ကိုရီးယား beauty products brand တွေကတော့ အာရှမှာတင်မဟုတ်ဘဲ အနောက်နိုင်ငံတွေအထိ ခြေဆန့်လာနိုင်နေပါပြီ။ ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးကောင်းတော့ ကိုရီးယားမိတ်ကပ်ပစ္စည်းတွေကို လူကြိုက်များတာလည်း မဆန်းပါဘူး။ ကိုရီးုယား brand တွေထဲကနေမှ ဒီမှာလည်းအသုံးများကြတဲ့ brand တစ်ခုဖြစ်တဲ့ Etude House က Valentine’s Day အမီကို နာမည်ကျော် ချောကလက် company တစ်ခုဖြစ်တဲ့ Hershey’s နဲ့ ပူးပေါင်းပြီးတော့ Etude House x Hershey’s Collection ကို ထုတ်လုပ်လိုက်ပါတယ်။
Collection မှာ The Creamy Milk Chocolate နဲ့ Cookies ‘N’ Crème ဆိုပြီး နာမည်ပေးထားတဲ့ eye shadow palette နဲ့ brush ရယ်၊ Almond choco နဲ့ Hazelnut choco လို့ နာမည်ပေးထားတဲ့ Lip Tint တွေရယ် ပါဝင်မှာပါ။ Eye shadow palette နဲ့ Lip tint တွေရဲ့ packaging ကဆို တကယ့် ချောကလက်လိုမျိုး အိတ်လေးနဲ့လာမှာပါ။ ဒီ collection ကို ဇန်နဝါရီ ၂၂ ရက်နေ့ကနေစပြီး အာရှက Etude house website တွေကနေဝယ်ယူနိုင်ပါပြီ။
#LUSHmagazineMyanmar #LUSHitRight #LUSHdaily #EtudeHouse #Hersheys #chocolate #EtudehouseHersheys #Eyeshadow #LipTint #MakeupBrush #KoreaCosmetics #KoreaSkincare
#ValentinesDay