LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HAIR & NAILSHEALTH & BEAUTY

ဒီ 2024 ထဲမှာ ခေတ်စားလာမယ့် Hairstyle များ

written by Maeve February 9, 2024
ဒီ 2024 ထဲမှာ ခေတ်စားလာမယ့် Hairstyle များ

2024 က အခုဆို ဖေဖော်ဂါရီလထဲတောင်ရောက်လို့လာပြီ။ နှစ်သစ်မှာ New Year New Hair လုပ်ဖို့ရော တွေးပြီးကြပြီလား?! ပြီးခဲ့တဲ့နှစ်တုန်းကတော့ ဆံပင်အတို Bob haircut ပုံစံတွေ ခေတ်စားခဲ့ကြတာနော်။ ဒီနှစ်အတွက် ဆံပင်ပုံစံအသစ်ညှပ်မယ်ဆို ဘယ်လို ဆံပင်ပုံစံတွေခေတ်စားမလဲဆိုတာ သိထားဖို့တော့လိုလာပြီပေါ့။ သေချာတာတခုကတော့ ဆံပင်အတိုတွေက ဒီနှစ်မှာလည်း ဆက်ပြီး trend သွားဦးမှာ ဆိုတာပါပဲ။ ဒါဆို ဒီနှစ်ထဲမှာ ခေတ်စားမယ့် ဆံပင်ပုံစံတွေကို အောက်မှာဆက်ပြီး ဖတ်ကြည့်လိုက်ကြတာပေါ့။

နောက်ပြီး ဒီနှစ်ထဲမှာ ဆံပင်အရောင်ဆိုလည်း အနီဘက်ရောက်တဲ့အရောင်တွေက trend အကြီးကြီးဖြစ်လာနိုင်ပါတယ်။ ဆံပင်ပုံစံတွေကတော့ ထင်မှတ်မထားလောက်အောင် ရိုးရိုးရှင်းရှင်းနဲ့ သဘာဝဆံပင်ကိုပဲ ကျန်းကျန်းမာမာနဲ့အလှဆုံးဖြစ်အောင် လုပ်ပေးနိုင်မယ့် ဆံပင်ပုံစံတွေက ခေတ်စားသွားဖို့ရှိပါတယ်။ trend တွေရဲ့သဘောအတိုင်းပဲ ဒီနှစ်ခေတ်စားမယ့် ဆံပင်ပုံစံတွေကလည်း အရင်ရှိပြီးသားပုံစံတွေကိုမှ update ဖြစ်ပြီး ပြောင်းလဲလာတဲ့ပုံစံတွေ ပါလာဦးမှာပါ။

Celebrities တွေရော ဘယ်လိုဆံပင်ပုံစံတွေညှပ်နေလဲ။ Runway တွေမှာရော ဘယ်လိုဆံပင်ပုံစံတွေက ခေတ်စားနေလဲ။ TikTokers တွေကရော ဘယ်လို trend မျိုးကို ထွင်နေကြလဲဆိုတာတွေကိုကြည့်ပြီး ဒီနှစ်မှာ ခေတ်စားသွားမယ့် ဆံပင်ပုံစံတွေကို လေ့လာလိုက်ကြရအောင်။

1. Elevated Updos

 

Old Money Aesthetic ခေတ်စားလာတော့ Updo လှလှလေးတွေရဲ့ trend ကလည်း တဖြည်းဖြည်း ကပ်ပါလာတာပေါ့။ Updo တွေက ပျောက်သွားတာ ၁၀ စုနှစ်ကျော်လောက်တောင်ရှိပြီမို့လို့ Updo လေးတွေ ဒီအချိန်မှာ ပြန်ခေတ်စားလာတာက မတူတဲ့ trend တွေကို လုပ်ကြည့်ချင်တဲ့သူတိုင်းအတွက် ပျော်စရာကောင်းနေတာတော့အမှန်ပါပဲ။ Updo လေးတွေကို ကပိုကယိုလေးနဲ့ သဘာဝကျကျပုံစံလေးပြင်ဆင်ပြီး ကျော့ကျော့ရှင်းရှင်းနဲ့ ခေတ်ဆန်တဲ့အသွင်လေးတွေက ဒီနှစ်ထဲမှာ မြင်တွေ့လာရတော့မှာပါ။

2. Embrace your Natural Hair

ကိုယ့်ရဲ့ရှိရင်းစွဲဆံပင်ပုံစံ၊ ဆံသားကို အရှိကိုအရှိတိုင်းလက်ခံပြီး အားစိုက်ထုတ်စရာမလိုပဲ လှနေအောင်နေတာမျိုးက ဒီနှစ်ထဲမှာခေတ်စားသွားမှာပါ။ ဥပမာကြည့်မယ်ဆို ဒီဇိုင်နာ Prabal Gurung နဲ့ Staud တို့က သူတို့ရဲ့ SS24 runway တွေမှာ မော်ဒယ်တွေရဲ့ရှိရင်းစွဲ ဆံပင်ပုံစံတွေအတိုင်းပဲ ပြင်ဆင်ခဲ့တာကို တွေ့နိုင်ပါတယ်။

3. Barqoue Bob

Bob haircut တွေအမျိုးမျိုးကို မြင်တွေ့ခဲ့ကြဖူးတာမို့ ကုန်လောက်ပြီလို့တော့မထင်စေချင်ဘူး။ အခုထက်ပြီးသိလာရတာက Barqoue Bob ဆိုတဲ့ Bob haircut အသစ်က ဒီနှစ် ၂၀၂၄ မှာ ကြီးကြီးမားမားကို ခေတ်စားလာနိုင်ချေရှိနေပါတယ်။ ဆံသားနဂိုကောက်တဲ့သူတွေ ဒါမှမဟုတ် Longer bob ကိုမှ ရှည်လာတဲ့ပုံစံမျိုးနဲ့ဆို Barqoue Bob ထားဖို့ အလိုက်ဖက်ဆုံးပါပဲ။ ဒီဆံပင်ပုံစံကို Versace ရဲ့ runway တွေမှာ မြင်နိုင်သလို အခု ၂၀၂၄ မှာတော့ ပိုပြီးခေတ်မီတဲ့ twist လေးနဲ့ပေါ့။ ဥပမာ Zendaya ဆိုရင် သူ့ရဲ့ ဆံပင်ကောက်ကောက်ထူထူလေးကို Barqoue Barqoue Bob ပုံစံလေးညှပ်ထားတာတွေ့ရမှာပါ။

4. Super Short Bob

Chin-length bob လို့ခေါ်တဲ့ မေးစေ့လောက်ထိပဲရှည်တဲ့ bob မျိုးက ကြည့်လိုက်တာနဲ့ စတိုင်လ်ကျပြီး အထာမိမိုက်တာကတော့အမှန်ပါပဲ။ ဒီ Chin-length bob က အချိန်တွေဘယ်လိုပြောင်းပြောင်း အမြဲစတိုင်လ်ကျပြီး ခေတ်ဆန်တာက သူ့ရဲ့အားသာချက်မို့လို့ ညှပ်ရဲတဲ့သတ္တိပဲရှိဖို့လိုတာပါ။

5. Volume

Trend ဖြစ်လာတဲ့ aesthetic တွေထဲက တခုဖြစ်တဲ့ Mob wife aesthetic က ဒီနှစ်ပိုင်းမှာ အရမ်းခေတ်စားလာတာဆိုတော့ ဒီ aesthetic နဲ့လိုက်ဖက်တဲ့ ခပ်ပွပွ၊ ခပ်ထူထူ ဆံပင်ပုံစံတွေကလည်း ဒီ ၂၀၂၄ ထဲမှာ အရမ်းကို trend ဖြစ်လာနိုင်ပါတယ်။ ၂၀၂၃ မှာ slicked-back buns လို သပ်သပ်ရပ်ရပ်ဖြစ်တဲ့ဆံပင်ပုံစံတွေခေတ်စားခဲ့ပေမဲ့ ဒီ ၂၀၂၄ မှာတော့ ဆံပင်ကို တမင်မထူထူ ထူအောင် blowout လုပ်တာမျိုးနဲ့ ခပ်ပွပွ updo တွေက အရမ်းလူကြိုက်များလာနိုင်ချေရှိတယ်လို့ LA အခြေစိုက် celebrity hairstylist တယောက်ဖြစ်တဲ့ Laura Polko က ပြောပါတယ်။ Layer တွေအများကြီးနဲ့ညှပ်ထားတဲ့ဆံပင်ပုံစံတွေ၊ နဂိုကောက်တဲ့ဆံပင်တွေကို embrace လုပ်ထားတဲ့ hairstyle မျိုးတွေ၊ တမင်ဖွထားတဲ့ bouncy blowout တွေပေါ့။

6. XL Lengths

ဆံပင်အတိုတွေ ဆက်ခေတ်စားမယ့်ဒီနှစ်ထဲမှာ ဆံပင်အရှည်တွေကလည်း comeback အနေနဲ့ပြန်လာတော့မှာပါ။ တယောက်နဲ့တယောက်မတူတဲ့ဆံသားတွေနဲ့ ဆံပင်ပုံစံတွေကို embrace လုပ်ကြမယ့် ဒီနှစ်ထဲမှာ ကိုယ့်ရဲ့ရှိရင်းစွဲဆံသားအတိုင်း ရှည်တဲ့ ဆံပင်အရှည်တွေကလည်း ခေတ်စားလာတော့မှာမို့လို့ ဆံသား treatment အတွက်လိုအပ်မယ့် product တွေ ဝယ်စုဖို့ပဲ ပြင်ဆင်ထားကြတော့နော်။

7. The Kitty Cut

၂၀၂၃ က Butterfly cut ခေတ်စားတဲ့နှစ်လို့ဆိုရင် ၂၀၂၄ က Kitty cut ခေတ်စားမယ့်နှစ်လို့ ဆိုရပါမယ်။ Collarbone ထိရှည်ပြီး မျက်နှာကျကိုပေါ်စေတဲ့ face-framing layer တွေကို blown-cut နဲ့ညှပ်ရမယ့် Kitty Cut က မိန်းကလေးဆန်တဲ့အသွင်အပြင်ကိုရစေပြီး ဒီနှစ်ထဲ မိန်းကလေးတွေကြားထဲ အရမ်းကို ခေတ်စားလာတော့မှာပါ။

8. Side-swept fringe

ဘေးခွဲတဲ့ fringe တွေပြန်လာပါပြီ။ Side-swept fringe ကို Millennial တွေရဲ့ icon ဖြစ်တဲ့ Taylor Swift ဆီမှာ လောလောလတ်လတ်တွေ့နိုင်သလို မော်ဒယ်တွေ၊ တခြား celebrity တွေဆီမှာလည်း Side-swept fringe ကို တွေ့နေရပါပြီ။ လက်ရှိမှာ face-framing layer ဒါမှမဟုတ် fringe ရှိပြီးသားလူတွေဆို ဆံပင်ကို ဘေးဘက်ကိုခွဲပြီး ဒီဆံပင်ပုံစံကို လွယ်လွယ်ကူကူပဲ လိုက်လုပ်လို့ရပါတယ်။

9. Blunt cuts

ပုခုံးအောက်ရောက်တဲ့ဆံပင်အရှည်ကို ခပ်တိတိညှပ်ထားတဲ့ Blunt cut ဆံပင်ပုံစံမျိုးက Megan Fox အပါအဝင် တချို့ celeb တွေဆီမှာ တွေ့လာရပါတယ်။ ဒီလို အဖျားကိုတိတိကျကျညှပ်ထားတာမျိုးကို ၂၀၂၄ မှာ တော်တော်ကိုတွေ့လာနိုင်တယ်လို့ Hairstylist တွေက ခန့်မှန်းနေကြပါတယ်။ အဖျားနား ပါးပြီးချွန်တဲ့ beachy hair မျိုးကို တွေ့ခဲ့ဖူးကြပြီဆိုတော့ ဒီ ၂၀၂၄ မှာတော့ မြင်လိုက်တာနဲ့ ဆံပင်သားကောင်းမှန်း တန်းသိရတဲ့ Blunt cut တွေရဲ့ခေတ်က ပြန်လာတော့မှာပါ။

အခုကြည့်ရသလောက်ဆို ခေတ်စားလာမယ့် ဆံပင်ပုံစံတွေက ရှိရင်းစွဲဆံသားကို embrace လုပ်မယ့်ပုံစံတွေအများကြီးပါတာကို သတိထားမိကြမှာပါ။ စာဖတ်သူတို့ရော အခုပြောပြသွားတဲ့ ဆံပင်ပုံစံတွေထဲမှာ ဘယ်ပုံစံတွေကို try ဖို့အတွက် စဉ်းစားနေကြပြီလဲ?

အားလုံးပဲ နှစ်သစ်မှာ ဆံပင်ပုံစံအသစ်နဲ့ လှပနိုင်ကြပါစေ။

Hair and BeautyHair TrendsHairstyleHairstyle TrendLUSH beauty
1
Facebook Twitter Google + Pinterest
Maeve

previous post
Paing Takhon met David Beckham at a private Tudor event
next post
Emma Stone ရဲ့ အကောင်းဆုံး Red Carpet Fashion များ

Recommended

ယ​နေ့​ခေတ်နဲ့ စစ်မှန်တဲ့အလှအပရဲ့ စံနှုန်း

October 16, 2020

Eye shadows & Lip Colors Obsessed with for...

April 18, 2019

ဒီနွေရာသီအပြင် မိုးရာသီနဲ့ပါ လိုက်ဖက်မယ့် လက်သည်းနီအရောင်များ

May 19, 2020

ဆောင်းရာသီမှာ အသားရေဘယ်လိုထိန်းသိမ်းကြမလဲ။

November 21, 2018

LUSH Beauty Program – Less is more EP4...

March 20, 2019

လက်တလောမှာ ရေပန်းစားလာတဲ့အလှကုန်ပစ္စည်းအသစ် Bio-Oil® Dry Skin Gel

December 24, 2019

ငယ်ငယ်က ကိုယ်ကျပ်အင်္ကျီတွေ ဝတ်ခဲ့တာဟာ “ယုံကြည်မှုအားနည်းခဲ့တဲ့ လက္ခဏာ” လို့ ပြောခဲ့တဲ့ Victoria...

June 19, 2020

Winterize Your Skin

January 3, 2019

Get Fit With Flying YOGA

November 15, 2018

YSL နဲ့ Brand Ambassador Dua Lipa တို့ပူးပေါင်းပြီး ပထမဆုံးထွက်လာတဲ့...

August 21, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem