Busker လို့ပြောလိုက်တာနဲ့ တချို့က သူတောင်းစားလို့ပဲသတ်မှတ်ထင်ယူကြပါတယ်။ ကျွန်တော်တို့ဆီမှာ ဒီလိုအမြင်ရှိသူတွေရာခိုင်နှုန်းအတော်များပါတယ်။ ကျွန်တော်တို့ဆီမှာ ထွန်းကားမှုမရှိတဲ့ အလေ့အထတစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့နဲ့အတော်လေးရင်းရင်းနီးနီးရှိတဲ့ အလေ့အထတွေလည်းဖြစ်ပါတယ်။ ဘာကြောင့် ရင်းနီးတာလဲဆိုတော့ အနုပညာရပ်တစ်ခုကို ပုံဖော်နေကြသူတွေဖြစ်တာကြောင့်လို့ပဲပြောရပါမယ်။ ပိုမိုရင်းနီးတာကတော့ ရုပ်ရှင်တွေထဲမှာပေါ့။ Busker ဆိုတာ ဘယ်သူတွေလဲ၊ Busking လုပ်တယ်ဆိုတာဘာလဲ။ Busker ဆိုတာ ကိုယ်တတ်ကျွမ်းတဲ့အနုပညာပုံစံတစ်ခုခုကို လမ်းမပေါ်မှာ Talent ပြနေသူတွေကိုခေါ်ပါတယ်။ Busking လုပ်တယ်ဆိုတာကတော့ အဲဒီလိုလမ်းပေါ်မှာ ဖျော်ဖြေခြင်းကို ခေါ်ဆိုတာဖြစ်ပါတယ်။ သူတို့ဟာ ဆုငွေကိုလက်ခံရယူပေမယ့် တောင်းရမ်းနေတဲ့သူတောင်းစားတွေတော့ မဟုတ်ပါဘူး။ သူတို့ရဲ့အနုပညာကို အားပေးသူ၊ ကြိုက်နှစ်သက်တဲ့သူတွေက ဆုအဖြစ် ပိုက်ဆံတွေပေးသွားကြတာဖြစ်ပါတယ်။ တချို့ကလည်း စားစရာတွေပေးသွားတာမျိုးရှိပါတယ်။ တချို့သူတွေကတော့ ငွေကြေးအခက်အခဲတစ်ခုကို ဖြေရှင်းနိုင်ဖို့ ဒီလိုမျိုး Busking လုပ်နေတာတွေလည်းရှိပါတယ်။ Busking လုပ်ခြင်းနဲ့အသက်မွေးနေသူတွေလည်း ရှိပါတယ်။ ဒါပေမယ့် အနုပညာ အားစိုက်ထုတ်မှုနဲ့ အတတ်ပညာကတော့ ပါပြီးသားလေ။ ဘယ် Busker မဆို သူတို့ကို ပေးကမ်းပါ၊ မျှဝေပါ ဆိုတာမျိုး ပါးစပ်က တစ်ခွန်းဟတဲ့သူတွေမဟုတ်ပါဘူး။ ဒါကြောင့် သူတောင်းစားနဲ့ Busker ဟာ မိုးနဲ့မြေလို၊ ဆီနဲ့ရေလိုပဲ ကွာခြားပါတယ်။ ဒါနဲ့ တစ်ခါက ဖတ်လိုက်ရတဲ့ သတင်းလေးတစ်ခုကို ပြန်မျှဝေပေးချင်ပါသေးတယ်။ ဘယ်ကဖတ်မိတာလဲ၊ ဘယ်မှာတွေ့တာလဲဆိုတာ မမှတ်မိလို့ သတင်းအကြောင်းအရာကို ဒီနေရာကပဲ Credit ပေးပါတယ်။ အဲဒါက ဘာလဲဆိုတော့ သြဇီ၊ မဲလ်ဘုန်းမြို့က Busker တွေခေတ်မီလာတဲ့အကြောင်းဖြစ်ပါတယ်။ သူတို့က သူတို့ကို ဆုချတဲ့သူတွေပိုမိုအဆင်ပြေအောင် Visa Card တွေ၊ Master Card တွေနဲ့ကနေ ပေးနိုင်တဲ့ tap n go စနစ်သုံး QR Code တွေလည်းထားပေးထားတယ်လို့ဖတ်လိုက်ရတာပါ။
When we say the word “Busker”, some of you might think that they are beggars. In Myanmar, most people consider that buskers as beggars since busking are not common here. However, you can see these street performances often here, as busking is also an art of entertaining people. You can easily find them in movies. So, what is busking and who are buskers? Busking is the art of performing in public places showing their talents. People engaging in this performance are called Buskers. Rewards are generally received in the form of money but they are not beggars who ask for money. For people who appreciate their performance gives gratuities generally money but other such as food, drink or gifts may be given. There are some people who are busking in return of solving their financial problems. Some are working as buskers for their careers. None of the buskers ask for money, they just share their art such as singing and dancing to entertain people. So, beggars and buskers are totally different in terms of any characteristics. I would like to share what I have read before that The City of Melbourne is proud of its reputation for supporting this lively street culture: Busking. They make easily for the people who gives gratuities in the form of Tap-and-Go QR Code with the use of Visa and Master cards.
တစ်ခါက မြန်မာပြည်ကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားတစ်ဦးက မန္တလေးမှာ ခရီးစရိတ်ပြတ်ပြီး သောင်တင်နေခဲ့ပါတယ်။ သူက သူ့မှာပါလာတဲ့ Ukulele ဂစ်တာတစ်လက်နဲ့ သူ့ခရီးစရိတ်အတွက် လမ်းဘေးမှာ အလှူခံမှုတစ်ခုလုပ်ခဲ့ပါတယ်။ ပြောရရင် အဲဒါဟာလည်း Busking ပါပဲ။ ဒါပေမယ့် သိတဲ့အတိုင်း မြန်မာပြည်က အချို့သောလူတွေဟာ လှောင်ပြောင်ခဲ့ကြပါတယ်။ တို့ဆီမှာတော့ သက်ဆိုင်ရာ ဘေးအန္တရာယ်တစ်ခုခုကြုံလာတဲ့အခါတွေမှသာ အဆိုတော်အချို့၊ လူငယ်၊ လူကြီးအချို့က သူတို့တတ်မြောက်တဲ့အနုပညာနဲ့ အလှူခံတာမျိုးလုပ်ကြပါတယ်။ အခုနောက်ပိုင်းတော့ ကျွန်တော်တို့ဆီမှာ ရုပ်သံတချို့က အဆိုတော်တချို့နဲ့ Collaborate လုပ်ပြီး လူစည်ကားရာနေရာတွေမှာ Busking သဘောဆန်စွာပြုလုပ်ပေးနေတာတွေကို တွေ့မြင်လာရပါတယ်။
One of the foreigners who visited to Myanmar run out of money to travel and was stuck in Mandalay. Then, he used his Ukulele for performance to get his travel expenses. This can also be said Busking. But as you all know, some of the Myanmar people mocked at him. There are singers, young people and even elder people use their talents to get funds for natural disasters in Myanmar. Later on, some TV channels here collaborated with singers, performing at the public areas in the form of Busking.
ကမ္ဘာပေါ်က လူတိုင်းလေးစားအားကျရတဲ့ ဒိတ်ဒိတ်ကြဲအနုပညာသမားတွေထဲမှာ Busker Life ကို နှစ်တွေချီပြီး ဖြတ်သန်းခဲ့ကြဖူးတဲ့ သူတွေအများကြီးရှိပါတယ်။ Rod Stewart တို့၊ B.B King တို့လို ပုဂ္ဂိုလ်ကြီးတွေအပြင် ဒီဘက်အငယ်ပိုင်းမှာဆိုရင် Justin Bieber တို့၊ Ed Sheeran တို့ဟာလည်း Busker Life ကို ဖြတ်သန်းဖူးခဲ့ကြသူတွေဖြစ်ပါတယ်။
There are many notable performers such as Rod Stewart, B.B.King, Justin Bieber, Ed Sheeran and many more have passed through their busker life.
လမ်းမဟာ ကိုယ့်အနုပညာကို အကဲဖြတ်ခံဖို့အတွက်လည်း အကောင်းဆုံးနေရာတစ်ခုလို့ယူဆမိပါတယ်။ ကိုယ့်ကို တစ်ခါမှ မတွေ့ဖူးတဲ့သူတွေ၊ ကိုယ့်အနုပညာကို တစ်ခါမှ မမြင်တွေ့ဖူးရတဲ့သူတွေကို ဖျော်ဖြေရတာဖြစ်တဲ့အတွက်ပါ။ အဲဒီမှာမှာ ကိုယ့်အနုပညာကိုယ့်ဖန်တီးမှုကို လူတွေသဘောကျနှစ်သက်ကြတဲ့အခါ လူတွေဝိုင်းအုံပြီးအားပေးကြတာမျိုး လက်အုပ်သြဘာတီးအားပေးကြတာမျိုးအထိ တုံ့ပြန်မှုချက်ချင်းကို ရယူနိုင်ပါတယ်။ တချို့တက်လမ်းရှာဖွေနေတဲ့ အဆိုတော်လက်သစ်ကလေးတွေဟာလည်း သူတို့ခွေ Official Produce မလုပ်ခင်မှာ သူတို့ဖန်တီးမှုတွေရဲ့ အခြေအနေတစ်ခုကို သိရှိနိုင်ဖို့ လမ်းပေါ်ထွက်ပြီး Busking လုပ်ကြတာမျိုးတွေလည်းရှိပါတယ်။ အဲဒီက အတွေ့အကြုံနဲ့ ပြန်ရတဲ့တုံ့ပြန်မှုတွေက သူတို့အတွက် အရမ်းကို Reality ဖြစ်တာကြောင့်ဖြစ်ပါတယ်။
Street is the best place to assess your talents of entertainment since passers-by are people you don’t know before and haven’t seen your performance even once. By making performance at streets, you can easily get their feedbacks of your performance whether they might applause you or no interest at all. Some of the rising signers makes busking at the streets to get feedbacks of their creations before launching their official productions which are very good for them to learn from these reality feedbacks.
Busking ဆိုတာ Street Performance ပါပဲ။ သီချင်းဆိုပြီးဖျော်ဖြေတာသက်သက်ချည်းမဟုတ်ပါဘူး။ တီးတာ၊ ကတာ၊ ဟာသပြောတာ၊ မျက်လှည့်ပြတာ စတာတွေအားလုံးပါဝင်ပါတယ်။ Busking လုပ်တာကို နေရာတိုင်းတော့လုပ်လို့မရပါဘူး။ နိုင်ငံအလိုက် တားမြစ်ထားတဲ့ ဧရိယာတွေရှိပါတယ်။ နေရာတိုင်းမှာ အကောင်းအဆိုး ဒွန်တွဲနေတဲ့ထုံးစံရှိသလို၊ လူတွေမှာလည်း မကောင်းတဲ့သူ ကောင်းတဲ့သူတွေရှိတာ မဟုတ်လား။ တချို့ Busker တွေက သတ်မှတ်ထားတဲ့ စည်းကမ်းတွေမလိုက်နာတာမျိုး သူများနေရာကို ဦးယူလုယူတာမျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့် Busking ယဉ်ကျေးမှုထွန်းကားတဲ့နိုင်ငံတွေမှာ Busker တွေအတွက် သတ်မှတ်ထားတဲ့ Rules တွေ၊ ဥပဒေတွေရှိပါတယ်။
Busking, as mentioned before, is the art of street performance. Not only musical performance but also performing comedy, magic and others are included in Busking. However, not every place is allowed to do busking. There are some restricted areas according to the country’s policies. There are some buskers who don’t follow the rules, taking other buskers’ pitches (the place where they perform). Therefore, countries where Busking is prominent have their own code of practices for Buskers.
ကျွန်တော်တို့ဆီမှာလည်း Busking လုပ်တဲ့သူတွေရှိနေပါတယ်။ တစ်ခါတစ်ရံမှာ သူတို့ပိုက်ဆံနဲ့သူတို့အကုန်အကျခံပြီး ကျွန်တော်တို့ကို အလကားမျှဝေပေးတာတွေကလည်း ကျွန်တော့်အမြင်တော့ Busking လုပ်တာပါပဲ။ Busking ယဉ်ကျေးမှုကနေ ကောင်းတာတွေ အများကြီးရလာနိုင်ပါတယ်။ Busker တွေအတွက်ကော၊ အားပေးသူပရိသတ် အတွက်ကောပေါ့။ တစ်ချိန်က ကန်တော်ကြီးထဲမှာ အပတ်စဉ်စနေနေ့တိုင်းထင်ပါရဲ့ mini stage လေးနဲ့ ဖျော်ဖြေမှုလေးတစ်ခုလုပ်တာတွေ့ဖူးပါတယ်။ များသောအားဖြင့်တော့ Cover Song တွေဆိုကြတာပေါ့။ တော်တော်ကောင်းတဲ့ Band တွေလည်း ပါဝင်ပါတယ်။ အဲဒါလည်း တကယ်တော့ Busking ပါပဲ။ ကျွန်တော်တို့ဆီမှာတော့ ကောင်းတဲ့အနုပညာဖန်တီးမှုတွေကို ကျွန်တော်တို့အားပေးခံစားသူ ပရိသတ်တွေဘက်က တာဝန်မကျေပြွန်မှုတွေလည်း များစွာရှိနေပါတယ်။
We too have some buskers here. Sometimes, they use their own money and share their performances to us. There are so many pros that you can gain from Busking culture for buskers as well as passers-by supporters. There was a mini stage performing cover songs at Kandawgyi every Saturday and many good bands are also included which is also the form of Busking. Although there are many good art creations, there are less supporting from our sides.
words by a el ti:
english translated by Eain Chu