LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
BALANCELIFE

စိတ်ဓါတ်ခိုင်မာသူတွေမှာ တွေ့ရတဲ့ စိတ်နေစိတ်ထား (၈) ချက်

written by Orchid March 22, 2023
စိတ်ဓါတ်ခိုင်မာသူတွေမှာ တွေ့ရတဲ့ စိတ်နေစိတ်ထား (၈) ချက်

ဘယ်လို စိတ်နေစိတ်ထားမျိုးက ကိုယ့်ကို စိတ်ဓါတ်ကြံ့ခိုင်စေတာလဲ…..

စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ခြင်းဟာ အားသာချက်တခုလား….

လောကဓံကြုံလာတဲ့အခါ မလဲကျသွားဖို့၊ လဲကျခဲ့ရင်တောင် ပြန်ထနိုင်တဲ့ အားရှိဖို့၊ ပြန်အံတုနိုင်ဖို့ ဘယ်လိုစိတ်ခွန်အားတွေ ရှိဖို့ လိုအပ်လဲ……

တချို့သူတွေ ဘဝမှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီး အောင်ပွဲခံနိုင်တာကရော ဘာကြောင့်လို့ ထင်လဲ….. 

စိတ်ဓါတ်တကယ်ကြံ့ခိုင်တာနဲ့ သန်မာချင်ယောင်ဆောင်ထားတာနဲ့က လုံးဝကို မတူပါဘူး။ 

စိတ်အတွင်းထဲက ကြံ့ခိုင်တယ်ဆိုတဲ့အရာက ဘယ်ကလာလဲဆိုရင် ကိုယ်လုပ်ရမယ့်၊ လုပ်သင့်တဲ့အရာတွေကို တကယ်လုပ်ဖို့ လိုအပ်တဲ့အခါ လုပ်နိုင်ခြင်းကနေတဆင့် လာတာဖြစ်တယ်။ 

စိတ်ဓါတ်ကြံ့ခိုင်တယ်ဆိုတာ ဘာလဲ……

” စိတ်ဓါတ်ကြံ့ခိုင်တယ်ဆိုတာ ခန္ဓာကိုယ် လုပ်နိုင်စွမ်းကနေ လာတာ မဟုတ်ဘူး။ အနိုင်မခံ ၊ အရှုံးမပေးချင်တဲ့စိတ်၊ ဆန္ဒကနေလာတာ ဖြစ်တယ်။”

                                                                                                                                                                                               – Mahatma Gandi

  1. ကြင်နာတတ်ပြီး မေတ္တာဂရုဏာ ကြီးမားခြင်း

two girls walking on street

မေတ္တာ ဂရုဏာကြီးမားပြီး ကြင်နာမှုကို ပြတတ်သူတွေဟာ ကိုယ့်ကိုယ်ကိုယ် တကယ်ယုံကြည်မှုရှိပြီး ရဲရင့်တဲ့သူတွေဖြစ်တယ်။ ဒီဘက်ခေတ်ကြီးထဲမှာ ကြင်နာတတ်တဲ့သူ ၊ နွေးထွေးတဲ့သူ၊ ဖော်ရွေတဲ့သူတွေကို အားနည်းတဲ့သူတွေ အနေနဲ့ မြင်ကြတယ်။ တကယ်တမ်းကြတော့ သူတို့ဟာ လူတွေကို လိုချင်တာတခုခုရှိလို့ ဒီလိုပြုမူဆက်ဆံနေတာ မဟုတ်ဘဲ နှလုံးသားကြီးမားပြီး အရာရာကို လက်ခံနိုင်စွမ်းရှိလို့သာလျှင် တခြားသူတွေအပေါ် မေတ္တာဂရုဏာပေးပြီီး တန်ဖိုးထားဆက်ဆံနိုင်တာ ဖြစ်တယ်ဆိုတာ သိထားရမယ်။

  1. စိတ်ရှည်သည်းခံတတ်ခြင်း

8 Ways Being Patient Saves You Money

စိတ်ရှည်ညည်းခံတယ်ဆိုတာ တော်တော်လေး မလွယ်ကူတဲ့ အလုပ်ပါ။ စိတ်ဓါတ်အင်အား ကြီးမားတဲ့သူသာလျှင် လုပ်နိုင်တဲ့ အရာမျိုးဖြစ်ပါတယ်။ သည်းခံတယ်ဆိုတာ တခြားသူတွေ လုပ်သမျှ ပြုသမျှ နုနေရတာမျိုး၊ အညံ့ခံနေရတာမျိုး လုံးဝမဟုတ်ပါဘူး။ တော်တော်များများက ဒီလိုထင်မိတတ်ကြပါတယ်။ အမှန်ကတော့ တခြားသူတွေအပေါ် မှာ ကိုယ်ချင်းစာပြီး နားလည်ပေးနိုင်တဲ့ အတွေးအခေါ်နဲ့ ယုံကြည်ချက်မျိုး ရှိနေလို့သာလျှင် ဖြစ်ပါတယ်။ 

  1. ရှုံးနိမ့်မှုကို လက်ခံနိုင်ခြင်း

man in black pants and pair of brown leather lace-up shoes sitting on brown carpeted stairs inside room

” ဘဝမှာ အခြေအနေတွေ ယိုယွင်းပျက်ပြားလာတဲ့အခါ စိတ်ဓါတ် ကြံ့ကြံ့ခိုင်နိုင်ခြင်းဟာ စွမ်းအားအရှိဆုံး လက်နက်ဖြစ်တယ်။ 

                                                                                                                                                 – Chrissie Wellington  

ရှုံးနိမ့်ခြင်းဆိုတာ ဘဝဖြစ်တည်လာခြင်းရဲ့ အစိတ်အပိုင်းတခုလို့ ဆိုရမှာပါ။ ကိုယ်တိုင် မကျရှုံးဖူးရင် ဘယ်လို အောင်မြင်အောင် လုပ်ရမလဲဆိုတာကို သိနိုင်မှာ မဟုတ်ဘူး။ ဒီအရာက ငါတို့ကို ရပ်တန့်နေတဲ့ အခြေအနေကနေ အရှေ့ရောက်အောင် တွန်းပို့ပေးနေတယ်ဆိုတာ နားလည်ထားရမယ်။ လောကအလယ်မှာ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်တတ်ဖို့ သင်ပေးတဲ့ အရာဖြစ်တယ်။ စိတ်ဓါတ်ကြံ့ခိုင်တဲ့သူတွေဟာ ကျရှုံးမှုကို လက်ခံနိုင်တဲ့သူတွေ ဖြစ်တယ်။ ဒီလိုလက်ခံခြင်းက ကျရှုံးမှုကနေတဆင့် အောင်မြင်တဲ့လမ်းကြောင်းကိုရောက်အောင် တွန်းပို့ပေးနိုင်တယ်ဆိုတာ သူတို့သိတယ်။ ဒါဟာ အောင်မြင်ခြင်းရဲ့ လှို့ဝှက်ချက်တခုပဲ။

  1. စိတ်ထား နူးညံ့ပျော့ပျောင်းခြင်း

black butterfly on woman's palm

စိတ်ထား နူးညံ့ပျော့ပျောင်းခြင်းဟာ စိတ်ဓါတ်ကြံ့ခိုင်တဲ့သူတွေမှာ ရှိတဲ့ အရည်အသွေးတခုပါ။ သူတို့ဟာဘယ်အရာကိုမဆို တဖက်စွန်းမရောက်ပဲ မျှမျှတတ တွေးပေးနိုင်တယ်။ နားလည်မှု အပြည့်နဲ့ ညှိနှိုင်းပေးနိုင်တယ်။ ယုံကြည်ချက်ခိုင်မာပြီး ဖြစ်နိုင်ချေများကို ကြိုတင်မြင်နိုင်တယ်။ အများကြီးထဲကနေ အကောင်းဆုံးဖြစ်မယ့်အရာကို မှန်ကန်စွာ ဆုံးဖြတ်ချက် ချနိုင်သူဖြစ်တယ်။ တကယ့်ကို အရာရာစူးစမ်းရှာဖွေချင်သူ၊ လေးလေးနက်နက် နားထောင်ပေးတတ်သူ၊ အတွေးအခေါ် ဉာဏ်အမျှော်အမြင် ကြီးရင့်သူ၊ ပြဿနာတွေကို ခေါင်းအေးအေးနဲ့ တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်သူ ဖြစ်တယ်။ 

  1. ကိုယ့်အားနည်းချက်ကို နားလည်ခြင်းman in white pants lying on black couch

စိတ်ဓါတ်ကြံ့ခိုင်ဖို့အတွက် ကိုယ့်ရဲ့ အားနည်းချက်တွေကိုတော့ ငြင်းဆန်ပစ်ဖို့မလိုပါဘူး။ တကယ့်ကို စိတ်အင်အားကြီးမားသူတွေဟာ ကိုယ့်ရဲ့ အားနည်းချက်တွေကို လောကကြီးမသိအောင် ဖုံးကွယ်ထားလေ့မရှိကြပါဘူး။ သူတို့ကိုယ်သူတို့လည်း အရှိအတိုင်း၊ အမှန်အတိုင်း လက်ခံနိုင်ကြသူတွေပါ။  ဒီလို လက်ခံထားမှသာ သူတို့ ပိုပြီးတိုးတက်တယ်လို့ ယုံကြည်ချက် ထားသူတွေဖြစ်တယ်။ 

ကိုယ့်ကိုယ်ကိုယ် သံသယဝင်ပြီး မယုံကြည်တာနဲ့ ကိုယ်မလုပ်နိုင်တဲ့ အားနည်းချက်ရှိတာနဲ့က လုံးဝကို ကွဲပြားခြားနားပါတယ်။ ကိုယ့်ရဲ့ စင်းလုံးချော မဖြစ်တဲ့အရာတွေအပေါ်မှာ အကောင်းမြင်စိတ်မွေးပြီး ပိုကောင်းအောင် ကြိုးစားတတ်ကြတဲ့ စိတ်နေစိတ်ထားမျိုး ရှိကြတယ်။

  1. လက်လွှတ်အဆုံးရှုံးခံနိုင်ခြင်း

woman spreading her arms

“လိုချင်စိတ်ကြောင့် တခုခုကို မရမက ဆုပ်ကိုင်ထားတာဟာ စိတ်ဓါတ်ကြံ့ခိုင်ခြင်းလို့ ထင်နေကြပေမယ့် ကိုယ့်ဆန္ဒတွေကို လက်လွှတ်ဆုံးရှုံးခံနိုင်မှသာလျှင် တကယ့် စိတ်ဓါတ်ကြံ့ခိုင်ခြင်း ဖြစ်တယ်။ ”

                                                                                                                                                    – Herman Hesse

ကိုယ့်ရဲ့ အိပ်မက်တွေ၊ ပန်းတိုင်တွေ နှင့် ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ရဲဖို့အတွက် သတ္တိနှင့် စိတ်ခွန်အားတွေ အများကြီး လိုအပ်တယ်။ ကိုယ်ချစ်မြတ်နိုးတဲ့ တစုံတယောက်ကို လက်လွှတ်အဆုံးရှုံးခံတယ်ဆိုတာ လောကကြီးမှာ အခက်ခဲဆုံး အလုပ်တခုပါ။ ဒါဟာ စိတ်ဓါတ်တော်တော်လေး ကြံ့ခိုင်မှ ဖြစ်နိုင်တဲ့ အရာတခုပါ။ ဘဝတလျှောက်မှာ လက်လွှတ်ချနိုင်မှ ကိုယ်လွတ်မြောက်မယ်ဆိုတာကို သိပြီး ဒီလမ်းစဉ်ကျင့်သုံးနေတဲ့ သူဟာ ဘယ်အရာကိုမဆို အဆုံးရှုံးခံနိုင်ဖို့ စိတ်ကို လေ့ကျင့် ပြင်ဆင်ထားလေ့ရှိပါတယ်။ နောက်တမျိုးက ကိုယ်ကျိုးမငဲ့ဘဲ အများအတွက် အရာရာကို စွန့်လွှတ်ပြီး အသက်ကိုပါ ပေးဆပ်သွားတဲ့ နှလုံးသား လှပြီးမြင့်မြတ်တဲ့သူတွေ မြန်မာနိုင်ငံမှာ အများကြီးပါ။ ဒါဟာ စိတ်ဓါတ်ကြံ့ခိုင်သူတွေရဲ့ အလွန့်အလွနါ လေးစားစရာကောင်းတဲ့ စွန့်လွှတ်မှုပဲ ဖြစ်တယ်။

  1. ကိုယ့်ကိုယ်ကိုယ် အမြဲပျိုးထောင်နေခြင်း

woman standing on bookstore

ကိုယ့်ကိုယ်ကိုယ် စဉ်ဆက်မပြတ်တိုးတက်အောင် ကြိုးစားနေခြင်းဟာ စိတ်ဓါတ်သန်မာဖို့အတွက် လိုအပ်တဲ့ စိတ်နေစိတ်ထား ဖြစ်တယ်။ ကိုယ့်ရဲ့အားနည်းချက်တွေကို သိပြီး အားသာချက် ဖြစ်လာဖို့အတွက် အချိန်၊ ငွေနှင့် ကြိုးစားအားထုတ်မှုတွေကို ရင်းနှီးရတယ်။ ဒီလို စိတ်ပိုင်းဖြတ်ပြီး လုပ်နိုင်တာဟာလည်း စိတ်အင်အား ကြံ့ခိုင်လို့ပဲ ဖြစ်တယ်။ ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေကို သန်မာအောင် လေ့ကျင့်ပေးရသလို  စိတ်ရဲ့ ကြွက်သားတွေကိုလည်း ကြံ့ခိုင်အောင် သင်ယူမှုတွေလုပ်ရတယ်။ ဘာမှ မလေ့လာတဲ့အခါ ကိုယ်က ရှေ့ဆက်မတက်ပဲ ရပ်တန့်သွားရုံတင်မကဘူး၊ နောက်ပြန်ဆုတ်သွားသလို့ဖြစ်ပြီး ဘဝက အားလုံးရဲ့နောက်ဆုံးမှာ ကျန်ရစ်ခဲ့ပါလိမ့်မယ်။

  1. စိတ်ဖိစီးမှုဒဏ် ခံနိုင်ခြင်း

Breathe neon signage

လူတော်တော်များများဟာ ကိုယ့်စိတ်တိုင်းကျဖြစ်မလာတဲ့အခါ ဒေါသထွက်ပြီး ထင်ရာမြင်ရာ လုပ်တတ်ကြပါတယ်။ ကိုယ့်လုပ်ရပ်ကြောင့် ဘယ်သူပဲ ထိခိုက်ထိခိုက် ဂရုမပြုမိကြတော့ပါဘူး။ ဒီလို မပြုမူတော့ဘဲ ကိုယ့်ခံစားချက်တွေကို ကျော်ပြီး ဒေါသကို အနိုင်ယူတတ်တာဟာ စိတ်ဓါတ်ကြံ့ခိုင်သူတွေ လုပ်တဲ့ အရာပါ။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ ကစားပွဲတခုလို့ ပြောလို့ရပါတယ်။ ကိုယ့်ရဲ့ မကောင်းတဲ့ ခံစားချက်တွေကို လျစ်လျူရှုတတ်တဲ့သူဖြစ်ပြီဆိုရင်တော့ ဒီကစားပွဲမှာ အနိုင်ရရှိမှာပါ။ နေတဓူဝ ဖိစီးမှုတွေအောက်မှာ တည်ငြိမ်စွာနဲ့ နေထိုင်နိုင်တယ်ဆိုရင်တော့ စိတ်ဓါတ်ရေးရာမှာ အလွန်အမင်း သန်မာကြံ့ခိုင်သူတဦးဖြစ်နေပြီလို့ သတ်မှတ်လို့ရပါပြီ။ 

” ကိုယ့်ရဲ့အားငယ်နေတဲ့စိတ်ကို အဝေးကို လွှင့်ပစ်လိုက်ပါ။ ကိုယ်ရဲ့ စိတ်နှင့်ခန္ဓာဟာ သန်မာတယ်ဆိုတာ ယုံကြည်လိုက်ပါ။” 

                                                                                                                                         – Swami Vivekananda 

အမှန်တော့ ကျမတို့အားလုံးဟာ ကိုယ့်နည်း၊ ကိုယ့်ဟန်နဲ့ ဘဝမှာ ကြံ့ကြံ့ခံနေကြသူတွေချည်းပါပဲ။ လောကဓံရိုက်ချက်ပြင်းထန်တဲ့အခါ စိတ်အားငယ်တာ၊ ဝမ်းနည်းတာဟာ သဘာဝတခုပါ။ ဒါဟာ စိတ်အင်အား မကြံ့ခိုင်လို့မဟုတ်ပါဘူး။ အရေးကြီးတာက အခက်အခဲတွေကို အခွင့်အရေးအဖြစ် ပြောင်းလဲ အသုံးချတတ်ဖို့ပါပဲ။ စိတ်အင်အား ပိုအားကောင်းဖို့အတွက် စဉ်ဆက်မပြတ် ကိုယ့်ရဲ့ စိတ်ကို သိနေရမယ်။ ပြင်ဖို့ လိုအပ်တာကို လက်ခံပြီး စိတ်ကို ပုံသွင်းရမယ်။ စိတ်အင်အားဟာ ကိုယ့်ရဲ့ အတွင်းထဲကနေ လာတာဖြစ်လို့ အပြင်ပန်းကိုယ့်ရဲ့ပုံစံကို သန်မာချင်ယောင်ဆောင်ထားခြင်းဟာ စိတ်ဓါတ်တကယ်ကြံ့ခိုင်ဖို့အတွက် ဘာအထောက်အကူမှ ဖြစ်မနေပါဘူး။ အပေါ်က အချက် ၈ချက်နဲ့ ကိုက်ညီမှု ရှိ၊မရှိ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပြီး ကိုယ်ရဲ့ စိတ်ဓါတ်အင်အားကို ပိုပိုပြီး ကြံ့ခိုင်သန်မာအောင် ကြိုးစားလေ့ကျင့်ရမှာပဲ ဖြစ်ပါတယ်။ 

BalanceLifeStyleMental HealthStress
3
Facebook Twitter Google + Pinterest
Orchid

previous post
Crafting Couture Live June 23-July 14
next post
2023 မှာ ခေတ်စားလာမယ့် Beauty Trend များ

Recommended

Workouts for bride to be

December 4, 2018

Hollywood Celebrities With Depression

September 17, 2020

ကိုယ်နေတဲ့နေရာကျဉ်းကျဉ်းလေးကို ကျယ်ကျယ်ဝန်းဝန်းပုံစံဖြစ်အောင် လုပ်ကြမယ်

August 28, 2019

Will-power ကျစေတဲ့အရာတွေကို အဝေးကိုပစ်လိုက်ပါ

June 11, 2020

Better Thyself

December 27, 2019

Rest in Power, King

September 1, 2020

လူတယောက်ကို စွန့်လွှတ်လိုက်ဖို့ လိုအပ်နေတဲ့အချိန်

June 23, 2023

How to be efficient at workplace

March 21, 2019

NEW KID ON BLOCK

June 12, 2018

COVID19 ကြောင့် ခရီးသွားဖို့အတွက် ရွေးချယ်မှုတစ်ခုဖြစ်လာတဲ့ Private Jet များ

March 20, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem