LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
Fashion Perspective

Back In Fashion From The 70’s & 80’s

written by Maeve April 10, 2020
Back In Fashion From The 70’s & 80’s

words by MayMT

အရင်ခေတ်ကဖက်ရှင်တွေကို တကယ်ကိုနှစ်နှစ်ခြိုက်ခြိုက်ကြိုက်နှစ်သက်ကြတဲ့သူတွေရှိကြပါတယ်။ အဝတ်အစား၊ အသုံးအဆောင်တွေဝတ်ရင်တောင်မှ အရင်ခေတ်ကဖက်ရှင် အငွေ့အသက်လေးတွေ တပိုင်းတစ်စဖြစ်ဖြစ်ပါအောင် ထည့်ပြီးဝတ်ဆင်လေ့ရှိတဲ့သူတွေလည်းရှိပါတယ်။ စာဖတ်သူတို့ကော တခေတ်တခါကဖက်ရှင်တွေကို ကြိုက်တဲ့သူတွေလား။ ဒါဆိုရင်တော့ စာရေးသူနဲ့အကြိုက်တူနေပါပြီ။ ဒီနေ့ခေတ်မှာလည်း အရင်ခေတ်ကဖက်ရှင်တွေပြန်ခေတ်စားလာတာကိုတော့ စာဖတ်သူတို့မျက်မြင်ပဲဖြစ်မှာပါ။ ၂၀၁၇ ခုနှစ်နောက်ပိုင်းကနေစပြီး တကျော့ပြန်ခေတ်စားလာတဲ့ ဖက်ရှင်တွေကို စာဖတ်သူတို့ သတိထားမိကြမယ်ထင်ပါတယ်။ ဟုတ်ပါတယ်။ ၁၉၇၀၊ ၁၉၈၀ ဝန်းကျင်တွေမှာ ခေတ်စားခဲ့တဲ့ ဖက်ရှင်ရေစီးကြောင်းပါ။ အဝတ်အစားပိုင်းမှာဆို Monochrome dressing, Maxi dress, Satin Slip တွေကအစ High waist pants, wide-leg pants, Turtle neck တွေအဆုံး ဒီဘက်ခေတ်မှာပြန်တွေ့လာရပါပြီ။ Accessories ပိုင်းမှာဆိုလည်း Corset ခါးပတ်တွေ၊ Jewelry အကြီးကြီးတွေ၊ ပုလဲတွေကို ပြန်ပြီးဝတ်လာကြပါတယ်။ ဒီထဲကနေမှ ဒီဘက်ခေတ်မှာ လူကြိုက်များရေပန်းစားနေတဲ့ အရင်ခေတ်က ဖက်ရှင် တွေထဲက တချို့ကို ရွေးချယ်ပြီး ပြောပြပေးသွားပါမယ်။

1. The Wrap Dress

Wrap dress က Diane von Furstenberg ဒီဇိုင်းဆွဲခဲ့တာဖြစ်ပြီးတော့ ၁၉၇၅ ခုနှစ်လောက်မှာ တစ်ပတ်ကို wrap dress ပေါင်း ၁သောင်းခွဲဝန်းကျင်လောက်ကို ထုတ်လုပ်နေပါပြီ။ Wrap dress က ဘယ်သူနဲ့မဆို လိုက်ဖက်ပြီးတော့ ဝတ်ရတာသက်သောင့်သက်သာရှိတာမို့လို့ တော်တော်များများ ကြိုက်နှစ်သက်တဲ့အထဲမှာ ပါပါတယ်။ Wrap dress က trends ဖြစ်လိုက်၊ ပျောက်သွားလိုက်နဲ့ ဖြစ်နေပေမဲ့လည်း မိန်းကလေးတိုင်းရဲ့အကြိုက်ဆုံးစာရင်းထဲမှာတော့ သူပါနေဦးမှာပါပဲ။

2. Monochrome Dressing

 

ခေါင်းအစခြေအဆုံး အရောင်တစ်ရောင်တည်းကိုပဲ ဝတ်ဆင်တဲ့ပုံစံက ဒီဘက်ခေတ်မှာ ပြန်ပြီးတွေ့လာရပါပြီ။ အရောင်တစ်ခုတည်းကို တစ်ကိုယ်လုံးဝတ်ဆင်တာက ပျင်းစရာကောင်းတယ်လို့ထင်ရပေမဲ့ တကယ်တမ်းက အရောင်တစ်ရောင်တည်းကိုဝတ်ထားတဲ့အတွက် လူတွေရဲ့အာရုံကိုဖမ်းစားနိုင်ပါတယ်။ အရောင်တစ်ရောင်တည်းကိုပဲ အနုနဲ့အရင့်ရောပြီးဝတ်တာမျိုးလည်းအဆင်ပြေပါတယ်။ Spring/Summer 2019 မှာဆို Monochrome dressing တွေကို အများကြီးတွေ့ခဲ့ကြမှာပါ။

3. Tie-Dye

၁၉၇၀ ဝန်းကျင်မှာ Tie-dye လို့ခေါ်တဲ့ ကြိုးတို့ သားရေပင်တို့နဲ့ချည်ပြီးဆေးဆိုးထားတဲ့ တီရှပ်တွေကအစ ဘောင်းဘီအဆုံး ခေတ်စားခဲ့ပါတယ်။ ခေတ်စားလာရာကနေ တဖြည်းဖြည်းပျောက်ကွယ်သွားတဲ့ tie-dye trend က ၂၀၁၈ နှစ်ပိုင်းမှာ ကမ္ဘာကျော် celebrities တွေကြားမှ ကြိုကြားကြိုကြား ပြန်ပြီးတွေ့လာရပါတယ်။ အဲ့နောက်ပိုင်း Prada, Proenza Schouler, Stella McCartney နဲ့ R13 တို့က Spring/Summer 2019 fashion show မှာ tie-dye collections တွေကို ချပြခဲ့ပါတယ်။ tie-dye ဖက်ရှင်က နွေရာသီလိုမျိုး ပူပြင်းတဲ့အချိန်နဲ့ အရမ်းကိုလိုက်ဖက်ညီတဲ့ဖက်ရှင်တစ်ခုဖြစ်နေတော့ အခုနွေရာသီမှာ tie-dye ဖက်ရှင်နဲ့ ဖြတ်ကျော်ရအောင်။

4. Bell Bottom Pants

Flared jeans လို့လည်းခေါ်ကြတဲ့ အောက်ခြေ ခေါင်းလောင်းပုံစံဘောင်းဘီတွေက ၁၉၆၀ ခုနှစ်ဝန်းကျင်မှာ ဥရောပနဲ့ မြောက်အမေရိကတို့မှာ မိန်းကလေးရော၊ ယောကျာ်းလေးတွေကြားထဲမှာပါ စပြီးတော့ ခေတ်စားလာခဲ့ပါတယ်။ ၁၉၆၀ အစပိုင်းလောက်မှာခေတ်စားပြီး ကြားထဲမှာ သိပ်မတွေ့ရတော့ပေမဲ့ ၁၉၆၀ နောက်ပိုင်းနဲ့ ၁၉၇၀ ခုနှစ်တွေမှာ ခပ်စိပ်စိပ်ပြန်တွေ့လာရပြီး လူသိများခေတ်စားလာခဲ့ပါတယ်။ Sonny and Cher, Abba, Twiggy, David Bowie, Queen, Bee Gees စတဲ့ နာမည်ကြီး celebrities တွေကလည်း Flared jeans တွေကို ဝတ်ဆင်ခဲ့ကြပြီး flared jeans ရဲ့ခေတ်တစ်ခေတ်ဖြစ်ခဲ့ပါတယ်။ ဒီဘက်ခေတ်မှာလည်း Bell Bottom (Flared Jeans) တွေရဲ့ တခေတ်ပြန်လည်ခေတ်စားမယ့်အချိန်ကိုရောက်လာပါပြီ။

5. Polka Dots

Polka dots တွေက ခေတ်အဆက်မပြတ် ရေပန်းစားတဲ့ထဲမှာပါပါတယ်။ Polka dots တွေကို ကလေးပစ္စည်းလေးတွေကအစ ပရိဘောဂပစ္စည်းတွေအဆုံး တွေ့မိကြမှာပါ။ ဖက်ရှင်ပိုင်းမှာ polka dots တွေကိုစပြီး လူသိများလာတယ်လို့ပြောလို့ရတာတွေကတော့ ၁၉၂၆ မှာ Miss America Norma Smallwood ရဲ့ Polka dots ရေကူးဝတ်စုံ နဲ့ ၁၉၂၈ မှာ Disney ကမိတ်ဆက်ခဲ့တဲ့ အနီရောင် polka dot ဂါဝန်လေးနဲ့ Minnie Mouse ကာတွန်းဇာတ်ကောင်တွေပါပဲ။ အဲ့နောက်ပိုင်းမှာ polka dot တွေ တော်တော်ကို ခေတ်စားခဲ့ပြီး ၁၉၈၀ နဲ့ ၁၉၉၀ ခုနှစ်တွေအထိကို ခေတ်စားခဲ့ပါတယ်။ အခုဒီဘက်ခေတ်မှာလည်း polka dot ကို ခေတ်နဲ့လိုက်ဖက်မယ့် ဒီဇိုင်းတွေနဲ့ တွေ့လာရပါတယ်။ Carolina Herrera, Tory Burch, Michael Kors, Gucci, Balenciaga တို့လို နာမည်ကြီး brand တွေရဲ့ polka dot ဒီဇိုင်းတွေကိုလည်း fashion show တွေမှာ တွေ့လာရသလို runway မှာတင်မဟုတ်ဘဲ အပြင်မှာလည်း ခေတ်စားလာပါပြီ။

fashionlush fashionLUSH Fashion PerspectiveLUSH Magazine MyanmarLUSH March 2020
0
Facebook Twitter Google + Pinterest
Maeve

previous post
Life and Nutrition
next post
Classics Art Déco Round: A new ode to femininity

Recommended

Burberry’s Carbon Neutral FW20 Show

February 19, 2020

Fine Luxury Watches 2019 Look Book

December 6, 2019

Fashion ကိုစိတ်ဝင်စားတဲ့သူတွေကြည့်သင့်တဲ့ Netflix ရဲ့ Next in Fashion

February 17, 2020

BAPE founder NIGO နဲ့ LV ရဲ့ artistic director...

July 2, 2020

Paris F/W 2020 Fashion Week Street Fashion

March 4, 2020

Paris Men’s Fashion Week မှ အမိုက်စား Street Style...

January 21, 2020

Iconic Fashion in Years

November 8, 2019

Pronovias နဲ့ Ashley Graham တို့ပူးပေါင်းပြီး ထုတ်လုပ်လိုက်တဲ့ Plus Size...

January 8, 2020

၁၂ နာရီကြာမြင့်မယ့် Gucci Spring/Summer 2021 Collection Livestream

July 9, 2020

လူစိတ်ဝင်စားမှု များနေတဲ့ Dior x Nike Air Jordan 1...

July 8, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem