“Tom Hank” ဒီနာမည်လေးကိုကြားလိုက်တာနဲ့ ကျွန်တော်တို့မှာ လွန်စွာပဲချစ်ခင်စိတ်ဖြစ်ရပါတယ်။ Tom Hanks ဟာ Hollywood မှာပဲ ကြီးမြတ်တဲ့သမ္ဘာကြီးဝါကြီး ဆရာတစ်ဆူမဟုတ်ပါဘူး၊ ကမ္ဘာပေါ်ကကြီးမြတ်တဲ့ သရုပ်ဆောင်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက ရုပ်ရှင်ချစ်သူတိုင်း မကြိုက်တဲ့သူမရှိ သလောက်ဖြစ်တဲ့ မင်းသားကြီးတစ်ဦးဖြစ်သလို သရုပ်ဆောင်ပီပြင်ချက်ကလည်း လွန်ကိုလွန်လွန်း အားကြီးတဲ့ သူတစ်ယောက်အဖြစ်အသိအမှတ်ပြုထားကြပါတယ်။ “Splash” ကနေစပြီး ဇာတ်ကားပေါင်းများစွာနဲ့ Tom Hanks ဖြစ်တည်မှုကို မှတ်ကျောက်တင်လာတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ Splash က Tom Hanks ရဲ့ ပထမဆုံးဇာတ်ကားတစ်ကားတော့မဟုတ်ပါဘူး၊ ပထမဆုံးကားက He Knows You’re Alone ဆိုတဲ့ကားပါ။ ဒါပေမယ့် အဲဒီကားမှာ ခေါင်းဆောင်ပိုင်းနေရာတွေကမဟုတ်ဘဲ သိပ်မထင်မရှားနေရာတစ်ခုကနေ သရုပ်ဆောင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ Tom Hanks မှာ တခြားသူတွေနဲ့မတူညီဘဲ သီးသန့်ကွဲပြားတဲ့ အကောင်းဆုံး သရုပ်ဆောင်ပုံစံမျိုးကို ပုံဖော်နိုင်စွမ်းရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။ အထူးသဖြင့် Tom Hanks ဟာ သူပါဝင်ပတ်သက်ရတဲ့ ကာရိုက်တာတစ်ခုချင်းစီဆီကနေ ကျွန်တော်တို့ဆီကို အဲဒီကာရိုက်တာရဲ့ ခံစားချက် အစစ်အမှန်ကို ပို့လွှတ်နိုင်စွမ်းရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။
We feel affection whenever we hear the name “Tom Hanks”. Tom Hanks is replete with power and glory not just in Hollywood but also as one of the greatest actors in the world. There is no one in the world that doesn’t like him and was recognized as a brilliant actor. He was recorded as Tom Hanks for many movies starting from “The Splash”. However “Splash” was not his first film to star. His first film was “He knows you’re alone”, but he didn’t star as the main actor in that film. Tom Hanks is an eccentric actor whose performance is different from others. Especially, he can give us the emotion to feel real from each of the characters’ stars.
Tom Hanks ကို ဇူလိုင်လ ၉ ရက်၊ ၁၉၅၆ ခုနှစ်၊ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး အခု အသက် ၆၄ နှစ်ထဲကိုရောက်နေပါပြီ။ ကျွန်တော်တို့ချစ်တဲ့သူတွေကို အသက်ကြီးပြီး အိုမင်းမသွားစေလို့တဲ့ ဆင်ခြင်တရားမရှိတဲ့အတ္တဆန္ဒလေးတစ်ခုရှိကြပါတယ်။ Tom Hanks ကိုလည်း ဒီလိုပါပဲ၊ ကျွန်တော်တို့ အိုမင်းမသွားစေလိုပါဘူး။ ဇာတ်ကားများစွာရိုက်ကူးစေချင်သေးတယ်။ Tom Hanks ဟာ သရုပ်ဆောင်တဲ့နေရာမှာပဲ ထူးချွန်သူတစ်ယောက်တော့မဟုတ်ပါဘူး။ Screenwriting ၊ Producer ၊ ဒါရိုက်တာလုပ်တဲ့နေရာတွေမှာလည်း ထူးချွန်တဲ့အရည်အချင်းရှိသူတစ်ယောက်ဖြစ်ပါတယ်။
Tom Hanks was born on the 9th of July 1956 in California, USA and now he is 64. We have an ego that we don’t want our idols to grow older, and we do the same to Tom Hanks. We still wish him to star in more films. He is not only good at acting but also has talent in screenwriting, being producer and director.
Tom ဟာ ကြမ်းတမ်းတဲ့ဘဝကနေ စတင်ခဲ့ရသူတစ်ဦးဖြစ်ပါတယ်။ ငွေကြေးအားဖြင့်လည်း ဘဝကကြမ်းခဲ့ တယ်။ ကြီးပြင်းခဲ့ရတဲ့ မိသားစုနဲ့ပတ်ဝန်းကျင်ကလည်း ကြမ်းတမ်းမှုအတိနဲ့ရှိခဲ့ပါတယ်။ အသက် ၅ နှစ်သားမှာကတည်းက Broken Family Life ကို ရခဲ့သူလည်းဖြစ်ပါတယ်။ မိဘပြိုကွဲတဲ့အချိန်မှာ သူဟာ ဆေးစွဲနေတဲ့ ဖခင်ဖြစ်သူနဲ့အတူပါသွားခဲ့ပါတယ်။ မူလတန်းကျောင်းစတက်တဲ့အချိန်မှာလည်း ဆင်းရဲသားတို့ ထုံးစံ အပယ်ခံ အနှိမ်ခံဘဝနဲ့ရှိခဲ့ပါတယ်။ ဆုံးမမယ့် မိဘမရှိ၊ ဆေးလိပ်တွေတောင် ခိုးသောက်နေတတ်ခဲ့တယ်။ လုပ်ချင်တာလုပ်တယ်။ သူငယ်ချင်းလည်းမရှိ။ ကျောင်းပြေးတယ်။ Busker တွေရှိတဲ့လမ်းတွေမှာ အချိန် အကြာကြီး သွားပြီးငေးနေတတ်ခဲ့တယ်။ သူအသက် ၉ နှစ်မှာ ဖခင်ဖြစ်သူဟာ နောက်အိမ်ထောင်သစ်တစ်ခု ထူထောင်ခဲ့တဲ့အတွက် အပယ်ခံဘဝက ပိုဆိုးပြီးရင်း ဆိုးစေခဲ့ပါတယ်။ Oakland မှာ အထက်တန်း ကျောင်းသားဘဝရောက်လာတဲ့ ကာလတွေအထိ Tom ရဲ့စိတ်လေနေဆဲ အခိုက်အတန့်တွေဟာ ပြောင်းလဲ သွားခြင်းမရှိခဲ့ပါဘူး။ သူဟာ ပီဇာပို့ပြီး ဝင်ငွေလေးတွေရှာတယ်။ ပီဇာပို့ပြီးရတဲ့ ငွေနဲ့ သူဟာ TV ဝယ်ပြီး အိမ်နောက်က ဂိုထောင်ထဲမှာသူတစ်ယောက်တည်းကြည့်နေခဲ့သူပါ။
Tom started his life through a tough life including financially and the relationship with family and surroundings. At the age of 5, he had had a broken family. When his family was broken, he was taken by his drug addict father. When he started going to primary school, he was rejected and bullied, as he was poor. Without any parents to discipline, he stealthily tried to smoke and never cares about others. He had no friends. He ran away from school and went to Buskers and observed for a long time. At the age of 9, his father started a new marriage, which worsened his rejected life. Tom was at a loose end until he was a high school student in Oakland. He earned his extra money by working as a pizza deliverer. With the money he earned, he had bought a T.V and watched it in a garage in the backyard.
1974 မှာ Hayward, California က Junior College ကို Join ခဲ့ပြီး Eugene O’Neill ရဲ့ The Iceman Cometh (1946) ကို ကြည့်ခဲ့ရပြီးတဲ့နောက်တော့ သူဟာ Acting ပိုင်းကို လိုက်စားဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ပြီးတဲ့အခါ Sacramento မှာရှိတဲ့ California State University ရဲ့ ပြဇာတ်ရုံအစီအစဉ်သို့ပြောင်းရွှေ့ခဲ့ပါတယ်။ 1977 မှာတော့ ဒါရိုက်တာ Vincent Dowling နဲ့တွေ့ဆုံခဲ့ရပြီး Lakewood, Ohio မှာပြုလုပ်တဲ့ Great Lakes Shakespeare Festival ပွဲအတွက် ရွေးချယ်ခြင်းကို ခံခဲ့ရပါတယ်။ ဒီပြဇာတ်ပွဲမှာ Tom ဟာ Best Actor ဆုကိုရရှိခဲ့ပါသေးတယ်။ နောက်တော့ Tom ဟာ နွေရာသီဆိုရင် Production တွေရဲ့ရှိတ်စပီးယားပြဇာတ်တွေမှာ သရုပ်ဆောင်ခဲ့ရပြီး ဆောင်းရာသီရောက်ရင် Sacramento မှာရှိတဲ့ ရပ်ကွက်ပြဇာတ်ရုံရဲ့ Backstage မှာအလုပ်လုပ်ရင်းနဲ့ ၃ နှစ်လောက်အထိ ယောင်ချာချာဖြတ်သန်းနေခဲ့ပါတယ်။ ဒီကြားထဲမှာ The Two Gentlemen of Verona ပြဇာတ်မှာ သရုပ်ဆောင်ခွင့်ရခဲ့ပြီး Cleveland Critics Circle Award for Best Actor ကိုရရှိခဲ့ပါတယ်။ ၁၉၈၀ ခုနှစ်၊ Great Lakes festival နဲ့အတူ Season ၃ ခုပါဝင်ပတ်သက်ပြီးတဲ့နောက်ပိုင်းမှာ Collage ကနေထွက်ခဲ့ပြီး New York ကိုပြောင်းရွှေ့ခဲ့ပါတယ်။
In 1974, Tom joined Junior College in Hayward, California. After he watched Eugene O’Neill’s The Iceman Cometh (1946), he made up his mind to study acting assiduously. Afterward, he moved to Sacramento for the theatre program at California State University. In 1977, Tom met Director Vincent Dowling and he was chosen for Great Lakes Shakespeare Festival in Lakewood, Ohio. Tom Hanks was awarded the best actor in that play. Later, Tom performed in Shakespeare’s plays of productions in summer and worked at the backstage of local theatre in Sacramento in winter for 3 years. During that time, he was allowed to perform The Two Gentlemen of Verona play and was awarded for Cleveland Critics Circle Award for Best Actor. He dropped out of college and moved to New York in 1980 after he has dealt with 3 seasons with Great Lakes Festival.
အဲဒီမှာ He Knows You’re Alone ဇာတ်ကားအတွက် auditions များစွာဝင်ခဲ့ ရပြီးတဲ့နောက်မှာတော့ Elliot ဆိုတဲ့ ဇာတ်ကောင်နေရာသေးသေးလေးတစ်နေရာကနေ ပါဝင်ခွင့်ရခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ABC ရုပ်သံရဲ့ Talent ကင်းထောက်တစ်ယောက်က Tom Hanks ကိုရှာတွေ့ခဲ့ပြီး ရုပ်သံစီးရီးတွေမှာ Guest Role နေရာတွေကနေပါဝင်စေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ၄ နှစ်လောက်အချိန်ကုန်ခဲ့ပြီး တဲ့နောက် ဒါရိုက်တာ Ron Howard ရိုက်ကူးတဲ့ “ Splash ” ဇာတ်ကားမှာ ခေါင်းဆောင်မင်းသားနေရာက ပါဝင်ခွင့်ရပြီး အခုကျွန်တော်တို့ လေးစားချစ်ခင် ကြိုက်နှစ်သက်ရတဲ့ မင်းသား Tom Hanks ဖြစ်ဖို့အစပြုခဲ့ပါ တယ်။ Tom Hanks ဟာ ရုပ်ကလည်း တခြားမင်းသားတွေလိုမချော၊ ဘက်ဂရောင်းအင်အားကလည်း မရှိတော့ အသက် ၁၈ နှစ်အရွယ်ကတည်းက အောက်ခြေသိမ်းကနေစတင်ခဲ့တာ အသက် ၂၈ အရောက်မှာ တော့ သူ့ရဲ့ရွှေရောင်နေ့သစ်များကို စတင်ဖို့အကြောင်းဖန်ခဲ့ပါတော့တယ်။
Then, he competed in many auditions for the film “He Knows You’re Alone” and was chosen for the minor character “Elliot”. In the same year, a Talent scout from ABC channel found Tom Hanks and allowed him for the guest role in TV shows. And then four years later, he was chosen as the main character for “Splash” directed by Ron Howard, which created him the “Tom Hanks” we recognize. Tom hasn’t been good looking as other actors and didn’t have a strong background. So, he has been building his foundation very carefully and systematically since he was 18 until he was 28 when he started his golden days.
ဒီလိုနဲ့ Tom Hanks ဟာ ဆယ်စုနှစ် ၄ စု ပြည့်တော့မယ့်အချိန်မှာ ဇာတ်ကားပေါင်းများစွာနဲ့ ကမ္ဘာ တစ်ဝှမ်းလုံးက ရုပ်ရှင်ချစ်သူတွေရဲ့ ချစ်ခြင်းမေတ္တာကိုပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ Tom Hanks ဟာ ရုပ်ရှင်သမိုင်းမှာ ဂုဏ်တသင်းကြီးမားတဲ့ အောက်စကာလို့လူသိများတဲ့ အကယ်ဒမီဆုကို နှစ်နှစ်ဆက်တိုက်ရရှိခဲ့တဲ့ ဒုတိယမြောက် သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်၊ Philadelphia နဲ့ ၁၉၉၄ ခုနှစ်၊ Forest Gump တို့နဲ့ နှစ်နှစ် ဆက်တိုက်အော်စကာရခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုးအော်စကာဆုကို နှစ်နှစ်ဆက်တိုက်ရခဲ့တဲ့ နောက်ထပ် သရုပ်ဆောင်တစ်ယောက်ကတော့ ရှေးမင်းသားကြီး Spencer Tracy ပါ။ သူကတော့ Tom Hanks တောင်မမွေးသေးတဲ့ ၁၉၃၇ နဲ့ ၃၈ ခုနှစ်တွေမှာ ရခဲ့တာဖြစ်ပါတယ်။ သူ့နောက်ပိုင်းဒီဘက်ခေတ်မှာတော့ Oscar နှစ်ကြိမ်ဆက်တိုက်ရတာဟာ Tom Hanks တစ်ယောက်ပဲ ရှိပါသေးတယ်။
And then, Tom Hanks has made many films and has become the love of movie crazies in 4 decades. He is the second actor to be awarded the famous Oscar for two consecutive years with Philadelphia in 1993 and Forest Gump in 1994. The other Oscar winner for two consecutive years is the Legendary Spencer Tracy who was awarded in 1937 and 1938 when Tom Hanks wasn’t even born. And Tom is the only one after Spencer in later days.
အခုလက်ရှိမှာ ကျွန်တော်တို့ Tom Hanks ဆီကနေ မျှော်လင့်စရာ A Beautiful Day in the Neighborhood ဆိုတဲ့ဇာတ်ကားတစ်ကားရှိနေပါတယ်။ ဒီကားကို ၂၀၁၉ နိုဝင်ဘာလကုန်ပိုင်းက အမေရိကနဲ့ ကနေဒါတို့မှာ စတင်ပြသခဲ့ပြီး တခြားနိုင်ငံတွေကိုတော့ ၂၀၂၀ ကျမှ Release လုပ်သွားမှာဖြစ်ပါတယ်။ ၂၀၂၀ မှာ Release လုပ်မယ့် Tom Hanks ဇာတ်ကား နောက်ထပ် ၃ ကားရှိနေပါသေးတယ်။ Greyhound ကို မေလ ၂၀၊ Bios ကို အောက်တိုဘာ ၂ နဲ့ News of the World ကို ဒီဇင်ဘာ ၂၅ တို့မှာ ပြသသွားဖို့ပြင်ဆင်ထားတာာဖြစ်ပါတယ်။
Currently, we have one expectation from Tom Hanks: a film named “a beautiful day in the neighborhood”. It was shown in the United States and Canada in late November and will be released in the rest countries in 2020. Also, there are the next 3 Tom Hanks’ movies that will be released in 2020: Greyhound on 20th May, Bios on 2nd October and News of the World on 25th December.
အခုလာမယ့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်နေ့မှာကျင်းပမယ့် ၇၇ ကြိမ်မြောက် Golden Globe Awards ဆုပေးပွဲမှာ Tom Hanks က Cecil B. DeMille Award ဂုဏ်ထူးဆောင်ဆုကို လက်ခံရမှာလည်းဖြစ်ပါတယ်။ Cecil B. DeMille Award ဟာ Tom Hanks ရဖူးသမျှ ဆုတွေထဲမှာ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုဖြစ်သလို ဒီဆုဟာ ဖျော်ဖြေရေးလောကမှာ ထူးခြားတဲ့ထင်ရှားမှုနဲ့ အကျိုးသက်ရောက်မှုတွေကို ဖန်တီးခဲ့ကြသူတွေကို ပေးအပ်တဲ့ ဆုတစ်ဆုလည်းဖြစ်ပါတယ်။ Golden Globe Awards – ရွှေကမ္ဘာလုံးဆုကို Tom Hanks ဟာ လေးကြိမ်ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။
Tom Hanks will be awarded the Cecil B. DeMille Award at the 77th Anniversary Golden Globe Awards holding on the 5th January 2020. Cecil B. DeMille Award is the biggest award that Tom Hanks has received and it was only awarded to people who create their masterpieces in the entertainment industry. Tom Hanks has received the Golden Globe Awards for 4 times.
words by a el ti:
English Translated by Oakkar