LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0

The shine collection by Swiss watchmaker RAYMOND WEIL

written by Maeve April 3, 2020
The shine collection by Swiss watchmaker RAYMOND WEIL

အမျိုးသမီးတွေဟာ ဖက်ရှင်ကျကျ နေချင်ကြသူတွေချည်းပါပဲ။ ဒီဘက်ခေတ်မှာ မိန်းကလေးတွေအားလုံး ဖက်ရှင်ကျကျ ဝတ်ဆင်တတ်လာသလို ဖက်ရှင်ကျကျဝတ်ဆင်ဖို့ ဒီဇိုင်းတွေကိုလည်း ကမ္ဘာနဲ့အဝှမ်း ထုတ်လုပ်နေတယ်လေ။ မိန်းကလေးတွေ ဖက်ရှင်ကျကျဝတ်ဆင်မယ့် လက်ဝတ်ရတနာထဲမှာ နာရီဟာလည်း တစ်ခုအပါအဝင်ဖြစ်လို့နေပါတယ်။ ဒီလိုဆိုတော့ နာရီကို ဖက်ရှင်ကျကျဝတ်ဆင်ချင်ကြတဲ့ အမျိုးသမီးတို့အတွက် ကိုယ်ဝတ်ဆင်တဲ့ ဖက်ရှင်နဲ့ တွဲဖက်ဝတ်ဆင်လို့ရမယ့် ဒီဇိုင်းအမျိုးမျိုးကို ကမ္ဘာ့နာမည်ကြီး Swiss Watch Brand တစ်ခုဖြစ်တဲ့ RAYMOND WEIL က The shine collection ဆိုတဲ့ ကွဲပြားတဲ့အရောင်တွေနဲ့ ဒီဇိုင်းအသစ်ကို ထုတ်ဝေလိုက်ပါပြီ။ The shine collection မှာ အမျိုးသမီးဝတ်နာရီနဲ့ အမျိုးသားဝတ်နာရီဆိုပြီး ထုတ်လုပ်ထားပါတယ်။

အရင်ဆုံး အမျိုးသမီးဝတ်နာရီ The shine collection အကြောင်းကို ပြောရအောင်။ အမျိုးသမီးဝတ် The shine collection မှာ မိန်းမပီသခြင်း၊ လှပတင့်တယ်ကြော့ရှင်းခြင်း၊ ဆွဲဆောင်မှုရှိခြင်းဆိုတဲ့ ဂုဏ်အင်္ဂါရပ်တွေနဲ့ ပြည့်စုံတဲ့ ဒီဇိုင်းကို တွေ့ရပါတယ်။ ခေတ်သစ်လူနေမှုစတိုင်လ်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းလိုက်တဲ့ The shine collection အမျိုးသမီးဝတ်နာရီတွေဟာ ဝတ်စားဆင်ယင်မှုအပေါ်မှာလိုက်ပြီး အချိန်တိုအတွင်း ရွေးချယ်ဝတ်ဆင်နိုင်တဲ့ ကွဲပြားတဲ့လက်ပတ်ကြိုးအရောင်များနဲ့မို ပိုမိုထူးခြားတင့်တယ်နေပါတယ်။

ယခုထုတ်လုပ်လိုက်တဲ့ The shine collection အမျိုးသမီးဝတ်နာရီကို Case size 24-26 mm, 27-29 mm,30-34 mm,38–40.5 mm ဆိုပြီး ဆိုဒ်အမျိုးမျိုးနဲ့ ထုတ်လုပ်ထားလို့ ရွေးချယ်စရာများနေပါတယ်။ RAYMOND WEIL ထုံးစံအတိုင်း ဂန္ထဝင်ဆန်တဲ့စတိုင်လ်မှာ ခေတ်သစ်ဟန်တွေကို ပေါင်းစပ်လို့ အမြဲဆန်းသစ်နေတဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်လိုက်တဲ့ shine collection ရဲ့စတိုင်လ်တွေကို အမျိုးသမီးတိုင်း အကြိုက်တွေ့ဦးမှာပါပဲ။ နာရီတစ်လုံးအနေနဲ့ မဟုတ်ပဲ ရတနာတစ်ပါးလို ဆင်ယင်ဖြစ်အောင် ဖက်ရှင်ကျကျဝတ်ဆင်နိုင်အောင် တီထွင်လိုက်တဲ့ နာရီတွေဖြစ်နေတာပါ။ ငွေရောင်ဒိုင်ခွက်ပေါ်မှာ ရောမဂဏန်းတွေက ဂန္ထဝင်ဆန်တင့်တယ်နေပြီး နီလာရောင် နာရီလက်တံက တောက်ပစွာ ဆန်းသစ်လှပနေပါတယ်။ တောက်ပလင်းလက်နေတဲ့စိန် 57လုံးနဲ့ Mother- of- pearl တွေရဲ့ လှပနေမှုကိုတွေ့ရင် ဘယ်လိုခေတ်သစ်အမျိုးသမီးမဆို မငြင်းဆန်နိုင်အောင် လှပနေတာပါ။

လှပနေရုံမဟုတ်ဘဲ ခိုင်ခံ့မှုတွေကလည်း ပြည့်စုံနေပြန်ပါသေးတယ်။ Case Thickness 7.89mm ရှိပြီး ရေစိုခံနိုင်အားက 50m(165 Feet) ရှိလို့် စိတ်ချလက်ချ နေရာမရွေး ဝတ်ဆင်နိုင်တဲ့ ရတနာအဆင်တန်ဆာအဖြစ် အမျိုးသမီးတို့အတွက် ထုတ်လုပ်လိုက်တဲ့ The shine collection ပါပဲ။ ကမ္ဘာပေါ်က အမျိုးသမီးတို့အတွက် ဂုဏ်ယူဖွယ်ရာ အဆင်တန်ဆာအဖြစ်ဖန်တီးပြီး ထုတ်လုပ်ထားတဲ့ RAYMOND WEIL ရဲ့ collection Shine Ladies ကို မြန်မာနိုင်ငံက အမျိုးသမီးတို့ ဂုဏ်ယူစွာဝတ်ဆင်နိုင်တဲ့ အဆင်တန်ဆာအဖြစ် ရွေးချယ်ဝယ်ယူနိုင်ကြပြီဆိုတာ အသိပေးချင်ပါတယ်။

အမျိုးသမီးတို့အတွက်ပဲ ဂုဏ်ယူစရာအဆင်တန်ဆာကို ထုတ်လုပ်ထားတာမဟုတ်ပါဘူး။ RAYMOND WEIL ရဲ့ အမျိုးသားတို့အတွက် အသစ်ထုတ်လုပ်ထားတဲ့ ဒီဇိုင်းတွေလည်း ရှိပါတယ်။ ဒီအထဲက Toccata ရဲ့ အကြောင်းကို ပြောပြချင်ပါတယ်။ Swiss Made Brand ဖြစ်ပြီး ကမ္ဘာကျော် တံဆိပ်ဖြစ်တဲ့ RAYMOND WEIL ရဲ့ Toccata Collection ဟာဆိုရင် အမျိုးသားတို့ နှစ်သစ်မယ့် လှပတင့်တယ်မှုနဲ့ အနုပညာဆန်မှုတွေ ပေါင်းစပ်ထားတဲ့ ဒီဇိုင်းလို့ ဆိုရင် မမှားလောက်ပါဘူး။ မိရိုးဖလာ ဂုဏ်ကျက်သရေတင့်တယ်မှုကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းသွားမယ့် RAYMOND WEIL ရဲ့ ထုတ်လုပ်မှုတွေက အမွေအနှစ်တွေသဖွယ် ထိန်းသိမ်းထားတာမို့ နာရီစုဆောင်းသူတို့ ဂုဏ်ယူစွာ စုဆောင်းကြတာပါ။

RAYMOND WEIL ရဲ့ Toccata ကို 38–40.5 mm, 41-43 mm , 43.5-45 mm စသဖြင့် ဆိုဒ် သုံးမျိုးထုတ်လုပ်ထားပါတယ်။ Stainless Steel ကိုယ်ထည် နီလာအောက်ခံရောင်မှာ နာရီလက်တံတို့နဲ့ ရိုးရှင်းတဲ့အနုပညာလက်ရာကို တွေ့ရမှာပါ။ ရွှေဝါရောင် Stainless Steel ကိုယ်ထည်မှာတော့ အနက်ရောင် သားရေလက်ပတ်ကြိုးနဲ့ ရောမဂဏန်းတွေထင်ရှားပြတ်သားစွာရှိနေတဲ့ ဂန္ထဝင်ဆန်လှပမှုကို တွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်မျိုးဖြစ်တဲ့ Rose Gold ကိုယ်ထည်ဒီဇိုင်းမှာတော့ အနက်ရောင် သားရေလက်ပတ်ကြိုးနဲ့အတူ အနက်ရောင်ဒိုင်ခွက်အောက်ခံရောင်မှာ Rose Gold ရောင်နာရီလက်တံများက ဂန္ထဝင်ဆန်မှုနဲ့ အနုပညာဆန်မှုတွေ ပေါင်းစပ်ထားတဲ့ ဒီဇိုင်းကို အပြည့်အ၀ ဖော်ဆောင်နေပါတယ်။

ခု RAYMOND WEIL ရဲ့ ဒီဇိုင်းအသစ်တွေကတော့ ကမ္ဘာပေါ်က Swiss Made Brand ကိုမှ ကြိုက်နှစ်သက်သူ အမျိုးသား၊ အမျိုးသမီးတိုင်းရဲ့ စိတ်ဘဝင်ကို ကျေနပ်စွာနဲ့ ရွေးချယ်စုဆောင်းချင်စရာများပါပဲ။ ဒီလို နာရီတွေကို ကမ္ဘာပေါ်က အမျိုးသမီးတိုင်း အမျိုးသားတိုင်းနဲ့ ထပ်တူ မြန်မာပြည်က အမျိုးသား အမျိုးသမီးတို့လည်း ထပ်တူစုဆောင်းနိုင်ပြီဆိုတာ သတင်းကောင်းပေးချင်ပါတယ်။

fashionLUSH AdvertorialLUSH April 2020LUSH Magazine Myanmar
0
Facebook Twitter Google + Pinterest
Maeve

previous post
May Myat Warso—She who modernizes tradition
next post
Interview with Citta: Open Your Mind!

Recommended

Shades by AV MM Plaza Branch Opening –...

January 14, 2019

Golden Globe Awards Nominees List ထွက်ပေါ်လာခဲ့ပါပြီ

December 10, 2019

Swedish winery launches social distancing dining experience

June 24, 2020

Unusual Decorations to put around the house

June 22, 2020

ငယ်ငယ်က ကိုယ်ကျပ်အင်္ကျီတွေ ဝတ်ခဲ့တာဟာ “ယုံကြည်မှုအားနည်းခဲ့တဲ့ လက္ခဏာ” လို့ ပြောခဲ့တဲ့ Victoria...

June 19, 2020

Sneakers – Fashion Vocabulary

July 18, 2019

ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့တဲ့ ဖက်ရှင် ဒီဇိုင်နာ Kate Spade

June 7, 2018

Historical Dining Spots

November 22, 2019

သင့်ရဲ့ အဝတ်ဗီဒိုမှ ရရှိနိုင်သော မျက်နှာဖုံးများ

June 1, 2020

ပြောင်းလဲလာတဲ့ Plastic Surgery ရေစီးကြောင်းများ 

July 26, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem