LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
GET FIT & WELLNESSHEALTH & BEAUTYMAKEUP & SKINCARE

ခွဲစိတ်စရာမလိုပဲ အရွယ်တင်နုပျိုဖို့ဆိုရင်

written by Maeve June 30, 2023
ခွဲစိတ်စရာမလိုပဲ အရွယ်တင်နုပျိုဖို့ဆိုရင်

အခုနှစ်ပိုင်းတွေမှာ social media တွေပေါ် ခေတ်စားလာပြီး လူတွေရဲ့စိတ်ဝင်စားမှုများလာတဲ့ထဲမှာ Face yoga လို့ခေါ်တဲ့ မျက်နှာကို အရွယ်တင်နုပျိုအောင်လုပ်တဲ့နည်းလမ်းကလည်း ထိပ်ဆုံးကပါလာပါတယ်။ လူတွေကလည်း ခွဲစိတ်ပြုပြင်ရတာ၊ ခန္ဓာကိုယ်အတွင်းကို Fillers တို့၊ Botox တို့လိုမျိုးအရာတွေထည့်သွင်းရတာတွေထက် သဘာဝနည်းနဲ့ လှပအောင်လုပ်ရတာကို ပိုစိတ်ဝင်စားလာကြတာလည်းပါတာပေါ့။ 

Meghan Markle, Gwyneth Paltrow တို့လို Celebrities တွေကအစ Face yoga ကို တွင်တွင်ကျယ်ကျယ် လုပ်လာကြသလို TikTok platform မှာဆို #faceyoga ဆိုတာက views 2 billions ထိကိုရှိနေပါပြီ။ ဒါဆို အခုလို လူစိတ်ဝင်စားမှုအများအပြားရနေတဲ့ Face yoga အကြောင်းကို တချက်လောက်လေ့လာကြည့်လိုက်ကြရအောင်။

Minutes Face Exercises To Do Daily Before Bed | lacienciadelcafe.com.ar

 

Face yoga ဆိုတာဘာလဲ?

Face yoga လုပ်တာမှာ မျက်နှာရဲ့ ကြွက်သားတွေ နဲ့ အရေပြားတွေကို လေ့ကျင့်ခန်းလုပ်တာ၊ နှိပ်တာမျိုးတွေ ပါပါတယ်။ ဒီလိုလုပ်တာက မျက်နှာကြွက်သားတွေတောင့်တင်းတာကိုသက်သာစေသလို စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေကိုလည်း လျှော့ချပေးစေပါတယ်။ ပြင်ပပစ္စည်းတွေ မျက်နှာထဲထိုးသွင်းစရာမလိုဘဲ မျက်နှာကိုတင်းရင်းအောင်လုပ်ပေးနိုင်တာမို့ Face yoga က yoga ဆော့တဲ့သူတွေကြားထဲမှာတင်မကပဲ အလှအပလိုက်စားတဲ့သူတိုင်းအတွက် try ချင်စရာတခုဖြစ်လို့လာပါတယ်။

Face yoga လုပ်တာမှာ တခုသတိထားဖို့က instruction အတိုင်း သေချာလေးလိုက်လုပ်ဖို့တော့လိုပါတယ်။ အသက်ကြီးတဲ့သူတွေလည်း မျက်နှာအရွယ်တင်နုပျိုဖို့အတွက် လိုက်လုပ်လို့ရသလို လူငယ်တွေအနေနဲ့လည်း ကိုယ့်ရဲ့ရှိရင်းစွဲအသားအရေကိုထိန်းသိမ်းဖို့ Face yoga ကိုလိုက်လုပ်လို့ရပါတယ်။

What is facial yoga? Experts say it really can make you look younger.

 

Face yoga ရဲ့ အားသာချက်တွေ

Face yoga က မျက်နှာနဲ့ လည်ပင်းမှာရှိတဲ့ ကြွက်သား ၅၇ မျိုးရဲ့ strength ကို တပြိုင်တည်း နူးညံ့တဲ့နည်းနဲ့မြှင့်တင်ပေးနိုင်ပါတယ်။ ဒါကြောင့် Face yoga လေ့ကျင့်ခန်းတွေကို နေ့တိုင်းလုပ်ပေးမယ်ဆို အသားအရေတင်းတင်းရင်းရင်းဖြစ်လာတာကို နေ့စဉ်နဲ့အမျှ ခံစားလာရတာပါ။ သူ့ရဲ့အားသာချက်က ဒါနဲ့တင်မရပ်သေးပါဘူး။ Face yoga က သွေးလည်ပတ်မှုကိုကောင်းစေတဲ့အတွက် ကျန်းမာတဲ့အသားအရေဖြစ်လာပြီး အသားအရေကြည်လင်လာအောင် လုပ်ပေးနိုင်ပါသေးတယ်။

တခုရှိတာက Face yoga နည်းလမ်းတွေအများကြီးရှိသလို ဘယ်နည်းကိုပဲလုပ်လုပ် လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ မျက်နှာကို ရှုံ့မဲ့တာမျိုး၊ မျက်လုံးကိုစွေတာ၊ မှေးတာမျိုးမလုပ်ပဲ နည်းလမ်းမှန်မှန်နဲ့ သေချာလေးလုပ်ဖို့တခုတော့ သတိထားရပါမယ်။ လေ့ကျင့်ခန်းလုပ်ရင် အသားအရေ ပင့်တင်ဖို့ကိုသေချာလေး အာရုံစိုက်ရမှာပါ။ Face yoga လုပ်တာက ဘယ်အချိန်မှာစပြီး သိသာလာမလဲဆိုရင် နေ့တိုင်း တနေ့ကို မိနစ် 20 လောက်အချိန်ပေးရုံနဲ့ ၆ ပတ်လောက်ဆို သိသာလာပါပြီ။

Face yoga လုပ်တဲ့အခါ Acupressure လို့ခေါ်တဲ့ နေရာတခုချင်းကို လက်နဲ့နှိပ်ပေးတာမျိုးက သွေးလည်ပတ်မှုကို ကောင်းစေသလို အညောင်းအညာတွေကိုလည်း ပြေစေတဲ့အတွက် အဲ့ကနေပြီး ခေါင်းကိုက်တာ၊ နှာပိတ်တာမျိုးတွေကို မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီး အိပ်ရေးမှန်အောင်ပါ လုပ်ပေးနိုင်ပါတယ်တဲ့။

How to Awaken Your Facial Muscles with Face Yoga - Sunday Edit

Face yoga ကိုဘယ်ချိန်စပြီး လုပ်ရမလဲ?

Face yoga ကို မနက်ဖြစ်ဖြစ်၊ ညနေဖြစ်ဖြစ် မျက်နှာသစ်ပြီးတဲ့အချိန်၊ ကိုယ့်အတွက်အဆင်ပြေဆုံးအချိန်ကိုရွေးပြီး လုပ်လို့ရပါတယ်။ မလုပ်ခင် မျက်နှာကို facial oil ဒါမှမဟုတ် moisturizer လိမ်းပြီးတာနဲ့ Face yoga ကိုစပြီးလုပ်လို့ရပါပြီ။

မျက်နှာကိုနှိပ်တဲ့အခါ လက်ချောင်းတွေနဲ့ အားအပြည့်သုံးတာမျိုးမလုပ်ပဲ လက်ဖဝါးလေးရယ်၊ လက်ချောင်းထိပ်လေးတွေရယ်နဲ့ပဲ ညင်ညင်သာသာနှိပ်ပေးဖို့တော့ သတိထားပေးရပါမယ်။ စစချင်း warm up လုပ်တဲ့အနေနဲ့ ညှပ်ရိုးကနေစပြီး ပုခုံး၊ မေးရိုး၊ လည်ပင်းဘေးတွေနဲ့ လည်ပင်းအနောက်ဘက်တွေဆီကို တဖြည်းဖြည်းနဲ့ဆက်နှိပ်ပေးသွားရပါမယ်။ ပြီးမှ ဆံစပ်တွေ၊ မျက်ခုံးရိုးတွေနဲ့ မျက်လုံးအောက်လေးတွေကိုဆက်ပြီး နှိပ်ပေးသွားရပါမယ်။ 

ဘယ်အစိတ်အပိုင်းကို Face yoga လုပ်ရမလဲ?

ဒါကတော့ ကိုယ်ဖြစ်ချင်တဲ့ goal ပေါ်မှာမူတည်ပြီး လုပ်ရမယ့်လေ့ကျင့်ခန်းတွေက မတူတာမို့ ကိုယ်ဘာဖြစ်ချင်လဲ သေချာသိအောင်လုပ်ပြီး လေ့ကျင့်ခန်းကိုရွေးလုပ်ရမှာပါ။ ညောင်းညာနေတာတွေအဖြစ်အများဆုံးအစိတ်အပိုင်းကတော့ နဖူး၊ မျက်ခုံးနဲ့ မေးရိုးနေရာတွေပေါ့။ ဒီလိုနေရာတွေ ညောင်းညာတာမျိုးဖြစ်လေ့ရှိရင်တော့ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဒီလိုနေရာတွေကို ဖြေလျှော့တာကနေ စကြည့်လို့ရပါတယ်။

နဖူး၊ မျက်လုံးနဲ့ ပါးစပ်တွေက အရေးအကြောင်းအဖြစ်တတ်ဆုံးနေရာတွေမို့လို့ အရေးအကြောင်းဖြစ်တာကို ကာကွယ်ဖို့၊ လျှော့ချဖို့ဆိုရင်တော့ ဒီနေရာလေးတွေကို ဦးစားပေးပြီး လေ့ကျင့်ခန်းလုပ်ပေးလို့ရပါတယ်။ ဒါမှမဟုတ် ခေါင်းကိုက်တာ၊ အိပ်မပျော်တာ၊ နှာစီး၊ နှာပိတ်တာဖြစ်တာတွေကို သက်သာချင်တယ်ဆိုလည်း အဲ့အတွက် focus ထားတဲ့ Face yoga လေ့ကျင့်ခန်းကို လုပ်ပေးလို့ရပါတယ်။

Face yogaLUSHLUSH beautyWellness
1
Facebook Twitter Google + Pinterest
Maeve

previous post
လူသားတွေဟာ အရောင်အသွေးစုံလင်စွာ ဖြစ်တည်နေတာပါ။
next post
အစားအသောက်စုံလင်လှတဲ့ မန္တလေးမြို့ရဲ့ စျေးချိုတော်

Recommended

Runway ပေါ်က Makeup Looks များနဲ့ Editorials

March 25, 2020

ကမ္ဘာတဝှမ်း ဖွံ့ဖြိုးလာတဲ့ Wellness Tourism ယဉ်ကျေးမှု

June 24, 2020

THE BEAUTY BAR

December 20, 2018

Life and Nutrition

April 10, 2020

မှန်ထဲကို မြင်အောင်ကြည့်တဲ့အခါ (Self-Acceptance )

September 4, 2020

Thanaka, Under-the-radar treasure

November 23, 2018

ဆံပင်ပုံဆိုးဆိုးဝါးဝါးမရစေဖို့ Hair Salon မှာ ဘာတွေ သတိထားပေးရမလဲ။

May 29, 2019

ကမ္ဘာ့မီဒီယာထက်မှာနာမည်ကြီးနေတဲ့ Lady Gaga ရဲ့ ဖက်ရှင်

January 22, 2021

Breast Cancer Awareness Campaign

October 15, 2019

LUSH Beauty Program – Less is more with...

January 10, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem