ကဲ… မိုးရာသီကလည်း ဝင်လာပြီ။ အဲ့တော့ မိုးတွင်းစီးဖို့ဖိနပ်ကလည်း မဖြစ်မနေလိုလာပြီနော်။ ဝတ်မယ့်အဝတ်အစားပေါ်မူတည်ပြီး မတူတဲ့ဖိနပ်ပုံစံတွေစီးဖြစ်ကြသလိုပဲ မိုးတွင်းမှာလည်း ထည်လဲစီးလို့ရအောင် အဆင်ပြေနိုင်မယ့်ဖိနပ်တွေကို ပြောပြပေးသွားပါမယ်။
Dad Sandals
ရုပ်ဆိုးဆိုးနဲ့ dad sandals တွေကလည်း dad shoes လိုပဲ လူတွေရဲ့အကြိုက်ထဲမှာ ပါလာပါတယ်။ လိုက်ဖက်တဲ့ဖက်ရှင်နဲ့ဝတ်ဆင်တတ်မယ်ဆို dad sandals တွေကလည်း ဖက်ရှင်ကျနိုင်ပါတယ်။
Flat-form Sandals
ခုံခပ်မြင့်မြင့်နဲ့ ရေစိုခံ ကြိုးသိုင်းဖိနပ်တွေကလည်း မိုးတွင်းမှာရှိထားသင့်ပါတယ်။ ခြေချင်းဝတ်ကိုသိုင်းထားတဲ့ကြိုးပါတဲ့ ကြိုးသိုင်းဖိနပ်မျိုးဆို လမ်းလျှောက်တဲ့အခါ ဗွက်မစင်အောင်ပါ ကာကွယ်ပေးပါတယ်။
Combat Boots
ဒီလို boots တွေက ဆောင်းရာသီမှမဟုတ်ဘူး၊ မိုးရာသီမှာလည်း ဖက်ရှင်ကျကျဝတ်လို့ရပါတယ်။ ရေစိုခံဖြစ်မယ်ဆိုရင်ပေါ့။
Faux-Skin Boots
သားရေအတုနဲ့လုပ်ထားပြီး ရေစိုလည်းခံတဲ့ boots မျိုးကလည်း တစ်ရံလောက်တော့ ရှိကိုရှိသင့်ပါတယ်။ ရေစိုခံတဲ့ဖိနပ်မျိုးတော့စီးချင်တယ်၊ အမြင်မှာတော့ ရေစိုခံဖိနပ်စီးထားတယ်လို့မထင်စေချင်ရင်တော့ waterproof faux-skin boots က ဖြည့်စည်းပေးပါလိမ့်မယ်။
Editor: Maeve