Pantone Color Institute ရဲ့ ကြေညာချက်အရ 2019 ခုနှစ်ရဲ့ အရောင်ကတော့ ပန်းလိမ္မော်ရောင်၊ သန္တာရောင်လို့လည်းခေါ်တဲ့ (Living Coral) အရောင်ဖြစ်တယ်လို့ သိရပါတယ်။ Pantone Color Institute ရဲ့ ခေတ်ရေစီးကြောင်းကို ခန့်မှန်းလေ့လာတဲ့ သုတေသနပေါ်မူတည်ပြီး နှစ်တစ်နှစ်ရဲ့အရောင်ကို ဒီဇင်ဘာလတိုင်း ကြေညာပေးလေ့ရှိပါတယ်။ Living Coral ရောင်ကတော့ Fashion Show တွေရဲ့ Catwalk တွေမှာရော၊ Social Media ပေါ်မှာပါ 2018 ကုန်ခါနီးလောက်မှာ မြင်တွေ့ရတာများလာပါပြီ။
အခုဆိုရင် Gigi Hadid က Living Coral အရောင်ကို ခေါင်းအစခြေအဆုံးဝတ်ဆင်ထားတာကိုတွေ့ရပါတယ်။ Moschino coat ကို ပခုံးပေါ်ကနေ ခြုံထားပြီး ရင်ဘက်အဟိုက်အင်္ကျီကိုဝတ်ဆင်ကာ အောက်ခြေနားမှာဇာကပ်ထားတဲ့ဘောင်းဘီတို့ကိုဝတ်ဆင်ပြီး Floral Print Louboutin Heel ကိုဝတ်ဆင်ထားတာ တော်တော်ကို Style ကျပြီး ကြည့်လို့ကောင်းနေပါတယ်။
Jennifer Lopez ကလည်း Living Coral အရောင်လေးကို ဝတ်ဆင်ခဲ့ပါတယ်။ သူက Alex Perry ရဲ့ ဒူးအောက်ရောက်တဲ့ ကိုယ်ကျပ် dress လေးကိုဝတ်ဆင်ခဲ့ပြီး dress အရောင်ထပ်နည်းနည်းဖျော့တဲ့ Living Coral အရောင် ဖဲသား coat လေးကိုအပေါ်ကထပ်ထားကာ Heel လေးကို ဝတ်ဆင်ထားထားတာကလည်း တော်တော်လိုက်ဖက်ပါတယ်။
သူတို့ဝတ်ပြတာ အရမ်းကိုကြည့်လို့ကောင်းတော့ ဒီ Living Coral အရောင်လေးက 2019 ခုနှစ်မှာ လူကြိုက်များပြီး လူသုံးများတဲ့အရောင်ဖြစ်လာဦးမယ်လို့ ထင်မိပါတယ်။
#may
#LUSHmagazineMyanmar #LUSHdaily #LUSHitRight
Photo credit – Getty Images and Pantone.com