LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILYSOCIAL ETIQUETTE

The Dos and Don’ts of Grooming Yourself in Public

written by Maeve August 14, 2019
The Dos and Don’ts of Grooming Yourself in Public

LUSHers တို့ရေ ကိုယ်ရဲ့လှပမှုအတွက် ပြန်လည်ပြင်ဆင်တဲ့အချိန်တွေ ရှိကြတယ်မှတ်လား။ ကိုယ်ကတော့ ကိုယ့်လိုအပ်ချက်အရ လုပ်လိုက်တဲ့အရာတွေဆိုပေမယ့် ပတ်ဝန်းကျင်ရဲ့အမြင်မှာတော့ အထင်မြင်ကွဲလွဲမှုတွေ ရှိနိုင်ပါတယ်။ ဘယ်လိုမျိုးကွဲလွဲမှုတွေလည်းဆိုတာရယ် ကိုယ်ရဲ့ဘယ်အပြုအမူက ကိုယ်မသိလိုက်မိဘဲ ပတ်ဝန်းကျင်ကလူတွေအပေါ်စိတ်အနှောက်အယှက် ဖြစ်သွားနိုင်မယ့်အချက်လေးတွေကို ပြောပြပေးသွားမယ်နော်။

၁။ မိတ်ကပ်လိမ်းခြယ်ခြင်း

အိပ်ရာထ နောက်ကျတာက တစ်မျိုး၊ အလုပ်ကို အချိန်မီရောက်ဖို့ကလည်း လိုသေးတာကတစ်ကြောင်း ကိုယ့်ကိုကိုယ်တောင် အလှမပြင်နိုင်ဘဲ ရုံးကို တက်သုတ်ရိုက်ပြေးရတဲ့နေ့တွေမှာဆိုရင် ကားပေါ်မှာပဲဖြစ်သလို မိတ်ကပ်လိမ်းလိုက်ရတဲ့နေ့တွေ မိန်းကလေးတော်တော်များများမှာရှိတယ်လို့ ရဲရဲကြီးပြောရဲပါတယ်။ အဲလိုအပြုအမူတွေက တကယ်တမ်းမှာတော့ ပတ်ဝန်းကျင်အတွက်ကော ကိုယ့်အတွက်ပါ အန္တရာယ်ရှိနိုင်ပါတယ်။ ကိုယ်က ကိုယ်ပိုင်ကားမောင်းပြီး ရုံးတက်တယ်ဆိုပါစို့… ကားမီးပွိုင့်မိနေတဲ့အချိန် မိတ်ကပ်လိမ်းဖို့ကြိုးစားရင်း မီးပွိုင့်စိမ်းသွားတာကို မသိလိုက်တဲ့အခါ ယာဉ်မတော်တဆမှုတွေ ဖြစ်နိုင်သလို ပြီးပြည့်စုံတဲ့မိတ်ကပ်ကိုလည်းရမှာမဟုတ်ပါဘူး။ ဒီတော့ အကောင်းဆုံးကအလုပ်ရောက်မှ နားနေခန်းမှာ ဖီးလိမ်းပြင်ဆင်တာမျိုးကို လုပ်သင့်ပါတယ်။

၂။ ဆံပင်အလှပြင်ဆင်ခြင်း

အလုပ်စားပွဲမှာ အလုပ်လုပ်နေရင်း ကိုယ်ရဲ့ဆံပင်ကို အမြဲဖြီးလိမ်းသနေတတ်တဲ့အကျင့်ရှိလား။ အဲဒါဆိုရင်တော့ သတိထားရမယ့်အချက်လေးတွေ ရှိလာပါပြီ။ ကိုယ်ရဲ့ဆံပင်ကို အလုပ်စားပွဲမှာ ဖြီးလိမ်းခြင်းဟာ ပတ်ဝန်းကျင်ကလူတွေအတွက် ကျန်းမာရေးမညီညွတ်စေသလို Social Etiquette အနေနဲ့လည်းကြည့်ရင်လည်း ယဉ်ကျေးတဲ့အပြုအမှုတော့မဟုတ်တော့ပါဘူး။ ကိုယ်က တကယ်ပဲ ဆံပင်လုပ်ဖို့ လိုအပ်တယ်ဆိုရင်တော့ သန့်စင်ခန်းထဲသာ သွားပြီး ပြန်လည်မွမ်းမံနိုင်ပါတယ်နော်။

၃။ လက်သည်းနီ ဆိုးခြင်း

မတော်တဆ ရုံးမှာပဲဖြစ်ဖြစ် ၊ အပြင်သွားရင်းနဲ့ဖြစ်ဖြစ် လက်သည်းနီပျက်သွားလို့ ချက်ချင်းပြန်ဆိုးတတ်တဲ့ မိန်းကလေးတွေရှိတယ်ဆိုရင် နောက်ထပ်သတိပြုရမယ့်အချက်တစ်ချက်ရှိပါတယ်။ အဲ့ဒါကတော့ Public မှာ လက်သည်းနီထုတ်ဆိုးတော့မယ်ဆိုရင် ပတ်ဝန်းကျင်ကိုအသိပေးပြီး ခွင့်ပြုတော့မှဆိုးစေချင်ပါတယ်။ တချို့လက်သည်းနီဆိုးဆေးက ထွက်လာတဲ့အနံ့တွေကပြင်းတဲ့အတွက်ကြောင့်မို့ အနံ့ Allergy ရှိတဲ့သူတွေဆို အဆင်မပြေဖြစ်နိုင်ပါတယ်။ နောက်ပြီး လက်သည်းနီဆိုးဆေး တစ်ခုတည်းတင်မဟုတ်ပါဘူး လက်သည်းဖျက်ဆေးကော လက်သည်းတုကပ်တဲ့ကော်ကပါ အနံ့ပြင်းတာကြောင့် Public မှာ လက်သည်းနီဆိုးတော့မယ်ဆို သတိထားဖို့လိုအပ်ပါတယ်။

၎။ သွားသန့်ရှင်းရေး ပြုလုပ်ခြင်း

တစ်ခုခုစားသောက်ပြီးရင် ခံတွင်းသန့်ရှင်းရေးလုပ်တဲ့အချက်က တကယ့်ကိုအလေ့အကျင့်လုပ်သင့် တဲ့အပြုအမူတစ်ခုပါပဲ။ ဒါပေမဲ့ သန့်ရှင်းရေးလုပ်တဲ့အခါ နေရာတော့ရွေးချယ်တတ်ပါစေနော်။ အစားအစာ တစ်ခုစားနေရင်း သွားကြားညှပ်တာဖြစ်ခဲ့ရင် Floss နဲ့ လူကြားထဲမှာ သန့်ရှင်းရေးလုပ်တာမျိုးက မှန်ကန်တဲ့အလေ့အကျင့်တစ်ခုမဟုတ်ဘူးဆိုတာ သိထားသင့်ပါတယ်။ အကောင်းဆုံးကတော့ ထိုင်နေတဲ့စားပွဲကနေ ခဏထပြီး သန့်စင်ခန်းမှာ ကိုယ်ရဲ့ခံတွင်းပြဿနာကို ဖြေရှင်းနိုင်သလို စားပြီးပြီးချင်း အနံ့အသက်ပျောက်ချင်တယ်ဆိုရင်တော့ Breath Spray ကို ကိုယ်ရဲ့အာခေါင်အတွင်း ဖြန်းပြီး အသုံးပြုနိုင်ပါတယ်။

၅။ ရေမွှေးဆွတ်ခြင်း

ကိုယ်ရဲ့ခန္ဓာကိုယ်ကထွက်တဲ့ ချွေးနံ့တွေနဲ့တခြားအနံ့အသက်တွေ ကာကွယ်ဖို့ပဲဖြစ်ဖြစ် အနံ့မွှေးမွှေးလေးတွေကို နှစ်သက်လို့ပဲဖြစ်ဖြစ် မိန်းကလေးရော ယောကျာ်းလေးတွေပါ ရေမွှေးမကြိုက်တဲ့သူမရှိပါဘူး။ ရေမွှေးကို ဘယ်အချိန်မှာ ဆွတ်သင့်လဲဆိုတော့ အိမ်က ထွက်လာလာချင်း ဆွတ်လာတာကတော့ အကောင်းဆုံးပါပဲ။ ကိုယ်က ရုံးမှာနေရင်း Meeting တက်ဖို့ရှိတာဖြစ်ဖြစ် အရေးကြီးတဲ့သူတွေနဲ့တွေ့ဖို့ရှိတာပဲဖြစ်ဖြစ် ရေမွှေးကို အပြင်မှာ မဆွတ်သင့်ပါဘူး။ ကိုယ်ဆွတ်လိုက်တဲ့အနံ့က တခြားသူအတွက် Allergy ဖြစ်နိုင်သလို မတည့်တဲ့သူအတွက် အသက်ရှုလမ်းကြောင်းမှာ အခက်အခဲရှိနိုင်ပါတယ်။

အခု ပြောပြသွားတဲ့အချက်တွေကတော့ ကိုယ်ကတောင်မသိလိုက်ဘဲ အမှတ်မထင်ပတ်ဝန်းကျင်ကသူတွေ အနှောက်ယှက်ဖြစ်သွားစေတဲ့ အမူအကျင့်လေးတချို့ပါနော်။ ဒါလေးတွေဖတ်ရင်း နောက်ဆိုကိုယ်ကိုယ်တိုင်ရော သူငယ်ချင်းတွေအတွက်ပါ အမြဲသတိထားနိုင်အောင် LUSHers လေးတို့ကို မျှဝေပေးလိုက်ရပါတယ်။

Editor: Eain Chu

LUSH August 2019LUSH DAILYLUSH Magazine MyanmarLUSH social etiquette
0
Facebook Twitter Google + Pinterest
Maeve

previous post
ထိုင်းအနုပညာရှင်များနဲ့တွဲဖက်ပြီး အနုပညာလှုပ်ရှားမှုများ ပြုလုပ်တော့မယ့် Paing Takhon
next post
Classic Jeans – Fashion Vocabulary

Recommended

လူစိတ်ဝင်စားမှု များနေတဲ့ Dior x Nike Air Jordan 1...

July 8, 2020

Best Fashion Looks of MTV Movie & TV...

June 19, 2019

Sandal – Fashion Vocabulary

October 24, 2019

ဒီလထဲမှာ မြင်တွေ့ရတော့မယ့် Kim Kardashian နဲ့ Kylie Jenner တို့ရဲ့...

November 19, 2018

The future of award shows

September 4, 2020

Gifts for Father’s Day That Can Be Bought...

June 15, 2020

သင့်ရဲ့ အဝတ်ဗီဒိုမှ ရရှိနိုင်သော မျက်နှာဖုံးများ

June 1, 2020

Seoul Fashion Week Fall 2019 က အမုိက္စားဖက္ရွင္ပံုရိပ္မ်ား

March 21, 2019

Perfect Bedroom Layout 

July 13, 2020

မိုးရာသီမှာလည်း ဖက်ရှင်ကျကျဝတ်ဆင်နိုင်မယ့် ဖိနပ်များ

June 5, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem