မြန်မာနိုင်ငံရဲ့ ဦးဆောင်နေတဲ့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Mottama Development Group ရဲ့ မြို့ပြဖွံ့ဖြိုးစီမံကိန်းထဲက ပရော့ဂျက် ၅ ခု အကြောင်းမိတ်ဆက်ခြင်းနဲ့ အရောင်းပြခန်းဖွင့်လှစ်ခြင်းကို ၂၀၁၉၊ ဇွန်လ ၂၉ ရက်နေ့က Maha Land Centre မှာ ပြုလုပ်ခဲ့ပါတယ်။ Mottama Development Group ရဲ့ Project ၅ ခုကတော့ . . .
- M Tower
ကျွန်တော်တို့ လှည်းတန်းကိုဖြတ်သွားတိုင်းမှာ သံမဏိတွေကိုပဲ အများဆုံးအသုံးပြုပြီးဆောက်လုပ်နေတဲ့ လှည်းတန်းစင်တာဘေးက အထပ်မြင့်အဆောက်အဦးတစ်ခုကိုတွေ့ရမှာပါ။ အဲဒါကတော့ Mottama Development Group ရဲ့M Tower ဖြစ်ပါတယ်။ ခေတ်မီပြီး တမူထူးခြားတဲ့ ဒီဇိုင်းဖန်တီးမှုတွေနဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး သံမဏိအထပ်မြင့် ရုံးခန်းအဆောက်အဦးတစ်ခုလည်းဖြစ်ပါတယ်။
M Tower ရဲ့ ဒီဇိုင်းပုံစံဟာ မြန်မာနိုင်ငံရဲ့ 5A အဆင့်ရှိတဲ့ သဘာဝပတ်ဝန်းကျင်းနဲ့လိုက်လျော်ညီထွေဖြစ်အောင်ဆောက်လုပ်ထားတာဖြစ်ပြီး လျှပ်စစ်ပစ္စည်းတွေသွယ်တန်းရာမှာ အဆင်ပြေစေဖို့အတွက် ကြမ်းခင်းအမြင့်တွေနဲ့ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပါတယ်။ သဘာဝထိခိုက်မှုလျော့နည်းစေမယ့် အပူနဲ့အသံကိုလည်း လျော့ချပေးနိုင်တဲ့ နှစ်ထပ်မှန်တွေကိုအသုံးပြုထားသလို၊ M Tower ဟာ တစ်နာရီ မိုင်(၁၂၀) နှုန်းလေပြင်းနဲ့ ၇.၅ ရစ်စတာစကေးရှိတဲ့ ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။
- Terminal M ကုန်တိုက်
ရန်ကုန်မြို့ရဲ့တကယ့်အချက်အချာကျတဲ့ မြို့အ၀င်အထွက် အမှတ် ၃ လမ်းမပေါ်မှာဆောက်လုပ်နေတဲ့ ခေတ်မီပြီး အပန်းဖြေဥယျာဉ်နဲ့ လုံလောက်တဲ့နိုင်ငံတကာအဆင့်မီကားပါကင်တို့ပါဝင်တဲ့ ကုန်တိုက်ကြီးတစ်ခုဖြစ်ပါတယ်။
- မြန်မာ့ငါးပြတိုက်
မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့်မီ ငါးပြတိုက်ဖြစ်လာမယ့် ငါးပြတိုက်ပရော့ဂျက်ကို ကန်တော်ကြီးဥယျာဉ်ထဲမှာ ဆောက်လုပ်နေတာဖြစ်ပါတယ်။ ရေအောက်ဥမင်လှိုဏ်ခေါင်းတွေပါဝင်တဲ့ ခေတ်မီတဲ့ဒီဇိုင်းဖန်တီးမှုတွေနဲ့ ရေနေသတ္တ၀ါမျိုးစုံကို အနီးကပ်မြင်တွေ့ရနိုင်မယ့် အဲဒီငါးပြတိုက်ဟာ ပြည်တွင်းနဲ့နိုင်ငံတကာခရီးသွားတွေကို ဆွဲဆောင်နိုင်မယ့် ငါးပြတိုက်ဖြစ်လာမယ်လို့မျှော်လင့်ထားပါတယ်။
- Habour Trade Tower
ရန်ကုန်ဆိပ်ကမ်းအနီးဆောက်လုပ်နေတာဖြစ်ပါတယ်။ အထပ်ပေါင်း ၂၁ ထပ်နဲ့ ခေတ်မီရုံးခန်းပေါင်းများစွာပါဝင်ပါတယ်။ အထပ်တစ်ထပ်ချင်းစီတိုင်းဟာ ၉၂၉ စတုရန်းမီတာ အကျယ်အ၀န်းရှိပြီး မြောက်အောက်ထပ် ၅ ထပ်နဲ့ ကားပါကင် နေရာ ၉၂ နေရာတို့ ပါရှိတယ်လို့ဆိုထားပါတယ်။ ဒီ Habour Trade Tower ကနေ ရွှေတိဂုံဘုရားနဲ့ ရန်ကုန်မြစ်တို့ ရင်သတ်ရှုမောမြင်တွေ့ခံစားနိုင်စေမှာလည်းဖြစ်ပါတယ်။
- HL Tower
လေဆိပ်အနီး ပြည်လမ်းမပေါ်မှာ တည်ရှိနေတဲ့ HL Tower ရဲ့ ဗိသုကာဒီဇိုင်းဟာ ရုံးခန်းနဲ့အိမ်ခန်းတွေကို ပေါင်းစပ်ဖွဲ့စည်းထားတဲ့ Soho လူနေမှုပုံစံအတိုင်း ဆောက်လုပ်ထားတာဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခုစီရဲ့ လုပ်ငန်းဆိုင်ရာလိုအပ်ချက်တွေကိုလိုက်ပြီး ပြုပြင်ပြောင်းလဲဖွဲ့စည်းနိုင်တဲ့ပုံစံတွေပါဝင်တဲ့ ဒီဇိုင်းတွေနဲ့ဆောက်လုပ်ထားတာဖြစ်ပါတယ်။ HL Tower ရဲ့ ထိပ်တန်းအဆင့်မီအုတ်မြစ်ချတည်ဆောက်မှု၊ သံမဏိအသုံးပြုဖွဲ့စည်းမှုပုံစံ၊ Coating နဲ့ မီးလောင်ကျွမ်းမှုခံနိုင်ရည်စံနှုန်းတွေကို နိုင်ငံတကာ စံချိန်အတိုင်း ဆောက်လုပ်ထားတာဖြစ်ပါတယ်။
ဒီ Project ၅ ခုထဲက ၀ယ်ယူနိုင်တဲ့အဆောက်အဦး ပုံစံတွေကို ကမ္ဘာအေးဘုရားပေါ်က Maha Land Centre မှာ အရောင်းပြခန်းဖွင့်လှစ်ထားပြီး ကျွမ်းကျင်ဝန်ထမ်းတွေက ၀န်ဆောင်မှုပေးနေတာဖြစ်ပါတယ်။