LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTY

နွေအတွက်အလိုက်ဖက်ဆုံး Perfume များ

written by Maeve March 8, 2024
နွေအတွက်အလိုက်ဖက်ဆုံး Perfume များ

ဘာလိုလိုနဲ့ နွေဦးတောင် ရောက်လာပြီ။ ရာသီဥတုက ပူအိုက်ပြီးခြောက်သွေ့လာတော့မှာဆိုတော့ နေ့တိုင်းစွတ်မယ့် ရေမွှေးကိုလည်း ဆောင်းတွင်းမှာစွတ်သလို Woody, Musky ဖြစ်တာမျိုးထက် Citrus, Floral စတဲ့အနံ့တွေ‌ပြောင်းစွတ်ဖို့ အချိန်ရောက်လာပြီပေါ့။ အနံ့တွေဆိုတာ ထင်သလောက်မရိုးရှင်းတာမို့ နွေရာသီနဲ့လိုက်ဖက်တဲ့အနံ့ဆိုတာ လူတိုင်းပြေးမြင်ကြတဲ့ Citrus, Floral တွေအပြင် အဲ့ထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အနံ့တွေရှိပါသေးတယ်။ ဆိုတော့ သမားရိုးကျ Floral နံ့လေးတွေအပြင် ဘယ်လိုအနံ့တွေ၊ ဘယ်လို perfume တွေက ယောကျာ်းလေးရော၊ မိန်းကလေးအတွက်ပါ နွေရာသီနဲ့ အံ့ဝင်ခွင်ကျ အလိုက်ဖက်ဆုံး ဖြစ်နိုင်မလဲဆိုတာ အောက်မှာဆက်ပြီး ပြောပြပေးသွားပါမယ်။

1. Viktor & Rolf Flowerbomb Tiger Lily Eau de Parfum

New From Viktor&Rolf: Flowerbomb Tiger Lily Eau de Parfum ~ New Fragrances

ဒီရေမွှေးက ဒီနှစ်မှ စထုတ်လိုက်တဲ့ မိန်းကလေးသုံးရေမွှေးအသစ်ပေါ့။ Emily Ratajkowski ရဲ့ အကြိုက်ဆုံးရေမွှေးတွေထဲက တခုလည်း ဟုတ်ပါတယ်။ ဒီရေမွှေးရဲ့ Top note တွေက Coconut milk နဲ့ Bergamot ဖြစ်ပြီး Middle note က Tyger Lily, Jasmine နဲ့ Freesia ပန်းနံ့လေးဆိုတော့ စွတ်စွတ်ချင်း အီအီလေးဖြစ်ပြီး နောက်မှ ပန်းနံ့လေးတွေသင်းနေတာဆိုတော့ နွေရာသီနဲ့ တော်တော်ကိုလိုက်ဖက်တယ်ဆိုရမယ်။

2. Valentino Uomo Born In Roma Green Stravaganza

ဒါကတော့ ယောကျာ်းလေးတွေအတွက် ဒီနှစ်မှ Valentino က အသစ်ထုတ်ထားတဲ့ရေမွှေးပါ။ ထွက်တာမကြာသေးပေမဲ့ ယောကျာ်းလေးတွေအနေနဲ့ နွေရာသီမှာ စွတ်ဖို့အတွက် အရမ်းကွက်တိဖြစ်တာမို့လို့ review အမိုက်စားတွေလည်း ရထားပါတယ်။ Top note က Calabrian bergamot ဆိုတော့ စွတ်လိုက်တာနဲ့ ပန်းပေါင်းစုံဥယျာဉ်ထဲကို ရောက်သွားသလို လန်းဆန်းတဲ့အနံ့မျိုးကို ရမှာပါ။ Middle note က Coffee ဆိုတော့ အနောက်ကနေ ကော်ဖီနံ့မွှေးမွှေးလေးက ကပ်ပါလာလို့ အနံ့အတွဲအစပ်ကအစ အစပ်အဟပ်မိပြီး သူ့ကို စွတ်ထားရင် ဘေးနားကလူတွေကအစ ဘာစွတ်ထားတာလဲ လိုက်မေးရလောက်အောင်ကို မိုက်ပါတယ်။

3. Marc Jacobs Fragrances Daisy Wild Eau de Parfum

ဒီနှစ်အသစ်ထွက်ထားတဲ့အထဲ နွေရာသီအတွက် မိန်းကလေးတွေနဲ့လိုက်ဖက်မယ့်နောက်ထပ်ရေမွှေးတခုက Daisy Wild by Marc Jacobs ပါပဲ။ နာမည်နဲ့တင် ပန်းနံ့လေးတွေပါမယ်ဆိုတာကတော့ ခန့်မှန်းလို့ရနေပါပြီ။ ဒီရေမွှေးက Marc Jacobs ရဲ့ တောရိုင်းပန်းလေးတွေကို အခြေခံပြီး ထုတ်ထားတဲ့ Daisy collection ထဲက တခုပါ။ Top note က high-end ရေမွှေးတွေမှာ သုံးနေကြမဟုတ်တဲ့ Banana flower ကို သုံးထားပြီး အနံ့လေးက စွတ်စွတ်ချင်းမှာတင် နွေနံ့သင်းတဲ့ခံစားချက်ကို ပေးပါတယ်။ Middle note မှာ Macadamia နဲ့ Jasmine လေးတွဲပါလာတာဆိုတော့ woody, nutty, floral နံ့လေးတွေပေါင်းသွားပြီး ပေါ့ပေါ့ပါးပါးနဲ့ နွေနေပူမှာ အရမ်းကို အဆင်ပြေလိုက်ဖက်တာမျိုးပါ။

4. Hermes H24 Herbes Vives

Hermes H24 Herbes Vives ကလည်း ဒီနှစ်မှအသစ်ထွက်ထားတာပါပဲ။ ဒီရေမွှေးရဲ့ Top note က Herbal notes ဆိုတော့ စွတ်စွတ်ချင်းမှာတင် စိမ်းလန်းပြီး ပန်းနံ့သင်းတဲ့အနံ့မျိုးကို ရမှာဖြစ်ပြီး Middle Note က Pear ဆိုတော့ လွတ်လပ်ပေါ့ပါးတဲ့ ခံစားချက်ကို အပြည့်အဝပေးမှာပါ။ နွေမှာရွာတဲ့မိုးလို ပေါ့ပါးလန်းဆန်းပြီး ပန်းနံ့သင်းသင်းလေးကပ်ပါလာတဲ့ ဒီရေမွှေးလေးက ယောကျာ်းလေးတွေစွတ်ထားရင် ယောကျာ်းဆန်တဲ့အငွေ့အသက်နဲ့ ပန်းနံ့သင်းတာလေးက ရောထွေးနေမှာမို့လို့ ဒါမျိုးကို မိန်းကလေးတွေက သဘောကျတတ်ကြပါတယ်။ နွေရာသီမှာ လွတ်လပ်ပေါ့ပါးတဲ့အနံ့မျိုးကို ကြိုက်တဲ့ယောကျာ်းလေးတွေအတွက် Go-to-perfume တခု ဖြစ်စေမှာ သေချာပါတယ်။

5. Prada Paradoxe Eau de Parfum

Prada Paradoxe Eau de Parfum Review - Escentual's Blog

မိန်းကလေးတွေအတွက် နွေရာသီမှာအဆင်ပြေမယ့် ရေမွှေးနောက်တမျိုးကတော့ ၂၀၂၂ တုန်းက ထွက်ထားတဲ့ Prada Paradoxe by Prada ပါ။ ဒီရေမွှေးက သူ့ရဲ့ ထူးခြားတဲ့ အမွှေးနံ့ပေါင်းစပ်မှုကြောင့် နာမည်ကြီးပါတယ်။ Top note တွေက Pear, Tangerine နဲ့ Bergamot လို Citrus နံ့တွေကို white florals, warm amber နဲ့ musk အနံ့တွေဖြစ်တဲ့ Orange Blossom, Neroli Essence, Neroli နဲ့ Jasmine Sambac တို့ကို Middle note အဖြစ် အချိုးအစားကျကျပေါင်းစပ်ထားလို့ scent profile အကုန်ကို ဒီရေမွှေးတခုထဲမှာတင် ရနိုင်တယ်လို့ ဆိုရမှာပါ။ ဒါကြောင့်လည်း Blind buy ဝယ်ရင်တောင် ဝယ်လို့ရတဲ့ထိကို လူကြိုက်များပြီး နာမည်ကြီးတာ မဆန်းပါဘူး။

6. Acqua Di Gio Eau De Parfum

ဒီရေမွှေးက 2022 ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး နွေရာသီနဲ့ဆို အလိုက်ဖက်ဆုံးထဲမှာ ပါပါတယ်။ Acqua Di Gio Eau de Parfum က Original Acqua Di Gio formula နဲ့မတူပဲ သူက earthy, herbal အနံ့မျိုးဘက် ပိုရောက်ပါတယ်။ Original version ကို ဒီဘက်ခေတ်အကြိုက်နဲ့လိုက်မယ့် version လို့ပြောရပါမယ်။ သူ့ရဲ့ Top Note တွေက Sea Notes and Green Mandarin ဖြစ်ပြီး Middle note မှာ Clary Sage, Lavender နဲ့ Geranium တွေမို့လို့ စွတ်စွတ်ချင်းမှာကတည်းက ပေါ့ပါးလတ်ဆတ်တဲ့အနံ့မျိုးကိုရပြီး အချိန်နည်းနည်းကြာရင် ပန်းနံ့လေးသင်းသွားတာမို့ သူ့ရဲ့အနံ့က ပင်လယ်ကမ်းခြေတခုကို ရောက်သွားသလို လွတ်လပ်ပြီးလန်းဆန်းလွန်းပါတယ်။ ဒီရေမွှေးစွတ်ထားရင် ကိုယ်တိုင်ရော၊ ဘေးနားကလူတွေပါ ပေါ့ပါးလွတ်လပ်တဲ့ ခံစားချက်တခုကို ရစေမှာပါ။

7. Maison Margiela ‘Replica’ When the Rain Stops

2021 ခုနှစ်မှာ ထွက်ခဲ့တဲ့ Maison Martin Margiela ‘Replica’ ရဲ့ When the Rain Stops က သူ့ရဲ့ Aquatic အနံ့ကြောင့် နာမည်ကြီးပါတယ်။ ဒီရေမွှေးက သူ့နာမည်လေးအတိုင်း မိုးရွာပြီးခါစ မြေသင်းနံ့လေးလိုပဲ နွေးထွေးပေါ့ပါးပြီး nostalgic ဖြစ်ရတဲ့အနံ့မျိုးလေးပါ။ ဒါကိုမှ citrus ဖြစ်တဲ့ Bergamot, ပန်းနံ့ Jasmine နဲ့ earthy ဖြစ်တဲ့ Moss အနံ့လေးတွေ ပေါင်းစပ်ထားလို့ နွေရာသီရဲ့ အငွေ့အသက်လေးကိုလည်း ရစေပါတယ်။ ပြောရရင် နွေမှာရွာတဲ့မိုးအနံ့လေးလို အနံ့တွေကို အချိုးကျကျဖော်စပ်ထားလို့ Aquatic, Woody နဲ့ Earthy ဖြစ်တာကြိုက်တဲ့သူတွေ အကြိုက်တွေ့ကြမယ့် ရေမွှေးလေးပေါ့။ နောက်ပြီး ဒီရေမွှေးက unisex မို့လို့ မိန်းကလေး၊ ယောကျာ်းလေး အကုန်လုံးနဲ့ လိုက်ဖက်ပါတယ်။

8. Jean Paul Gaultier Le Beau Paradise Garden

နွေအတွက်လိုက်ဖက်မယ့် ရေမွှေးအသစ်ကို ဒီနှစ်ထဲမှာပဲ Jean Paul Gaultier က Le Beau Paradise Garden နာမည်နဲ့ ထွက်ထားပါတယ်။ မြေနံ့သင်းတဲ့ earthy scent နဲ့ sandalwood ရဲ့ နွေးထွေးပြီး tropical ဆန်တဲ့အနံ့လေးတွေ ပေါင်းထားတဲ့ Le Beau Paradise Garden ရေမွှေးလေးက woody အနံ့ကြိုက်တဲ့သူတွေအတွက် ထူးခြားတဲ့ခံစားမှုမျိုးကို ပေးနိုင်စွမ်းရှိတာကြောင့် ထွက်ထားတာမကြာသေးပေမဲ့ လူကြိုက်များနေပါပြီ။ Top note တွေအနေနဲ့ Watery Notes, Green Notes, Mint နဲ့ Ginger တွေပေါင်းစပ်ထားလို့ စွတ်စွတ်ချင်းမှာ စိမ်းလန်းပြီး ချိုမြတဲ့အနံ့ကို ပေးပါတယ်။ ဒါကိုမှ Middle note တွေက Coconut, Fig နဲ့ Salt အနံ့တွေဖြစ်ပြီး Base note တွေအနေနဲ့ Sandalwood နဲ့ Tonka Bean အနံ့တွေကို ရစေမှာမို့ Green, Sweet, Woody, Aquatic စတဲ့ scent profile တွေကို တစုတစည်းထဲ ခံစားရပြီး နွေရာသီမှာ တော်တော်ကိုလိုက်ဖက်တဲ့ တမူထူးခြားတဲ့ ရေမွှေးတခုဖြစ်လို့နေပါတယ်။

9. Dior Gris Dior

2017 ခုနှစ်မှာ ထွက်ခဲ့တဲ့ Dior ရဲ့ Gris Dior က ပန်းနံ့နဲ့ woody နံ့တွေကို ပေါင်းစပ်ထားတဲ့ ထူးခြားတဲ့အနံ့ပေါင်းစပ်မှုကြောင့် လူကြိုက်များပါတယ်။ ယောကျာ်းလေးရော၊ မိန်းကလေးပါ သုံးလို့ရတဲ့ unisex perfume တခုလည်းဖြစ်ပါတယ်။ Key scent notes တွေက Bergamot, rose, jasmine, patchouli, moss, cedar, sandalwood နဲ့ amber တွေဖြစ်လို့ Woody, Earthy, Mossy, Rose, Citrus စတဲ့ scent profile တွေကို ဒီ ရေမွှေးက ပေးဆောင်နိုင်ပါတယ်။ Woody ဖြစ်တဲ့အနံ့ကိုမှ နောက်ကနေ နှင်းဆီနံ့လေးကပ်ပါလာတာမို့လို့ စာရေးသူလိုပဲ ချိုအီတဲ့အနံ့တွေမကြိုက်တဲ့ လူတွေအကြိုက်တွေ့မယ့် ရေမွှေးပါ။

10. Roja Elysium

Elysium ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပါယ်က ကောင်းကင်ဘုံ (Paradise) ကို ရည်ညွှန်းတဲ့ ရှေးခေတ်သုံးစကားလုံးတခုပါ။ ဒီရေမွှေးရဲ့နာမည်က Eylsium ဆိုတဲ့အတိုင်းပဲ တကယ်ကို ကောင်းကင်ဘုံ ကိုရောက်သွားတယ်လို့ ခံစားရလောက်အောင်ကို ကောင်းတယ်ဆိုပြီး Review အမိုက်စားတွေနဲ့ နာမည်ကြီးပါတယ်။ စထွက်တဲ့ 2017 ကတည်းက အခုထက်ထိကို လူကြိုက်များတဲ့ ရေမွှေးတခုလည်းဖြစ်ပါတယ်။ Top Note တွေက Rhubarb, Grapefruit, Artemisia, Thyme, Musk, Bergamot, Lavender နဲ့ Lime တွေပါလို့ စွတ်စွတ်ချင်းမှာ လန်းဆန်းပြီး citrus အနံ့မျိုးနဲ့စပါတယ်။ အဲ့နောက်မှာမှ Middle Note တွေက Black Currant, Tuberose, Jasmine, Orange Blossom, Lily of the Valley, Apple နဲ့ Rose de Mai အနံ့မျိုးတွေလိုက်တာမို့ ပန်းနံ့နဲ့ချိုအီအီအနံ့လေးတွေ ကပ်ပါလာပါတယ်။ ခြုံငုံပြီးပြောရရင်တော့ ယောကျာ်းဆန်ပြီး စွတ်ဖူးသမျှရေမွှေးတွေနဲ့လုံးဝမတူပဲ စကားလုံးတွေနဲ့ဖော်ပြလို့မရတဲ့ အနံ့မျိုးကို ဒီရေမွှေးက ပိုင်ဆိုင်ထားပါတယ်။

PerfumeSummer Perfumes
0
Facebook Twitter Google + Pinterest
Maeve

previous post
Emma Stone ရဲ့ အကောင်းဆုံး Red Carpet Fashion များ

Recommended

2019 Fall Fashion Runway က အမိုက်စား မိတ်ကပ်ပြင်ဆင်မှုများ

March 1, 2019

ဆိုင်ပေါင်း ၂၅၀ ကို အပြီးပိတ်လိုက်တော့မယ့် Victoria’s Secret

May 21, 2020

ဝက်ခြံကပြောပြနေတဲ့ သင့်အကြောင်း

July 13, 2020

ဦးမော့လာတဲ့ Genderless Beauty trend

September 10, 2020

Disney ချစ်သူတွေအကြိုက်တွေ့စေမယ့် Snow White Makeup Brush Collection

November 12, 2018

ပုန်းကွယ်နေတဲ့ အလှစစ်ကိုရှာဖွေခြင်း

August 16, 2019

ဆောင်းရာသီမှာ အသားရေဘယ်လိုထိန်းသိမ်းကြမလဲ။

November 21, 2018

How to Upgrade your Personal Grooming?

June 25, 2019

သင်ကိုယ်တိုင် မသိလိုက်တဲ့ Mask တွေရဲ့ နောက်ဆက်တွဲ ပြဿနာများ

October 2, 2020

Less is More – LUSHbeauty with Kaung Pyae...

December 16, 2018

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem