LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LIFELUSH DAILY

Signs of A Shallow Person

written by Maeve March 18, 2019
Signs of A Shallow Person

ကျွန်မတို့တွေဘဝမှာ ကိုယ့်အပေါ် အပေါ်ယံပေါင်းသင်းဆက်ဆံတတ်တဲ့သူတွေ၊ သာတဲ့သူကိုပဲ ပေါင်းသင်းတတ်တဲ့သူတွေကို တွေ့ကြုံဖူးကြပါတယ်။ ကိုယ်ကသာ သူတို့အပေါ် စိတ်နှစ်ပြီး ခင်မင်ပေါင်းသင်းတတ်ကြပေမယ့် ကိုယ့်အပေါ်လိုအပ်မှပေါင်းသင်းတတ်မှန်း အချိန်တစ်ခုကြာမှ သိရတဲ့အခါ စိတ်ထဲဝမ်းနည်းပြီး နားကျည်းတတ်ကြပါတယ်။ ဒီလိုလူမျိုးတွေနဲ့တွေ့ကြုံရတဲ့အခါ သူတို့လိုလူမျိုးနဲ့ဝေးဝေးရှောင်မယ်၊ မပေါင်းတော့ဘူးဆိုပြီးလုပ်လို့ရပေမယ့် တခါတလေ လူမှုရေးအရ မပေါင်းချင်ပေမယ့်လည်း ပေါင်းသင်းဆက်ဆံရတဲ့အခါမျိုးလည်း ရှိကြပါတယ်။ ဒီလို လိုအပ်မှပေါင်းသင်းတတ်သူတွေရဲ့ အပြုအမူတွေကတော့

သူတို့အတွက် ရုပ်ရည်၊ အဝတ်အစားအသွင်အပြင်တွေက အရမ်းအရေးကြီးပါတယ်။

သူတို့က ရုပ်ရည်သန့်ပြန့်တဲ့သူတွေနဲ့ပဲ date လုပ်ကြတယ်။ အကယ်လို့ သူတို့တွဲနေတဲ့သူထက်သာတဲ့သူက သူ့အပေါ်သဘောကျတာမျိုးရှိရင် တွဲနေတဲ့သူကို အဖက်တောင်မလုပ်တော့ဘဲ အကြောင်းပြချက်မရှိ လမ်းခွဲစကားပြောတတ်ကြပါတယ်။ အပေါင်းအသင်းဆိုလည်းဒီလိုပဲ။ သူတို့မကြိုက်တဲ့သူဖြစ်ရင်တောင်မှ ရုပ်လှတဲ့သူ၊ ပိုက်ဆံရှိတဲ့သူတွေကိုပဲရွေးပေါင်းတတ်ကြပြီး ရုပ်ဆိုးတဲ့သူ၊ မဝတ်တတ် မစားတတ်တဲ့သူ၊ သူတို့နဲ့တွဲသွားတွဲလာလုပ်လို့ကောင်းမယ့်သူမျိုးမဟုတ်ရင် မပေါင်းချင်ကြပါဘူး။

ဂုဏ်ပကာသနတွေကြောင့်သာ ပေါင်းသင်းဆက်ဆံလေ့ရှိပါတယ်။

အပေါ်ယံပေါင်းသင်းတတ်တဲ့သူတွေက အများအမြင်မှာ ဆွဲဆောင်မှုရှိတဲ့သူတွေနဲ့ပဲ Date လုပ်တတ်ကြပါတယ်။ အကြောင်းကတော့ လူအများလိုချင်တဲ့သူမျိုးနဲ့တွဲတဲ့အခါ သူတို့ကို လူတွေက အထင်ကြီးတတ်တယ်လို့ ထင်ကြပါတယ်။ ချမ်းသာတဲ့သူ၊ သူတို့အပေါ် ပိုက်ဆံသုံးနိုင်တဲ့သူဆိုရင်လည်း အကြာကြီးပေါင်းတတ်ပါတယ်။

ကိုယ်နဲ့ သူနဲ့ တစ်ခုခု ချိန်းဆိုထားတဲ့အခါမှာလည်း ပိုကောင်းတဲ့ချိန်းဆိုမှုမျိုးရလာရင် ဖျက်ဖို့ဝန်မလေးပါဘူး။

သင်က သူနဲ့ ရုပ်ရှင်သွားကြည့်ဖို့၊ လျောက်လည်ကြဖို့ ချိန်းထားတဲ့အချိန်မျိုးမှာလည်း သွားခါနီးမှ သူမလာနိုင်တဲ့အကြောင်းစာပို့တာမျိုးလုပ်တတ်ကြပါတယ်။

အနုပညာရှင်တွေရဲ့အတင်းအဖျင်းတွေ၊ ပတ်ဝန်းကျင်ကသူတွေရဲ့အတင်းအဖျင်းတွေကို ပြောရမှာ အရမ်းနှစ်သက်ကြပါတယ်။

အမေရိကန်သမ္မတကတော်ဟောင်း Eleanor Roosevelt ပြောဖူးတဲ့ “စိတ်နှလုံးကောင်းမွန်တဲ့သူတွေက အကြံဉာဏ်တွေ ဆွေးနွေးဖလှယ်ကြတယ်၊ သာမာန်လူတွေက လက်ရှိဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို ဆွေးနွေးဖလှယ်ကြတယ်၊ စိတ်ထားသေးသိမ်တဲ့သူတွေကတော့ လူတွေအကြောင်း ဆွေးနွေးကြတယ်” ဆိုတဲ့စကားနဲ့ ကွက်တိပါပဲ။ အပေါ်ယံပေါင်းသင်းတတ်တဲ့သူတွေက ဘယ် celebrities က date လုပ်နေတယ်၊ ဘယ်သူကဖြင့် ကိုယ်ဝန်ရှိနေပြီ၊ ဘယ်သူကဖြင့် ဝလာတယ်ဆိုပြီး သူများအတင်းတွေကိုပဲပြောဖို့ အားသာကြပါတယ်။ အကြံဉာဏ်တွေ၊ လတ်တလော ကမ္ဘာမှာဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကတော့ သူတို့အတွက် ပျင်းစရာကောင်းနေတတ်ပါတယ်။

သူတို့အတွက် အကျိုးအမြတ်မကျန်တဲ့အရာမျိုးဆို မကူညီတတ်ကြပါဘူး။

သူတို့က သူတို့အတွက် အကျိုးအမြတ်တစ်ခုခုကျန်တဲ့အခါမျိုးမှာပဲ ကူညီတတ်ကြပါတယ်။ ပရဟိတတွေလုပ်တာမျိုးဆိုရင်လည်း ပရဟိတလုပ်ရင်း နာမည်ကြီးတဲ့သူတွေနဲ့တွေ့ရမလားဆိုတဲ့ရည်ရွယ်ချက်နဲ့ ကူညီတတ်တာမျိုး၊ သူတို့အတွက် အထောက်အကူဖြစ်မယ့်လူမျိုးတွေနဲ့တွေ့ရအောင် ကူညီတတ်တာမျိုး ဖြစ်တတ်ပါတယ်။

အခက်အခဲဖြစ်ပြီဆို ဆင်ခြင်တွေပေးပြီး ထွက်ပြေးတတ်ကြပါတယ်။

သင်က သင့်ရဲ့ချစ်သူနဲ့ရန်ဖြစ်တဲ့အခါမျိုးမှာဆိုရင်တော့ သူက သင့်ကိုစိတ်သက်သာအောင် နှစ်သိမ့်ပေးပါလိမ့်မယ်။ ဒါပေမယ့် သင့်မှာ ပြဿနာကြီးကြီးမားမားတစ်ခုခုကြုံလာတဲ့အခါမျိုးမှာတော့ သူတို့ကို ရှာလို့တွေ့တော့မှာမဟုတ်ပါဘူး။ ပြဿနာတွေပြေလည်သွားမှသာ ပြန်ပေါ်လာတတ်ပါတယ်။

လျှို့ဝှက်ချက်တွေဆိုလည်း သူများကိုပြန်ပြောဖို့ ဝန်လေးမနေပါဘူး။

သူတို့တွေကို သင်က ယုံပြီး သင့်ရဲ့လျှို့ဝှက်ချက်ကို ပြောမိတယ်ဆို အဲ့လျှို့ဝှက်ချက်ကို အချိန်တိုအတွင်း ပတ်ဝန်းကျင်ကို ပြန်ပြောဖို့ ဝန်မလေးပါဘူး။ သူတို့အတွက် လျှို့ဝှက်ချက်ဆိုတာ ထိန်းသိမ်းဖို့ထက် သူများကိုပြောပြဖို့ပဲဖြစ်ပါတယ်။

Ref: www.aconsciousrethink.com

Photos credit: freepik & pixabay

LifeStyleLUSH DAILYLUSH Magazine MyanmarLUSH March 2019
1
Facebook Twitter Google + Pinterest
Maeve

previous post
လူတွေရဲ့ စိတ်ဝင်စားမှုနဲ့အတူ ဖက်ရှင်ကျမှုတွေကိုပါ သိမ်းပိုက်ဦးမယ့် Neon Color
next post
5 Things you don’t know about Shwe Mhone Yati & Shwe Htoo

Recommended

ကိုယ့်ရဲ့ အတွင်းထဲက အသံကို ကြားနိုင်ဖို့ အခြေခံလိုအပ်ချက် အချက် (၆) ချက်

May 17, 2023

Chanel ရဲ့ Creative Director နေရာကို ဆက်ခံမယ့် Virginie Viard

February 21, 2019

အမိုက်စား Digital Experience တွေကို ခံစားနိုင်မယ့် ပဲရစ်က Nike House...

July 29, 2020

နှစ်ပေါင်း 100 ကျော် အမွေနှစ်ဟောင်း ဆိုဖဲအဆောက်အအုံ (သို့) လောကနတ်အဆောက်အအုံ

May 27, 2020

အသစ်ထပ်မံထွက်ရှိလာတဲ့ Miley Cyrus နဲ့ Converse တို့ရဲ့ Collaboration Collection

November 30, 2018

သင့်ရဲ့ အဝတ်ဗီဒိုမှ ရရှိနိုင်သော မျက်နှာဖုံးများ

June 1, 2020

Old Town Road Decor

July 2, 2020

ဝေးသွားတာ မှားလား

June 9, 2020

ESTÉE LAUDER – July Special Offer

July 12, 2019

လူတယောက်ကို စွန့်လွှတ်လိုက်ဖို့ လိုအပ်နေတဲ့အချိန်

June 23, 2023

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem