LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTYMAKEUP & SKINCARE

Retinol မသုံးခင် သိကိုသိထားသင့်တဲ့အချက်များ

written by Maeve July 13, 2023
Retinol မသုံးခင် သိကိုသိထားသင့်တဲ့အချက်များ

အလှအပစိတ်ဝင်စားသူတိုင်းနဲ့ မစိမ်းတဲ့စကားလုံးတလုံးလို့ဆိုရမယ့် Retinol က ဒီနှစ်တွေထဲမှာ အရမ်းကိုရေပန်းစားလာတာ လူတိုင်းအသိပါပဲ။ Retinol ဘယ်လောက်အစွမ်းထက်တယ်ဆိုတာတွေ တွေ့နေ၊ မြင်နေရတော့ သုံးကြည့်ချင်တာကတော့ လူတိုင်းပဲပေါ့။ အရေးအကြောင်းတွေလျှော့ချပေးသလို ဝက်ခြံတွေလည်းပျောက်တဲ့ Retinol ကို မသုံးခင် Retinol ဆိုတာဘာလဲသိထားသင့်ဖို့တော့လိုကိုလိုပါတယ်။ ဒါကြောင့် ဒီနေ့ Retinol အကြောင်းလေးကို မျှဝေပေးသွားချင်ပါတယ်။

Retinol နဲ့ Retinoid က တူသလား?

Retinol ဆိုတာက Retinoic acid နဲ့ Retinyl Palmitate တို့လို Retinoid ထဲက ခွဲထွက်လာတဲ့အမျိုးအစားတခုပါ။ Retinol က Retinoid နဲ့ယှဉ်ရင် ပိုပျော့ပြီး Retinol ကို အလွယ်တကူဝယ်လို့ရပေမဲ့ Retinoid သုံးဖို့အတွက်ကတော့ ဆရာဝန်ရဲ့ညွှန်ကြားချက်ပါမှ သုံးလို့ရပါတယ်။ 

What Is The Retinol Sandwich Method?

Retinol ဆိုတာဘာလဲ?

Retinol က vitamin A ကနေဆင်းသက်လာတာဖြစ်ပြီးတော့ သူက ဆဲလ်တွေကို ပြန်ပွားဖို့ လုပ်တဲ့နေရာမှာ အဓိကအနေနဲ့ ရှိပါတယ်။ သူ့ကို အသားအရေပြန်လည်ကောင်းလာစေဖို့၊ အသားကြည်လင်လာစေဖို့၊ ဝက်ခြံတွေလျှော့ဖို့နဲ့ Collagen ပိုထုတ်နိုင်ဖို့အတွက် ရည်ရွယ်တဲ့ Skincare ပစ္စည်းတွေမှာ ပါဝင်ပစ္စည်းတခုအနေနဲ့ ထည့်ကြပါတယ်။

Retinol က antioxidant တခုလိုလည်း စွမ်းတာမို့လို့ အိုမင်းရင့်ရော်မှုတွေကိုပါ လျှော့ကြစေတဲ့အတွက် skincare လောကမှာ သူက ထိပ်ဆုံးကကို ရပ်တည်နေတာပေါ့။ ဆဲလ်အသေတွေ၊ ချွေးပေါက်ပိတ်တာတွေ၊ အသားအရေမွဲခြောက်တာတွေကိုလည်း သက်သာစေတာမို့ အားလုံးရဲ့စိတ်ဝင်စားမှုကိုခံနေရတယ်ပြောရင် မမှားပါဘူး။

When Should You Start Using Retinol?

Retinol ကိုဘယ်အသက်အရွယ်ကနေစပြီး စသုံးလို့ရလဲ?

ဒီမေးခွန်းက လူတိုင်းစိတ်ဝင်စားကြမယ့်မေးခွန်းလေးတခုပေါ့။ ဒီမေးခွန်းမေးလိုက်ရင် ပုံမှန်ကတော့ အသက် ၃၀ လောက်ဆို စသုံးကြဖို့ တိုက်တွန်းကြပေမဲ့ တကယ်ကတော့ ၃၀ မတိုင်ခင်ကတည်းက စပြီးသုံးလို့ရပါပြီ။ ဒါပေမဲ့ မသုံးခင် ဆရာဝန်နဲ့တော့ သေချာတိုင်ပင်ပြီးမှ သုံးဖို့တိုက်တွန်းချင်ပါတယ်။ အရေပြားဆရာဝန်တွေကလည်း အသက် ၂၀ ကျော် ၃၀ နားနီးလာပြီဆိုတာနဲ့ စသုံးဖို့ကို ထောက်ခံကြပါတယ်။

Retinol သုံးတော့မယ်ဆို သတိထားရမယ့်အချက်တွေ

Retinol ကိုသုံးတော့မယ်ဆို အရေးကြီးတာတခုက လှချင်ဇောနဲ့အများကြီးသုံးတာမျိုး ရှောင်ကိုရှောင်ရမှာပါ။ အကြိမ်ရေများများသုံးတာ၊ အများကြီးသုံးတာမျိုးဆို အသားအရေအတွက် အရမ်းပြင်းတာမို့ အန္တရာယ်ရှိပါတယ်။ စစချင်းဆို ပဲစေ့သာသာလောက် နည်းနည်းပဲသုံးပေးပြီး အကြိမ်ရေအနေနဲ့ တပတ်ကို နှစ်ကြိမ်လောက်ပဲ သုံးသင့်ပါတယ်။ ဖြည်းဖြည်းချင်းနဲ့မှ ပမာဏကိုနည်းနည်းစီတိုးသုံးပေးသင့်ပါတယ်။

How To Use Retinol: A Beginner's Guide And FAQ | Chatelaine

နောက်ပြီး scrub တို့၊ exfoliate တို့လုပ်မယ်ဆို မလုပ်ခင်နေ့မှာကတည်းက Retinol ကိုရှောင်ရပါမယ်။ Laser ပစ်တာ၊ microneedling လုပ်တာမျိုးတွေမလုပ်ခင်မှာလည်း ရှောင်ကိုရှောင်ရပါမယ်။ ဘာကြောင့်ဆို ဒီလိုတွေလုပ်တာက အရေပြားအရမ်း sensitive ဖြစ်တာမို့လို့ Retinol သုံးရင် ဘေးထွက်ဆိုးကျိုးတွေရှိနိုင်လို့ပါပဲ။

ဒီလိုနည်းမှန်မှန်နဲ့ အချိန်လေးတခုယူပြီးသုံးသွားမယ်ဆိုရင်တော့ အသားအရေနီမြန်းတာတွေ၊ ဝက်ခြံထွက်တာတွေကို သက်သာစေနိုင်တဲ့ Retinol ရဲ့ အရမ်းကောင်းတဲ့ရလဒ်တွေကို ခံစားရမှာပါ။

စစသုံးချင်း သတိထားရမယ့် Retinol ရဲ့ သက်ရောက်မှုတွေ

သတိထားပြီးသုံးရမယ့် Retinol ကို စစသုံးမယ်ဆိုရင် အသားအရေအနည်းနဲ့အများနီတာတို့၊ အသားခြောက်တာတို့၊ နေထိမခံနိုင်တာတို့လိုမျိုး side effect မျိုးက ကြုံကောင်းကြုံနိုင်ပါတယ်။ အရေပြားအတွက် အခုမှ ပစ္စည်းအသစ်ကိုစစသုံးဖူးတာမျိုးကြောင့်ပေါ့။ ဒါပေမဲ့ အရေပြားလန်တာ၊ အရမ်းနီလာတာ၊ အသားအရေစပ်လာတာမျိုးဆိုရင်တော့ သုံးတာကို ရပ်သင့်ပါတယ်။

နောက်ပြီး sensitive အသားအရေရှိတဲ့သူ၊ ဒါမှမဟုတ် eczema လိုမျိုး အရေပြားကျန်းမာရေးပြဿနာတခုခုရှိနေတာမျိုးဆိုရင်လည်း Retinol သုံးတာကို ရှောင်သင့်ပါတယ်။ တခုရှိတာက သူ့လိုပဲ anti-aging ingredient တွေက ရှိသေးတာမို့လို့ Retinol နဲ့မတည့်လို့တော့စိတ်ညစ်စရာမရှိပါဘူး။ 

This is why you shouldn't apply retinol to your skin during the day | Life

Retinol ကိုဘယ်အချိန်တွေ သုံးရမလဲ?

Retinol က နေရောင်ခြည်နဲ့ဓာတ်ပြုတာမျိုးမဖြစ်ပေမဲ့ UV နဲ့ထိတဲ့အခါ ဓာတ်ပြယ်တာမျိုးဖြစ်နိုင်တာကြောင့် ညဘက်ပဲသုံးဖို့ကိုတော့ တော်တော်များများက ညွှန်ကြပါတယ်။ ဒါဆို နေ့ဘက်လုံးဝသုံးမရတာမျိုးလားဆိုရင်တော့မဟုတ်ပါဘူး။ နေ့ဘက်သုံးမယ်ဆို SPF 30 နဲ့အထက်ပါတဲ့ Sunscreen တခုခုကို လိမ်းပေးမယ်ဆိုရပါတယ်။ တခုရှိတာက အရမ်းပူတဲ့ရာသီမျိုး၊ နေရောင်နဲ့တိုက်ရိုက်အကြာကြီးထိရမယ့်အချိန်မျိုးဆိုရင်တော့ ရှောင်တာကောင်းပါတယ်။

Retinol သုံးတဲ့အခါ မျက်နှာအပြင် လည်ပင်းကိုလည်းလိမ်းဖို့မမေ့နဲ့နော်။ အသက်လေးတခုရလာပြီဆိုတာနဲ့ အရေးအကြောင်းဖြစ်လာတဲ့အထဲမှာ လည်ပင်းလည်းပါတာမို့ပါ။ 

ဒီလောက်ဆို Retinol ရဲ့သုံးပုံသုံးနည်းတွေကို အနည်းနဲ့အများတော့သိသွားလောက်ကြမယ်ထင်ပါတယ်။ အားလုံးပဲ အလှဆုံးလှနိုင်ကြပါစေ။

Anti-AgingLUSH beautyLUSH Magazine MyanmarRetinolSkincare
3
Facebook Twitter Google + Pinterest
Maeve

previous post
Spring 2024 Menswear မှာ Gender norm တွေကနေကွဲထွက်ပြီး ပြသခဲ့တဲ့ ဖက်ရှင်များ
next post
အံ့ဩဖွယ်ဖြစ်ရပ်လေးတစ်ခု (ဘာသာပြန်ရသ)

Recommended

ဒီနွေရာသီအပြင် မိုးရာသီနဲ့ပါ လိုက်ဖက်မယ့် လက်သည်းနီအရောင်များ

May 19, 2020

2024 မှာခေတ်စားလာမယ့် Beauty Trend များ

December 31, 2023

Makeup creation of four famous female stars from...

November 8, 2019

လက်တလောမှာ ရေပန်းစားလာတဲ့အလှကုန်ပစ္စည်းအသစ် Bio-Oil® Dry Skin Gel

December 24, 2019

Thanaka, Under-the-radar treasure

November 23, 2018

LUSH Beauty Program – Less is more EP5...

April 29, 2019

How to live confidently without makeup

May 19, 2019

Friends TV Show Inspired Eyeshadow palette

November 15, 2019

LUSH Beauty Program – Less is more with...

January 10, 2019

ALLURE OF FUSION

April 9, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem