ဒီတစ်ပတ် Fashion Vocabulary မှာတော့ Blazer နဲ့ တွဲဖက်ဝတ်ဆင်သင့်တဲ့ Outfit တွေကို LUSHers တို့အတွက် မျှဝေပေးသွားမှာနော်။ Blazer က Suit လောက် Formal မကျတော့ Casual Outfit အနေနဲ့ကတော့ အကောင်းဆုံးလို့ပြောရမှာပါ။ ဘယ်လိုမျိုးအတွဲအစပ်တွေနဲ့ ဝတ်ဆင်လို့ရလည်းဆိုတော့ Jeans နဲ့လည်း လိုက်ဖက်ညီသလို Casual T-shirt နဲ့လည်း တွဲဖက်ဝတ်ဆင်လို့ရပါတယ်။ Blazer ကို ပုံမှန် အပြင်ကနေ ဝယ်ယူဝတ်ဆင်တာထက်စာရင် ကိုယ်တိုင်းနဲ့ချုပ်ပြီး Tailor-made ဝတ်ဆင်တာက ပိုပြီးတော့ စတိုင်ကျသလို တွဲစပ်တတ်ရင်တတ်သလောက် မိမိုက်တဲ့ Look တွေကိုဖန်တီးလို့ရပါတယ်။
#LUSHmagazineMyanmar #LUSHitRight #LUSHfashionvocab