LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTYLUSH DAILY

Christmas & New Year Gifts for your loved one

written by Maeve December 20, 2019
Christmas & New Year Gifts for your loved one

ခရစ်စမတ်ကာလကလည်း နီးလာပြီ။ ၂၀၁၉ ခုနှစ်လည်း ကုန်ဆုံးပြီး ၂၀၂၀ နှစ်သစ်ကိုလည်းရောက်တော့မယ်။ ဆယ်စုနှစ်တစ်ခုကိုလည်း ကုန်ဆုံးဖို့အချိန်ရောက်လာတော့မယ်ဆိုတော့ ကိုယ်ချစ်တဲ့သူတွေအတွက်ကို ခရစ်စမတ်လက်ဆောင်ဖြစ်ဖြစ်၊ နှစ်သစ်ကူးလက်ဆောင်ဖြစ်ဖြစ်တစ်ခုခုတော့ ပေးကိုပေးသင့်ပါတယ်။ ဒါဆိုလက်ဆောင်ပေးဖို့တော့ စိတ်ကူးတော့ရှိပါရဲ့။ ဘာပေးရမှန်းမသိဘူးဖြစ်နေတယ်ဆိုရင်တော့ အခုပြောပြပေးသွားမယ့် ပစ္စည်းလေးတွေက အဆင်ပြေစေမယ်ထင်ပါတယ်။ ပြည်တွင်းမှာပဲ ဝယ်ယူလို့ရတဲ့ပစ္စည်းလေးတွေကို အဓိကထားပြီး ရွေးချယ်ပေးထားပါတယ်။

Clinique

Clinique brand ကတော့ ယောကျာ်းလေးတွေအတွက်ရော၊ မိန်းကလေးအတွက်ပါ အဆင်ပြေစေမယ့် products တွေရှိလို့ ကိုယ်လက်ဆောင်ပေးချင်တဲ့သူက ယောကျာ်းလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ရွေးချယ်လို့အဆင်ပြေပါလိမ့်မယ်။ Skincare ကို အသားပေးတဲ့ brand ဖြစ်လို့ ကိုယ်ချစ်တဲ့သူကို အသားအရေကောင်းစေချင်တဲ့ရည်ရွယ်ချက်လေးနဲ့ ပေးလို့ရတာမို့ သူတို့ကို ဂရုစိုက်ကြောင်း သွယ်ဝိုက်နည်းနဲ့ပြောရာလည်း ရောက်ပါတယ်။ Clinique products တွေထဲကနေမှ တလောကမှ အသစ်ထွက်ထားတဲ့ Clinique ID က သုံးမယ့်သူရဲ့အသားအရေပေါ်မူတည်ပြီး ရွေးချယ်ဝယ်ယူရတာဖြစ်လို့ Clinique ID ကို လက်ဆောင်ပေးမယ်ဆိုရင်တော့ ကိုယ်လက်ဆောင်ပေးမယ့်သူ့ရဲ့အသားအရေအခြေအနေကို သေချာသိနေမှရမှာမို့လို့ သူ့ရဲ့အသားအရေကို သိနေတယ်ဆိုရင်တော့ ဒီ Clinique ID လေးဝယ်ပြီး အမှတ်ယူလိုက်နော်။

Estee Lauder

Estee Lauder ကလည်း Skincare အတွက်ရော၊ makeup အတွက်ပါ ရွေးချယ်စရာတွေရှိပြီး ကိုယ်ချစ်တဲ့သူတွေထဲမှာ အလှအပကြိုက်တဲ့သူတွေရှိရင်တော့ Estee ကို လက်ဆောင်အဖြစ်ပေးမယ်ဆို သူတို့လည်း အရမ်းပျော်သွားမှာနော်။ Estee Lauder product တွေထဲမှာဆိုရင် Revitalizing Supreme+ Global Anti-Aging Cell Power Creme က အခုရာသီဥတုအခြေအနေနဲ့လည်းကိုက်ညီပါတယ်။ သူက ရေဓာတ်ဖြည့်တင်းပေးပြီး ငယ်ရွယ်တဲ့အသားအရေကို ပြန်လည်ရရှိအောင်လုပ်ပေးတဲ့အတွက် ကိုယ့်ရဲ့ အမေတို့၊ အန်တီတို့၊ အစ်မတို့ကို လက်ဆောင်ပေးမယ်ဆိုရင်တော့ အသင့်တော်ဆုံးပါပဲ။ မျက်နှာမှာရှိတဲ့ အရေးအကြောင်းတွေကို သိသိသာသာလျော့နည်းစေပြီး တင်းတင်းရင်းရင်းဖြစ်စေမယ်လို့လည်း Estee ရဲ့ website မှာဖေါ်ပြထားပါသေးတယ်။

L’oréal Paris

L’oréal Paris ကတော့ မေမေတွေ၊ အန်တီတွေ တော်တော်များများရဲ့ favorite list ထဲမှာ ရှိနေမှာအသေအချာပါပဲ။ အမေတို့ခေတ်ထဲကနေ ခုထက်ထိ လူကြိုက်များနေဆဲဖြစ်တဲ့ L’oréal Paris ကတော့ အသက်အရွယ်မရွေး အသုံးပြုနိုင်တဲ့ products တွေထုတ်လုပ်ဆဲပါပဲ။ ကိုယ့်ရဲ့ မေမေတွေ၊ အန်တီတွေကို လက်ဆောင်ပေးမယ်ဆိုရင်တော့ L’oréal Paris ကို မမေ့သင့်ပါဘူး။ L’oréal Paris က မိန်းကလေးရော ယောကျာ်းလေးအတွက်ပါ ထုတ်လုပ်ထားလို့ ရွေးချယ်စရာတွေကတော့များပါတယ်။

မိန်းကလေးငယ်တွေအတွက်ဆိုရင်တော့ ROUGE SIGNATURE Lightweight Matte Colored Ink ကို လက်ဆောင်ပေးရင် သင့်တော်တဲ့လက်ဆောင်တစ်ခုဖြစ်မှာပါ။ သူက ရွေးချယ်စရာအရောင် တွေလည်းများပြီး matte ဖြစ်ပေမယ့် ဆိုးရတာ ပေါ့ပါးတယ်၊ ကြာရှည်ခံတယ်၊ အရောင်ထွက်အားကောင်းတယ် စတဲ့ အားသာချက်တွေရှိတော့ လက်ဆောင်ပေးဖို့သင့်တော်မှာပါ။

မေမေတွေ၊ အန်တီတွေအတွက်ဆိုရင်တော့ Revitalift Laser x3 Series ကို လက်ဆောင်ပေးလို့ရပါတယ်။ သူက အသားအရေအိုမင်းရင့်ရော်တာတွေကို သက်သာစေပြီး အရေးအကြောင်းတွေကို လျော့ချပေးတဲ့အပြင် အသားအရေ ပြန်လည်တင်းရင်းစေတဲ့အတွက် အမေတို့၊ အန်တီတို့အတွက်တော့ သင့်တော်မှာအသေအချာပါပဲ။

ကဲဒါဆို ယောကျာ်းလေးတွေအတွက်ဆိုရင်တော့ L’oréal Paris Hydra Power Series ကို လက်ဆောင်ပေးလို့ရပါတယ်။ Hydra Power Series က ရေဓာတ်ဖြည့်တင်းပေးပြီး အသားအရေကြမ်းတမ်းတာတွေသက်သာစေတယ်၊ ပြင်ပလေထုညစ်ညမ်းတာတွေနဲ့ ဖုန်မှုန့်တွေကိုလည်း ကာကွယ်ပေးတဲ့အတွက် ယောကျာ်းလေးတွေအတွက် တကယ်အဆင်ပြေမှာပါ။

Paris Bijoux

ဒီ brand ကတော့ လက်ဝတ်ရတနာအသစ်အဆန်းလေးတွေ ကြိုက်တတ်တဲ့သူတွေအတွက်တော့ တကယ်ကို သင့်တော်မှာပါ။ Paris Bijoux က လက်ဝတ်ရတနာတွေက ခဲဓာတ်မပါဝင်တဲ့အတွက် ပိုပေါ့ပါးပြီးတော့ တာရှည်ခံတယ်။ ခဲတို့၊ နီကယ်တို့နဲ့ ဓာတ်မတည့်တဲ့သူတွေအတွက်လည်း Lead Free, Nickel Free ဖြစ်လို့ အဆင်ပြေစေမှာပါ။ Paris Bijoux ရဲ့လက်ဝတ်ရတနာတွေက Bangles, Bracelets, Brooch, Charms, Necklaces, Earrings အမျိုးအစားတော်တော်စုံစုံရနိုင်လို့ လက်ဆောင်ပေးဖို့အတွက် ရွေးချယ်စရာလည်းတော်တော်များပါတယ်။ Paris Bijoux ရဲ့ 7.5″ Gold Plated Bracelet with Antique Skull Becharmed ဆိုရင် Skull ပုံစံ charm ပါတဲ့အတွက် ယောကျာ်းလေးတွေကို လက်ဆောင်ပေးဖို့ သင့်တော်ပါတယ်။ ရွှေရောင် ဦးခေါင်းရိုးခွံလက်ကောက်ကို ဝတ်ဆင်တယ်ဆိုတာ သန်မာခြင်းဆိုတဲ့ လက္ခဏာကို ရည်ညွှန်းပြီး Skull ကိုဝတ်ဆင်တာက ကံကောင်းခြင်းတွေနဲ့ ခံနိုင်ရည်ရှိမှုတွေကို ယူဆောင်လာပေးတယ်လို့လည်း ဆိုပါတယ်။

Eden Jewellery

Eden Jewellery ကတော့ Reach, Rescue, Restore ဆိုတဲ့ပုံစံနဲ့ကောင်းမွန်တဲ့ပြောင်းလဲမှုတွေကို လုပ်ဆောင်နေတာပါ။ ပြည့်တန်ဆာဒေသတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းခံရတဲ့သူတွေ နဲ့ အတင်းအဓမ္မ လက်ထပ်ဖို့စေခိုင်းခံရတဲ့သူတွေဆီသွားရောက်တွေ့ဆုံကာ နည်းလမ်းကောင်းတွေပေးပြီး ကောင်းမွန်တဲ့လူမှုဝန်းကျင်ဖြစ်အောင် ပြောင်းလဲဖို့ ရည်ရွယ်တယ်လို့သိရပါတယ်။ သူတို့တွေကို လုံခြုံနွေးထွေးတဲ့ ပတ်ဝန်းကျင်မှာနေထိုင်နိုင်ဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေပြန်လည်ရရှိအောင်၊ စိတ်ပိုင်းဆိုင်ရာပြန်လည်ကောင်းမွန်အောင်လည်း ကူညီပေးနေပြီး Eden Jewellery ရဲ့ လက်ဝတ်ရတနာတွေကလည်း အဲ့ဒီအမျိုးသမီးလေးတွေ လုပ်ထားတဲ့ Handmade jewellery တွေကိုရောင်းချပေးနေတာပါ။ Eden Jewellery ကိုဝယ်ယူတဲ့အခါ အကြမ်းဖက်ခံရတဲ့အမျိုးသမီးလေးတွေကို တဖက်တလမ်းကနေ ကူညီရာလည်းရောက်ပါတယ်။ Eden Jewellery မှာရှိတဲ့ လက်ဝတ်ရတနာတိုင်းက story လေးတွေကိုယ်စီ ပိုင်ဆိုင်ထားကြပါတယ်။ အခုခေတ်မှာ လူတိုင်းအခက်အခဲကိုယ်စီနဲ့ ရုန်းကန်နေရတာဆိုတော့ Eden Jewellery ရဲ့ Faith to Move Mountains Necklace လေးက အံ့ကိုက်ဖြစ်နေမှာပါ။ ဒီ Necklace က တောင်ပုံစံလေးရယ်၊ မုန်ညင်းစေ့လေးရယ်နဲ့ပုံဖော်ထားပြီး အဓိပ္ပါယ်က ယုံကြည်မှုရှိရင်တောင်ကိုတောင်ရွှေ့နိုင်ပါတယ်တဲ့။ အဲ့တော့ ဒီဆွဲကြိုးလေးကို လက်ဆောင်ပေးမယ်ဆို လေးနက်တဲ့အဓိပ္ပါယ်ရှိပြီး လက်ဆောင်ရတဲ့သူအနေနဲ့လည်း သူ့မှာအခက်ခဲကြုံလာတဲ့အခါ ဒီဆွဲကြိုးလေးဆီကနေ ခွန်အားတွေ ရလာမှာပါ။

CliniqueEden JewelleryEstee LauderfashionJewelleryL'oréal ParisLUSHLUSH Beauty & SoulLUSH December 2019LUSH Magazine MyanmarParis Bijioux
1
Facebook Twitter Google + Pinterest
Maeve

previous post
Heineken ရဲ့ Star Collective Music Party
next post
GLOW UP

Recommended

The Iconic Evening Fashion Show – Designer Won...

October 26, 2019

American Music Awards 2019 Fashion

November 25, 2019

How to live confidently without makeup

May 19, 2019

Myanmar Beauty Tips

July 10, 2019

High-Protein Vegetables and Peas for Health

April 11, 2019

Hold your horses it’s not Halloween!

June 18, 2020

သင်ကိုယ်တိုင် မသိလိုက်တဲ့ Mask တွေရဲ့ နောက်ဆက်တွဲ ပြဿနာများ

October 2, 2020

Sneakers – Fashion Vocabulary

July 18, 2019

2019 MTV EMAs Red Carpet Fashion

November 4, 2019

Signs of A Shallow Person

March 18, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem