ပြီးခဲ့တဲ့ ၂၆ ရက်နေ့ တနင်္ဂနွေနေ့တုန်းက ၆၂ ကြိမ်မြောက် Grammys ဆုပေးပွဲကို Los Angeles မှာရှိတဲ့ Staple Center မှာ အောင်အောင်မြင်မြင်နဲ့ကျင်းပပြုလုပ်ခဲ့ပါတယ်။ Grammys Awards က Hollywood ရဲ့ Music Industry မှာ အကြီးဆုံးပွဲတစ်ခုလို့လည်းပြောလို့ရပါတယ်။ Alicia Keys က Host လုပ်ခဲ့ပြီးတော့ Lizzo, Billie Eilish, Ariana Grande, Gwen Stefani, Blake Shelton တို့အပါအဝင် တခြားနာမည်ကြီးအဆိုတော်တွေကလည်း ဖျော်ဖြေပေးခဲ့ပါတယ်။
Billie Eilish နဲ့ သူ့အစ်ကို Finneas တို့က တစ်ယောက်ကို ဆု ၅ ဆုစီနဲ့ ဒီနှစ် Grammy Awards မှာ ဆုအများဆုံးရရှိခဲ့ပြီး Billie က Record of the Year, Album of the Year, Song of the Year နဲ့ Best New Artist ဆိုတဲ့ဆုကြီးတွေကို ၁၉၈၁ ခုနှစ်တုန်းကရရှိခဲ့တဲ့ Christopher Cross ပြီးရင် တစ်နှစ်တည်းမှာ တပြိုင်တည်းရရှိခဲ့တဲ့ ပထမဆုံးသူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒီ Grammy Awards ကျင်းပတဲ့နေ့က နာမည်ကျော် basketball ကစားသမား Kobe Bryant သေဆုံးခဲ့ပြီး Kobe ကို လွမ်းဆွတ်ဂုဏ်ပြုတဲ့အနေနဲ့ Alicia Keys နဲ့ Boyz II Men တို့က “It’s so hard to say goodbye to yesterday” ဆိုတဲ့သီချင်းကို သီဆိုခဲ့ပါတယ်။
၆၂ ကြိမ်မြောက် Grammy Awards ရဲ့အကျဉ်းချုံးကိုလည်းပြောပြီးပြီဆိုတော့ ဒီပွဲကိုတက်ရောက်လာကြတဲ့သူတွေရဲ့ fashion တွေကိုလည်းကြည့်လိုက်ရအောင်။