ဒီတခါ fashion vocabulary မှာ ဒီလနဲ့သက်ဆိုင်တဲ့ “ခရမ်းစွဲ” လို့ခေါ်တဲ့ Amethyst ကျောက်အကြောင်းကို ပြောပြပေးသွားပါမယ်။ ခရမ်းစွဲ ကျောက်က ဒီလ ဖေဖော်ဝါရီမှာမွေးတဲ့သူတွေရဲ့ birthstone ဖြစ်ပြီးတော့ “အရာအားလုံးကိုကုစားနိုင်တဲ့ကျောက်” လို့လည်း ခေါ်ကြပါတယ်။
St. Valentine ရဲ့ ကျောက်ကလည်း ခရမ်းစွဲကျောက်ပါ။ ခရမ်းစွဲကျောက်က ချစ်သူစုံတွဲတွေ တွဲတာအချိန်ကြာလာတာနဲ့အမျှ ပိုပြီးနက်ရှိုင်းတဲ့ဆက်ဆံရေးတစ်ခုဖြစ်လာအောင် လုပ်ပေးနိုင်ပြီး သူ့ကို ချစ်သူစုံတွဲတွေရဲ့ကျောက်လို့လည်း ရည်ညွှန်းကြပါတယ်။ ဒါကြောင့်လည်း ခရမ်းစွဲကျောက်ကို စေ့စပ်တဲ့အချိန်မျိုး၊ သစ္စာတိုင်တည်တဲ့အချိန်မျိုးတွေမှာ ဝတ်ဆင်ကြပါတယ်။
ခရမ်းစွဲက လူတွေ၊ အပင်တွေ နဲ့ တိရစ္ဆာန်တွေရဲ့ရောဂါတွေကို ကုစားပေးနိုင်တဲ့ အစွမ်းထက်တဲ့ကျောက်ထဲမှာပါပါတယ်။ စိတ်တည်ငြိမ်အောင်၊ ဟန်ချက်ညီအောင်၊ စိတ်အေးချမ်းအောင်လုပ်ဆောင်ပေးနိုင်သလို သည်းမခံနိုင်တဲ့စိတ်မျိုးကိုလည်း ဖယ်ရှားပေးပါတယ်။ ဒါကြောင့် ခရမ်းစွဲကို အဆောင်အနေနဲ့သိမ်းထားတဲ့သူတွေရှိသလို ခရမ်းစွဲက good energy ထုတ်ပေးနိုင်တယ်လို့ယုံကြည်ပြီး အိမ်တို့ ရုံးတို့မှာ ခရမ်းစွဲကို အလှဆင်ပြီးထားတဲ့သူတွေလည်း ရှိပါတယ်။
Fashion ပိုင်းကိုပြောရမယ်ဆိုရင်လည်း ခရမ်းစွဲကျောက်နဲ့လုပ်ထားတဲ့လက်ဝတ်ရတနာတွေက ဖက်ရှင်တခုတည်းအတွက်တင်မဟုတ်ပါဘူး။ ဝတ်တဲ့သူရဲ့အသွင်အပြင်ကိုပါ ပိုကြည့်ကောင်းစေပါတယ်။ အသားအရောင်မရွေးလိုက်ဖက်တာကလည်း သူ့ရဲ့အားသာချက်တစ်ခုပါပဲ။
#LUSHmagazineMyanmar #LUSHitRight #LUSHfashionVocab #Amethyst #Birthstone #FebruaryBirthstone