ဖက်ရှင်လို့ဆိုလိုက်ရင် ဖိနပ်တွေကလည်း အရေးကြီးတဲ့နေရာတနေရာကပါတာမို့လို့ ဖက်ရှင်ကိုစိတ်ဝင်စားတဲ့သူတွေအနေနဲ့ နောက်ထပ်ခေတ်စားလာမယ့်အသစ်အသစ်တွေ၊ ဒီဇိုင်းတွေကို လေ့လာပြီး သိထားဖို့က လိုပါတယ်။ ဒီလို ခေတ်စားမယ့် Trends တွေကို အကောင်းဆုံးလေ့လာလို့ရတဲ့နေရာကတော့ Runway Fashion Show တွေကနေပါပဲ။ ဒါကြောင့် ပြီးခဲ့တဲ့ Autumn/Winter 2023 Runway တွေထဲက ခေတ်စားလာတော့မယ့် Shoes တွေကို တချက်လောက် လေ့လာကြည့်လိုက်ရအောင်။
Autumn/Winter 2023 Runway တွေမှာ ဒီဇိုင်နာတွေချပြခဲ့တဲ့အထဲ ထိပ်ချွန်ချွန်နဲ့ heels တွေ၊ Bold ဖြစ်တဲ့ အနီရောင်တောက်တောက်ဖိနပ်တွေ၊ Mary Jane Shoes တွေ၊ Sock Shoe တွေအပြင် တခြားအမိုက်စား Shoes တွေကို ချပြခဲ့တာ တွေ့ရပါတယ်။ အဲ့ထဲကနေမှ အမိုက်ဆုံး၊ အကွဲထွက်ဆုံး Shoes တွေကို ပြောပြသွားချင်ပါတယ်။
Red Shoes

Stella McCartney

Prada
ဒီ Autumn/Winter 2023 season မှာ အကြီးဆုံး shoe trends ထဲက တခုကိုပြောပါဆို အနီရောင်ဖိနပ်တွေပါပဲ။ အနီရောင်က ဖိနပ်တင်မဟုတ်ဘူး၊ outfit တွေကပါ ဒီ season အတွက် key color တခုအနေနဲ့ကို တွေ့ခဲ့ရတာပါ။ မိန်းကလေးဆန်တဲ့အငွေ့အသက်မျိုးနဲ့ အနီရောင် shoes တွေကို Prada, Ferragamo တို့မှာတွေ့ခဲ့ရသလို Date Night သွားဖို့ look နဲ့လုံးဝကိုက်နေမယ့် အနီရောင် shoes တွေကိုတော့ Stella McCartney နဲ့ Tory Burch တို့မှာတွေ့ခဲ့ရပါတယ်။
Mary-Jane Shoes

Emilia Wickstead

Huishan Zhang
သိမ်မွေ့ပြီး ခေတ်ဆန်တဲ့အသွင်အပြင်ရှိတဲ့ Mary-Jane Shoes တွေကို ဒီ season မှာ ဖောဖောသီသီကိုတွေ့ခဲ့ရပါတယ်။ Mary-Jane Shoes က အခုကြည့်ရသလောက်ဆို ဒီမှာလည်း တစတစ trend ဖြစ်လာတာကိုတွေ့ရပါတယ်။ သေသပ်ပြီး ရှေးဆန်တဲ့ပုံစံလေးနဲ့ ဝတ်လိုက်ရင်အရမ်းလှတဲ့ Mary-Jane Shoes တွေက သေချာပေါက် ဒီနှစ်နှောင်းပိုင်းမှာ ခေတ်စားလာဦးမှာပါ။ Mary-Jane Shoes ကို ဒီ season မှာ Huishan Zhang, Giorgio Armani, Rodarte, A.P.C., Roberto Cavalli, Emilia Wickstead နဲ့ Dior တို့မှာ ပုံစံမျိုးစုံနဲ့တွေ့ခဲ့ရပါတယ်။
Bow embellishments

Loewe

Versace
ဖိနပ်ထိပ်မှာ နှင်းဆီပန်းပွင့်ပါတဲ့ Rosette Heels တွေရဲ့ trend ကို ဆက် carry on ပြီး ထပ်တွေ့ခဲ့ရတာကတော့ နှင်းဆီအစား ဖဲပြားပုံတွေပါတဲ့ Bow-embellished Heels တွေပါပဲ။ Miuccia Prada မှာ 3D ပုံစံ Bows တွေကို တွေ့ခဲ့ရသလို Loewe ရဲ့ Bow-embellished Heels ကလည်း ဒီ season မှာ လူစိတ်ဝင်စားမှုအများဆုံးကို ရရှိခဲ့ပါသေးတယ်။ ဒီ Heels တွေကို Chanel, Versace နဲ့ Bottega Veneta တို့မှာလည်း တွေ့ခဲ့ရပါတယ်။
Thigh-high boots

Stella McCartney

Isabel Marant
Thigh-high boots တွေ သေချာပေါက်ပြန်လာပါပြီ။ ဒီ season မှာ အတွေ့ရအများဆုံးဖိနပ်တွေထဲက တခုကတော့ Thigh-high boots တွေပါ။ ဒီ season မှာ တွေ့နေကြနဲ့မတူတာတခုတော့ရှိပါတယ်။ အဲ့ဒါကတော့ Thigh-high boots ကိုမှ ခပ်ပွပွနဲ့ ပျော့တိပျော့ခွေဖြစ်နေတဲ့ဒီဇိုင်းတွေကို တွေ့ရမှာပါ။ Bally, Hermès နဲ့ Chanel တို့မှာ traditional sock boots နဲ့ thigh-high boots တွေကို မြင်ရသလို Burberry, Stella McCartney နဲ့ Isabel Marant တို့မှာတော့ dramatic ဖြစ်ပြီး slouchy ဖြစ်တဲ့ Thigh-high boots တွေကို မြင်ခဲ့ရပါတယ်။
Lace-up and buckled boots

Gucci
Roberto Cavalli
Autumn/winter 2023 runway က Vivienne Westwood ကို ချီးကျူးဂုဏ်ပြုပြီး သူ့ရဲ့ signature Punk အငွေ့အသက်တွေကို ချပြတဲ့အနေနဲ့ ခါးပတ်ခေါင်းတွေ၊ ကြိုးတွေပါတဲ့ boots တွေကို ထည့်ခဲ့ကြပါတယ်။ Dior, Fendi, Akris တို့မှာဆို Floral maxi dress တွေနဲ့တွဲပြီးဆင်ထားတဲ့ Ankle-length combat boots တွေကို တွေ့ရမှာဖြစ်သလို Roberto Cavalli မှာဆို Eyelet boots၊ Gucci မှာဆို fighting-fit boxing boots ဆိုပြီး အသီးသီးမြင်ရမှာပါ။ Edgy ဖြစ်ပြီး ခပ်မိုက်မိုက်အထာနဲ့ ဒီ Lace-up and buckled boots တွေ ခေတ်စားလာမယ့်အရိပ်အယောင်တွေကို မြင်နေရပါပြီ။
Pointed Heels

Bottega Veneta

Saint Laurent
လာမယ့်အချိန်တွေထဲ ခေတ်စားလာမယ့်အထဲမှာ Power dressing လို့ခေါ်တဲ့ ယုံကြည်မှုအပြည့်ရှိပြီး မြင်လိုက်တာနဲ့ လူရှိန်နေမယ့်ဖက်ရှင်တွေပါပါတယ်။ ဒီ Power dressing အတွက် မရှိမဖြစ်လိုတဲ့ဟာတခုက Pointed Heels, Pointed Pumps တွေပါ။ Saint Laurent, Prada နဲ့ Miu Miu တို့က Office wear အနေနဲ့ဝတ်ရင်လိုက်ဖက်မယ့် Pointed Heels တွေကို ချပြခဲ့သလို Bottega Veneta, Givenchy တို့မှာလည်း တွေ့နေကြနဲ့ ကွဲထွက်နေတဲ့ Pointed Heels တွေကို တွေ့ခဲ့ရပါတယ်။
