LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
BALANCELIFE

စိတ်အပန်းပြေစေခြင်း အနုပညာ

written by Lush Editor June 4, 2020
စိတ်အပန်းပြေစေခြင်း အနုပညာ

ကိုယ်တွေးထားသလို အလုပ်တွေ ထင်တိုင်းမဖြစ်တော့ဘူး။ စိတ်ထင်တိုင်း မဖြစ်တာတွေ များလာတဲ့အခါ စိတ်ညစ်ညူးတာတွေ၊ စိတ်ဓါတ်ကျလာတတ်တာတွေ၊ အကြောင်းအရာတော်တော်များများကို ဒေါသနဲ့ ဖြေရှင်းမိလာအောင် စိတ်တွေ ကြွတ်ဆတ်လာတာမျိုးတွေ ဖြစ်လာပါတော့တယ်။

ဒီလို အခြေအနေဖြစ်လာရင် စိတ်ကို အနာတရမဖြစ်အောင်၊ စိတ်နွမ်းနယ်မှုတွေပြေပျောက်အောင် လုပ်ဖို့ လိုလာပါတယ်။ စိတ်ပင်ပန်း နာကျင်ရတာ အချိန်ကြာလာရင် ကျန်းမာရေးကို ထိခိုက်လာနိုင်တာမို့ မြန်မြန်ဖြေရှင်းဖို့ လိုပါတယ်။ ထူးဆန်းတာက ကိုယ့်စိတ်ထဲမှာ ပင်ပန်းနေတဲ့ ကိစ္စတွေဟာ ဆေးသောက်လိုက်မှ ပျောက်တာမျိုး မဟုတ်ဘဲ ကိုယ့်မိတ်ဆွေ၊ သူငယ်ချင်းကို ဖွင့်ပြောပြလိုက်ခြင်းနဲ့လည်း သက်သာရာရနိုင်ပါတယ်။ အဆင်ပြေရင် လုံးဝပျောက်ကင်းသွားသည်အထိ ကောင်းမွန်တဲ့ စိတ်အပန်းပြေခြင်း နည်းတစ်ခုပါပဲ။ ဒီလို ဖွင့်ဟဖို့ မိတ်ဆွေသူငယ်ချင်း အဆင်သင့်မဖြစ်သေးဘူးဆိုရင်တော့ အနုပညာတွေကို ဖန်တီးနေမယ်ဆိုရင်လည်း စိတ်ကို အပန်းပြေစေပါတယ်။

အနုပညာနဲ့ပတ်သက်တဲ့ စာရေးတာ၊ စာဖတ်နေတာ၊ ဂီတကိုဖန်တီးနေတာ (ဒါမှမဟုတ်) ဂီတကိုနားထောင်နေတာ၊ နောက် ပန်းချီဆွဲနေတာမျိုးပေါ့။ ပန်းချီလို့ဆိုရာမှာ ကင်းဗတ်နဲ့ စုတ်တံနဲ့ဆွဲနေမှ မဟုတ်ပါဘူး အဝတ်အထည်ပေါ်မှာ၊ အရာဝတ္ထုလေးတွေပေါ်မှာလည်း ဆွဲနေလို့ရတာပဲလေ။ စိတ်ညစ်နေလည်း အစားအသောက်ကိုတော့ ပုံမှန်စားပေးရပါမယ်။ ကိုယ့်ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားပေးနေခြင်း၊ အစားအသောက်ကို ကိုယ်တိုင်လုပ်ကိုင်ခြင်းကလည်း စိတ်ကို အပန်းပြေစေပါတယ်။ အလုပ်မှာ အဆင်မပြေတဲ့ ညစ်ညူးမှုတွေကို အားကစားလုပ်ရင်း ဖြေဖျောက်သင့်ပါတယ်။ ဒီလိုလုပ်ရင် လေ့ကျင့်ခန်းတွေကို ကြာကြာလုပ်နိုင်လာပါလိမ့်မယ်။

စိတ်ပင်ပန်းနေရင်၊ အတွေးတွေများနေရင် အိပ်လို့မရတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် စိတ်တည်ငြိမ်မှုရဖို့ အာရုံစူးစိုက်မှုတစ်ခုခု (တရားထိုင်တာမျိုး) လုပ်ပေးသင့်ပါတယ်။ အိပ်ရေး၀၀အိပ်နိုင်လာရင် စိတ်ပင်ပန်းမှုတွေလည်း တဖြည်ဖြည်းပြေပျောက်လာပါလိမ့်မယ်။ အိပ်ရေး၀၀အိပ်နိုင်အောင် လုပ်ပေးရပါမယ်။

အကောင်းဆုံး အပန်းဖြေနည်းကတော့ ခရီးထွက်ခြင်းပဲပေါ့။ မကြာခင်မှာ ခရီးတွေထွက်လို့ ရတော့မယ်လို့ ထင်ပါတယ်။ လောလောဆယ် ခရီးမထွက်နိုင်သေးတဲ့ အချိန်မှာတော့ ကျန်းမာရေးအတွက် အဓိကလိုအပ်တဲ့ စိတ်ကို လန်းဆန်းနေအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အပန်းဖြေပေးထားရပါမယ်။ ကိုယ်စထွက်မယ့် ခရီးကို စီစဉ်ကြည့်နေခြင်းဟာလည်း စိတ်အပန်းပြေခြင်းနည်းလမ်းတစ်ခုပဲမို့ လန်းဆန်းမှုအသစ်တွေနဲ့ ခရီးတွေကို စီစဉ်ကြည့်နေမယ်ဆိုရင်လည်း ကိုယ့်ရဲ့စိတ်တွေ ပင်ပန်းနေရာက ပြေပျောက်လာပါလိမ့်မယ်။

Editor: Aye Myat Khin

Body & SoulLifeStyleLUSH DAILYLUSH June 2020LUSH Magazine Myanmar
0
Facebook Twitter Google + Pinterest
Lush Editor

previous post
Amazing paint sets you got to try
next post
What is kombucha?

Recommended

လူတယောက်ကို စွန့်လွှတ်လိုက်ဖို့ လိုအပ်နေတဲ့အချိန်

June 23, 2023

Idol Of K-Pop 

July 16, 2018

Cities Of Fashion

July 13, 2018

The Emotions Brought Creations

October 7, 2019

Thingyan Flash Back

April 20, 2018

စိတ်ကျန်းမာစေဖို့အတွက်လိုအပ်မယ့် ဦးနှောက်လေ့ကျင့်ခန်းများ

May 29, 2020

Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

June 9, 2023

ဝေးသွားတာ မှားလား

June 9, 2020

Classics Art Déco Round: A new ode to...

April 20, 2020

အဖိုးအဖွားတွေနဲ့အတူတူ Virtual Bingo ဆော့ခဲ့တဲ့ Matthew McConaughey

April 8, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem