LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTYLUSH DAILY

ငယ်ငယ်က ကိုယ်ကျပ်အင်္ကျီတွေ ဝတ်ခဲ့တာဟာ “ယုံကြည်မှုအားနည်းခဲ့တဲ့ လက္ခဏာ” လို့ ပြောခဲ့တဲ့ Victoria Beckham

written by Lush Editor June 19, 2020
ငယ်ငယ်က ကိုယ်ကျပ်အင်္ကျီတွေ ဝတ်ခဲ့တာဟာ “ယုံကြည်မှုအားနည်းခဲ့တဲ့ လက္ခဏာ” လို့ ပြောခဲ့တဲ့ Victoria Beckham

တခြားသူတွေချစ်ဖို့ဆိုတာထက် ကိုယ့်ကိုယ်ကို ချစ်ဖို့၊ လက်ခံဖို့က ပိုအရေးကြီးတယ်ဆိုတာ လူတော်တော်များများ သိလာပြီး လက်ခံလာကြပါပြီ။ ကိုယ့်ရဲ့ရှိရင်းစွဲခန္ဓာကိုယ်ကို ချစ်သင့်တယ်။ ကိုယ့်ကိုယ်ကို ချစ်တာက အရေးကြီးတယ်ဆိုတာ လက်ခံလာကြပြီ။ ဒီလိုပဲ နယ်ပယ်အသီးသီးက နာမည်ကျော်တဲ့သူတွေကလည်း body positivity, self-esteem, self-love, self-acceptance နဲ့ ပတ်သက်ပြီး လူတွေပိုသိလာအောင် နည်းအမျိုးမျိုးနဲ့ ပြောလာကြပါတယ်။ အခု အားလုံးသိကြတဲ့ တချိန်က Spice Girls အဖွဲ့ဝင်၊ အခု fashion designer ဖြစ်တဲ့ Victoria Beckham ကလည်း Guardian နဲ့ အင်တာဗျုးမှာ သူ့ရဲ့ self-esteem, self-acceptance, self-love နဲ့ပတ်သက်ပြီး သူ့ရဲ့ခံယူချက်ကို ပြောပြခဲ့ပါတယ်။

Victoria Beckham က သူငယ်ငယ်တုန်းက တင်းကျပ်လွန်းတဲ့ အဝတ်တွေ ဝတ်လေ့ရှိခဲ့ပြီးတော့ အဲ့လိုဝတ်ခဲ့တာဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းတဲ့လက္ခဏာလို့ ပြီးခဲ့တဲ့စနေနေ့က Guardian နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ အင်တာဗျူးမှာ အလုပ်ခွင်ကို ဝင်ရောက်တော့မယ့် ဖက်ရှင်ဘွဲ့ရကျောင်းသားတွေရဲ့ မေးခွန်းတွေကို ဖြေရင်း ပြောခဲ့တာပါ။ အဲ့မှာ ကျောင်းသားတစ်ယောက်က Victoria ကို သူ့ရဲ့ ကိုယ်ပိုင်စတိုင်လ်ဘယ်လိုမျိုး ပြောင်းလဲလာခဲ့လဲဆိုတာနဲ့ ပတ်သက်ပြီး မေးခဲ့ပါတယ်။

“Spice Girls အဖွဲ့မှာရှိတုန်းကဆို stylists တွေရှိခဲ့တယ်၊ ဒါပေမဲ့ ကိုယ်ပိုင်ဘဝမှာတော့ ဘယ် stylist နဲ့မှ အလုပ်တွဲမလုပ်ခဲ့ဖူးဘူး။ corset ပါတဲ့ အဝတ်တွေကိုပဲ ဝတ်လေ့ရှိခဲ့တာ။ အခုထိလည်း ကျွန်မမှာ အဲ့ဒီအဝတ်တချို့တော့ ရှိသေးပေမဲ့ ကျွန်မရဲ့ကိုယ်ပိုင်စတိုလ်ကတော့ ပိုပြီး သက်သောင့်သက်သာဖြစ်လာပါပြီ။ အရင်အချိန်တွေကိုပြန်ကြည့်မိတော့ ဒီလိုတွေဝတ်ခဲ့တာက ယုံကြည်မှုအားနည်းခဲ့တာပါ” ဆိုပြီး ပြောခဲ့ပါတယ်။

လူတွေက သူ့ကိုဆို ဒေါက်မြင့်ဖိနပ်အမြင့်ကြီးတွေ၊ ခပ်ကျပ်ကျပ်အဝတ်အစားတွေနဲ့ပဲ မြင်နေကြတော့ ဘောင်းဘီတို့၊ ဖိနပ်အပါးတို့ ဝတ်တယ်ဆို တအံ့တသြဖြစ်ခဲ့ကြတယ်။ “ကျွန်မမှတ်မိသေးတယ်၊ တခါတုန်းက နယူးယောက်က ရှိုးပွဲတစ်ခုမှာ ကျွန်မ ယောကျာ်းဆန်တဲ့ ဘောင်းဘီ နဲ့ trainer ကို စီးခဲ့တုန်းကဆို လူတိုင်းက ဟယ် သူ trainers ဝတ်ထားတာပဲ ဆိုပြီး အံ့သြနေကြတာ” ဆိုပြီး ပြောခဲ့ပါတယ်။

Spice Girls အဖွဲ့ကို အသက် ၂၀ လောက်က ဝင်ရောက်ခဲ့တဲ့ Victoria က အသက်ရလာတာနဲ့အမျှ ပိုပိုပြီး ယုံကြည်မှုရှိလာပြီး သူများအတွက်ထက် ကိုယ့်အတွက်ကိုယ်ပဲ ဦးစားပေးပြီး ဝတ်စားဆင်ယင်ဖြစ်လာတယ်လို့ ပြောပါတယ်။ “ကျွန်မအတွက် ဘယ်ဟာကအဆင်ပြေမလဲ၊ ဘယ်ဟာက ကြည့်ကောင်းမလဲ၊ ဘယ်ဟာက သက်သောင့်သက်သာဖြစ်စေပြီး ယုံကြည်မှုရှိစေမလဲဆိုတာ ကျွန်မသိတယ်။ ကျွန်မဝတ်ပုံစားပုံကို ဘာအတွက်ကြောင့်မှ သက်သေပြစရာမလိုဘူးလို့ ခံစားရတယ်” လို့လည်း ပြောခဲ့ပါတယ်။

“ကျွန်မကိုယ့်ကိုယ်ကို လှတယ်ဆိုပြီး ထင်သလားဆို ဟင့်အင်းလို့ပဲပြောပါရစေ။ ဒါပေမဲ့ ကျွန်မမှာ ရှိသမျှနဲ့ အကောင်းဆုံးဖြစ်အောင်လုပ်တယ်၊ ကျွန်မရဲ့ အပြစ်အနာအဆောတွေ၊ အားနည်းချက်တွေကို တွေ့ပြီး ပြုံးမိတယ်။ ဒါကျွန်မပဲ၊ ကျွန်မဒါတွေကို ပြောင်းလဲပစ်ဖို့ ကြိုးစားမှာမဟုတ်ပါဘူး။ အသက် ၄၅ နှစ်ရှိပြီဆိုတာ လက်ခံဖို့ အချိန်အတော်ကြာ ကြိုးစားခဲ့ရတယ်၊ တကယ်တော့ ကျွန်မအဆင်ပြေပါတယ်။ ကျွန်မအလုပ်ကြိုးစားတယ်၊ ကြည့်ရတာအဆင်ပြေတယ်၊ ကျွန်မမှာ ကလေးလေးယောက်နဲ့ ကျွန်မဂုဏ်ယူရတဲ့ အရမ်းတော်တဲ့ယောကျာ်းလည်း ရှိပြီဆိုတော့ တင်းတိမ် ကျေနပ်မိတယ်”

“အသက်ကြီးလာရင် ပေါက်ကရအရာတွေအပေါ်စွဲလမ်းတာမျိုးတွေရှိလာပေမဲ့ အသက်ကြီးလာတာနဲ့အမျှ ကိုယ့်ရဲ့ရှိရင်းစွဲခန္ဓာကိုယ်ကို ဘယ်လို သဘောကျအောင် နေရမလဲဆိုတာ သိလာပါတယ်” ဆိုပြီးတော့လည်း ပြောခဲ့ပါတယ်။

Source: Insider

Body PositivityCelebrityfashionLUSH beautyLUSH DAILYLUSH June 2020LUSH Magazine MyanmarSelf-acceptanceSelf-esteemSelf-loveVictoria Beckham
1
Facebook Twitter Google + Pinterest
Lush Editor

previous post
Renovating your kitchen to be fabulous
next post
Frederique Constant ရဲ့ မော်ဒယ်သစ် Hybrid 

Recommended

Sunrise 18 တို့ရဲ့ Yangon

October 10, 2019

အမေဇုံကို ကယ်တင်ပါ။

August 26, 2019

ရွှေရောင် Louis Vuitton Archlight Sneaker ကို ဝတ်ရဲတဲ့သူဘယ်သူရှိလဲ……

May 22, 2018

The World’s Top-Earning Musicians Of 2019

December 9, 2019

Official “FRIENDS” cookbook to be released later this...

May 31, 2020

Fendi ရဲ့ Peekaboo campaign မှာ ပါဝင်ခဲ့တဲ့ North West

July 12, 2018

The Iconic Evening Fashion Show – Designer Won...

October 26, 2019

Bacalar – Maldives of Mexico

March 11, 2019

Gel Manicure တွေကို အိမ်မှာပဲ ဖျက်ကြရအောင်

July 29, 2023

Makeup နဲ့ Skincare Line ကို စတင် မိတ်ဆက်တော့မယ့် Hermès

March 25, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem