအများဆုံးက Mansur Gavriel ရဲ့ M Frame Box Bag ပါပဲ။ အိတ်ဈေးက USD 895 ဆိုတော့ ဈေးလည်းအရမ်းမများဘူးလို့ပြောလို့ရပါတယ်။ အိတ်ကသေးပေမဲ့ ထင်ထားတာထက်ပိုဆန့်တာမို့ Taylor အနေနဲ့ ထသွားထလာတိုင်းလွယ်လို့အရမ်းအဆင်ပြေပုံပါပဲ။ အိတ်အရောင်အနေနဲ့ ၅ ရောင်ထွက်ထားသလို Mansur Gavriel website မှာအခုဝယ်ရင် 15% off လည်းရဦးမှာပါ။ ဒါပေမဲ့ Taylor လွယ်နေကြ အညိုရောင်ကတော့ sold out ဖြစ်သွားပါပြီ။

Margot Robbie ရဲ့ Prada Re-Edition 1995 Mini Bag

Miuccia Prada က ၁၉၉၅ ခုနှစ်မှာအရမ်းကိုအောင်မြင်ခဲ့တဲ့ သူတို့ရဲ့ iconic Prada bag ကို re-edition အဖြစ် Prada Re-Edition 1995 brushed-leather mini handbag တွေကို ပြန်ပြီးထုတ်ခဲ့ပါတယ်။ ဒီအိတ်က အဲ့ခေတ်အဲ့ခါတုန်းကဆို Carolyn Bessette-Kennedy ရဲ့ အကြိုက်ဆုံးအိတ်တအိတ်လည်းဖြစ်ပါတယ်။ အိတ်ရဲ့ပုံစံက minimalist ဖြစ်ပြီး တောင့်တောင့်တင်းတင်းနဲ့ elegant ဖြစ်လွန်းတာတော့ငြင်းမရပါဘူး။ ဒီအိတ်ကို USD 3300 နဲ့ဝယ်လို့ရမှာဖြစ်ပြီး အရောင် ၅ ရောင်၊ size မျိုးစုံနဲ့ထုတ်ထားပါတယ်။ ဒီအိတ်ကို celebrities တွေတော်တော်များများကိုင်တာလည်းတွေ့ရသလို အတွေ့ရအများဆုံးကတော့ Margot Robbie ဆီမှာပါပဲ။

Selena Gomez ရဲ့ sequined Fendi bag

Selena ကတော့ sequin Fendi baguette ရဲ့ fan လို့တောင်ပြောလို့ရပါတယ်။ သူဆို ဒီအိတ်ကို ထသွားထလာ outfit တွေနဲ့ရော၊ ညဘက် dinner သွားဖို့ Black Dress နဲ့ပါ တွဲဝတ်ပြီး ဘယ် occasion နဲ့မဆို လိုက်တဲ့အကြောင်းကို သူရဲ့ဖက်ရှင်တွေကနေတဆင့်သက်သေပြသွားပါတယ်။ အိတ်ရဲ့ဈေးကတော့ USD 4900 ရှိပြီး ရွေးစရာအရောင် ၄ မျိုးရှိပါတယ်။

Designer BagLUSHfashion
0
Facebook Twitter Google + Pinterest
Maeve

previous post
အရက်နာကျတာ သက်သာစေဖို့ ဘာလုပ်ကြမလဲ .. ?
next post
တခုလောက်တော့ ရှိကိုရှိထားသင့်တဲ့ လူကြိုက်များတဲ့ Hair Tools များ

Recommended

2023 မှာ ဖောက်ကြည့်သင့်တဲ့ piercing တွေ

June 2, 2023

Emma Stone ရဲ့ အကောင်းဆုံး Red Carpet Fashion များ

February 23, 2024

New York Fashion Week SS24 မှာတွေ့ခဲ့ရတဲ့ အမိုက်ဆုံး Beauty...

October 6, 2023

Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

April 5, 2023

အရှိန်မပြယ်သေးတဲ့ 80s Fashion Trend များ

July 20, 2023

2023 ခုနှစ်ရဲ့အကောင်းဆုံး Celebrity Vintage Moments များ

December 30, 2023

လာမယ့် Halloween အတွက် Costume ideas များ

October 13, 2023

Trendsetter တွေမေ့ထားလို့မရတဲ့ ခေတ်စားလာမယ့် အိတ်ဒီဇိုင်းများ

June 7, 2023

Spring 2024 Menswear မှာ Gender norm တွေကနေကွဲထွက်ပြီး ပြသခဲ့တဲ့...

July 6, 2023

It’s time for “Back to the Future” fashion

May 19, 2023

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem