LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTY

Winterize Your Skin

written by Lush Editor January 3, 2019
Winterize Your Skin

အေးမြတဲ့ဆောင်းရာသီရဲ့ ခြောက်သွေ့တဲ့လေအေးနဲ့စူးရှတဲ့နေရောင်ခြည်က သင့်အသားအရေကို ထိခိုက် ပျက်စီးစေပါတယ်။ ဒီထဲကမှ မျက်နှာအသားအရေမွဲခြောက်တာ၊ ကွဲအက်တာနဲ့ ယားယံကြမ်းတမ်းတာ တွေကတော့ အဖြစ်အများဆုံးပါပဲ။ ဒါကြောင့် ခြောက်သွေ့ကွဲအက်မှုတွေကင်းဝေးပြီး နုပျိုတောက်ပတဲ့ အသားအရေကိုပိုင်ဆိုင်နိုင်ဖို့အတွက်ဆိုရင်တော့ ပုံမှန်ပြုလုပ်နေကျအသားအရေထိန်းသိမ်းမှုတွေထက် ပိုပြီးဂရုစိုက်ရမဲ့အချိန်ကိုရောက်ရှိလို့လာပါပြီ။ ကဲ…ဒါဆိုရင်တော့ ဒီနှစ်ဆောင်းရာသီတစ်လျှောက်လုံး အသားအရေပျက်စီးမှုတွေမဖြစ်ရအောင် ဘယ်လိုထိန်းသိမ်းစောင့်ရှောက်မှုတွေပြုလုပ်သင့်လဲဆိုတာ လေ့လာကြည့်လိုက်ရအောင်နော်…

၁။ ရေနွေးပူပူကိုရှောင်ပါ

ရေပူပူနဲ့မျက်နှာသစ်တာ၊ ရေချိုးတာတွေဟာ ဆောင်းရာသီမှာခြောက်သွေ့နေတဲ့သင့်အသားအရေကို ပိုမိုဆိုးရွားစေတာကြောင့် ဂရုစိုက်သင့်ပါတယ်။ ဒါ့အပြင် Chemical တွေ အများကြီးပါတဲ့ ဆပ်ပြာတွေ၊ cleanser အပြင်းစားတွေဟာဆိုရင်လည်း မျက်နှာအသားအရေကို ကြမ်းတမ်းစေတာကြောင့် အပျော့စား moisturizer ပါဝင်တဲ့ cleanser တွေကိုပြောင်းလဲအသုံးပြုပေးပါ။

၂။ အစိုဓါတ်ကိုပိုမိုဖြည့်ဆည်းပေးပါ

နောက်တစ်ချက်ကတော့ ပျိုမေတို့မျက်နှာသစ်ပြီးပြီးချင်း၊ ရေချိုးပြီးပြီးချင်းမှာပဲ moisturizer cream ကို မျက်နှာနဲ့ ခန္ဓာကိုယ်နေရာအနှံ့ကိုခပ်ပါးပါးလိမ်းပေးပါ။ အိပ်ယာမ၀င်ခင်မှာလည်း moisturizer ပါတဲ့ night cream တစ်မျိုးမျိုးကိုနေ့စဉ်ပုံမှန်လိမ်းပေးခြင်းဖြင့်ရေဓါတ်ဖြည့်ပေးပြီး အအေးဒဏ်ကြောင့် အသားအရေကွဲအက်တာတွေကနေ ကာကွယ်နိုင်ပါတယ်။

၃။ Sunscreen ပုံမှန်လိမ်းပေးပါ

အိုး…sunscreen ဆိုတာ နွေရာသီအတွက်ပဲအသုံးဝင်တာမဟုတ်ဘူးနော်။ ဆောင်းရာသီရဲ့နေရောင်ခြည်ဟာ  အအေးဓါတ်တွေနဲ့အတူ သင့်အသားအရေကိုပိုပြီးပျက်စီးစေနိုင်ပါသေးတယ်။ ဒါကြောင့် နေရောင်ဒဏ်ကြောင့် အသားအရေခြောက်သွေ့မှုတွေမဖြစ်ရအောင် SPF များများပါတဲ့ sunscreen ကိုနေ့စဉ်အပြင်မသွားမီ နာရီဝက် ကြိုတင်ပြီးလိမ်းပေးသင့်ပါတယ်။ နေပူထဲမှာ အချိန်ကြာမြင့်စွာနေမယ်ဆိုရင်တော့ sun spray ဘူးလေးယူသွားပြီး မကြာခနပြန်ပြီးဖြန်းဖို့လည်းမမေ့ပါနဲ့အုံးနော်။

၎။ သဘာဝအလှဆီများပြောင်းလဲအသုံးပြုပါ

အသုံးပြုနေကျ water-based lotion တွေအစား ဗီတာမင် C, E ပါဝင်တဲ့ oil-based cream တွေကိုပြောင်းလဲ အသုံးပြုပေးပါ။ သံလွင်ဆီ၊ နို့ရည်စတာတွေက အအေးဓါတ်ကိုမျက်နှာအသားအရေနဲ့ တိုက်ရိုက်မထိတွေ့စေပဲ အလွှာတစ်ထပ်အဖြစ်ကာကွယ်ပေးနိုင်တာကြောင့် အသားအရေခြောက်သွေ့ယားယံတာတွေကကာကွယ်ပေးတဲ့အပြင်အရေးအကြောင်းတွေကိုလျော့နည်းစေပါတယ်။ အဆီပြန်တတ်တဲ့ အသားအရေဆိုရင်တော့ အဆီကို တိုက်ရိုက်မလိမ်းပဲ မိတ်ကပ်(သို့) လိမ်းနေကျ cream ထဲကိုတစ်စက်နှစ်စက် ရောပြီးလိမ်းပေးနိုင်ပါတယ်။

၅။ သင့်တော်သော Exfoliate ပြုလုပ်ပါ

ခြောက်သွေ့နေတဲ့အသားအရေပေါ်မှာပြင်းပြင်းထန်ထန် scrub လုပ်မိရင် အပေါ်ယံအရေပြားပါးတာတွေ၊ အရေပြားကွာတာနဲ့လန်တာတွေဖြစ်စေတာကြောင့် အများဆုံးတစ်ပတ်ကိုတစ်ကြိမ်ခန့်သာ scrub ပြုလုပ်ပေးသင့်ပါတယ်။ အိမ်သုံးသဘာဝပစ္စည်းတွေဖြစ်တဲ့ သကြား၊ ပျားရည်တို့ဖြင့်လည်း မျက်နှာ၊ နှုတ်ခမ်းတွေကို scrub လုပ်ပေးနိုင်ပါတယ်။

၆။ ရေဓါတ်ကိုမမေ့ပါနဲ့

ဆောင်းရာသီမှာ အသားအရေအတွက်ရော၊ ကျန်းမာရေးအတွက်ပါ ရေဓါတ်ဟာအရေးအကြီးဆုံးပါပဲ။ တစ်နေ့ကို ရေ ၁၀ခွက်မှ ၁၂ခွက် ပုံမှန်သောက်သုံးပေးခြင်းဖြင့် အသားအရေကိုစိုပြေနုပျိုစေပါတယ်။ ဒါ့အပြင် လီမွန်၊ သံပုရာသီး၊ green tea အစရှိတဲ့သဘာဝအသီးအမြစ်တွေနဲ့မိမိစိတ်ကြိုက်ရောစပ်ကာ detox water အဖြစ်သောက်သုံးနိုင်ပါတယ်။

၇။ နှုတ်ခမ်းတွေကိုလည်းမေ့မထားပါနဲ့ဦး

နောက်ဆုံးအနေနဲ့ နှုတ်ခမ်းသားကွဲတာ၊ ခြောက်တာတွေမဖြစ်စေဖို့ အိပ်ရာမ၀င်ခင် moisturizer ပါတဲ့ lip balm လေးဆိုးပေးသင့်ပါတယ်။ Matte Lipstick တွေအသုံးပြုတဲ့အခါမှာလည်း အောက်ခံ lip balm လေး တစ်ထပ်ဆိုးပေးဖို့ မမေ့ပါနဲ့အုံးနော်။

ကဲ…ဒါဆိုရင်တော့ ပြည့်စုံတဲ့ဆောင်းရာသီအသားအရေထိန်းသိမ်းစောင့်ရှောက်မှုလေးတွေအကြောင်းကိုသိရှိပြီး စိုပြေ၀င်းပတဲ့အသားအရေပိုင်ဆိုင်သူများဖြစ်နိုင်ကြပါစေနော်…

words by htet htet
LUSH Beauty & SoulLUSH Magazine Myanmar
1
Facebook Twitter Google + Pinterest
Lush Editor

previous post
Socializing Tips and Tricks
next post
A SWEET EXCESS

Recommended

Meghan wedding မှာ Makeup အတွက်ဘာပစ္စည်းတွေသုံးထားလဲ..

May 25, 2018

GET READY TO BE LOVED

February 15, 2019

THE BEAUTY BAR

December 20, 2018

2024 မှာခေတ်စားလာမယ့် Beauty Trend များ

December 31, 2023

ALLURE OF FUSION

April 9, 2019

Makeup creation of four famous female stars from...

November 8, 2019

ကျန်းမာရေးအတွက် ရတနာဖက်ရှင်

September 8, 2020

Coachella Festival 2019 မှာ ပြင်ဆင်ခဲ့ကြတဲ့ Makeup Look များ

April 26, 2019

ကမ္ဘာ့မီဒီယာထက်မှာနာမည်ကြီးနေတဲ့ Lady Gaga ရဲ့ ဖက်ရှင်

January 22, 2021

Thanaka, Under-the-radar treasure

November 23, 2018

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem