LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTYLUSH DAILY

Care Your Lips Too

written by Maeve December 2, 2019
Care Your Lips Too

ဒီရက်ပိုင်းတွေမှာ တဖြည်းဖြည်းအအေးဓာတ်လေးရလာပြီဆိုတော့ အသားအရည်ခြောက်တာတို့၊ နှုတ်ခမ်းသားတွေခြောက်တာတို့ကတော့ အနည်းနဲ့အများဖြစ်လာကြပါတယ်။ Dry skin ပိုင်ရှင်တွေဆိုရင်တော့ ဒီခံစားချက်မျိုးကို သူများထက်အရင်ခံစားရမှာပါ။ ဒီလိုအချိန်မှာ အသားအရည်အတွက် moisturizer တို့၊ ရေဓာတ်ပါတဲ့ lotion တို့လိမ်းပြီး အသားအရည်ကို ရေဓာတ်ထိန်းသိမ်းလေ့ရှိကြပါတယ်။ အသားအရည်အတွက် ထိန်းသိမ်းမှုလုပ်ကြပေမဲ့ ရေဓာတ်ခမ်းခြောက်နေတဲ့နှုတ်ခမ်းသားကို ထိန်းသိမ်းဖို့ကို မေ့နေတတ်ကြပါတယ်။

နှုတ်ခမ်းသားခြောက်တဲ့အကြောင်းမပြောခင် နှုတ်ခမ်းရဲ့လူသတိမပြုမိတဲ့အချက်လေးတွေရှိပါတယ်။ အဲ့ဒါကတော့

▪️နှုတ်ခမ်းသားက မျက်နှာမှာရှိတဲ့အရေပြားနဲ့ယှဉ်ရင် ပိုထူပြီးတော့ နှုတ်ခမ်းသားက Melanocytes (အရေပြား နဲ့ ဆံပင်မှာရှိတဲ့ အမည်းရောင်ဒြပ်တစ်ခု) နည်းပါတယ်။

▪️ကြည်နေတဲ့နှုတ်ခမ်းအရေပြားကနေ သွေးကြောတွေကိုမြင်နေရလို့ နှုတ်ခမ်းသားက ပန်းရောင်တို့၊ အနီရောင်တို့ဖြစ်နေတာပါ။

▪️တချို့နှုတ်ခမ်းသားညိုတဲ့သူတွေကတော့ Melanocytes သာမာန်ထက်ပိုများတာကြောင့်ပါ။

▪️နှုတ်ခမ်းက ခန္ဓာကိုယ်မှာရှိတဲ့တခြားအရေပြားတွေနဲ့မတူပါဘူး။ နှုတ်ခမ်းမှာ အဆီထွက်တဲ့ gland တွေ၊ ချွေးထွက်တဲ့ gland တွေ၊ အမွေးအမှင်တွေမရှိတဲ့အတွက်ကြောင့် နှုတ်ခမ်းဟာ ပတ်ဝန်းကျင် နဲ့ ရောဂါပိုးတွေရန်ကနေ ကာကွယ်ဖို့ အကာအကွယ်ရှိမနေပါဘူး။ ဒါကြောင့်လည်း နှုတ်ခမ်းသား အက်ကွဲတာတွေ၊ ခြောက်သွေ့တာတွေ အလွယ်တကူဖြစ်နိုင်တာပါ။

မိတ်ကပ်ထဲက ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်တာ၊ အာဟာရဓာတ်ချို့တဲ့တာ၊ Matte lipstick တွေသုံးတာ၊ ဖျားနာတာ၊ ရေဓာတ်ခမ်းခြောက်တာ နဲ့ ရာသီအကူးအပြောင်းကာလတွေမှာ နှုတ်ခမ်းခြောက်သွေ့တာတွေဖြစ်နိုင်ပါတယ်။

ဒီလို နှုတ်ခမ်းသားကွဲအက်တာတွေ၊ နှုတ်ခမ်းခြောက်တာတွေကို ကာကွယ်ဖို့ဆိုရင် Lip Balms နဲ့ တခြား ရေဓာတ်ဖြည့်ပေးနိုင်တဲ့ပစ္စည်းတွေကို သုံးပေးသင့်ပါတယ်။ Lip Balm တို့ဘာတို့မှာ Sunscreen ပါတဲ့ဟာမျိုးကို ပိုသုံးပေးသင့်ပါတယ်။

ပြီးတော့ ကိုယ်လုပ်နေတဲ့ treatment တွေပိုပြီးထိရောက်ဖို့အတွက် ပုံမှန် scrub လုပ်ပေးသင့်ပါတယ်။ အလွယ်ကူဆုံးကတော့ သွားတိုက်တဲ့အချိန် သွားပွတ်တံနဲ့ နှုတ်ခမ်းကို ညင်ညင်သာသာလေးတိုက်ပေးပြီး dead skin cells တွေကို ဖယ်ရှားလို့ရပါတယ်။

နှုတ်ခမ်းသားခြောက်သွေ့တာ သက်သာဖို့အတွက် Lip Balm သုံးမယ်ဆို ပြည်တွင်းမှာ အလွယ်တကူဝယ်လို့ရပြီး အရည်အသွေးကောင်းတဲ့ Lip Balm တွေကိုလည်း ရွေးချယ်ပေးလိုက်ပါတယ်။

Palmer’s Original Ultra Moisturizing Lip Balm (Cocoa Butter Formula)

ဒီ Palmer’s original ultra-moisturizing lip balm ကတော့ SPF 15 ပါဝင်တဲ့အတွက် နေဒဏ်ကိုကာကွယ်ပေးနိုင်ပါတယ်။ နှုတ်ခမ်းခြောက်သွေ့ကွဲအက်တာတွေကို ကာကွယ်ပေးပြီး ရေဓာတ်ကိုလည်းထိန်းသိမ်းပေးပါတယ်။

 

 

 

 

 

Vaseline Lip Therapy Rosy Mini

ဒီ Vaseline Lip Therapy Rosey Mini ကတော့ တော်တော်များများလည်းသိကြမှာပါ။ သုံးဖူးသူတိုင်းရဲ့ feedback ကောင်းကောင်းတွေရရှိထားတာပါ။ သူက Vaseline Jelly နဲ့ပြုလုပ်ထားပြီး ပန်းရောင်ဖျော့ဖျော့ tint နဲ့ အနံ့သင်းသင်းလေးကြောင့်လည်း လူကြိုက်များကြပါတယ်။ နှုတ်ခမ်းသားခြောက်သွေ့ကွဲအက်တာကို သက်သာစေတယ်။ ရေဓာတ်ဖြည့်ပေးပြီး healthy-looking lips ကို ရရှိစေပါတယ်။

 

Nivea Lip Care (Watermelon Shine)

Watermelon shine က နှုတ်ခမ်းသားခြောက်သွေ့တာတွေအတွက် အချိန်အကြာကြီးရေဓာတ်ဖြည့်ပေးနိုင်တဲ့ Hydra IQ complex formula ပါဝင်ပြီး Shea butter နဲ့ Jojoba oil ပါလို့ နှုတ်ခမ်းကို နူးညံ့စေပါတယ်။ ဖရဲသီးအဆီအနှစ် နဲ့ အသီးအနံ့လေးပါဝင်ပြီးတော့ နှုတ်ခမ်းသားကို နူးညံ့စေမှာပါ။ Sunscreen မပါတဲ့အတွက် နေဒဏ်ကနေတော့ ကာကွယ်နိုင်မှာမဟုတ်ပါဘူး။

 

 

 

Nivea Lip Care (Peach Shine)

Peach Shine ကလည်း အချိန်အကြာကြီးရေဓာတ်ဖြည့်ပေးနိုင်တဲ့ Hydra IQ formula ပါပြီး Shea butter နဲ့ Jojoba oil ပါလို့ နှုတ်ခမ်းကို နူးညံ့စေပါတယ်။ မက်မွန်သီးအနံ့အရသာနဲ့ အရောင်ပါဝင်တာမို့ peach color ဖျော့ဖျော့လေးကို ရရှိစေမှာပါ။ သူလည်း Sunscreen မပါတဲ့အတွက် နေဒဏ်ကနေတော့ ကာကွယ်နိုင်မှာမဟုတ်ပါဘူး။

 

 

 

 

 

Essence Insta-care lipstick

ဒီ Essence Insta-care lipstick က Shea butter oil နဲ့ vitamin E ပါလို့ နှုတ်ခမ်းသားကို နူးညံ့စေပြီး ရွေးချယ်စရာ အရောင် ၆ ရောင်ရှိတာကတော့ သူ့ရဲ့ အားသာချက်ပါပဲ။ Lip Balm လိုမျိုး lip care အတွက် သီးသန့်ထုတ်ထားတာမျိုးမဟုတ်လို့ နှုတ်ခမ်းသားအရမ်းခြောက်သွေ့နေတဲ့အချိန်မျိုးမှာတော့အဆင်မပြေလောက်ပါဘူး။

 

 

 

#LUSHmagazineMyanmar #LUSHitRight #LUSHdaily #LUSHbeauty #LipBalm

Essence CosmeticsLip BalmLip CareLUSH Beauty & SoulLUSH DAILYLUSH December 2019LUSH Magazine MyanmarNiveaPalmer'sVaseline
0
Facebook Twitter Google + Pinterest
Maeve

previous post
Merguri or An Untouched Paradise
next post
2019 British Fashion Awards’ Fashion

Recommended

ဂီတလောကရဲ့ အချမ်းသာ အကြွယ်ဝဆုံး အမျိုးသမီးအဆိုတော်ဖြစ်လာတဲ့ Rihanna

June 5, 2019

Body shaming လုပျတဲ့သူတှကေို short film တခုနဲ့ တုံ့ပွနျခဲ့တဲ့ Billie...

May 28, 2020

၆၁ နှစ်ပြည့် သွားပြီဖြစ်တဲ့ Pop ဘုရင်မ Madonna

August 19, 2019

“လူမှုဘဝ ပိုကောင်းဖို့ ဟန်ချက်ညီညီလုပ်ဆောင်စို့” (Balance for Better)

March 6, 2019

Top 5 Floral Fragrances For LUSH Brides

December 14, 2020

Gel လက်သည်းနီကို နည်းမှန်မှန်နဲ့ ဖျက်ဖို့ရာ

February 27, 2019

ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့တဲ့ ဖက်ရှင် ဒီဇိုင်နာ Kate Spade

June 7, 2018

PRETTY PLAYBOOK

January 18, 2019

Coach နဲ့ Selena တို့ရဲ့ ဒုတိယအကြိမ်ပူးပေါင်းထုတ်လုပ်မှု

August 9, 2018

World Cup 2018 ရဲ့Stylish အဖြစ်ဆုံး ဘောလုံးကစားသမားများ

June 18, 2018

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem