LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LIVINGTRAVEL

ပဟေဠိဆန်တဲ့ ယုံကြည်ကိုးကွယ်မှုတွေနှင့် ဂျော့ဂျာကာတာမြို့

written by Lush Editor December 15, 2023
ပဟေဠိဆန်တဲ့ ယုံကြည်ကိုးကွယ်မှုတွေနှင့် ဂျော့ဂျာကာတာမြို့

ကျွန်တော်တို့ မြန်မာနိုင်ငံက လူတွေအကြား အင်ဒိုနီးရှားနိုင်ငံကို အလည်အပတ် သွားရောက်မယ် ဆိုရင် ဘာလီကျွန်းကိုသာ လူသိများပေမယ့် တကယ်တော့ အင်ဒိုနီးရှားဆိုတာ ဘာလီကျွန်း ဆိုတာထက် အများကြီး ပိုပါတယ်။ ကျွန်းစုနိုင်ငံကြီး တစ်ခု ဖြစ်တာနှင့် အညီ ကျွန်း အစုအဝေးအလိုက် လေ့လာစရာတွေ၊ စွန့်လွှတ်ရတဲ့ ခရီးကြမ်းတွေ အပြင် ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု အစရှိသည့် နိုင်ငံတစ်နိုင်ငံရဲ့ ပြယုဂ် ကို ဖော်ကျူးပြနိုင်သော ရှေးဟောင်းအမွေအနှစ်တွေလည်း ပေါများသော နိုင်ငံတစ်ခု ဖြစ်ပါတယ်။
ကျွန်တော်အနေနှင့်ကတော့ ဒီတစ်ခါဆို အင်ဒိုနီးရှား နိုင်ငံကို သွားရောက်တာ သုံးကြိမ်မြောက် ဖြစ်နေပြီ ဖြစ်တာနှင့်အညီ တူကွဲပြားတဲ့ အရာတော်တော်များများကို ခံစားချင်စိတ် နှင့် ယခင် အင်ဒိုနီးရှား ခရီးစဉ်တွေနှင့် မတူ အင်ဒိုနီးရှားနိုင်ငံရဲ့ တစ်မူထူးခြားသော ယဉ်ကျေးမှု အမွေအနှစ်တွေ ရှိရာ၊ ဟိုးရှေးယခင်က မတူကွဲပြားတဲ့ ယဉ်ကျေးမှုတို့ ထွန်းကားခဲ့ရာ၊ ပဟေဠိဆန်တဲ့ ဘာသာရေးဆိုင်ရာ အထင်ကရပြယုဂ် တွေရှိရာ ဂျာဗာကျွန်းအလယ်ပိုင်းက ဂျော့ဂျာကာတာမြို့ (YOGYAKARTA) ဆိုတဲ့ မြို့ကို ရွေးချယ်ဖြစ်ခဲ့ပါတယ်။ ဒါဆို ကျွန်တော်နှင့် ဂျော့ဂျာကာတာမြို့ကို သွားလည်ရအောင်။

?? YOGYAKARTA မြို့ဆိုသည်မှာ

ကျွန်တော်တို့ အခုသွားလည်မယ့် Yogyakarta (ဂျော့ဂျာကာတာမြို့) ကတော့ ဂျာဗာကျွန်း အလယ်ပိုင်း မှာ တည်ရှိပြီး Jogja (ဂျော့ဂျာ) လို့ တော်တော်များများက အတိုကောက်ခေါက်ကြတဲ့ မြို့လေးဘဲ ဖြစ်ပါတယ်။ ဂျော့ဂျာမြို့လေးဟာ အခုအချိန်ထိ Sultan King (ပသီဘုရင်) အဆက်ဆက် အုပ်စိုးလျက်ရှိတဲ့ မြို့လေး ဖြစ်တာမို့ The Special Region Of Indonesia လို့လည်း သတ်မှတ်ထားကြပါတယ်။
ဂျော့ဂျာ မြို့လေးဟာ ဂျာဗာကျွန်းရဲ့ အသည်းနှလုံး အနှစ်သာရ ဖြစ်သလို ဂျာဗာလူမျိုးတို့ရဲ့ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ ရိုးရာ ဓလေ့တို့ ကိန်းဝပ်ရာ နေရာလည်း ဖြစ်ပါတယ်။ ဂျော့ဂျာမြို့လေးရဲ့ သမိုင်းကြောင်းဟာ ဟိန္ဒူ နှင့် ဗုဒ္ဓဘာသာ ရောယှက်နေပေမယ့် အခုအချိန်မှာတော့ အစ္စလာမ် ဘာသာ ကိုးကွယ်သူ အများစု ရှိရာ မြို့တစ်မြို့ အဖြစ် တည်ရှိနေပါတယ်။
မြို့နေ လူဦးရေရဲ့ 83% ကျော်က အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ မူဆလင်တွေ ဖြစ်ပေမယ့် ကမ္ဘာ့အကြီးဆုံးသော ဗုဒ္ဓဘုရားကျောင်းကြီးနှင့် ကမ္ဘာ့အလှပဆုံးသော ဟိန္ဒူဘုရားကျောင်းကြီးတို့ တည်ရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံက ပဟေဠိဆန်တဲ့ မြို့လေးတစ်မြို့လည်း ဖြစ်ပါတယ်။
ဂျော့ဂျာမြို့က ကျွန်တော့် သူငယ်ချင်း ပြောပြတာကတော့ သူတို့က မြို့ရဲ့ တည်နေရာကို Mt. Merapi ဆိုတဲ့ မီးတောင်ရှိရာဘက်နှင့် ကမ်းခြေရှိရာဘက် ဆိုပြီး ခွဲပါတယ်တဲ့။ အရှေ့အနောက် တောင်မြောက် ဆိုပြီး ခွဲမနေဘူးလို့ ပြောတယ်။

?? ဘယ်လိုသွားကြမလဲ

ကျွန်တော်တို့ မြန်မာပြည်ကနေ Yogyakarta ကို သွားမယ် ဆိုရင် တိုက်ရိုက်ပျံသန်း ပြေးဆွဲနေတဲ့ လေကြောင်းလိုင်း မရှိတာမို့ မလေးရှားနိုင်ငံ၊ ကွမ်လာလမ်ပူမြို့ (ဒါမှမဟုတ်) စင်္ကာပူနိုင်ငံကို Transit ခံပြီး စီးတာ အကောင်းဆုံးပါ။ ကွမ်လာလမ်ပူကို Transit ခံမယ် ဆိုရင်တော့ Airasia က အဆင်အပြေဆုံး ဖြစ်မှာပါ။ အပြန်ကတော့ Airasia နှင့် ဆိုရင် ကွမ်လာလမ်ပူလေဆိပ်မှာ ညအိပ်ရလိမ့်မယ်။ ဒါပေမယ့် မလေးရှားကလည်း ကွမ်လာလမ်ပူလေဆိပ်ကို Airasia နှင့် Transit ခံပြီး စီးရင် Transit Pass Visa ဆိုပြီး ငါးရက်တာ Free ပေးထားတော့ အချိန် တော်တော်ရတယ် ဆို ကွမ်လာလမ်ပူမြို့ထဲတောင် ဝင်လည်လို့ ရပါသေးတယ်။ လေယာဉ်လက်မှတ်ကတော့ ထုံးစံအတိုင်း ကြိုဝယ်တာက အသက်သာဆုံး ဖြစ်မှာပါ။ ကျွန်တော်ကတော့ တစ်ပတ်လောက် အလိုမှ ဝယ်တာ ဆိုတော့ USD 300 ပတ်ဝန်းကျင်လောက် ကျသွားတယ်။
တကယ်လို့ Yogyakarta မြို့ ရှိရာ ဂျာဗာကျွန်း အလယ်ပိုင်းတင် မကဘဲ Surabaya မြို့ ရှိရာ အရှေ့ဂျာဗာကျွန်းဘက်ကိုပါ သွားမယ် ဆိုရင်တော့ အဲ နှစ်မြို့ကို ရထားနှင့် ကူးတာ အကောင်းဆုံးပါ။ ရထားက ခြောက်နာရီလောက်ဘဲ စီးရသလို USD20 ဝန်းကျင်ဘဲ ရှိတာမို့ တော်တော်လေးကို အဆင်ပြေပါတယ်။

ဒါနှင့် ပြောရအုန်းမယ်။ အင်ဒိုနီးရှား ဆိုတော့ ရက်( ၃၀) ဗီဇာ ကင်းလွတ်ခွင့်ရပါတယ်နော်။ ဗီဇာအတွက်တော့ စိတ်မပူနှင့်တော့။ ပြီးတော့ အင်ဒိုနီးရှားရဲ့ ငွေကြေးဟာ မြန်မာ ငွေကြေးထက်၁၀ ဆ ကျော်လောက် များတာမို့ စျေးဝယ်ရင် အနီးစပ်ဆုံး တွက်ချက်နည်းကတော့ သုည တစ်လုံး ဖြုတ်ကြည့်တာပါဘဲ … အင်ဒိုနီးရှား ရူးပီးယား ၁၀၀၀၀၀ ဆို မြန်မာကျပ် ၁၀၀၀၀ နီးပါးပေါ့။ အတိအကျတော့ မဟုတ်ပေမယ့် ဒီလိုတွက်ချက်တာကတော့ အနီးစပ်ဆုံးနည်းပါ။

?? ဘယ်မှာ တည်းခိုကြမလဲ

ကျွန်တော်ကတော့ Yogyakarta မှာ တည်းခိုမယ် ဆိုရင် Kraton နန်းတော်နား တစ်ဝိုက် (ဒါမှ မဟုတ်) Malioboro Street နား တစ်ဝိုက်မှာ တည်းခိုစေချင်ပါတယ်။ ကျွန်တော်တို့ကတော့ နန်းတော်နားမှာ ရှိတဲ့ The Cubic Hostel မှာ နေခဲ့တာပါ။ ကျွန်တော်တို့ အတွက် ကားငှါးတာတွေရော၊ ဂူတွေထဲ သွားကြည့်ဖို့ Day Tour Package တွေပါ ကူညီပေးခဲ့သလို ညဗိုက်ဆာရင် စားဖို့ ခေါက်ဆွဲခြောက်ထုတ်တွေ၊ မုန့်တွေ ထားပေးထားတာကိုလည်း သဘောကျမိပါတယ်။

?? ဘယ်တွေ လည်ပတ်ကြမလဲ

Yogyakarta မြို့လေးဟာ ရှေးယခင်က အင်ဒိုနီးယားနိုင်ငံရဲ့ မြို့တော် ဖြစ်ခဲ့တာမို့ သမိုင်းဆိုင်ရာ နှင့် ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုး ကြီးမားတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ အဓိက သွားရောက်လေ့လာစရာ နေရာတွေကတော့ သမိုင်းတန်ဖိုး ကြီးမားလှသလို စွန့်စားရတဲ့ ကြိုက်နှစ်သက်သူများအတွက်လည်း ဘဝင်ခွေ့စရာ မြို့လေးတစ်မြို့ ဖြစ်ပါတယ်။
မြို့ထဲ သွားတာ လာတာကတော့ Grab သုံးရတာ အဆင်ပြေပါတယ်။ ရှေးဟောင်းဘုရားတွေကတော့ မြို့အပြင်ဘက်မှာများတာမို့ မိမိတည်းတဲ့ ဟိုတယ်၊ Hostel တွေမှာ tour package တွေ စုံစမ်းလို့ ရပါတယ်။ ကဲ … ဒါဆို Yogyakarta မြို့မှာ ဘယ်နေရာတွေ သွားလည်ကြလဲ ကြည့်လိုက်ရအောင်။

? ကမ္ဘာ့အကြီးဆုံးဗုဒ္ဓဘုရားကျောင်း ဖြစ်တဲ့ BORUBODUR

အမြင့်ပေ ၁၁၃ ပေ ရှိသော ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာ ဘုရားကျောင်းကြီးအဖြစ် မှတ်တမ်းတင်ထားတဲ့ BORUBODUR TEMPLE (ဗောရောဗုဒ္ဓေါ ဘုရားကျောင်း) ဟာ တစ်ချိန်တစ်ခါက ဂျာဗာကျွန်းမှာ ဗုဒ္ဓဘာသာ ထွန်းကားခဲ့တဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။ သက္ကရာဇ် ၉ ရာစုခေတ်မှာ တည်ဆောက်ခဲ့တဲ့ ထိုဘုရားကျောင်းဟာ Sailendra မင်းဆက်ရဲ့ ကုသိုလ်တော်တွေထဲက တစ်ခု ဖြစ်တယ် လို့ ဆိုပါတယ်။
၁၉၉၁ ခုနှစ်ကနေ စပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံထားရတဲ့ ဗောရောဗုဒ္ဓေါ ဘုရားကျောင်း ကို သွားလည်မယ် ဆိုရင်တော့ မနက်ပိုင်း နေထွက်ချိန် ကို သွားလည်ကြဖို့ဘဲ အကြံပေးချင်ပါတယ်။ Borobudur ဘုရားပေါ်က ကြည့်ရတဲ့ နေထွက်ချိန် ဟာ ကမ္ဘာ့လှည့် ခရီးသွားများအကြား ရေပန်းစားသော အရာတစ်ခု ဖြစ်ပါတယ်။
ဗောရောဗုဒ္ဓေါ ဘုရားကျောင်းဟာ ဂျော့ဂျာကာတာမြို့ကနေ တစ်နာရီခွဲခန့် သွားရတာမို့ နေထွက်ချိန်ကို ချိန်ပြီး သွားမယ်ဆ်ို မနက် ၃ နာရီခွဲလောက်ကတည်းက ဟိုတယ်က ထွက်ရပါတယ်။ ဒါကြောင့် တက်စီ ကြိုငှါးထားရင် ငှါး၊ မငှါးထားရင် Local Tour Operator တွေရဲ့ Tour Package တွေကို Join တာ အကောင်းဆုံးပါ။ ဗောရောဗုဒ္ဓေါ ဘုရားကျောင်းကို နေထွက်ချိန် ကြည့်မယ်ဆိုရင် Entrance Ticket Fee က USD 30 ကျသင့်မှာ ဖြစ်ပြီး Breakfast Buffet တွဲရက်ပါပြီးသားပါ။ ကျန်တဲ့အချိန်မှာ သွားရောက်မယ် ဆိုရင်တော့ USD 25 ကျသင့်မှာပါ။ Prambanan Temple ကိုလည်း တစ်ရက်ထဲ သွားရောက်လေ့လာမယ်ဆိုရင် စျေးသက်သာတဲ့ Combo Package ကို USD 40 နှင့် ဝယ်ယူနိုင်ပါတယ်။

Indonesia's Mt. Merapi volcano spewing lava

? ဂျော့ဂျာမြို့နားက မီးတောင်ရှင် Mt. MERAPI

Local Tour တော်တော်များများက ဗောရောဗုဒ္ဓေါ ဘုရား နှင့် Mt. Merapi Lava Tour ကို တွဲရောင်းကြတာ များတာမို့ ဘုရားမှာ နေထွက်ချိန်ကြည့်ပြီး အပြန်ကျရင်တော့ Mt. Merapi ကို လိုက်ပို့ကြတာ များပါတယ်။ ကျွန်တော်ကတော့ အရှေ့ဂျာဗာကျွန်းမှာ မီးတောင် အရှင်တွေ တက်ခဲ့ရာက ပြန်လာကာစဆိုတော့ ဒီ မီးတောင် အစား တစ်ခြား Activity တစ်ခုကို ရွေးချယ်ဖြစ်ခဲ့ပါတယ်။

Mt. Merapi အကြောင်း ပြောရမယ် ဆိုရင် – Stratovolcano အမျိုးအစားထဲ ပါဝင်တဲ့ မီးတောင်ရှင် တစ်ခုဖြစ်ပြီး အင်ဒိုနီးရှားမှာ ရှိတဲ့ မီးတောင်များထဲမှာတော့ Active အဖြစ်ဆုံး မီးတောင်ပါတဲ့။ နောက်ဆုံး တစ်ကြိမ် ပေါက်ကွဲခဲ့တာကတော့ ၂၀၁၈ ခုနှစ် မေလ ကပါ။ အခုအချိန်မှာတော့ မီးတောင်နား တစ်ဝိုက်နှင့် မီးတောင်ပေါက်ကွဲတုန်းက ချော်ရည်တွေနှင့် ဖုံးလွှမ်းခဲ့တဲ့ အရာတွေကို ဂျစ်ကားလေးနှင့် လေ့လာရေး ခရီးအဖြစ် သွားရောက်လည်ပတ်နိုင်ပါတယ်။

ဒါနှင့် Yogyakarta မြို့က ကိုယ့်သူငယ်ချင်း ပြောတာကတော့ ဒီ မီးတောင်နှင့် အဆက်အစပ် ရှိတဲ့ ရှေ့ဖြစ်ဟောတဲ့ လူ ဆိုတာ သူတို့ မြို့မှာ ရှိပါတယ်တဲ့။ မျိုးရိုးစဉ်ဆက် မီးတောင်နှင့် ပဌာန်းဆက် ရှိတဲ့ မိသားစုက ဖြစ်ပြီး မီးတောင်နှင့် ပတ်သက်သမျှ ကို ရှေ့ဖြစ် ကြိုဟောတတ်တာမို့ ပသီဘုရင်တွေရဲ့ ကိုးကွယ်ယုံကြည်မှုကို အပြည့်အဝ ရထားသူတွေပါတဲ့။

? ကမ္ဘာ့အမွေအနှစ်စာရင်းဝင် – PRAMBANAN TEMPLE

မီးတောင် သွားရောက်ကြည့်ပြီး သွားရင် ဆိုရင်တော့ ညနေခင်း နေဝင်ချိန် ကြည့်ဖို့ အသင့်တော်ဆုံး နေရာကတော့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်သလို ကမ္ဘာ့အလှဆုံး ဟိန္ဒူဘုရားကျောင်း အဖြစ် တင်စားခံထားရတဲ့ Prambanan Temple ပါ။ ဟိန္ဒူနတ်ဘုရားကြီး လေးပါးကို ကိုးကွယ်ယုံကြည်တဲ့ အနေနှင့် ၉ ရာစုနှစ်ကတည်းက တည်ဆောက်ခဲ့တာဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးဆုံး ဟိန္ဒူဘုရားကျောင်း၊ ကမ္ဘာပေါ်မှာတော့ ဒုတိယ အကြီးဆုံး ဟိန္ဒူဘုရားကျောင်း ဖြစ်ပါတယ်။ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် အဖြစ်တော့ ၁၉၉၁ ခုနှစ်ကနေ စပြီး သတ်မှတ်ခံခဲ့ရပါတယ်။

ဒီ ဟိန္ဒူဘုရားကျောင်းကြီးဟာ ငလျင်ဒဏ်တွေ ခံခဲ့ရသလို မထင်မရှား ဖြစ်နေခဲ့တဲ့ ရာစုနှစ်တွေလည်း ရှိခဲ့ပါတယ်။ အခုဆိုရင်တော့ ကမ္ဘာ့အလှဆုံး ဟိန္ဒူ ဘုရားကျောင်းအဖြစ် တည်ရှိနေခဲ့တဲ့ ဒီ ဘုရားကျောင်းဟာ ညနေပိုင်း နေဝင်ချိန်ကြည့်တာ အသင့်တော်ဆုံး ဖြစ်တာမို့ ညနေ သုံးနာရီ မတိုင်ခင်လောက်သွား … ဘုရား ပရာဝုဏ်အတွင်း လေ့လာ … နေဝင်ချိန်ကြည့် … ပြီးတာနှင့် ညပိုင်း ဘုရားကြီး နောက်ခံနှင့် ကပြတဲ့ ရာမယဏ ပြဇာတ်ကြည့် … အဲလောက်တော့ အချိန်ပေးသင့်တဲ့ ဟိန္ဒူဘုရားကျောင်းကြီး တစ်ခုပဲ ဖြစ်ပါတယ်။
ဝင်ကြေးအနေနှင့်ကတော့ USD 25 လောက် ကျသင့်ပါတယ်။

? Prambanan Temple မှာ ဖျော်ဖြေတဲ့ ရာမယဏ ပြဇာတ်

ရာဗယဏ ပြဇာတ်ဆိုတာ ဟိန္ဒူယဉ်ကျေးမှု ထွန်းကားပြန့်ပွါးခဲ့တဲ့ နိုင်ငံတွေ အတွက် အရေးပါသလို ကိုယ်တွေ နိုင်ငံအတွက်လည်း မထူးဆန်းပေမယ့် ဒီမှာကျ Pranbanan ဟိန္ဒူဘုရားကျောင်းကြီးရဲ့ ညဘက် မြင်ကွင်း နောက်ခံနှင့် Trimurti Open-Air Stage မှာ ကပြဖျော်ဖြေတာကတော့ ကြည့်ကို ကြည့်သင့်တဲ့ ရှိူးတစ်ခုပါ။ ပြဇာတ်အတွက် လက်မှတ်နှုန်းထားတွေကတော့ အစားစား ရှိပေမယ့် VIP လက်မှတ်ကတော့ IDR 400000 ( မြန်မာငွေ – ၄သောင်းခန့်) ရှိပါတယ်။

? Jomblang Cave

Jomblang Cave ကတော့ တကယ့်ကို ခက်ခက်ခဲခဲ သွားခဲ့ရတဲ့ နေရာတစ်ခုပါ။ Jomblang Cave ကို ရောက်ဖို့ Yogyakarta မြို့ကနေ တော်တော်သွားရသလို ဂူထဲကိုလည်း တစ်နေ့လျှင် အယောက် နှစ်ဆယ်ခန့်သာ ပေးဆင်းပြီး ကြိုတင် ဘိုကင် လည်း တင်လို့ မရတာမို့ စောစောရောက်နေဖို့ လိုအပ်ပါတယ်။

ဂူထဲ ကျနေတဲ့ အလင်းတန်း ကြီးကို The Heaven Of Light လို့ တင်စားကြသလို ဒီဂူထဲကို ဆင်းဖို့ လုပ်ထားတဲ့ Zip Line လိုမျိုး ကြိုးကလည်း အနီးအနားက ရွာသား တွေရဲ့ အားဖြင့် ဆွဲတင် ဆွဲချ လုပ်တာကို တွေ့ခဲ့ရပါတယ်။ တကယ်လို့ အချိန်ရရင်တော့ အဲဒီနားမှာဘဲ Pimdul Cave Tour with River Tubing ဆိုတာပါ သွားလို့ရပါတယ်။

? KRATON PALACE & TAMAN SARI

Yogyakarta မြို့ဟာ အခုအချိန်အထိ Sultan Royal Family (ပသီဘုရင်) တွေက အုပ်ချုပ်မင်းလုပ်နေတဲ့ မြို့တစ်မြို့ ဖြစ်တာမို့ အင်ဒိုနီးရှားနိုင်ငံရဲ့ အထူးဒေသ တစ်ခု အဖြစ် သတ်မှတ်ထားခြင်း ခံရသလို Royal Family တွေ က ဒီ Kraton Palace မှာ နေထိုင်ကြပါတယ်။ နန်းတော်ကြီးဟာ ဂျာဗာကျွန်းရဲ့ အနုပညာ ပြယုဂ် တစ်ခု ဖြစ်ပြီး အဲဒီ နားလေးမှာဘဲ Taman Sari လို့ခေါ်တဲ့ ဟိုးရှေးတုန်းက ပသီဘုရင်တွေရဲ့ တော်ဝင်ဥယျာဉ်နှင့် ရေကစားရာနေရာတွေလည်း တည်ရှိပါတယ်။

နန်းတော်ကြီးဟာ ၁၇၅၅ ခုနှစ်ကနေ ၁၇၅၆ ခုနှစ် အတွင်း ဂျာဗာဗိသုကာ ပညာနှင့် ပေါ်တီဂူ ဗိသုကာ ပညာတို့ ပေါင်းစပ် တည်ဆောက်ထားပြီး မြေအောက်လိုဏ်ဂူတွေ၊ ကျွန်းအတုတွေပါ ထည့်သွင်းတည်ဆောက်ထားတာမို့ ထူးခြားတဲ့ လက်ရာ တစ်ခုလို့ ဆိုရမှာပါ။ အဲဒါအပြင် ထူးဆန်းတာ တစ်ခုကတော့ ပသီတော်ဝင် မိသားစု နေထိုင်ရာ နန်းတော် မြို့ရိုးအထဲမှာလည်း သာမာန် ပြည်သူတွေရဲ့ လူနေ အိမ်ခြေတွေ ရှိပြီး ဘုရင်ကြီးက ဒီလူတွေကို မြေနေရာ ငှါးရမ်းထားတာပါတဲ့။

Malioboro Street | Jogja Indo Tours

? MALIOBORO STREET

Malioboro ဆိုတာကတော့ Yogyakarta မြို့ရဲ့ အစည်ကားဆုံး လမ်းတစ်ခုပေါ့။ ဒီလမ်းကြီးထဲမှာ ဒေသအစားအစာတွေနှင့် အတူ Shopping သမားတွေ အတွက် ဆိုရင် Shopping District လို့တောင် ပြောလို့ရပါတယ်။ ဒတ်ချ်လူမျိုးတွေရဲ့ လက်အောက် ကျရောက်တဲ့အချိန်တုန်းကလည်း ဒတ်ချ်လူမျိုးတွေ ကျင်လည်ကျက်စားတာ စည်ကားတဲ့ ရပ်ကွက်တစ်ခုဖြစ်ခဲ့ပြီး အဲဒီ အချိန်လောက်ကစကာ ပိုမိုစည်ကားလာတာလို့လည်း ပြောပါတယ်။

Kopi Joss | Local Coffee (Beverage) From Yogyakarta, Indonesia

? ဒေသ အစားအစာ

Yogyakarta မြို့မှာ စားသောက်ဆိုင်တွေရဲ့ ခင်းကျင်းထားပုံက ထူးဆန်းတယ်။ ကုလားထိုင်တွေနှင့် ခင်းကျင်းထားသလိုမျိုး မဟုတ် …. စားပွဲခုံ အပုလေးနှင့် ဖျာတွေ ခင်းပြီး ဒီအတိုင်းလေး ဆိုင်ချထားကြတာ။ ဖျာပေါ်မှာ ထိုင်ပြီး လက်နှင့်ဘဲ ထမင်းစားကြတာ … မြန်မာအစားအစာ နှင့်လည်း အရမ်း မကွာခြားတာမို့ ဘာစားစား ထမင်းမြိန်နေရော။

ပြီးတော့ ဒေသခံတွေကြား ခေတ်စားတာကတော့ Charcoal Coffee တဲ့ …. ကော်ဖီ ဖျော်ပြီးတဲ့ အခါ ကော်ဖီထဲကို မီးသွေးခဲကြီး ထည့်ပြီး သောက်ကြတာ။ ကိုယ်က သောက်မယ် ဆိုပြီး မုန့်ဆိုင်လိုက်ရှာရင်း အဲဒါ သောက်ဖို့ မေ့သွား … ရောက်ရင် အဲတာလေးလည်း စမ်းသောက်ကြည့်ခဲ့ကြပါနော်။

Indonesian batik becomes increasingly popular worldwide - ANTARA News

? အပြန်လက်ဆောင်ဝယ်စရာ အင်ဒိုနီးရှားပါတိတ်

အင်ဒိုနီးရှား နှင့် ပါတိတ် ဆိုတာ ခွဲလို့ မရတဲ့ အရာဖြစ်သလို ဂျာဗာကျွန်းဆိုတာ ပါတိတ်တွေရဲ့ ဘူမိနက်သန်နေရာ တစ်ခုပါ။ ဒါကြောင့် အဆင်၊ ဒီဇိုင်း မျိုးစုံလှတဲ့ အင်ဒိုနီးရှား ပါတိတ် တွေကို ဝယ်ယူနိုင်သလို ပါတိတ်ပြတိုက်၊ ပါတိတ်လုပ်ပုံလုပ်နည်း သင်တန်းတို့မှာလည်း လေ့လာနိုင်ပါတယ်။

?? Yogyakarta မြို့ကို သွားမယ် ဆိုရင်

ကျွန်တော်တို့ကတော့ နှစ်ရက်ဘဲ အချိန်ရတာကြောင့် တစ်ချို့နေရာတွေကို မသွားဖြစ်ခဲ့ပါဘူး။ ကျွန်တော် အကြံပေးချင်တာကတော့ ဂျော့ဂျာကာတာမြို့ကို သွားလည်မယ် ဆိုရင်တော့ အနည်းဆုံး သုံးရက်လောက် အချိန်ပေးစေချင်ပါတယ်။ ဒါမှသာ လည်စရာ လေ့လာစရာတွေကို စုံလင်စွာ လည်ပတ်နိုင်မှာပါ။

အချုပ်အားဖြင့် ပြောရမယ် ဆိုရင်တော့ Yogyakarta မြို့ဟာ သမိုင်းနှင့် လက်မှုပညာကို လေ့လာရတာ နှစ်သက်တဲ့ လူတွေ အတွက် သာမက စွန့်စားရတာ ကြိုက်တဲ့ လူငယ်တွေပါ ကြိုက်နှစ်သက်ကြမယ့် မြို့လေးတစ်မြို့ ဖြစ်ပါတယ်။ မတူညီဘဲ ကွဲပြား ခြားနားနေတဲ့ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုတွေ ကြားကနေ သမိုင်းအစဉ်အလာနှင့် ရေရှည်တည်တံနေတဲ့ မြို့ တစ်မြို့ ဆိုလည်း မမှားပါဘူး။

ကဲ … ဒီလောက်ဆိုရင် ကျွန်တော် ပြောပြချင်တဲ့ Yogyakarta မြို့လေး အကြောင်းကို သိသင့်သလောက် သိလောက်ရောပေါ့။ ကိုယ့်အတွက်ကတော့ ဒီခရီးကအပြန်မှာတော့ ဘာသာရေး နှင့် ပတ်သက်ပြီး ပဟေဠိဆန်နေတဲ့ ဒီမြို့လေးအကြောင်း အတွေးပေါင်း သောင်းခြောက်ထောင်နှင့်ပေါ့။
အားလုံး သာယာပျော်ရွှင်တဲ့ ခရီးလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

IndonesiaLUSH Travel
0
Facebook Twitter Google + Pinterest
Lush Editor

previous post
ဘန်ကောက်မြို့နားက ချစ်စရာကမ်းခြေမြို့လေး ဟွာအင်း
next post
ရှမ်းရိုးမဆီက တောင်ဇလပ်ပန်းတို့ရဲ့ ရှေ့မြင်နောက်မြင်တောင်

Recommended

ပုဂံအပြန် လက်ဆောင်ဖြစ်လာမယ့် ပုန်းရည်ကြီးကိတ်

August 31, 2023

မိုးရာသီခံစားမှုနဲ့ကမ်းခြေကို ခရီးဆန့်မလား

July 2, 2019

Cities Of Fashion

July 13, 2018

Beauties of Mergui Archipelago

April 20, 2018

ရှမ်းရိုးမဆီက တောင်ဇလပ်ပန်းတို့ရဲ့ ရှေ့မြင်နောက်မြင်တောင်

December 15, 2023

Bacalar – Maldives of Mexico

March 11, 2019

Rent an island in the Maldives – for...

June 25, 2020

သီရိလင်္ကာနိုင်ငံ ရဲ့ Sigiriya ရှေးဟောင်းမြို့အား ရှာဖွေခြင်း

November 23, 2023

Outlander actors to star in new travel show

June 18, 2020

AirAsia unveils ‘AirAsia Unlimited Pass’

July 2, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem