LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
EATLIVINGTRAVEL

မန္တလေးမြို့ရဲ့ ညနေခင်းမှာ မပါမဖြစ်ကတော့ တရုတ်တန်းစျေးပါ။

written by Lush Editor August 26, 2023
မန္တလေးမြို့ရဲ့ ညနေခင်းမှာ မပါမဖြစ်ကတော့ တရုတ်တန်းစျေးပါ။

ကျွန်တော်တို့ မန္တလေးမြို့ကို ရောက်တဲ့အခါ ညနေခင်းမှာ လမ်းလျှောက်ရင်း အစားပတ်စားမယ်ဆို “တရုတ်တန်းညစျေး” ကိုလည်း မေ့ထားလို့ မရပါဘူး။ ကျွန်တော် အမြဲပြောလေ့ရှိသလိုပဲ ထပ်ပြောရမယ်ဆိုရင်တော့ “စျေးဆိုတာ ဒေသတစ်ခုရဲ့ ပြယုဂ်” ဖြစ်ပါတယ်။ မန္တလေးမြို့မှာ တရုတ်တန်းစျေးလို့ လူတွေခေါ်ကြတဲ့ ညနေခင်းစျေးလေးဟာ ကျွန်တော့်အတွက်ကတော့ရှမ်းတရုတ်တွေရဲ့ ညနေခင်းကုန်စည်စျေးလို့ ပိုမြင်မိပါတယ်။

မန္တလေးမြို့ရဲ့ တရုတ်တန်းဟာ ရန်ကုန်မှာလို တရုတ်တွေ အနေများတဲ့ ပတ်ဝန်းကျင်မှာ မဟုတ်ပဲ အဓိကကရှမ်းတရုတ်တွေ ကုန်ရောင်းကုန်ဝယ်လုပ်တဲ့ နေရာမှာ ညနေခင်းစျေးတန်းလေး တစ်ဖြတ် ခင်းကျင်းထားတာနှင့် ပိုတူပါတယ်။ အဲတာမို့ အစားအသောက်တွေကလည်း ရှမ်းတရုတ်အရောလေးတွေ ရောင်းတာများသလို ညနေခင်း စျေးထွက်ဝယ်တတ်ကြသူတွေအတွက်လည်း အဆင်ပြေတဲ့စျေးလေးတစ်ခုပါ။

ကျွန်တော်ကတော့ မန္တလေးရောက်တုန်းဆိုတော့ ထုံးစံအတိုင်း အစားအသောက်တွေပဲ ပတ်စားဖြစ်ခဲ့တာပေါ့ဗျာ။ ကျွန်တော် ဘာတွေ စားဖြစ်ခဲ့လဲ ဆိုတော့ …

၁။ ထောပတ်ဘိန်းမုန့်ဆိုင်လေး


ပထမဦးဆုံးကတော့ ညနေခင်းလေးတစ်ဖြတ် အဆာပြေ မွှေးမွှေး ထောပတ်ဘိန်းမုန့်လေးနှင့်ပဲ ကျွန်တော်ကတော့စလိုက်တော့တယ်။ ထောပတ်နံ့သင်းသင်းလေးနှင့် ဘိန်းမုန့် ရွရွလေးဟာ သင့်ညနေခင်းကို ပြည့်စုံစေမှာပါ။

၂။ အကြော်စုံနှင့် ကောက်ညှင်းကျည်တောက်ဆိုင်


ပြီးတော့ ထောပတ်ဘိန်းမုန့်ဆိုင်ဘေးက အကြော်စုံနှင့် ကောက်ညှင်းကျည်တောက် တွဲရောင်းတဲ့ဆိုင်လေးကို ကူးပြီး တို့စိတို့စိ စားကြပြန်ရော …။ အကြော်စုံလေးက သူ့အချဉ်လေးနှင့်မှ ကြွရွနေသလို တောင်သမာန်အင်းကအကြော်စုံဗန်းလေးကို သတိရသွားစေပါတယ်။

၃။ လားရှိူးရှမ်းခေါက်ဆွဲဆိုင်


အဲကနေ စျေးတစ်ပတ်ပတ်ကြည့်ရင်း တရုတ်တန်းစျေးရဲ့နာမည်ကြီး “လားရှိုး ရှမ်းခေါက်ဆွဲဆိုင်” မှာ ကြက်ခြေထောက်သုပ် နှင့်အတူ မြေအိုးမြီးရှည်လေး မှာစားဖြစ်ခဲ့တာပေါ့ဗျာ။ ဒါနှင့် အဲဒီဆိုင်မှာ ကြက်ခြေထောက်သုပ် မှာစားဖြစ်လို့ ရှိရင် သူတို့က ရှမ်းတရုတ်ပုံစံ သုပ်ပေးတာမို့ အထုံစေ့ လျော့ထည့်ခိုင်းဖို့တော့ မမေ့နှင့်နော်။

၄။ ဖက်ထုပ်ကြော်နှင့် တို့ဖူးကြော်


ကျွန်တော်ကတော့ မြီးရှည်စားပြီးတော့ တရုတ်တန်းစျေးမှာပဲ ရှိတဲ့ ဖက်ထုပ်ကြော်နှင့် တို့ဖူးကြော် ကြွပ်ကြွပ်ရွရွလေးကို ဝင်မြည်းကြည့်ခဲ့သေးတယ်ဗျ။ ဒယ်အိုးသေးသေးလေးနှင့် ဆီပူပူနှင့် ကြော်နေတဲ့ ဖက်ထုပ်ကြော် နှင့် တို့ဖူးကြော်လေး တို့ကလည်း ကြွပ်ရွလို့ နေပါတယ်။

၅။ ရွှေသတ္တိနို့ပါတီဆိုင်


အစာပိတ်အနေနှင့်ကတော့ ရွှေသတ္တိနို့ပါတီဆိုင်ရဲ့ ဒိန်ချဉ်လေးနှင့် အချိုပွဲတည်းရင်း အဆုံးသတ်ဖြစ်ခဲ့ပါတယ်ပေါ့နော်။ ဒါကတော့ မန္တလေးမြို့ရဲ့ တရုတ်တန်းစျေးဘက်ရောက်ရင် မစားမဖြစ် မချိုတည်းစရာလေးလို့ ပြောကြပြီးနှစ်ပေါင်းများစွာ မန္တလေးသူ မန္တလေးသားတွေရဲ့ လက်စွဲတော် ဒိန်ချဉ်ဆိုင်လေးလို့လည်း ပြောကြပါတယ် ခင်ဗျာ့။

မန္တလေးမြို့ရဲ့ တရုတ်တန်းညစျေးလေးကတော့ ကျွန်တော့်အတွက် တရုတ်တန်းဆိုတာထက် ရှမ်းတရုတ်တွေကုန်စည်ဖလှယ်ရာ ညနေခင်းစျေးလေးမှာ စားသောက်စရာ စျေးဆိုင်တန်းလေးတွေပါ ထည့်သွင်းထားတဲ့ညနေခင်း ဒေသစျေးလေးအနေနှင့်သာ မှတ်ယူမိပါတယ်။

ဒါဖြင့် မန္တလေးမြို့ကို ရောက်ခဲ့မယ်ဆိုရင် တရုတ်တန်းညစျေးကို တစ်ပတ်ပတ်လို့ ကျွန်တော့်လို မြည်းစမ်းဖို့ မမေ့ပါနှင့်နော်။

စာဖတ်သူများအားလုံး ပျော်ရွှင်တဲ့ခရီးတွေ ပိုင်ဆိုင်နိုင်ပါစေ။

LUSH EATLUSH TravelMandalay
1
Facebook Twitter Google + Pinterest
Lush Editor

previous post
အခုချိန်ထိ လူကြိုက်အများဆုံး Vanilla အနံ့ ရေမွှေးများ
next post
မိုးရာသီမှာ အထူးဂရုပြုရမည့် သွေးလွန်တုပ်ကွေးရောဂါ

Recommended

10 Anti-Aging Food to Support Your Body

June 8, 2019

အားကျစရာကောင်းသော အသက်အငယ်ဆုံး ကမ္ဘာပတ်ခဲ့သူ အမေရိကန်မိန်းကလေး

June 7, 2019

Virtual Tour of National Parks and Attractions

May 29, 2020

ဘန်ကောက်မြို့နားက ချစ်စရာကမ်းခြေမြို့လေး ဟွာအင်း

December 8, 2023

Norway The Land of Beautiful Landscapes

December 29, 2018

ရှမ်းရိုးမဆီက တောင်ဇလပ်ပန်းတို့ရဲ့ ရှေ့မြင်နောက်မြင်တောင်

December 15, 2023

Selpink in your area

August 28, 2020

သီရိလင်္ကာနိုင်ငံ ရဲ့ Sigiriya ရှေးဟောင်းမြို့အား ရှာဖွေခြင်း

November 23, 2023

Three Destinations for Travel in April

April 10, 2019

Excelsior Enchanted

December 25, 2018

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem