LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILY

လူတွေရဲ့ စိတ်ဝင်စားမှုနဲ့အတူ ဖက်ရှင်ကျမှုတွေကိုပါ သိမ်းပိုက်ဦးမယ့် Neon Color

written by SuYiHtet March 18, 2019
လူတွေရဲ့ စိတ်ဝင်စားမှုနဲ့အတူ ဖက်ရှင်ကျမှုတွေကိုပါ သိမ်းပိုက်ဦးမယ့် Neon Color

နွေဦးရာသီကတော့ တဖြည်းဖြည်းနဲ့ အရှိန်ရလာပါပြီ။ အရောင်တောက်တွေ၊ ပွင့်ရိုက်ဆင်တွေကလည်း လူငယ်တွေကြားထဲမှာ  ပိုပို အတွေ့ရများလာပါပြီ။ ဒီအထဲမှာမှ အခု နိုင်ငံတကာက ဖက်ရှင်ချစ်သူတွေကြားရေပန်းစားလာတာကတော့ နီယွန်စိမ်းရောင်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့  Spring 2019 Runway မှာဆိုရင် Marine Serre ရဲ့ အက်ဆစ်စိမ်းရောင်ကနေ Gucci ရဲ့ နီယွန်စိမ်းရောင်ငှက်မွှေး ၀တ်စုံတွေက ရှေ့ပြေးအနေနဲ့ ပါဝင်ခဲ့ပြီး  ရာသီစာ အရောင်သစ်တစ်ခုအနေနဲ့ အခုအခါ ပြန်လည် မြင်တွေ့ရမှာပါ။

နွေရာသီမှာ နီယွန်စိမ်းရောင်ကို ၀တ်ရတာ အူကြောင်ကြောင်နိုင်တယ်လို့ ထင်ရပေမယ့်လည်း တကယ်တမ်းကတော့ သင်္ကြန်နားလည်း နီးလာပြီဖြစ်တဲ့အတွက် ကျွန်မတို့အနေနဲ့ စမ်းကို စမ်းကြည့်သင့်တဲ့ အရောင်ဖြစ်ပါတယ်။ အထူးသဖြင့် ဆယ်လီတွေဖြစ်တဲ့ Kendall Jenner တို့၊ Bella Hadid တို့က အစ သူတို့ရဲ့ ဖက်ရှင်မှာ နီယွန်စိမ်းရောင်ကို ထည့်ဝတ်နေတဲ့အချိန်မှာ ကိုယ်တွေကလည်း လိုက်မှီအောင် ၀တ်ရမှာ မဟုတ်လား။ ဒါဖြင့်ရင် ဘယ်ဆယ်လီတွေက ဘယ်လို ဖက်ရှင်တွေနဲ့ နီယွန်စိမ်းရောင်ကို တွဲဖက်ဆန်းသစ်ထားလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။

Kendall Jenner

Kendall ကတော့ နီယွန်စိမ်းရောင် အင်္ကျီကို အနက်ရောင် Leather Skinny  နဲ့ တွဲဖက် ၀တ်ဆင်ထားပါတယ်။ အင်္ကျီက ရိုးရှင်းပေမယ့် အရောင်ရဲ့ ဖမ်းစားမှုကြောင့် ပိုလှနေတာအမှန်ပါ။

Kylie Jenner

Kylie Jenner ရယ်၊ Jordyn Woods နဲ့ Baby Stormi တို့ကလည်း ကမ်းခြေမှာ အနားယူနေတုန်း  နီယွန်စိမ်းရောင် Beachwear တွေနဲ့ လန်းနေတာကို တွေ့ရမှာပါ။ သူတို့ကို ကြည့်ပြီး ကိုယ်တွေလည်း ကမ်းခြေသွားတဲ့အခါ နီယွန်စိမ်းရောင်ကို ၀တ်လို့ရပါလားဆိုတဲ့ idea လေး ရတာပေါ့။

Ashley Graham

အရောင်တောက်တောက်ဆို တွဲစပ်ရမှာ ကြောက်နေရင်တော့ Ashley Graham ကို နမူနာယူကြည့်လိုက်ပါ။ နီယွန်စိမ်းကို အပြာရောင်နဲ့ တွဲပြီး ၀တ်ထားတဲ့ သူမရဲ့ စတိုင်လ်က ထင်းထင်းရင်းရင်းနဲ့ တကယ်ကို ဒင်းစတင်းပါပဲ။ ဒီအတွဲအစပ်က နွေရာသီမှာ၊ သင်္ကြန်မှာ အမိုက်စားဖြစ်ချင်တဲ့သူတွေအတွက် နမူနာကောင်းဖြစ်ပါတယ်။

Blake Lively

အမေရိကန် ရုပ်ရှင်မင်းသမီး Blake Lively ကတော့ နီယွန်စိမ်းရောင်ကို head-to-toe ၀တ်ဆင်ထားပြီးတော့ နားဆွဲနဲ့ လက်ကောက်ကိုပါ ၀တ်စုံနဲ့ လိုက်ဖက်ညီအောင် ဆင်ထားတာ တွေ့ရမှာပါ။ Suit ကို ၀တ်ဆင်ထားတဲ့ သူမဆီကနေ ရမယ့် Style Note ကတော့ ပွဲတက်ဖက်ရှင်အတွက်ပါ နီယွန်စိမ်းရောင် Suit ကို သုံးလို့ရတယ်ဆိုတာပါပဲ။

Hailey  Baldwin

Hailey ကတော့ Streetstyle ဆန်ဆန် ၀တ်ဆင်ထားတဲ့ သူမရဲ့ နီယွန်စိမ်းရောင် ၀မ်းဆက်ကို အပေါ်ကနေ ကုတ်အနက်ရောင် အရှည်နဲ့ တွဲဖက်ထားပါတယ်။ ဒီမှာတော့ ရာသီဥတုက အဲ့လောက် မအေးတဲ့အတွက် နီယွန်စိမ်းရောင် ဂါဝန်ပဲ ဖြစ်ဖြစ်၊ Jumpsuit လေးဖြစ်ဖြစ် ၀တ်ပြီး အပေါ်က Cardigan လေး တွဲဝတ်လိုက်မယ်ဆိုရင် တော်တော်လေး အဆင်ပြေသွားမှာပါ။

Hailey  Baldwin

တစ်ခါတလေ ခေါင်းစ ခြေဆုံး အရောင်တစ်ရောင်တည်းကိုပဲ ၀မ်းဆက်ဝတ်မယ်ဆိုရင် Hailey ၀တ်ထားသလို Street Fahion ကလည်း အဆင်ပြေပါတယ်။သူကတော့ဖိနပ်ကိုပါ နီယွန်စိမ်းဖောက်ထားတဲ့ Sneaker စီးထားတာပါ။

Rita Ora

Rita Ora ၀တ်ထားသလို Suit Fashion မှာ နီယွန်စိမ်းရောင် သုံးထားတာကလည်း နေ့စဉ် ရုံးဆင်းရုံးတက်ဖက်ရှင်မှာ အမိုက်စားနဲ့ ဆန်းသစ်နေချင်တဲ့သူတွေအတွက် စမ်းကြည့်သင့်တဲ့ တစ်ခုပါ။

Gigi Hadid

Gigi တစ်ယောက်ကတော့ ၀တ်စုံပြည့်မဟုတ်ဘဲ အိတ်ကိုတင် နီယွန်စိမ်းရောင် သုံးထားတာ တွေ့ရမှာပါ။ တကယ်လို့ ကိုယ်က ၀တ်စုံမှာ နီယွန်ရောင် မသုံးချင်ဘူးဆိုရင် Gigi လို အိတ်တို့၊ ဖိနပ်တို့မှာတင် သုံးပြီး Bold Piece လေးတွေ ဖြစ်အောင် ဖန်တီးလို့ရပါတယ်။

Editor :Su Yi Htet

LUSH DAILYLUSH March 2019
0
Facebook Twitter Google + Pinterest
SuYiHtet

previous post
Victoria’s Secret ရဲ့မော်ဒယ်လ်ဖြစ်လာတဲ့ Barbara Palvin
next post
Signs of A Shallow Person

Recommended

“လူမှုဘဝ ပိုကောင်းဖို့ ဟန်ချက်ညီညီလုပ်ဆောင်စို့” (Balance for Better)

March 6, 2019

Chuck Taylors – Fashion Vocabulary

November 14, 2019

Lego to release build-your-own Lamborghini Kit

June 7, 2020

MAC ကအသစ်ထုတ်လိုက်တဲ့ Lip Glosses 

June 20, 2018

Worst Habits for Belly Fat and How to...

June 10, 2019

မနာလိုစရာကောင်းလောက်အောင်ကို တိလေးတွေကို ချစ်တတ်ကြတဲ့ Celebrities များ

July 11, 2019

Preserving your Memories through Scrapbooking

June 11, 2020

အသက်အငယ်ဆုံး Self-made Billionaire ဖြစ်လာတဲ့ Kylie Jenner

March 7, 2019

စက်တင်ဘာလမှာ ပြုလုပ်သွားမယ့် Paris Fashion Week

June 26, 2020

Makeup နဲ့ Skincare Line ကို စတင် မိတ်ဆက်တော့မယ့် Hermès

March 25, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem