ဒီရက်ပိုင်းတွေမှာ တဖြည်းဖြည်းအအေးဓာတ်လေးရလာပြီဆိုတော့ အသားအရည်ခြောက်တာတို့၊ နှုတ်ခမ်းသားတွေခြောက်တာတို့ကတော့ အနည်းနဲ့အများဖြစ်လာကြပါတယ်။ Dry skin ပိုင်ရှင်တွေဆိုရင်တော့ ဒီခံစားချက်မျိုးကို သူများထက်အရင်ခံစားရမှာပါ။ ဒီလိုအချိန်မှာ အသားအရည်အတွက် moisturizer တို့၊ ရေဓာတ်ပါတဲ့ lotion တို့လိမ်းပြီး အသားအရည်ကို ရေဓာတ်ထိန်းသိမ်းလေ့ရှိကြပါတယ်။ အသားအရည်အတွက် ထိန်းသိမ်းမှုလုပ်ကြပေမဲ့ ရေဓာတ်ခမ်းခြောက်နေတဲ့နှုတ်ခမ်းသားကို ထိန်းသိမ်းဖို့ကို မေ့နေတတ်ကြပါတယ်။
နှုတ်ခမ်းသားခြောက်တဲ့အကြောင်းမပြောခင် နှုတ်ခမ်းရဲ့လူသတိမပြုမိတဲ့အချက်လေးတွေရှိပါတယ်။ အဲ့ဒါကတော့
▪️နှုတ်ခမ်းသားက မျက်နှာမှာရှိတဲ့အရေပြားနဲ့ယှဉ်ရင် ပိုထူပြီးတော့ နှုတ်ခမ်းသားက Melanocytes (အရေပြား နဲ့ ဆံပင်မှာရှိတဲ့ အမည်းရောင်ဒြပ်တစ်ခု) နည်းပါတယ်။
▪️ကြည်နေတဲ့နှုတ်ခမ်းအရေပြားကနေ သွေးကြောတွေကိုမြင်နေရလို့ နှုတ်ခမ်းသားက ပန်းရောင်တို့၊ အနီရောင်တို့ဖြစ်နေတာပါ။
▪️တချို့နှုတ်ခမ်းသားညိုတဲ့သူတွေကတော့ Melanocytes သာမာန်ထက်ပိုများတာကြောင့်ပါ။
▪️နှုတ်ခမ်းက ခန္ဓာကိုယ်မှာရှိတဲ့တခြားအရေပြားတွေနဲ့မတူပါဘူး။ နှုတ်ခမ်းမှာ အဆီထွက်တဲ့ gland တွေ၊ ချွေးထွက်တဲ့ gland တွေ၊ အမွေးအမှင်တွေမရှိတဲ့အတွက်ကြောင့် နှုတ်ခမ်းဟာ ပတ်ဝန်းကျင် နဲ့ ရောဂါပိုးတွေရန်ကနေ ကာကွယ်ဖို့ အကာအကွယ်ရှိမနေပါဘူး။ ဒါကြောင့်လည်း နှုတ်ခမ်းသား အက်ကွဲတာတွေ၊ ခြောက်သွေ့တာတွေ အလွယ်တကူဖြစ်နိုင်တာပါ။
မိတ်ကပ်ထဲက ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်တာ၊ အာဟာရဓာတ်ချို့တဲ့တာ၊ Matte lipstick တွေသုံးတာ၊ ဖျားနာတာ၊ ရေဓာတ်ခမ်းခြောက်တာ နဲ့ ရာသီအကူးအပြောင်းကာလတွေမှာ နှုတ်ခမ်းခြောက်သွေ့တာတွေဖြစ်နိုင်ပါတယ်။
ဒီလို နှုတ်ခမ်းသားကွဲအက်တာတွေ၊ နှုတ်ခမ်းခြောက်တာတွေကို ကာကွယ်ဖို့ဆိုရင် Lip Balms နဲ့ တခြား ရေဓာတ်ဖြည့်ပေးနိုင်တဲ့ပစ္စည်းတွေကို သုံးပေးသင့်ပါတယ်။ Lip Balm တို့ဘာတို့မှာ Sunscreen ပါတဲ့ဟာမျိုးကို ပိုသုံးပေးသင့်ပါတယ်။
ပြီးတော့ ကိုယ်လုပ်နေတဲ့ treatment တွေပိုပြီးထိရောက်ဖို့အတွက် ပုံမှန် scrub လုပ်ပေးသင့်ပါတယ်။ အလွယ်ကူဆုံးကတော့ သွားတိုက်တဲ့အချိန် သွားပွတ်တံနဲ့ နှုတ်ခမ်းကို ညင်ညင်သာသာလေးတိုက်ပေးပြီး dead skin cells တွေကို ဖယ်ရှားလို့ရပါတယ်။
နှုတ်ခမ်းသားခြောက်သွေ့တာ သက်သာဖို့အတွက် Lip Balm သုံးမယ်ဆို ပြည်တွင်းမှာ အလွယ်တကူဝယ်လို့ရပြီး အရည်အသွေးကောင်းတဲ့ Lip Balm တွေကိုလည်း ရွေးချယ်ပေးလိုက်ပါတယ်။
Palmer’s Original Ultra Moisturizing Lip Balm (Cocoa Butter Formula)
ဒီ Palmer’s original ultra-moisturizing lip balm ကတော့ SPF 15 ပါဝင်တဲ့အတွက် နေဒဏ်ကိုကာကွယ်ပေးနိုင်ပါတယ
Vaseline Lip Therapy Rosy Mini
ဒီ Vaseline Lip Therapy Rosey Mini ကတော့ တော်တော်များများလည်းသိကြမှ
Nivea Lip Care (Watermelon Shine)
Watermelon shine က နှုတ်ခမ်းသားခြောက်သွေ့တာတွ
Nivea Lip Care (Peach Shine)
Peach Shine ကလည်း အချိန်အကြာကြီးရေဓာတ်ဖြည့်ပ
Essence Insta-care lipstick
ဒီ Essence Insta-care lipstick က Shea butter oil နဲ့ vitamin E ပါလို့ နှုတ်ခမ်းသားကို နူးညံ့စေပြီး ရွေးချယ်စရာ အရောင် ၆ ရောင်ရှိတာကတော့ သူ့ရဲ့ အားသာချက်ပါပဲ။ Lip Balm လိုမျိုး lip care အတွက် သီးသန့်ထုတ်ထားတာမျိုးမဟုတ်
#LUSHmagazineMyanmar #LUSHitRight #LUSHdaily #LUSHbeauty #LipBalm