LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTYLUSH DAILY

Vaseline ကိုသုံးပြီး ပြင်ဆင်လို့ရတဲ့ အလှအပလျှို့ဝှက်ချက်များ

written by SuYiHtet March 26, 2019
Vaseline ကိုသုံးပြီး ပြင်ဆင်လို့ရတဲ့ အလှအပလျှို့ဝှက်ချက်များ

Vaseline ဆိုတာကတော့ အိမ်တိုင်းလိုလိုရော၊ ကောင်မလေးတွေတိုင်းရဲ့ မှန်တင်ခုံမှာရော ရှိတတ်တဲ့ ပစ္စည်းပါ။ Vaseline ကို တော်တော်များများက နှုတ်ခမ်းကွဲတာတို့၊ အသားအရေ မခြောက်အောင်တို့ အတွက်ပဲ သုံးကြပေမယ့် တကယ်တမ်းမှာတော့ Vaseline ဟာ အလှအပရေးရာအတွက် ကျွန်မတို့ ထင်ထားတာ
ထက်တောင် အများကြီး အသုံးဝင်ပါတယ်။ အခု အောက်မှာ ပြောပြပေးထားတဲ့ လျှို့ဝှက်ချက်တွေကို သင်ဖတ်ပြီးသွားပြီဆိုရင် Vasline တစ်ဘူးဟာ အဲလောက်တောင် အသုံးဝင်ပါလားဆိုပြီး အရမ်းကို အံ့သြသွားမှာပါ။ Vasline ကို အလှအပရေးရာအတွက် ဘယ်လိုတွေ သုံးလို့ရသလဲဆိုရင်

၁- Highlighter အနေနဲ့ သုံးလို့ရပါတယ်။

Kim Kardashian ရဲ့ ပင်တိုင် မိတ်ကပ်ပညာရှင်ဖြစ်တဲ့ Mario Dedivanovic က သူ့အနေနဲ့ “Expensive Skin” လို့ တင်စားတဲ့ မိတ်ကပ်ပြင်ဆင်မှုမျိုး ဖန်တီးတဲ့အခါ Vaseline ကိုပဲ သုံးပါတယ်တဲ့။ Glow Look ဖြစ်တဲ့အတွက် Highlighter နေရာမှာ Vaseline ကို အစားထိုးပြီး ပါးရိုးတစ်လျှောက်ကို လက်နဲ့ အသာအယာ လိမ်းပေးလိုက်ရင် တကယ်ကို လှပတဲ့ Look ကိုရရှိတယ်လို့ ဆိုပါတယ်။ Highlighter ဈေးကြီးတာတွေ ၀ယ်မယ့်အစား Vaseline ကိုပဲ သုံးလိုက်ရင် အဆင်ပြေတာပေါ့။ Vaseline ကို လိုအပ်တဲ့ ပမာဏထက်ပိုမယူဖို့နဲ့ ပါးရိုးတစ်လျှောက်ကို လက်ချောင်းလေးတွေနဲ့ အသာအယာ ပုတ်လိမ်းဖို့တော့ သတိထားရပါမယ်။

၂- Eyeshadow ကို အရောင်ပိုထွက်စေတယ်။

သင်က Eyeshadow ကို အရောင်ပိုတောက်စေချင်တယ်ဆိုရင် Eyeshadow မခြယ်ခင်မှာ အရင်ဆုံး မျက်ခွံပေါ်မှာ Vaseline ပမာဏနည်းနည်းကို ဖြန့်လိမ်းပေးဖို့ လိုအပ်ပါတယ်။ ပြီးမှသာကိုယ်ခြယ်ချင်တဲ့ Eyeshadow အရောင်ကို ခြယ်ပါ။ ဒီနည်းလမ်းက တကယ်ကို သိသာပြီး Eyeshadow အရောင်ကို ပိုတောက်၊ ပိုထင်းစေပါတယ်။ ဒီနည်းက တကယ်တော့ Eyeshadow မခြယ်ခင် Eyeprimer လိမ်းတာနဲ့ တူတူပဲ ဖြစ်ပြီးတော့ Vaselineအများကြီး မျက်ခွံပေါ်တင်မိရင် Glossy ဖြစ်သွားတတ်တာ သတိပြုပေးဖို့လိုပါတယ်။

၃- မိတ်ကပ်ဖျက်ဆေးလို သုံးနိုင်တယ်။

ကိုယ်ရဲ့ မိတ်ကပ်ဖျက်ဆေးက ကုန်သွားတာဖြစ်ဖြစ်၊ အရေးတကြီး မိတ်ကပ်ဖျက်ဖို့ လိုလာတဲ့အချိန်ကျ Vaseline ကို မိတ်ကပ်ဖျက်ဆေးလို သုံးနိုင်ပါတယ်။ အထူးသဖြင့် Eyeliner ၊ Eyeshadow နဲ့ Mascara တွေကို  အညင်သာဆုံးနဲ့ ပြောင်စင်အောင် ဖျက်ပေးနိုင်ပြီးတော့ အသားအရေကို ထိခိုက်မှုမရှိဘဲ လွယ်လွယ်ကူကူပဲ ပျက်သွားစေပါတယ်။ Matte Lipstick လိုမျိုး ဖျက်ရခက်တာကိုတောင် Vaseline သုံးပြီး ဖျက်လို့ရပါတယ်။

၎- Cystic Ance တွေကို လျော့ပါးသက်သာစေတယ်။

တချို့တွေက နီရဲ ယောင်ယမ်းနေတဲ့ ၀က်ခြံတွေကို Vaseline လိမ်းလို့ ပိုဆိုးလာမလား စိုးရိမ်တတ်ကြပါတယ်။ တကယ်တမ်းမှာ လူတွေ မသိသေးတဲ့အချက်က Vaseline က ၀က်ခြံတွေက ယောင်ယမ်းနီရဲတာ သက်သာစေသလို အရေပြားကို ပိုးဝင်တာတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ Vaseline က Cosmetic-grade Petroleum Jelly ဖြစ်တဲ့ ချွေးပေါက်တွေကို မပိတ်စေတဲ့အပြင် ၀က်ခြံတွေ နီရဲတာတွေ လျော့စေတာဖြစ်ပါတယ်။ ၀က်ခြံတွေအတွက် Vaseline ကိုသုံးမယ်ဆိုရင် ကိုယ့်ရဲ့ Nighttime Skin-Care
Routine မှာ နောက်ဆုံးအဆုံးသတ်အနေနဲ့ လိမ်းသင့်တယ်လို့ Dermatologist တွေက အကြံပေးထားပါတယ်။

၅- မျက်လုံးနားတစ်ဝိုက်ကို အစိုဓာတ်ရစေတယ်။

မျက်လုံးအောက်နားတစ်ဝိုက်မှာလည်း Vaseline လိမ်းဖို့  မမေ့သင့်ပါဘူး။ Vaseline ကို ညအိပ်ခါနီးမျက်လုံးအောက်နားတစ်ဝိုက်မှာ လိမ်းလိုက်ရင်  မနက်ထိ အစိုဓာတ်ထိန်းထားပေးပြီး အရေးအကြောင်းတွေ၊ အသားခြောက်တာတွေကနေ သက်သာလျော့ပါးစေပါတယ်။

၆- လက်သည်းဆိုးတဲ့နေရာမှာလည်း သုံးလို့ရတယ်။

လက်သည်းနီ မဆိုးခင် လက်သည်းနားက အရေပြားလေးတွေပေါ် Vaseline လိမ်းထားမယ်ဆိုရင် လက်သည်းနီဆိုးလို့ မတော်တဆ ပေကျံခဲ့တဲ့အခါ စိတ်မပူရတော့ပါဘူး။ လက်သည်းနီ ခြောက်သွားရင် Cotton Pad  လေးနဲ့ ဘေးနားက စွန်းထွက်နေတဲ့ လက်သည်းနီတွေကို တစ်ခါတည်း သုတ်လိုက်ရုံပါပဲ။ Nail Remover သုံးစရာလည်း မလိုတော့ပါဘူး။

၇- ရေမွှေးနံ့ကို ကြာရှည်ခံစေတယ်။

Vaseline အနည်းငယ်ကို လက်ကောက်ဝတ်နဲ့ လည်ပင်းမှာ အရင်သုတ်ပြီးမှ ရေမွှေးဖြန်းတာက ရေမွှေးရနံ့ကို ပုံမှန်ထက် ပိုကြာရှည်ခံစေပါတယ်။ ဘာကြောင့်လဲဆိုရင် Vaseline ကို Fragrance Primer လို သုံးလိုက်တာဖြစ်တဲ့အတွက် Scent Molecules တွေကို အသားပေါ်တင်လိုက်တဲ့အခါ ဖြစ်တတ်တဲ့ အငွေ့ပျံတာကို ထိန်းပေးထားလို့ပါ။ ဒါကြောင့် ရေမွှေးမဆွတ်ခင် Vaseline အရင် လိမ်းဖို့ မမေ့ပါနဲ့။

၈- မျက်တောင်နဲ့ မျက်ခုံးမွှေးတွေကို ထူထဲရှည်လျားစေပါတယ်။

မျက်တောင်ရှည်ရှည်လေးတွေလိုချင်တယ်၊ မျက်ခုံးမွှေး ထူထူလေးတွေကို သဘောကျတယ်ဆိုရင် Vaseline ကို သုံးပေးလို့ရပါတယ်။ Vaseline ကို ဂွမ်းတံလေးနဲ့ ယူပြီး မျက်တောင်လေးတွေကို လိုက်သုတ်ပေးပြီး မျက်ခုံးမွှေးပေါ်မှာ ခပ်ထူထူလေး လိမ်းထားမယ်ဆိုရင် တစ်လလောက်ကြာတဲ့အခါ သိသာတဲ့ Result ကို ရရှိမှာ ဖြစ်ပါတယ်။ အကယ်လို့ Brow Gel မရှိဘူးဆိုရင်လည်း Vaseline ကိုပဲ Brow Gel အဖြစ် သုံးလို့ရပါသေးတယ်။ မျက်ခုံးလေးကို ပုံကျကျနဲ့ သဘာဝအတိုင်းဖြစ်နေစေမှာပါ။

၉- ဒူးနဲ့ တံတောင်ဆစ်တွေကို ချောမွေ့ပြီး ဖြူစေပါတယ်။

အကွေးအဆန့်များတဲ့ ဒူးနဲ့ တံတောင်ဆစ်ကို ဖြူဝင်ပြီး ချောမွေ့ချင်တယ်ဆိုရင် ရေချိုးပြီးတဲ့အခါ ဖြစ်ဖြစ်၊ ညအိပ်ခါနီးပဲ ဖြစ်ဖြစ် Vaseline ခပ်ထူထူလေးလိမ်းထားလို့ရပါတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် ရက်သတ္တပတ် အနည်းငယ်အတွင်းသိသိသာသာ ထူးခြားစေသလို ခြေဖနောင့်ကွဲရင်လည်း Vaseline လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။

၁၀- ရင်သားကို တင်းရင်းပြီး ပိုမိုဖွံဖြိုးလာစေပါတယ်။

သင်က ရင်သားကို ပြည့်ပြည့်တင်းတင်းလေးနဲ့ ပုံကျချင်တယ်၊
ပိုကိတ်ချင်တယ်ဆိုရင် ရင်သားကို နေ့တိုင်းVaseline ပုံမှန်လိမ်းပေးဖို့ လိုအပ်ပါတယ်။ ရင်သားကို Vaseline စိမ့်ဝင်အောင် စက်ဝိုင်းပုံစံ ပင့်တင့်တဲ့ ပုံစံမျိုးနဲ့ အနည်းဆုံးတစ်လလောက် လိမ်းပေးမယ်ဆိုရင် တင်းရင်းလှပတဲ့ ရင်သားအလှကို ရမှာပါ။ ဒီ Hack ကလည်း တကယ်ထိရောက်တယ်လို့ဆိုကြပါတယ်။

၁၁- ဆံပင်အတွက်လည်း သုံးလို့ရပါတယ်။

Vaseline ကိုမျက်နှာနဲ့ ခန္ဓာကိုယ်အတွက်ပဲ သုံးလို့ရတာ မဟုတ်ပါဘူး။ ဆံပင်အတွက်လည်း သုံးလို့ရပါတယ်။ ဆံပင် အဖျားနှစ်ခွဖြစ်တာတွေအတွက် ညအိပ်တိုင်း ဆံပင်အဖျားတွေကို Vaseline လိမ်းပြီး အိပ်လို့ရသလို ခေါင်းလျှော်ခါနီး ဆံပင်အဖျားနားတွေကို Vaseline ထူထူလိမ်းပြီးမှ လျှော်တာမျိုးလည်း လုပ်လို့ရပါတယ်။ ဒါ့အပြင် ဆံပင်ဆေးဆိုးတဲ့အခါ နားသယ်စပ်နားတွေ၊ နဖူးနားတွေမှာ ဆေးတွေ စွန်းတာမျိုး မဖြစ်ချင်ရင် Vaseline လိမ်းထားပြီး ကာကွယ်လို့ရပါတယ်။

ဒီလောက်တောင် မျိုးစုံသုံးလို့ရတဲ့ Vaseline တစ်ဘူးကတော့ သင့်မှာ ရှိကိုရှိသင့်နေပါပြီ။ သူ့တစ်မျိုးနဲ့တင် တော်တော်ကို အလုပ်ဖြစ်သလို တစ်ဘူးကို သောင်းဂဏန်းလည်း မပေးရ၊ အကြာကြီးလည်းသုံးရဆိုတော့ ၀ယ်ထားသင့်ပါတယ်နော်။

Ref: Allure

Editor: Su Yi Htet

LUSH beautyLUSH DAILYLUSH March 2019
1
Facebook Twitter Google + Pinterest
SuYiHtet

previous post
HISTORY MAKING TOP FASHION DESIGNER
next post
Buskers

Recommended

Best Hair and Makeup Looks from Golden Globes...

January 7, 2020

Gel လက်သည်းနီကို နည်းမှန်မှန်နဲ့ ဖျက်ဖို့ရာ

February 27, 2019

Timeless Iconic Bag @ Dior Lady Art

January 13, 2021

Reem Acra Bridal Spring 2021

December 21, 2020

Mötley Crüe အကြောင်းရုပ်ရှင် The Dirt

March 21, 2019

COVID19 ကြောင့် ခရီးသွားဖို့အတွက် ရွေးချယ်မှုတစ်ခုဖြစ်လာတဲ့ Private Jet များ

March 20, 2020

Sims4 နဲ့ MAC တို့ collaborate လုပ်ထားတဲ့ Sims4 customized...

June 27, 2020

Live With LUSH Dec Cover Star | Phway...

December 12, 2017

အားလုံးကိုပျော်ရွှင်စေခဲ့တဲ့ Moschino Resort 2019 Collection

June 14, 2018

British Billionaire James Dyson ရဲ့ Super Penthouse

July 18, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem