LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
DECO

Breakfast at Tiffany

written by Maeve May 10, 2019
Breakfast at Tiffany

နှစ်၅၀ကျော်ခဲ့ပြီ။ ရုပ်ရှင်ထဲက လွတ်လပ်ပေါ့ပါးစွာ နေတတ်သည့် မိန်းမပျိုလေးတစ်ယောက်၏ ရိုးရှင်လှပသော အနက်ရောင် ၀တ်စုံ၊ ပုလဲပုတီး နှင့် ကြီးမားသော နေကာမျက်မှန်တလက်တို့က ဖက်ရှင်လောကကို ပြောင်းလဲတိုးတက်လာစေခဲ့သလို၊ ခေတ်သစ်ရေစီးကြောင်းကိုလည်း ဖောက်လုပ်ပေးခဲ့သည်။ ရုပ်ရှင်သည် ခေတ်ပြောင်းတော်လှန်ရေးအတွက် အရေးကြီးတဲ့နေရာကရှိခဲ့သလို ဖက်ရှင်လောကအတွက်လည်း လေ့လာစရာတွေ ပြည့်နှက်နေတဲ့အရာတစ်ခုဖြစ်ခဲ့ပါသည်။

 

Breakfast at Tiffany မှာ အဓိကဇာတ်ကောင် Holly Golightly က မနက်စောစော New York Fifth Avenue က ဆိုင်ရှေ့မှာ ရပ်ပြီး ပေါင်မုန့်စား၊ ကော်ဖီသောက်ပြီ: Window Display အနေဖြင့် ပြသထားတဲ့  လက်ဝတ်ရတနာတွေကို အပြင်လမ်းမပေါ်ကနေ ငေးကြည့်နေတဲ့ဇာတ်ဝင်ခန်းက ရုပ်ရှင်ရဲ့ အရေးကြီးတဲ့ နေရာတစ်ခုဖြစ်လာခဲ့သည်။ နောက်ပြီး Tiffany Blue ဆိုတာကလည်း အရောင်တစ်ခုအနေဖြင့် သီးသန့် ညွှန်းဆိုရတဲ့အထိ ဖြစ်လာခဲ့သည်။ ထိုဇာတ်ဝင်ခန်းကြောင့်လည်း နှစ်ပေါင်း ၅၆နှစ်အကြာမှာ Tiffany ဆိုင်ရဲ့လေးလွှာမှာ the Blue Box Café ဆိုပြီး စားသောက်ဆိုင်ကို ဖွင့်တဲ့အထိ ရုပ်ရှင်ရဲ့ အရှိန်အ၀ါနှင့် အနက်ရောင်ဖက်ရှင်ရဲ့ အောင်မြင်မှုတို့က ကြီးမားခဲ့ကြသည်။  

The Blue Box စားသောက်ဆိုင်ရဲ့ အတွင်း Decoration အရောင်ကတော့ သူရဲ့ နာမည်ကြီးတဲ့ Tiffany Blue ပါပဲ။ မော်လ်ဒန်ဆန်ပြီး ချစ်စရာကောင်းတဲ့ အပြာရောင်အောက်မှာ မနက်စာစားဖို့ လူတန်းကလည်း ဆိုင်ဖွင့်ကတည်းက တန်းစီနေကြတာ အခုထက်ထိပါပဲ။ Tiffany က လက်ဝတ်ရတနာနှင့် သူ့ရဲ့ အပြာရောင်တို့က ဖက်ရှင်လောကအတွက် အရေးကြီးတဲ့နေရာက ရှိနေခဲ့သလို အခုဆိုရင် Tiffany ရဲ့ the Blue Box ကလည်း ဖက်ရှင်လောကအတွက် သွားစရာနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။

Tiffany က စားသောက်ဆိုင်တစ်ဆိုင်ဖွင့်လိုက်သည့်အချိန်မှာလည်း နာမည်ကျော် Gucci ကလည်း အီတလီနိုင်ငံ ဖလော့ရင့်မြို့မှာလည်း အထက်တန်းလွှာ လူတန်းစားများအတွက် Fine Dining စားသောက်ဆိုင်ကို သူ့ရဲ့ ဖက်ရှင်ဆိုင်နှင့်အတူ ဖွင့်လှစ်လိုက်သည်။ အစိမ်းရောင်နံရံတွေကြားမှာ ရွှေရောင်စာလုံးတွေက ထိုးထွက်နေပြီး ထိုစာလုံးလေးများက ၁၅ရာစုရဲ့ အီတလီရိုးရာသီချင်းစာသားလည်း ဖြစ်သလို Gucci garden ဆိုပြီးနာမည်ပေးထားတဲ့ ထိုစားသောက်ဆိုင်က အဆင့်အတန်းမြင့်မြင့် အထက်တန်းကျကျ စားသောက်နေထိုင်မှုကို နှစ်သက်သူေ တွ  Gucci ပြတိုက်သာမကဘဲ နီးစပ်ရာ ပြတိုက်တွေကိုစိတ်ဝင်စားလေ့လာချင်တဲ့သူတွေအတွက် ခြေချစရာနေရာတစ်ခုဖြစ်လာခဲ့သလို ယဉ်ကျေးမှုအသစ်လည်း ဖြစ်လာခဲ့သည်။

နိုင်ငံတကာဖက်ရှင်လောကက အဆင့်မြင့်စားသောက်နေထိုင်မှုလောကကို ခြေစုံပစ် မ၀င်လာခင်ကတည်းက လူနေထိုင်မှု Life Style အတွက် ပရိဘောဂ ဒီဇိုင်းထုတ်လုပ်ရောင်းချရေးဘက်ကို နှစ်ပေါင်းများစွာ နေရာတစ်ခုအဖြစ် ရပ်တည်လာခဲ့တာကိုလည်း တွေ့ရပါသည်။ Fendi, Hermes, Armani စသည့် ဖက်ရှင်ထိပ်သီးတွေက ဖက်ရှင်လောကကိုသာမကဘဲ ပရိဘောဂဘက်ကိုပါ လွှမ်းမိုးလာခဲ့တာ ရာစုနှစ်နှစ်ခုနီးပါးသို့ ရောက်လာခဲ့ပြီဖြစ်သည်။  Fendi ရဲ့ လက်ရာ သားရည်နှင့်ချုပ်လုပ်ထားတဲ့ ဆိုဖာဆက်တီထိုင်ခုံစားပွဲတွေက တစ်ခုချင်းစီကို မြန်မာငွေသိန်းတစ်ရာအထက်ရှိနေတာတောင် အိမ်တွင်းအလှဆင် ဇိမ်ခံပစ္စည်းအဖြစ်ရပ်တည်နေဆဲဖြစ်သည်။

ပရိဘောဂအိမ်အသုံးအဆောင်ပစ္စည်းများက ဈေးကွက်တစ်ခုအဖြစ်နေရာယူခဲ့ရုံသာမကဘဲ နိုင်ငံတကာဇိမ်ခံဟိုတယ်များမှာလည်း ဖက်ရှင်လောကသားတွေက နေရာယူလာကြပါသည်။ ၂၀၁၀ခုနှစ်မှာဖွင့်လှစ်ခဲ့သည့် Armani Hotel Dubai ရဲ့ ဟိုတယ်အတွင်းပြင်ဆင်မှုဒီဇိုင်းကလည်း Fashion Designer Giorgio Armani ရဲ့ လက်ရာတစ်ခုဖြစ်သလို လက်ရာမြောက်အဆင့်အတန်းမြင့်တဲ့ ပရိဘောဂတွေနဲ့ တည်ဆောက်ထားတဲ့ ဟိုတယ်တစ်ခုလည်း ဖြစ်ပါသည်။ ဥရောပအနောက်နိုင်ငံများသာမကဘဲ အရှေ့တောင်အာရှရဲ့ အထက်တန်းဇိမ်ခံအိမ်အသုံးအဆောင်ပစ္စည်းများအဖြစ် နေရာယူလာခဲ့တဲ့ ဖက်ရှင်ဒီဇိုင်နာတွေရဲ့လက်ရာတွေက မကြာခင်မှာ မြန်မာနိုင်ငံကိုလည်း ရောက်လာတော့မှာမလွဲပါ။

နိုင်ငံတကာခရီးသွားလုပ်ငန်းများ အောင်မြင်လာသည့် မြန်မာနိုင်ငံမှာတော့ ဖက်ရှင်ဒီဇိုင်နာတွေ ဖန်တီးထားတဲ့ အိမ်အသုံးအဆောင်ပစ္စည်းများကို မြန်မာနိုင်ငံအတွင်း ၀ယ်ယူဖို့ မလွယ်ကူသေးသော်လည်း ဖက်ရှင်ချစ်သူတွေအနေနဲ့ အထက်တန်းကျကျ အဆင့်မြင့်လှတဲ့ စားသောက်ဆိုင်တွေဖြစ်တဲ့ the Blue Box, Gucci Garden တို့မှာ မနက်စာ ညစာစားရင်း မီလန်နှင့် ဒူဘိုင်းမှာရှိတဲ့ Armani Hotel မှာ အိပ်စက်အနားယူရင်း လှပတဲ့ လူနေမှုဘ၀ကို ခံစားလို့ရနေပြီဖြစ်ပါသည်။ လက်ရှိမှာတော့ Breakfast at Tiffany ကို ကြည့်ရင်း အိပ်မက်တွေကို အကောင်အထည်ဖော်ရင်း High End Fashion လောကသာမကဘဲ High End Living Life Style ကို စောင့်ကြည့်ကြပါစို့လို့ ပြောလိုက်ချင်ပါသည်။

LUSH decoLUSH Magazine MyanmarLUSH March 2018
0
Facebook Twitter Google + Pinterest
Maeve

previous post
Fit in your 30s
next post
မျိုးကျော့မြိုင်ရဲ့ “လူငယ်တွေ Sorry ပါ” album အသစ် ထွက်ရှိလာပါတော့မယ်

Recommended

Monochromatic Interior

July 6, 2020

Tips and Tricks to Make Your Room Look...

June 4, 2020

Old Town Road Decor

July 2, 2020

Bedroom Products To Boost Your Sleep 

June 29, 2020

Unusual Decorations to put around the house

June 22, 2020

British Billionaire James Dyson ရဲ့ Super Penthouse

July 18, 2019

New Deco for 2019

January 25, 2019

Your Dream Space Saving Furniture

April 22, 2019

98 Wireless Residences

January 31, 2020

Less Is More: Minimalism

October 12, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem