New Brand to look out for: J.ESTINA
မြန်မာပြည်မှာ အခုဆိုရင် နိုင်ငံတကာ high-end brand တွေ အများအပြားဝင်ရောက်လာနေပါပြီ။ ဒီလို Luxury brand တွေထဲကမှ တောင်ကိုရီးယားရဲ့ နာမည်ကျော် high-end brand တစ်ခုဖြစ်တဲ့ J.ESTINA ကလည်း မြန်မာနိုင်ငံကို ရောက်လာပါပြီ။ တောင်ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲတွေ နဲ့ K-pop ပရိသတ်တွေကြားမှာ နာမည်ကျော်ကြားတဲ့ Designer Jewelry ၊ Luxury bags နဲ့ Skincare တွေဟာ
မြန်မာနိုင်ငံက High-end fashion နှစ်သက်တဲ့အမျိုးသမီးတွေအတွက် ရွေးချယ်စရာ Brand တစ်ခုဖြစ်လာခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ဘူဂေးရီးယား မိဖုရား Jovanna Estina ကို muse အဖြစ်ထားပြီး သူမရဲ့ lifestyle နဲ့ ဝတ်ဆင်ပုံများကို မှီငြမ်းပြီး ခေတ်သစ်မင်းသမီးတွေဝတ်ဆင်မယ့်
လက်ဝတ်ရတနာ ဒီဇိုင်းမျိုးဖန်တီးထားပြီး J.ESTINA Jewelry ကိုမိတ်ဆက်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့်လည်း Brand ရဲ့ Logo က တော်ဝင်သရဖူပုံစံလေး ဖြစ်ခဲ့တာပါ။ နောက်တစ်ဖက်မှာလည်း ကိုရီးယား Drama ချစ်သူတွေက J.ESTINA ရဲ့ လက်ဝတ်ရတနာတွေနဲ့ ရင်းနှီးပြီးသားဖြစ်နေတဲ့ အချက်တစ်ချက်ပါ။ အာရှရဲ့ပရိသတ်သန်းနဲ့ချီအားပေးခဲ့တဲ့ “Descendents of the sun”
ဇာတ်လမ်းတွဲမှာ မင်းသမီး ဆောင်းဟေကို ၀တ်ဆင်ခဲ့တဲ့ နားကပ်ပါးပါးလှလှလေးတွေနဲ့ ဘေးလွယ်အိတ်လေးတွေက J. ESTINA ဆိုပြီး လူသိများလာတဲ့အကြောင်းရင်းတွေထဲမှာ ပါဝင်ပါတယ်။ ဇာတ်လိုက် Yoo Sijin က ဇာတ်ဆောင်မင်းသမီးကို ချစ်သက်လက်ဆောင်ပေးလိုက်တဲ့
နေစကြာဒီဇိုင်းလည်ဆွဲလေးက J.ESTINA ရဲ့ Luce Hélio Collection လေးပါ။ J.ESTINA ရဲ့ Season Collection တိုင်းမှာ သရဖူဒီဇိုင်းပါတဲ့ Tiara Collection အသစ်တစ်ခုဆီ ထုတ်လုပ်လေ့ရှိပြီး အမျိုးသမီးတိုင်း ရွေးချယ်နိုင်တဲ့ ဒီဇိုင်းလှလှလေးတွေ အများကြီးလည်း ရှိပါတယ်။
၂၀၁၁ ခုနှစ်မှာတော့ J.ESTINA ရဲ့ Handbag collection ကို အရင် စတင်ခဲ့ပါတယ်။ လက်ဝတ်ရတနာရဲ့ concept အတိုင်းပဲ အဆင့်တန်းမြင့်မားပြီး အမြဲတမ်းလှပကျော့ရှင်းတဲ့ လက်ကိုင်အိတ်နဲ့ Leather Goods မျိုးတွေ ရရှိနိုင်ပါတယ်။ အရည်အသွေးမြင့်မားတဲ့ Leather မျိုးစုံနဲ့အတူ Tiara တံဆိပ်လေးကို အသုံးပြုနေတဲ့ အမျိုးသမီးတိုင်းက ခေတ်သစ်မင်းသမီးတစ်ပါးအလား ခံစားမှုပေးပါတယ်။ ESTINA ရဲ့နောက်ထပ်ဖန်တီးမှုတစ်ခုအနေနဲ့ Skincare နဲ့ Makeup line တွေထုတ်ခဲ့ပါတယ်။ J.ESTINA Beauty ရဲ့ ခံယူချက်ကတော့ “အမျိုးသမီးတစ်ဦးရဲ့ အသားအရေ
ဟာ သူမရဲ့ ပထမဦးဆုံးလက်ဝတ်ရတနာပါ” ဆိုတာပဲဖြစ်ပါတယ်။ကိုရီးယားမလေးတွေလို ဖြူဝင်းပြီးကြည်လင်လှပစေမယ့် Cosmetic Line
လေးတွေဖြစ်တဲ့ Lucent Light ၊ နုပျိုမှုနဲ့ ငယ်ရွယ်လန်းဆန်းမှုကိုပေးမယ့် Golden Youth နဲ့ ကာရေးဘီးယားပင်လယ်က Coral water ကို
အခြေခံပြီးဖန်တီးထားတဲ့ Aqua Rise Collection တွေကတော့ J.ESTINA ရဲ့နာမည်ကျော် Collection လေးတွေပဲ ဖြစ်ပါတယ်။
Make-up Line ထဲမှာဆိုလည်း Jewel Bloom နဲ့ Jewel Tension အစရှိတဲ့ ကျောက်မျက်ရတနာတွေလေးတွေအလား လင်းလက်တောက်ပတဲ့ Cosmetic တွေကို ဖန်တီးထုတ်လုပ်ခဲ့ပါတယ်။ ဒီလို အဆင့်တန်းမြင့်မားတဲ့နေထိုင်မှုကို ဖော်ကြူးပြသနေတဲ့ J.ESTINA ရဲ့ဖန်တီးမှုတွေကို
နှစ်ခြိုက်စွာသုံးစွဲနေသူတိုင်းက ကိုယ်ကိုယ်တိုင်မင်းသမီးတစ်ပါးလို ခံစားရစေမယ့် ခံစားမှုမျိုးပေးစွမ်းစေမှာပါ။ အခုဆို J.ESTINA က အခုလို
မြန်မာပြည်ကိုလည်း ရောက်ရှိလာပြီဆိုတော့ shopping ကြိုက်တဲ့ ပျိုမေတို့အတွက် ရွေးချယ်စရာ အသဲစွဲ brand တစ်ခု ဖြစ်လာမှာတော့
အသေအချာပါပဲ။
(English Version)
More international brands are coming in to the country every days and now, a Korean giant brand J.ESTINA is in town. With it, it’s bringing its jewelry, handbags and skincare line to the customers in Myanmar.
Started in 2013, J.ESTINA ’s symbol, the tiara, is a nod to its muse, The Italian Princess and Bulgarian Queen, Jovanna and her royalty. The brand’s theme of the contemporary princess is inspired by Princess Jovanna’s lifestyle. Korean drama series lovers here may have noticed its subtle but gorgeous earrings in the famous “Descendents of the sun” series. Luce Hélio Necklace from J.ESTINA is used in the movie as the gift from the main character Yoo Sijin to his leading lady.
J.ESTINA presents Tiara collection for each season with different theme and there are many designs for the female buyers to choose from. In 2011, J.ESTINA launched its handbag collection. Just with the concept of its jewelry line, the designs are classy, beautiful and timeless. The lovely designs are fitting for both events and workplace. With its soft but sturdy materials and the tiara logo, it makes the wearer feels like a modern day princess.
Their latest launch is the skincare and makeup line with the belief that “Complexion is women’s first jewel”. With the focus to regain the original glow of a woman, J.ESTINA beauty’s ingredients are infused with gems such as diamond, pearl and others. For example: the Lucent Light line is made up of diamond,white sapphire, pearl with white rose extract and helps to fade the pigmentation on your skin. Makeup items such as lipsticks and blushes are emulated to shine like the gems and make the wearer beautifully glowy and bright.
Be it a jewelry or a handbag or makeup, J.ESTINA is going to make its customer feels like modern day princess. It is a great news for the ladies who love shopping that J.ESTINA is in town and it will surely become a well-loved brand soon here.