Best Cycling vacations in Myanmar
မြို့ပြရဲ့ဆူညံသံတွေနဲ့ ယာဉ်မောင်းနေရတာတွေအတွက် စိတ်ကုန်နေပါသလား။တခါတလေမှာ့ မိမိကိုယ်တိုင်အတွက် စိတ်ပိုင်းနဲ့ ရုပ်ပိုင်း
ကျန်းမာမှုတွေအတွက် ပြောင်းလဲမှုလုပ်ဖို့လိုအပ်တာပေါ့။ ကိုယ်တိုင်ခရီးသွားခြင်းကလည်း အကောင်းဆုံး အပန်းဖြေခြင်းတစ်မျိုးပါပဲ။ ဒါပေမယ့် oversea သွားတာ beach တွေသွားတာတွေပဲ အမြဲတမ်းအခါခါလုပ်နေမှာလား။ တခါတရံမှာတော့ ခြားနားတဲ့ နည်းလေးတွေ ထွင်သင့်ပါ
တယ်လေ။ များသောအားဖြင့်လူတော်တော်များများကနိုင်ငံခြားသွားရင်း အပန်းဖြေကြတယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံအတွင်းမှာလည်း လှပတဲ့နေရာ တွေရှိတာ သတိထားမိမှာပါ။ ဒီတခါတော့ အဲဒီနေရာတွေကို စက်ဘီးနဲ့ခရီးသွားဖို့ မကြိုးစား ကြည့်ချင်ဘူးလား။
ဒီအချိန်က မိုးရာသီအစဆိုပေမယ့် မိုးဦးကျမို့ မိုးနဲနဲပဲရွာပါသေးတယ်။ ဒီအချိန်မှာ သင်ဆုံးဖြတ်ပြီးပြီဆိုရင် biking tour သွားဖို့အတွက်စက်ဘီး
ကိုရွေးလိုက်ပါတော့။ Endurance road bikes သို့မဟုတ် Adventure road and gravel bikes တွေကပိုကောင်းပါတယ်။ သာမန်စီးနေကျ
touring bikes တွေအစား ခုနကလိုမျိုး စက်ဘီးတွေရွေးချယ်ကြည့်ရအောင်။ ပြီးရင်တော့ ဘရိတ်၊ ဘီး၊ တာယာတွေကို သေချာစစ်ဆေးထားပါ။
ပြင်ဆင်ထားပြီးရင်တော့သွားချင်တဲ့ ခရီးလမ်းကြောင်းကို ရွေးပြီးအစီအစဉ်ချပါ။ Travel Agencies ကနေလည်းစုံစမ်းလို့ရသလို အင်တာနက်
ကနေလည်း စုံစမ်းလို့ရပါတယ်။ ကိုယ်တိုင်စီစဉ်ထားတဲ့ bike ကိုယူသွားဖို့ အခက်အခဲတွေရှိတယ်ဆိုရင်လည်း ကိုယ်သွားမယ့်နေရာရောက်ရင် စက်ဘီးတွေ ငှားလို့ရပါတယ်။ဒါပေမယ့်ငှားမယ့်ဘီးတွေကိုသေချာစစ်ဆေးပါ။ ဒါမှမဟုတ်ရင် လည်း သင်လိုချင်တဲ့အမျိုးအစားမျိုးကိုသွားမယ့်နေရာက agencies တွေမှာကြိုတင် တောင်းဆိုကြည့်ပါ။
ပြည်တွင်းမှာ biking tour လုပ်ဖို့အကောင်းဆုံးနေရာတွေကို ညွှန်းရမယ်ဆိုရင်တော့ တောင်ပိုင်းရှမ်းပြည်၊ မော်လမြိုင်ကနေဘားအံ၊ မင်းကွန်း-မန္တလေး၊ လွိုင်ကော်နဲ့ စစ်တွေ-မြောက်ဦး စတဲ့နေရာတွေပါ။ ရှမ်းပြည်နယ်တောင်ပိုင်း ကတော့ biking tour တွေအတွက် အကျော်ကြားဆုံးပါပဲ။ ရှမ်းတောင်တန်းတွေ၊ ချိုင့်ဝှမ်းတွေပြည့်နေပြီး ဒုတိယအကြီးဆုံး အင်းလေးကန် တည်ရှိတဲ့နေရာပေါ့။ အကောင်းဆုံး way plan ကတော့
ကလော-အောင်ပန်း-ဟဲဟိုး-ရွှေညောင်-ညောင်ရွှေ-အင်းလေးပါ။ ကလောကနေ အင်းလေးကိုစက်ဘီးစီးရတာ တစ်ရက်လောက်ပဲအချိန်ကြာပါတယ်။
ကလောရဲ့ ဆွဲဆောင်မှုကတော့ ထင်းရှုးပင် တွေနဲ့ ပြည့်နေ တာပါပဲ။ ကလောမြို့ထဲ လည်ပြီး အောင်ပန်း ကိုသွားမယ်ဆို လမ်းမှာမြင်းမထိဂူကို ဝင်လို့ရပါတယ်။ အောင်ပန်းကတော့ ရှမ်းတောင်ဒေသ ရဲ့အသီးအရွက် ထုတ်ကုန်တွေ အတွက် ဆက်သွယ်ရောင်းဝယ်ရေး မြို့ဖြစ်ပါတယ်။ ဒေသထွက် မက်မန်းဝိုင်ကို ဝယ်ပြီး ရင်တော့ လေဆိပ်ရှိတဲ့ ဟဲဟိုးမြို့ကို ဆက်လာပါ။ ဟဲဟိုးကနေ ညောင်ရွှေနဲ့အင်းလေးကို ရောက်ဖို့ ၂နာရီ လောက်ထပ်စီးရပါလိမ့်မယ်။ လမ်းမှာတော့ ကိုလိုနီ ခေတ်က British တွေဆောက်ခဲ့တဲ့ ဘဝသံသရာတံတား ကိုလည်းတွေ့မှာပါ။ တွေ့ရင်တော့ခဏရပ်ပြီး အင်းလေး ကန်နောက်ခံထားတဲ့ လွင်ပြင်နဲ့ အလှဓါတ်ပုံရိုက်ခဲ့ပါ။ နောက်တစ်နာရီ လောက် စီးရင်တော့ အင်းလေးဒေသအစ ညောင်ရွှေမြို့ကိုရောက်ပါလိမ့်မယ်။ tourist များတဲ့ နေရာမို့ တစ်မြို့လုံးကတော့ ဟိုတယ်နဲ့စားသောက်ဆိုင် တွေ ပြည့်နေတာပါပဲ။ တစ်ညအိပ်ပြီး နောက်တစ်ရက်မှာ အင်းလေးကန်လည်ပေါ့။
မော်လမြိုင်ကနေ ဘားအံလမ်းကြောင်း ကတော့ ရိုးရိုး လေးပါ။ မော်လမြိုင်လေဆိပ်ကနေ ကျိုက်ထီးရိုး ဘုရားဖူးသွားပြီး မြို့ထဲလည်ပတ်၊ စက်စဲကမ်းခြေမှာ နေဝင်ချိန်လေး ကြည့်လို့ရပါတယ်။ နောက်တစ်ရက် ကျရင်တော့ ဘားအံကို စက်ဘီးစီးပေါ့။ လမ်းမှာ ဘုရင့်ညီဂူနဲ့ ရေပူစမ်းအရင်ဝင်လည်ပြီးမှ သံလွင်မြစ် ပေါ် ဖြတ်ဆောက်ထားတဲ့ တံတားပေါ်ဖြတ်ရင်း သဘာဝ အလှအပတွေ ခံစားကြည့်ပါ။ ဘားအံ ရောက်ရင်တော့ အနားယူပြီးရင် ဆွဲဆောင်မှုကောင်း တဲ့နေရာတွေဖြစ်တဲ့ ဆဒ္ဒန်ဂူ၊ ကျောက်ကလပ်ဘုရား၊ ဇွဲကပင်တောင်၊ ရသေ့ပျံဂူ နဲ့ ဘုရင့်ညီဂူတို့ကိုလည်ပတ်ဖို့ရွေးကြည့်ပါ။ ကြာချိန်ကတော့ ၃ရက်နဲ့ ၄ရက်ကြားရှိပါလိမ့်မယ်။
မင်းကွန်း-မန္တလေးလမ်းကြောင်းကတော့ ၂ရက်လောက်ကြာပါလိမ့်မယ်။ မင်းကွန်းကတော့ မန္တလေးနဲ့ မဝေးလို့ ဧရာဝတီမြစ်ကို ဖြတ်ပြီးစီးလို့ ရပါတယ်။ စပါးခင်းနဲ့ ကောက်ပဲသီးနှံစိုက်ခင်းတွေ လမ်းတစ်လျှောက်မြင်နိုင်ပြီး ဘုရားကျောင်းကန်တွေ ပြည့်နေတဲ့ ရှေးဟောင်းမြို့ဖြစ်တဲ့ အမရပူရနဲ့စစ်ကိုင်းကို လမ်းမှာ ဝင်လည်လို့ရပါတယ်။ အချိန်ယူပြီး ဘုရား သမိုင်းတွေ သေချာလေ့လာရင်း လည်ပတ်ရင် အဆင်ပြေ ပါတယ်။ ညနေရောက်ရင် မင်းကွန်းကို ဆက်သွားပြီး မန္တလေးကို အပြန်မှာ ဧရာဝတီမြစ်ကနေ လှေငှားပြန်ခဲ့ လို့ ရပါတယ်။ နောက် တစ်ရက်မှာတော့ သင့်မိသားစု အတွက် ဈေးချိုမှာ ပိုးလုံချည်တွေ ဝယ်ပေးပါ။ ပြီးရင်တော့ မြို့ထဲက အမည်ကြီး နေရာတွေဖြစ်တဲ့ ရွှေအင်းပင် ဘုန်းကြီးကျောင်း၊ မဟာမြတ်မုနိဘုရား၊ ရွှေနန်းတော် ကျောင်း၊ ကုသိုလ်တော်ဘုရား၊ မန္တလေးတောင်တို့ကို စက်ဘီးနဲ့ ပတ်သွားလို့ရပါတယ်။ အပြန်ကိုတော့ နေဝင်ချိန်ကို ဦးပိန် တံတားမှာကြည့်ရင်းအချိန်ဖြုန်းပေါ့။
နောက်တစ်နေရာကတော့ ရှေးအကျ ဆုံးမြို့ဖြစ်တဲ့ မြောက်ဦးနဲ့ စစ်တွေမြို့ပဲ ဖြစ်ပါတယ်။ စစ်တွေ လေဆိပ်မှာ ရောက်ပြီးတာနဲ့ စစ်တွေမြို့ကို လေ့လာရင်း တစ်ညအိပ်နေလို့ရပါတယ်။ နောက်တစ်ရက် မြောက်ဦးကို ကုလားတန်မြစ်ကနေ ၅နာရီကြာ လှေနဲ့ သွားလို့ ရပါတယ်။ ပြီးရင်တော့ မြောက်ဦးရဲ့ အထင်ကရ နေရာတွေလည်ရင်း ညအိပ်ပေါ့။ အထင်ကရနေရာ တွေကတော့ ရှစ်သောင်းပုထိုး၊ အံတော်သိမ်းပုထိုး၊ ဇိနမာန်အောင်ဘုရား၊ ရှေးဟောင်းမြို့ရိုး၊ မြောက်ဦးပြတိုက်နဲ့ မြောက်ဦးနန်းတော်တို့ပဲ ဖြစ်ပါတယ်။ တစ်ချိန်က ရခိုင် တို့နန်းစိုက်ရာမြေဖြစ်ခဲ့လို့ ကွဲပြားတဲ့ယဉ်ကျေးမှုနဲ့ ရိုးရာတွေကို တွေ့ရမှာပါ။ ရက်ကြာချိန်ကတော့ ၃ရက်လောက်ရှိပါလိမ့်မယ်။
နောက်ဆုံးတစ်နေရာကတော့ လွိုင်ကော်ပါ။ ၂ရက်စာ လောက် လမ်းကြောင်းဆွဲ စီစဉ်လို့ရပါတယ်။ လွိုင်ကော် လေဆိပ် ရောက်တာနဲ့ လွိုင်ကော်မြို့ရဲ့ အထင်ကရ တောင်ကွဲစေတီနဲ့ လောပိတရေတံခွန်ကို လည်ပတ်နိုင် ပါတယ်။ တစ်ညအိပ်ပြီး နောက်တစ်ရက်ကို တိုင်းရင်းသား ရွာတွေလည်ရင်း ကြက်ဂူကို သွားလို့ရပါတယ်။ ပန်ပက်ရွာကတော့ လည်ပင်းရှည်တဲ့ ကယမ်းအမျိုးသမီး တွေ နေထိုင်နေတဲ့ ရွာဖြစ်ပြီး သူတို့ရဲ့ရက်ထည်တွေ ကတော့ ပြိုင်ဖက်ကင်းအောင်လှပါတယ်။ နောက်ပြီး င်္ထီးပွင့်ကန်နဲ့ ကန်ခုနှစ်ဆင့် ရေတံခွန်တို့ကိုလည်း လည်ပတ်လို့ရပါသေးတယ်။ လမ်းတစ်လျှောက်မှာတော့ လှပတဲ့တောင်တန်းရှုခင်းတွေကို အဆုံးမဲ့ကြည့်ရင်း အပန်းဖြေနိုင်ပါတယ်။
စက်ဘီးစီးတာကတော့ စိတ်ပိုင်းရောရုပ်ပိုင်းပါ အကျိုး ဖြစ်ထွန်းစေပါတယ်။ နောက်ပြီး stroke, cancer, diabetes, obesity, arthritis စတဲ့ရောဂါတွေအပြင် နှလုံးရောဂါနဲ့ စိတ်ကျရောဂါဖြစ်ခြင်းတွေကနေလည်း ကာကွယ်ပေးပါတယ်။ ဒီလို ဘငုငညါ အသကမ တွေကို ကိုယ်တိုင်စီစဉ် သွားခြင်းကလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရစေပါတယ်။ ပျော်စရာကောင်းပြီး ကိုယ့်အားကိုယ်ကိုးချင်စိတ် ဖြစ်စေပါတယ်။ ဒါကြောင့် ရိုးရိုးခရီးတွေ သွားတာထက် ဒီလိုစွန်းစားရတဲ့ ဘငုငညါ အသကမ တွေကို ကိုယ်တိုင်စီစဉ်ပြီးသွားသင့်ပါတယ်။
(English Version)
Are you tired of driving and the noises of the downtown? It is true that sometime we need changes for our mental and physical wellness. Travelling by our own is one of the best relaxation methods. But should we travel again and again to the beaches and oversea as always? Sometime, we should try the different ways. Mostly we travel to oversea for relaxations. But you may notice that there are beautiful places in our county. So this time, don’t you want to try travelling by bicycles around those places?
Though this is the beginning time of the rainy season, you may notice that only few rain this month. After you’ve decided, choose your bike for biking tour. The bicycle should be a touring bike like Endurance road bikes or Adventure road and gravel bikes. Let’s deviate from using the traditional touring bike. Then check your bike brakes, tires and wheels. After checking, choose your itineraries and plan how to go. You can also inquire through travel agencies or on the internet too. There may have difficulties also for taking your own bikes therefore you can also hire bikes when you reach your destinations.
For the best place of bike tour in Local, it’s best to choose the places such as Southern Shan State, Mawlamyaing to Hpa An, Mingun – Mandalay, Loikaw and Sittwe – Mrauk U.
Southern Shan State is the most popular place for biking tour. There are full of Shan mountain ranges and valleys with the second local largest lake, Inle Lake. The best destinations around that areas are Kalaw – Aung Ban – Heho – Shwe Nyaung – Nyaung Shwe – Inle, and it will probably take a day for biking from kalaw to Inle. As usual on the way, you will see the beautiful scenery of Shan mountain ranges and paddy fields, local bamboo houses, stupas and sometimes cattle. Attraction of Kalaw are the pine trees. After visit around the town for a while, there’s Myin Ma Hti cave and you need to ride about half an hour from Kalaw. Then heading to the town Aung Ban; main junction place of Southern Shan state for fresh vegetables and other products. After you buy some local damson wines, you can cycle to Heho where the airport for Southern Shan State lies.
And then continue to Shwe Nyaung from Heho, which will take around 2 hours. On the way, you will see Bawa Thantayar Railway Bridge which was built by British during colonial time. You can take a break and take photo with the background of the Inle valley where the Inle Lake situated. Then when you ride continuously for an hour, you will arrive to Nyaung Shwe; the small town of the Inle region. But it is full of tourists so you may see that the small town is full of hotels and restaurants. Then you can stay overnight and then visit the lake the next day and relax.
Mawlamyaing to Hpa An way is rather straight forward. From Mawlamyaing airport you can visit Kyike Hti Yoe Pagoda; the Golden Rock and go around the town by bike and view the sunset at Set Se beach. When the night is over, you can head to Hpa An. On the way, visit Bayin Nyi Cave and Hot spring. Relax and enjoy the beauty of the nature by crossing over the Bridge of Than Lwin River.When you arrive Hpa An, you can choose places to visit among the attractions such as Sadan Cave, Kyauk Ka Lat Pagoda, Kawgun Cave, Mount Zwegabin, Yathaypyan Cave and Bayin Nyi Caves. Duration may take 3 or 4 days.
Mingun – Mandalay destination may also takes 2 days. As Mingun is not far from Mandalay, you need to ride along the Ayerwaddy river. Paddy fields and crops fields are along the way and you will see the ancient cities such as Amarapura and Sagain which are full of pagodas and temples. Take time to visit each pagoda and study their history. Around the evening time, you will reach Mingun Pagoda. When returning to Mandalay, you can come back by boat across the Ayeyarwady River. And the next day, you can visit around Mandalay and do shopping at Zeygyo for traditional Silk Longyies for your family. Then you can spent your whole day by biking and visiting around the city’s famous attractions such as Shwe Inn Bin teak Monastery, Mahamyatmuni Buddha Image, Shwe Nan Daw Monestary, Kuthodaw Pagoda and Mandalay Hill. Then view the sunset from U Bein Bridge.
Next one is one of the most ancient places – Mrauk U and Sittwe. After checking in at Sittwe Airport, you should stay overnight to relax at Sittwe. And the next day, you can plan to visit Mrauk U by boat for 5 hours through Kaladan River. Then take your bicycle and visit around Mrauk U attractions by staying overnight there again. Mrauk U attractions are Shite-thaung Temple, Le-myet-hna Temple, Andaw Thein Temple, Htukkant Thein Temple, Zina Man Aung Pagoda, Arakan Ancient City Wall, Mrauk U Archaeological Museum and Mrauk-U Palace. As it is an ancient Arakan Kingdom, you will notice very different culture and traditions of that place. Duration may take 3 days if you go around slowly.
The final one is Loikaw. It is good for 2 days adventure biking plan. Youcan come by plane to Loikaw airport and then can visit around the town’s famous places such as Taung Kwe Zedi, and can visit Lawpita water fall. The next day, you can visit by bike to tribal villages and Kyet Cave. Pen Pet is a famous village where the long neck women and kayan tribes are living. Their traditional weaving clothings are unique. Further more you can visit Htee Pwint Kan, Kan Khuna Sint waterfall. Along the way, there are full of unique hill sceneries for you to enjoy.
Biking can give both mental and physical advantages. By doing biking trips on your own, you will have more self-confidence. And it is protecting and reducing from serious diseases such as stroke, heart attack, some cancers, depression, diabetes, obesity and arthritis. And we do it because it’s fun, quick and can do alone usually. So beyond normal holidays, you should plan yourself for adventurous biking tours.