LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
STYLETRENDS

အရှိန်မပြယ်သေးတဲ့ 80s Fashion Trend များ

written by Maeve July 20, 2023
အရှိန်မပြယ်သေးတဲ့ 80s Fashion Trend များ

Y2K fashion တွေခေတ်စားလာတာကတော့ဟုတ်ပါပြီ။ ဒါပေမဲ့ သူ့လိုပဲ တကျော့ပြန်ခေတ်စားနေတဲ့ ’80s fashion တွေကိုတော့ မေ့ထားလို့မရပြန်ပါဘူး။ အခုခေတ်စားနေဆဲ Biker pant တွေ၊ Oversized blazer တွေဆိုတာ ’80s တုန်းက အရမ်းကိုခေတ်စားခဲ့တဲ့ဟာတွေပေါ့။ အခုနှစ်ပိုင်းတွေမှာ Y2K fashion တွေက အတော်ကို strong ဖြစ်လာတယ်ဆိုပေမဲ့ ’80s fashion pieces တွေကလည်း အရှိန်မသေသေးပါဘူး။ လတ်တလော Fashion Show တွေမှာလည်း ’80s fashion trend တွေကို ထည့်ပြကြသလိုပဲ လူတွေကြားထဲအရှိန်လျော့ဦးမှာမဟုတ်တဲ့ ’80s fashion pieces တွေကို ဒီ article လေးထဲမှာ ပြောပြပေးသွားချင်ပါတယ်။

Y2K ရော၊ ’80s မှာပါ တူတာတခုက များလေကောင်းလေ ဖက်ရှင်ပိုကျလေဆိုတဲ့ More is More ဆိုတဲ့ concept ပါနေတာပါပဲ။ ရွေးစရာတွေ၊ အတုယူစရာတွေ အများကြီးပဲရှိတဲ့ ဒီလိုခေတ်ကြီးမှာ trend နောက်ကိုလည်း လိုက်ချင်တယ်၊ ဘာဝတ်ရမှန်းလည်း မသိဘူးဖြစ်နေရင်တော့ ’80s trend ထဲက အမိုက်ဆုံးနဲ့ trend နောက်လိုက်လို့အကောင်းဆုံး fashion pieces တွေကို ရွေးချယ်ပေးချင်ပါတယ်။

Hooded Dresses

လူကြားထဲမှာ ကွဲထွက်နေတာမျိုးကြိုက်တယ်၊ ဖက်ရှင်လည်းအပီဖြုတ်ချင်တယ်ဆိုရင်တော့ Hooded dress တွေက must try ပါပဲ။ ဝတ်လိုက်တာနဲ့ ကျော့ရှင်းပြီး ကြည့်လို့အရမ်းမိုက်တဲ့ hooded dress တွေက တခါလောက်တော့ ဝတ်ကိုဝတ်သင့်ပါတယ်။

Parachute Pants

ဒီနှစ် Fashion Show တွေရဲ့ အတွေ့ရအများဆုံးထဲမှာ Parachute Pants တွေပါပါတယ်။ Parachute Pants တွေက Oversized ခပ်ပွပွ ဒီဇိုင်းနဲ့မို့ ဝတ်ရတာလည်းသက်သောင့်သက်သာရှိသလို အထာလည်းကျတယ်။ ဘောင်းဘီကအပွမို့လို့ အပေါ်ကို Crop top တွေ Baby Tee တွေနဲ့တွဲဝတ်ရင် တော်တော်ကိုလိုက်ပါတယ်။

Colored Tights

’80s ရဲ့ အကြီးစား comeback ထဲက fashion pieces ကိုပြောပါဆို အရောင်စုံအသားကပ်ခြေအိတ်တွေပါပဲ။ ဒီခြေအိတ်တွေက ’80s ရဲ့ bold ဖြစ်တဲ့ statement ကို အသိသာဆုံးထင်ဟပ်စေတဲ့ထဲမှာပါပါတယ်။ Colored Tights တွေက ဒီနှစ်ပိုင်းတွေရဲ့ဖက်ရှင် show တွေမှာ သိသိသာသာကိုမြင်လာရပါတယ်။ ဥပမာ Gucci Spring/Summer 2023 show မှာတုန်းကလိုပေါ့။ ဘယ်လိုတွေတွဲဝတ်လို့ရလဲဆိုရင်တော့ Outfit တခုလုံးကို တရောင်တည်းပဲဝတ်ပြီး Colored Tights နဲ့တွဲဝတ်တာတို့၊ Pattern တွေပါတဲ့ outfit တွေနဲ့ တွဲဝတ်တာမျိုးတို့ဆို အရမ်းမိုက်ပါတယ်။

Fanny Packs

Fanny Packs တွေကလည်း ’80s တုန်းက အရမ်းအရမ်းကိုခေတ်စားခဲ့တာပါ။ Gender မရွေး အဆင်ပြေတဲ့ ဒီအိတ်တွေက လွယ်ရတာ ဖက်ရှင်ကျသလို ပစ္စည်းသိမ်းဆည်းရတာလည်း တော်တော်ကိုအဆင်ပြေတဲ့အထဲပါတယ်နော်။ အခုဒီမှာလည်း Fanny Packs ခေတ်စားတဲ့ trend က ရှိနေပြီဆိုပေမဲ့ ဆက်ပြီး trend ဖြစ်သွားဦးမယ့်ထဲပါတာမို့ ကိုယ့်မှာမရှိသေးရင် သေချာပေါက် တခုလောက်တော့ ဝယ်ထားဖို့တိုက်တွန်းချင်တယ်။

Overalls

အလုပ်ခွင်မှာဝတ်ရာကနေ ဖက်ရှင် piece တခုဖြစ်လာတဲ့ Overalls က ’80s တုန်းက လူတိုင်းဝတ်ကြတဲ့ ဖက်ရှင် piece လေးတခုပေါ့။ Lady Diana တောင် ဝတ်ခဲ့တဲ့ Overalls က အခု ၂၀၂၃ မှာလည်း ပြန်ပြီး trend ဖြစ်လာပါပြီ။ Overalls က အသက်အရွယ်မရွေး၊ Gender မရွေးလိုက်ဖက်တာမို့ ဝတ်ရဲတဲ့စိတ်လေးပဲရှိဖို့လိုပါတယ်။ You Only Live Once မို့ Overalls ကို တခါလောက်တော့ ဝတ်ကိုဝတ်ကြည့်ကြပါဦး။

Loafers

Loafer က သူ့ဟာနဲ့သူ trend ကရှိပြီးသားမို့ အဆန်းတော့မဟုတ်ပေမဲ့ ဒီနှစ်ပိုင်းတွေနဲ့လာမယ့်နှစ်တွေထဲမှာ အရှိန်နဲ့ trend ဖြစ်လာမယ့်အထဲတော့ သူပါပါတယ်။ Timeless shoe လို့ပြောလို့ရတဲ့ Loafer ကို အခု Spring 2023 collections တွေထဲမှာ Louis Vuitton အပါအဝင် brand တော်တော်များများကလည်း ချပြသွားပါသေးတယ်။ သူ့ကို Streetwear အနေနဲ့ကအစ Cute ဖြစ်တဲ့ look အဆုံးလိုက်ဖက်အောင် ဆင်လို့ရတာမို့ ကိုယ့်ရဲ့ ဖက်ရှင် sense နဲ့အလိုက်ဖက်ဆုံးတွေကို ဖန်တီးကြည့်ကြပါဦး။

'80s Fashion TrendsfashionFashion Trends
0
Facebook Twitter Google + Pinterest
Maeve

previous post
ကမ်းဆင့်မေတ္တာဖျန်းပေးပါ
next post
Gel Manicure တွေကို အိမ်မှာပဲ ဖျက်ကြရအောင်

Recommended

2023 မှာ ဖောက်ကြည့်သင့်တဲ့ piercing တွေ

June 2, 2023

လာမယ့် Halloween အတွက် Costume ideas များ

October 13, 2023

It’s time for “Back to the Future” fashion

May 19, 2023

Sheer Fabric Trend ဖြစ်လာတော့မှာလား?!

September 29, 2023

2023 ခုနှစ်ရဲ့အကောင်းဆုံး Celebrity Vintage Moments များ

December 30, 2023

Pride Month ကို ကျင်းပလို့ရမယ့် Fashion အပြင်အဆင်တွေ

June 23, 2023

Golden Globes 2024 ပွဲမှာ တွေ့ခဲ့ရတဲ့ အထင်ရှားဆုံး Jewelry များ

January 19, 2024

Trendsetter တွေမေ့ထားလို့မရတဲ့ ခေတ်စားလာမယ့် အိတ်ဒီဇိုင်းများ

June 7, 2023

New York Fashion Week SS24 မှာတွေ့ခဲ့ရတဲ့ အမိုက်ဆုံး Beauty...

October 6, 2023

လာမယ့် Valentine’s Day အတွက်ဝယ်ထားသင့်တဲ့ Lingerie များ

January 26, 2024

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem