LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
BALANCELIFE

စိတ်ခွန်အားတိုးတက်ရာ မြင်းစီး  လေ့ကျင့်အပန်းဖြေပါ

written by Lush Editor September 28, 2020
စိတ်ခွန်အားတိုးတက်ရာ မြင်းစီး  လေ့ကျင့်အပန်းဖြေပါ

ကိုဗစ်ကာလကြီးကို လူတွေ စိတ်ကုန်နေကြသလို၊ အခြေအနေတွေအပေါ်  ဒေါသတွေနဲ့ပါမြင်လာကြပြီ။ ကမ္ဘာ့နိုင်ငံရေးအခြေအနေတွေကို ပြောသံကြားတာနဲ့ စစ်ကြီးလာဖြစ်လိုက်၊ သေလည်းအေးတာပဲ လက်ရှိအနေအထားကြီးကို မကြိုက်တော့ဘူးလို့လူငယ်တွေတော်တော်များများ ပြောနေကြတာပဲ။ သူတို့ရဲ့စိတ်ထဲမှာ New Normal အခြေအနေနဲ့ တွန့်ဆုတ်တွန့်ဆုတ် လုပ်နေရတဲ့ ကာလကို စိတ်မရှည်ကြတော့ဘူးထင်ပါရဲ့။ အဲဒီလိုစိတ်အခြေအနေက ရုပ်ကို ရင့်စေတာကြောင့် ဒီအခြေအနေကနေ ထွက်လိုက်ဖို့လိုတာပေါ့။

တခြား  လေ့ကျင့်ခန်းတွေ ဘာတွေ မလုပ်ချင်ဘူးလို့ ငြင်းကြမယ်ဆိုပေမယ့်မြင်းစီးဖို့ကိုတော့ စိတ်ဝင်စားမယ်ထင်ပါတယ်။ မြင်းစီးတာဟာ ကိုယ့်ရဲ့ စိတ်ကိုအများကြီးအထောက်အပံ့ပေးနိုင်တယ်ဆိုတာသိရင် ပိုပြီးပျော်ပျော်ကြီး စီးချင်ကြမယ်ထင်ပါတယ်နော်။မြင်းစီးမယ်လို့  တွေးလိုက်တာနဲ့ အတွေးမှာတင် စိတ်လှုပ်ရှား  ပျော်ရွှင်မှုကို ခံစားရမယ်ထင်ပါတယ်။တကယ်လည်း မြင်းစီးလေ့ကျင့်ခန်းဟာ ကိုယ်ရော စိတ်ပါ  ပောင်းလဲတိုးတက်စေတဲ့လေ့ကျင့်ခန်းတစ်ခုအဖြစ် အသုံးပြုနေကြပြီမို့ ကြုံမှ စီးတာမျိုးမဟုတ်ဘဲ အလေးထားအချိန်ပေးပြီး စီးသင့်တာပါ။

မြင်းစီးခြင်းကနေ အကျိုးကျေးဇူး အများကြီးရနိုင်တာကိုလည်း ပာပြချင်ပါတယ်။ မြင်းစီးမယ်ဆိုတာနဲ့ အစွမ်းသတ္တိတစ်ခု ဖြစ်လာပါပြီ။ ကိုယ်စီးမယ့် မြင်းရဲ့ အထာကိုလေ့လာတတ်ပြီး အထာနဲ့အလိုက် စီးတတ်လာပါလိမ့်မယ်။ ဒါက ညှိနှိုင်းတတ်မှုတွေပေါ်ထွက်လာတာပါ။

မြင်းစီးတဲ့အခါ ကိုယ့်စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေဖြစ်လာပြီး  ပျော်ရွှင်မှုကို သိသိသာသာပြောင်းလဲ ခံစားရမှာပါပဲ။ ကိုယ့်စိတ်ကိုယ် အလိုလို  လေ့ကျင့်ပြီးသား ဖြစ်လာပြီးတော့အဲဒီလိုအခြေအနေထဲမှာ ကိုယ်စီးတဲ့မြင်းရဲ့ အခြေအနေကို အကဲခတ်တတ်လာသလို တစ်စုံတစ်ရာအခက်အခဲပေါ်လာခဲ့ရင်လည်း အလိုလိုဖြေရှင်းဖို့တွေးနေနိုင်တဲ့စိတ်ကို ပိုင်ဆိုင်လာတာမို့ စိတ်ခွန်အားတိုးတက်မှုအရမ်းကောင်းတဲ့  လေ့ကျင့်နည်းတစ်ခုပါပဲ။

မြင်းစီးတဲ့အချိန်ကြာလာတဲ့အခါ အခြားလေ့ကျင့်မှုတွေနဲ့မတူ ခြားနားတဲ့ ခံစားမှုနဲ့အနားယူမှုကို ခံစားရမှာဖြစ်သလို ကျန်းမာရေးဘက်ကကြည့်ရင်လည်းကြွက်သားကျန်းမာရေးတိုးတက်မှုကို သိသိသာသာ ခံစားရတဲ့  လေ့ကျင့်ခန်းဖြစ်ပြီး ယှဉ်ပြိုင်လိုစိတ်လို
စိတ်အားအင်မျိုးကိုတောင် တိုးပြီး ခံစားရရှိလာတဲ့ မြင်းစီးခြင်းအရသာကို ခံစားသင့်ပါတယ်။

စိတ်ပြေပျောက်ဖို့ တခြား ရုပ်ရှင်ကြည့်တာလို သီချင်းနားထောင်တာလို လုပ်တာမျိုးတွေက စိတ်အာရုံကိုလွင့်ပျောက်နိုင်သေးပေမဲ့ မြင်းစီးခြင်းကတော့ အာရုံစိုက်မှုတွေတိုးတက်စေတဲ့အပြင်ပျင်းရိတာကို ခဏလေးတောင် မခံစားရတဲ့  လေ့ကျင့်နည်းတစ်ခုပါ။

ရွှင်လန်းတက်ကြွတဲ့စိတ်ကို မြင်းစီးလေ့ကျင့်တာက ရရှိဖို့  သေချာသလောက်ရှိပြီးမြင်းပေါ်တက်တာ၊ ဆင်းတာမျိုးတွေမှာ ကျွမ်းကျင်မှုဖြစ်လာအောင် ကြိုးစားချင်စိတ်တွေပါထပ်ဖြစ်ပေါ်လာတတ်တာမျိုးပါ။

မြင်းစီးတာဟာ တခြားလေ့ကျင့်ခန်းတွေနဲ့ မတူတဲ့ ကာယပိုင်းတိုးတက်မှုအပြင်စိတ်ပိုင်းဆိုင်ရာတိုးတက်မှုကို သိသိသာသာ ရရှိလာတဲ့  လေ့ကျင့်နည်းတစ်ခုဖြစ်ပြီး အခန့်မသင့်လို့ပြုတ်ကျတာမျိုး၊ မင်းရဲ့ ပြစ်ချတာကိုခံရတာမျိုးဖြစ်တဲ့အခါ အရှုံးမပေးဘဲ ထပ်ကြိုးစားဖို့ ခွန်အားတွေကိုပါ
အလိုလို ရရှိလာတတ်တာမျိုး၊ ကိုယ်စီးတဲ့ မင်းရဲ့အထာကို  လေ့လာပြီးတဲ့အခါ အထာနပ်တာနဲ့မြင်းနဲ့ မြင်းစီးသူရဲ့ကြားက အပြန်အလှန်နားလည်မှုရရှိလာတဲ့နောက်မှာတော့ ကိုယ့်မြင်းကို သေချာညွန်ကြားနိုင်သူအဖြစ်ပါ တိုးတက်လာတဲ့ စိတ်ခွန်အားတိုးတက်မှုကို ရရှိမယ့် မြင်းစီးလေ့ကျင့်ခန်းကိုကိုယ့်ရဲ့စိတ်ရောကိုယ်ပါ ကျန်းမာရေးအတွက် အချိန်ပေးပြီး  လေ့ကျင့်မယ်ဆိုရင်တစ်ခေါက်နဲ့တစ်ခေါက် မတူတဲ့စွမ်းရည်တွေကို ခံစားမိပြီးတော့ စိတ်ပျော်ရွှင်တက်ကြွလာမှာအသေအချာပါပဲ.

https://lushmagazinemm.com/wp-content/uploads/2020/09/Horseback-Riding-For-MentalHealth-Final-Output.mp4-Google-Drive.mp4
COVID 19horse ridingLifeStyleLUSH DAILYLUSH Magazine MyanmarLUSH September 2020Mental HealthNew Normal
1
Facebook Twitter Google + Pinterest
Lush Editor

previous post
အာမေးနီးယန်းတွေရှိခဲ့ဖူးတဲ့ ရန်ကုန်
next post
Plus-Size Model တွေ ပထမဆုံးပါ၀င်ခဲ့တဲ့ Versace Runway Show

Recommended

လူသားတွေဟာ အရောင်အသွေးစုံလင်စွာ ဖြစ်တည်နေတာပါ။

June 30, 2023

စိတ်ကျန်းမာစေဖို့အတွက်လိုအပ်မယ့် ဦးနှောက်လေ့ကျင့်ခန်းများ

May 29, 2020

Less Is More: Minimalism

October 12, 2020

Better Thyself

December 27, 2019

Life and Nutrition

April 10, 2020

Interview with Citta: Open Your Mind!

April 6, 2020

Voice to the Voiceless

March 28, 2020

Elle – Floral Burst Collection

April 22, 2020

စိတ်ဓါတ်ခိုင်မာသူတွေမှာ တွေ့ရတဲ့ စိတ်နေစိတ်ထား (၈) ချက်

March 22, 2023

Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

June 9, 2023

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem