LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILYRewind

ကိုလိုနီခေတ်ဒီဇိုင်းနဲ့ ခန့်ထည်နေဆဲဖြစ်တဲ့ ရန်ကုန်မြို့လယ်က စကော့ဈေးကြီး

written by Lush Editor June 8, 2020
ကိုလိုနီခေတ်ဒီဇိုင်းနဲ့ ခန့်ထည်နေဆဲဖြစ်တဲ့ ရန်ကုန်မြို့လယ်က စကော့ဈေးကြီး

ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းပေါ်က အနီရောင်အမိုးတွေနဲ့ ခန့်ထည်နေတဲ့ ဗိုလ်ချုပ်ဈေးကြီးအကြောင်းကို ပြောပြချင်ပါတယ်။ အရင်တုန်းက စကော့ဈေးလို့ ခေါ်ခဲ့တဲ့ ဈေးကြီးအကြောင်းက စိတ်ဝင်စားဖွယ်ရာအပြည့်နဲ့ပါပဲ။

စကော့ဈေးလို့ ဘာလို့ခေါ်ခဲ့တယ်ဆိုတာ ကြားဖူးကြလား?

စကော့ဈေးလို့ ခေါ်ခဲ့ကြတဲ့ ဒီဈေးကြီးကို ပထမကမ္ဘာစစ်ကြီးအပြီးမှာ တည်ဆောက်ခဲ့တာဖြစ်ပြီးတော့ 1926 မှာ ဆောက်လို့ပြီးသွားပါတယ်။ အဲဒီအချိန်က မြူနီစပါယ်မင်းကြီး (ယခုခေတ် မြို့တော်ဝန်)ကို အစွဲပြုတဲ့နေနဲ့ ဈေးကြီးကို တည်ဆောက်ခဲ့သူတွေက နာမည်ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ အဲဒီအချိန်က ရန်ကုန်မြို့ရဲ့ မြူနီစပါယ်မင်းကြီးနာမည် Gavin Scott ကို အစွဲပြုပြီး စကော့ဈေးလို့ ခေါ်ခဲ့ကြတာဖြစ်ပါတယ်။ ပန်းဘဲတန်းမြို့နယ်ထဲမှာ ပါဝင်တဲ့ ဗိုလ်ချုပ်ဈေးကြီးရဲ့ ရှေ့ကလမ်းမကြီးဖြစ်တဲ့ ဗိုလ်ချုပ်လမ်းကို လိုနီခေတ်က ကော်မရှင်နာလမ်းလို့ ခေါ်ခဲ့ကြပြီး ဂျပန်ခေတ်ရောက်တော့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ရန်နိုင်လမ်းလို့ ခေါ်ခဲ့ကြပါသေးတယ်။ စကော့ဈေးကိုလည်း ရန်နိုင်ဈေးလို့ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါသေးတယ်။

၁၉၄၄ ခုနှစ်က ရန်ကုန်မြို့က လမ်းနာမည်တွေ ကို မြန်မာနာမည်များပြန်ပြောင်းတဲ့အထဲမှာ ကော်မရှင်နာ လမ်းလည်းပါဝင်ခဲ့တာမို့ ရန်နိုင်လမ်းလို့ ပြောင်းလဲ ခေါ်ဝေါ်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၈ လွတ်လပ်ရေးရပြီးမှာတော့ ရန်နိုင်ဈေးနာမည်ကနေ ဗိုလ်ချုပ်အောင်ဆန်းဈေးလို့ အမည်ပြောင်းခဲ့သလို ကော်မရှင်နာလမ်း၊ ရန်နိုင်လမ်းကနေတဆင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း(ဗိုလ်ချုပ်လမ်း)ဖြစ်လာခဲ့ပါတော့တယ်။

ဗိုလ်ချုပ်ဈေးရဲ့ တည်ဆောက်မှုပုံစံဟာ အလွန်ကောင်းမွန်ပြီး သမိုင်းမှာ ထင်ရှားတဲ့ အဆောက်အအုံတစ်ခုအဖြစ် ရှိနေတာအပြင် ဈေးကြီးရဲ့ ပတ်လမ်းနဲ့ အတွင်းပိုင်းလမ်းတွေအားလုံးဟာ စဉ့်အုတ်များနဲ့ ခင်းထားတဲ့ စဉ့်အုတ်ခင်းလမ်းများ ဖြစ်နေတာကလည်း ထူးခြားမှုတစ်ခုအဖြစ် ရှိနေတာပါ။ အဲဒီ ဈေးရဲ့ အတွင်းပိုင်းစဉ့်အုတ်လမ်းတွေကို မြန်မာနိုင်ငံစစ်တပ်မှာ အမြင့်ဆုံးဖြစ်တဲ့ အောင်ဆန်းသူရိယ တံဆိပ်ရရှိသူတွေရဲ့ အမည်နဲ့ ဂုဏ်ပြုတဲ့အနေနဲ့ မှည့်ခေါ်ခဲ့ကြတာပါ။ စကော့ဈေးခေတ်မှာတော့ သားငါးဈေးတန်း၊ ပန်းမန်ဈေးတန်း၊ မြေပန်းအိုးနဲ့ စဉ့်ပန်းအိုးဈေးတန်းဆိုပြီး ရှိခဲ့ပြီးတော့ ခေတ်တွေပြောင်းတဲ့အခါမှာစကော့ဈေးကြီးဟာလည်း ခေတ်အလိုက် ရွေ့လျားစီးမြောလာခဲ့ပါတယ်။

တော်လှန်ရေးကောင်စီခေတ် (မဆလ ခေတ်ဦးလည်းဖြစ်နိုင်ပါတယ်) မှာတုန်ုးက စကော့ဈေး အရှေ့ဘက်တန်း (မီးရထားသံလမ်းကပ်လျက်တန်း) ကို မြန်မာစက်မှုအထည်အလိပ် အထူးတန်းအဖြစ် ဖွင့်ခဲ့ပြီးတော့ နိုင်ငံကျော် မင်းသမီးတွေက စက်မှုထွက် အထည်စနဲ့ချုပ်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်ကြတာမျိုးလုပ်ခဲ့ကြသလို ဆိုင်ခန်းကြီးတွေဖွင့်ပြီး အကြီးအကျယ်ကြော်ငြာခဲ့ဖူးတာလည်း ပြန်အမှတ်ရကြဦးမယ်ထင်ပါတယ်။ နောက်ကြာလာတော့ သားငါးဈေးတန်းကိုဖျက်ပြီး ကုန်တိုက်အဖြစ် ပြောင်းခဲ့လိုက်ပြီးတဲ့အခါ ပန်းဆိုင်တန်းကိုလည်းဖျက်ပြီး ရတနာဆိုင်တန်းတွေ ဖွင့်လာပါတယ်။ ဒီနေ့ထိအောင် ဗိုလ်ချုပ်ဈေးကြီးဟာ မြန်မာမှုပစ္စည်းတွေ၊ အနုပညာပန်းချီပြခန်း၊ ရတနာဆိုင်တွေ၊ မြန်မာ့ရိုးရာအဝတ်အစားဆိုင်တွေ၊ မြန်မာ့စားဖွယ်ရာတွေနဲ့ တကယ့်မြန်မာမှုတွေ စုပြုံထားတဲ့ ပြခန်းကြီးတစ်ခုလို့ တင်စားရမယ့် ဈေးကြီး ဖြစ်နေတုန်းပါပဲ။

မြန်မာမှုပစ္စည်းဖြစ်တဲ့ မောင့်ကျက်သရေ ခေါင်းပေါင်းဆိုင်တို့ တိုက်ပုံဆိုင်တို့လည်း ရှိသလို ၊မြန်မာမှု ရွှေချည်ထိုးလက်မှုပညာတွေနဲ့ ပန်းချီတွေ၊ မြန်မာ့ရတနာ ကျောက်စီပန်းချီတွေလည်း စုဆုံနေတဲ့ ဈေးကြီးဖြစ်နေတာပါ။ မြန်မာပြည်ရဲ့ နာမည်ကျော်စာရေးဆရာကြီးတွေ၊ ပန်းချီဆရာကြီးတွေ၊ ကာတွန်းဆရာကြီးတွေ ရဲ့ အနုပညာတွေထဲမှာ စကော့ဈေးအကြောင်းတွေ အများကြီး ပါဝင်ခဲ့ဖူးတာလည်း မှတ်မိကြဦးမယ်ထင်ပါတယ်။ တစ်ချိန်က နာမည်ကျော်စာရေးဆရာကြီး ရန်ကုန်ဘဆွေ အမြဲတန်းလိုလို ထိုင်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်ဟာလည်း စကော့ဈေး မြောက်ဘက်တန်းအဆုံးနားမှာ ရှိခဲ့ဖူးပါတယ်။

၂၀၁၃ ဇွန်လမှာတုန်းက ဗိုလ်ချုပ်ဈေး(စကော့ဈေး) ရဲ့ ပင်မဝင်ပေါက် နာရီစင်ကြီးထဲက ပျက်နေတဲ့ နာရီကို အချိန်အတော်ကြာယူပြီး ပြင်လိုက်ကြလို့ ခုဆို ဗိုလ်ချုပ်ဈေးကြီးကို လာရောက်လည်ပတ်သူတွေနဲ့အတူ အသက်ဝင် လှပနေပါပြီ။ ဒီလို နိုင်ငံတကာ ဧည့်သည်တွေ လာရင် သေချာပေါက် လာရောက်လေ့လာကြတဲ့ ဗိုလ်ချုပ်ဈေးကြီးကို ရှေးဟောင်းအမွေအနှစ်အဆောက်အအုံအဖြစ် သတ်မှတ်ပြီး သေချာထိန်းသိမ်းနေပြီပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ဈေးကြီးဟာ မြန်မာပြည်မှာ ကိုလိုနီခေတ်နှောင်းပိုင်းက ပေါ်ခဲ့တဲ့ ဈေးဆိုပေမဲ့  ခုချိန်ထိ မြန်မာတွေသာမက နိုင်ငံတကာဧည့်သည်တွေကိုပါ ဆွဲဆောင်နေဆဲ သမိုင်းဝင်ပြတိုက်ကြီးတစ်ခုလို့ တင်စားရမယ့် ဈေးကြီးတစ်ခုအဖြစ် ရန်ကုန်မြို့လယ်မှာ ကျက်သရေရှိရှိ ဝံ့ထည်ခန့်ညားစွာ ရှိနေဆဲပဲ ဖြစ်ပါတယ်။

Reference: https://www.yangonheritagetrust.org/ စကော့ဈေးကို (ဒေါက်တာဝင်းသိန်း)

Editor: Aye Myat Khin

LUSH DAILYLUSH June 2020LUSH Magazine MyanmarLUSH RewindRewindScott Market
1
Facebook Twitter Google + Pinterest
Lush Editor

previous post
Lego to release build-your-own Lamborghini Kit
next post
In the Mood for Love 20 years memory

Recommended

၆၁ နှစ်ပြည့် သွားပြီဖြစ်တဲ့ Pop ဘုရင်မ Madonna

August 19, 2019

Triumph Unveils James Bond-Inspired Limited Edition Motorcycle

May 28, 2020

2019 Oscars ဆုပေးပွဲရဲ့ ကော်ဇောနီလျှောက်လမ်းပေါ်က အမိုက်ဆုံးဖက်ရှင်များ

February 25, 2019

The most Eye-Catching Red Carpet Looks from MTV...

November 12, 2018

Best Fashion Looks of MTV Movie & TV...

June 19, 2019

Marc Jacobs ရဲ့ Heaven New Collection

December 9, 2020

Reem Acra Bridal Spring 2021

December 21, 2020

Old Town Road Decor

July 2, 2020

The Beatles သီချင်းတွေနဲ့ ဇာတ်လမ်းတည်ထားတဲ့ Yesterday ရုပ်ရှင်

April 8, 2019

ရန်ကုန်မြို့က သက်တမ်းရင့် ရုပ်ရှင်ရုံ ဝဇီရာ

September 23, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem