LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
Body & SoulLIFE

ကိုယ့်ရဲ့ အတွင်းထဲက အသံကို ကြားနိုင်ဖို့ အခြေခံလိုအပ်ချက် အချက် (၆) ချက်

written by Orchid May 17, 2023
ကိုယ့်ရဲ့ အတွင်းထဲက အသံကို ကြားနိုင်ဖို့ အခြေခံလိုအပ်ချက် အချက် (၆) ချက်

ကိုယ့်ရဲ့ အတွင်းထဲက အသံကို ကြားနိုင်ဖို့ အခြေခံလိုအပ်ချက် အချက် (၆) ချက်

ကိုယ်တွင်းထဲက အသံကို ကြားနိုင်ဖို့အတွက်ဆိုရင် အကောင်းဆုံးနည်းလမ်းက တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်ခြင်းပါပဲ။ ကိုယ်နဲ့ ကိုယ် ဆက်သွယ်နိုင်ဖို့အတွက် ဘာအနှောင့်အယှက်မှ မရှိတဲ့နေရာမှာ တယောက်တည်း အေးအေးလူလူ ငြိမ်းငြိမ်းချမ်းချမ်းလေး နေထိုင်တတ်ဖို့ လိုအပ်ပါတယ်။ 

ဘာမှ မတွေးပဲ လက်ရှိအချိန်လေးမှာ ကိုယ့်ရဲ့အတွေး၊ အပြုအမူတွေကို သတိလေးထားပြီး နေတတ်ရမယ်။ 

ကိုယ်ဖြစ်ချင်တာတွေအားလုံးကို စိတ်ကူးယဉ်တတ်ရမယ်။ စိတ်ကူးထဲမှာ ပုံဖော်ပြီး မြင်ကြည့်ရမယ်။ အသေးစိတ် သိပြီး မြင်အောင်ကြည့်ရမယ်။ 

ဒီကမ္ဘာမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလူမျိုးအနေနဲ့ ဖြစ်တည်စေချင်လဲ။ ဘယ်လိုပုံစံနဲ့ နေထိုင်သွားချင်လဲ။ ဘဝမှာ ဘယ်လိုအရာမျိုးနဲ့ အောင်မြင်နေတဲ့သူ ဖြစ်ချင်တာလဲ။ ဒါကို သိဖို့ စိတ်အတွင်းထဲက အသံကို နားထောင်တတ်ရမယ်။

ကိုယ်တွင်းထဲက အသံကို နားထောင်နိုင်ဖို့ ကူညီပေးနိုင်တဲ့ လွယ်ကူတဲ့ နည်းလမ်းတွေကတော့  

၁။ နေ့ဒဓူဝ ဘဝမှာ  အချိန်လေး သီးသန့်ပေးတတ်ရမယ်။

နေ့စဉ်နေ့တိုင်းမှာ ကိုယ့်အတွက် ကိုယ်တိုင်စိတ်ကျေနပ်စေမယ့် အရာလေးတခုတော့ အနည်းဆုံး လုပ်ရမယ်။

ဥပမာ- သီချင်းလေး အေးဆေးနားထောင်တာ၊ စာဖတ်တာ၊ လမ်းလျှောက်တာ၊ ပန်းချီဆွဲတာ၊ ကားလျှောက်မောင်းတာ၊ တရားထိုင်တာ၊ သိုးမွှေးထိုးတာ ၊ မုန့်လုပ်စားတာ အစရှိသဖြင့်ပေါ့လေ။ ဒီလို အချိန်ပေးပြီး အနားယူတတ်ရမယ်။

ကိုယ်အတွက် စိတ်အပန်းပြေစေတဲ့ အရာတွေကို အချိန်ပေးပြီး ပုံမှန်လုပ်ဖြစ်တယ်ဆိုရင် စိတ်ကလေး ငြိမ်းချမ်းလာပြီး ကိုယ့်အတွင်းထဲက ပြောတဲ့ အသံပို ပိုပြီး အာရုံပြုမိလာနိုင်ပါတယ်။

၂။ တခြားသူပြောတာကို တလေးတစား နားထောင်တတ်ရမယ်။

ကိုယ်က ဒါပြီးရင် ဘာပြောရမလဲဆိုတာကိုပဲ မတွေးမိစေချင်ဘူး။ သူ့ဘက်က ဘာတွေ ပြောချင်နေမလဲ။ ဘာတွေ ပြောစရာများရှိနေမလဲ။ ပြောနေတုန်းမှာလဲ သူ ဘာကို ဆိုလိုချင်နေတာလဲ။ ဒီလိုလေးတွေ တွေးပြီး နားထောင်တတ်သူ ဖြစ်ရမယ်။

သေချာနားထောင်ပေးလေ တခြားသူတွေအကြောင်း နားလည်လာလေပဲ ဖြစ်တယ်။ ဒီလို နားလည်လာတဲ့အခါ လူတိုင်း လူတိုင်းရဲ့ အခြေခံ စိတ်သဘာဝကို နားလည်သဘောပေါက်လာမယ်။ ကိုယ့်အကြောင်းကို ပိုပိုပြီး ဆန်းစစ်ဝေဖန်မိလာလိမ့်မယ်။ အတွင်းထဲကနေ ကိုယ့်ကိုယ်ကိုယ် ပြောနေတဲ့ စကားသံကို ပိုပြီး သတိထားမိလာနိုင်ပါတယ်။ 

၃။ ကိုယ့်ကိုယ်ကိုယ် ပစ်မထားတဲ့သူ ဖြစ်ရမယ်။

တခါတလေ ဘဝမှာ မျောနေမိတတ်ပါတယ်။ ကိုယ်မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာတဲ့အခါ စိတ်တွေ လေလွင့်နေတတ်ပါတယ်။ နေသလို ဖြစ်တဲ့ဘဝမှာ ဖြစ်သလို နေမိတတ်ပါတယ်။

ကိုယ့်ကိုယ်ကို ဘယ်လိုဂရုစိုက်ရမလဲ မေးရင် ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာကို ဂရုစိုက်ပါလို့ ဖြေချင်ပါတယ်။ ကျန်းမာရေးအတွက်မကောင်းတာတွေ ရှောင်ကြဉ်ရမယ်။ စိတ်အခြေအနေမကောင်းနေရင် ၊ စိတ်မကြည်နေရင် ကိုယ့်ရဲ့ စိတ်ကလေးကို အပြောင်းအလဲ ဖြစ်သွားအောင် ကြိုးစားလုပ်ယူရမယ်။ အကြာကြီး စိတ်ညစ်နေတတ်တဲ့ အကျင့်ကို ဖျောက်ပစ်ရမယ်။ 

ဒီလို အကျင့်ဆိုးတွေ မရှိတော့မှ ကိုယ့်ကိုယ်ကိုယ်နဲ့ ပြန်ပြီးချိတ်ဆက်မိနိုင်မှာပါ။ ဒါမှသာ ကိုယ့်အတွင်းထဲက ကိုယ့်ကို သတိပေးစကားတွေ၊ တားဖြစ်နေတဲ့ အသံကို ကြားနိုင်မှာ ဖြစ်တယ်။

၄။ မှတ်တမ်းရေးရမယ်။

နေ့စဉ်မှတ်တမ်းရေးတဲ့အကျင့်ကတော့ လူတိုင်းလိုလိုမှာ ရှိသင့်ပါတယ်။ ကိုယ့်ရဲ့အကြောင်းကို တကယ်သိချင်တယ်ဆိုရင် ကိုယ့်ရဲ့ အတွေးတွေအားလုံးကို စာနဲ့ ချရေးထားရမယ်။ ကိုယ့်ရဲ့ ခံစားချက်တွေ ၊ လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေအားလုံးကို စိတ်ထဲရှိသမျှ အကုန်ထုတ်ရေးရမယ်။ ကိုယ့်ရဲ့ ပျော်စရာတွေ ၊ ကံကောင်းမှုတွေ၊ ဝမ်းနည်းစရာတွေ၊ စိတ်အားငယ်မှုတွေအားလုံးကို ချရေးထားတတ်ရမယ်။ ကိုယ့်ရဲ့အကြောင်းကို ကိုယ်တိုင်သိနိုင်ဖို့အတွက် မှတ်တမ်းတွေကနေတဆင့် ရှာဖွေရမယ်။ ကိုယ်ဟာ ဘယ်လိုလူမျိုးလဲ။ အတွင်းထဲကငါနဲ့ အပြင်ကငါ တူသလား၊ ဘာတွေ ကွဲပြားခြားနားနေလဲဆိုတာတွေကို သိမှရမယ်။ ဒီလို စာချရေးထားတော့ ကိုယ့်ကိုယ်ကိုယ် ဝေဖန်နေတဲ့ အကဲဖြတ်မှုတွေကို စာကြောင်းကနေတဆင့် မြင်တွေ့ခွင့်ရနိုင်မှာ ဖြစ်တယ်။

၅။  တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါ စည်း ၊ ဘောင် သတ်မှတ်တတ်ရမယ်။ 

တယောက်နဲ့ တယောက် ဆက်ဆံတဲ့အခါ လေးစားမှုရှိအောင် စည်းဆိုတာ ရှိရမယ်။ စည်းမရှိတဲ့အခါ အထိန်းအကွပ်မဲ့တတ်တယ်။ ရေရှည်အတွက် အဆင်မပြေစေတဲ့အပြင် ကိုယ့်အတွက်တန်ဖိုးရှိတဲ့ သူတွေ ဆုံးရှူံးတတ်တယ်။ ဒါမျိုးတွေ မဖြစ်ရအောင် ကိုယ့်ဘက်ကနေပြီး ကိုယ့်အတွက် စည်းဘောင်တခု သတ်မှတ်ထားရမယ်။ စည်းဘောင်သတ်မှတ်တဲ့အခါ ကိုယ့်ရဲ့တန်ဖိုးထားတဲ့အပိုင်းတွေကို သေသေချာချာလေး သိဖို့ အရမ်းအရေးကြီးပါတယ်။ ကိုယ်သတ်မှတ်ထားတဲ့ ကိုယ့်ရဲ့ ဧရိယာထဲက ဘယ်သူမှ ဝင်မလာတဲ့အခါ ကိုယ်နဲ့ကိုယ်ဟာ ပိုပြီး ရင်းနှီးနားလည်မှုအားကောင်းလာတတ်ပါတယ်။ ဒီလို အားကောင်းပြီဆိုရင် အတွင်းထဲက ပြောတဲ့စကားကို သဲသဲကွဲကွဲ သိလာနိုင်မှာ ဖြစ်တယ်။

၆။ ကိုယ့်ရဲ့ စိတ်အခြေအနေကို စဉ်ဆက်မပြတ်သိအောင် လုပ်ရမယ်။

ဘယ်အရာက ကိုယ့်ကို စိတ်ညစ်စေလဲ။ ဘယ်အရာက ကိုယ့်ကို စိတ်ဓါတ်ကျစေလဲ။ ဘယ်အရာက ကိုယ့်ကို အားတတ်စေလဲ။ ဘယ်အရာက ကိုယ့်ကို ကြိုးစားအားထုတ်ချင်စိတ်တွေ ဖြစ်စေလဲ။ ဒါတွေအားလုံး အမှန်အတိုင်းသိအောင် ဒီလို မေးခွန်းမျိုးတွေ မေးတတ်ရမယ်။ ဖြေတဲ့အခါမှာလည်း ကိုယ့်ကိုယ်ကိုယ် မညာဘဲ ပြတ်ပြတ်သားသား ဖြေရမယ်။ နေ့စဉ်ဘဝမှာ မတူညီတဲ့ စိန်ခေါ်မှုတွေ ရှိနေမှာပဲ။ ဒါတွေကို အောင်နိုင်ဖို့ဆိုရင် ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို သိပြီး ထိန်းချုပ်သင့်တာထိန်း၊ ချပြသင့်တာ ချပြနိုင်ရမယ်။ လောကကြီးမှာ အမြဲ သည်းခံနေဖို့ မလိုဘူးဆိုတာကိုလည်း သိထားရမယ်။ ကိုယ့်ရဲ့ ကိုယ်တွင်းထဲက အသံတခုရဲ့ လမ်းညွှန်မှုကို လိုက်နာနိုင်လေ လောကအလယ်မှာ ကိုယ့်ရဲ့ပုံစံအတိုင်း အမှန်အတိုင်း ရပ်တည်ရဲလာနိုင်လေပဲ ဖြစ်ပါတယ်။

ဒီအချက်(၆)ချက်ကတော့ ကိုယ့်ရဲ့ ကိုယ်တွင်းထဲက အသံကို နားထောင်နိုင်ဖို့အတွက် ပြုမူလေ့ကျင့်ရမယ့် အခြေခံလိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။ 

 

1
Facebook Twitter Google + Pinterest
Orchid

previous post
မြန်မာပြည်၊ အထူးသဖြင့် အပူပိုင်းဒေသတွေမှာ ခေတ်စားနိုင်တဲ့ ဆံပင်ပုံစံတွေ
next post
It’s time for “Back to the Future” fashion

Recommended

How not to be a shallow person

April 4, 2019

A Fake Is Still A Fake

July 13, 2018

Interview with Sunrise 18

November 2, 2019

Rest in Power, King

September 1, 2020

The future of award shows

September 4, 2020

Top 5 Asia countries to visit with your...

May 22, 2018

Thingyan Flash Back

April 20, 2018

Classics Art Déco Round: A new ode to...

April 20, 2020

Pilates For Better Mind And Body 

May 15, 2018

Workouts for bride to be

December 4, 2018

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem