LUSH Art & Music | June 2018
NEON DREAMS with BUNNY PHYOE
Star : Bunny Phyoe
Art Directed by Thihan Kyaw Oo
Assistant Art Director Zwel Aung Thu
Photographed by Aung Kyaw Tun (Visual Design)
Hair & MakeUp by January WeWee
Assistant Hair & MakeUp by Lei Lei
Words by R.E.Saw Translated by Snow
အလွမ်းပြေအနမ်း ၊ နှစ်ပတ်လည်၊ ချစ်တယ်ဟုတ်၊ နင်ပြန်လာမယ့်အချိန် ဒီသီချင်း လေးတွေ ကြားတာနဲ့ Bunny Phyoe ဆိုခဲ့တယ်ဆိုတာကို ၁၉၉၀၊ ၂၀ဝ၀ Born တွေသတိထားမိမှာပါ။ သူအနုပညာလောကထဲစဝင်တဲ့ ၂၀ဝ၉ ခုနှစ်ကနေစလို့ သူ့ရဲ့ ကြိုးစားမှုတွေက ဆယ်ကျော်သက် ပရိတ်သတ်တွေသာမက အသက်အရွယ်ပိုင်း အလိုက်ထင်ဟပ်ပြီး ပရိတ်သတ်က ခံစားချက်တိုက်ဆိုင်မှုတွေအပြည့်နဲ့ အားပေး နေခဲ့ရတဲ့ လူငယ်အဆိုတော်တစ်ဦးဆိုလည်းမမှားပါဘူး။
Bunny Phyoe ကတော့ ကိုယ်ပိုင်တေးစီးရီး album (၃) ခုထွက်ပြီးတဲ့ အချိန်မှာ နောက်ထပ်စတုတ္ထမြောက် Neon Dreams ဆိုတဲ့ album ထွက်ဖို့လုပ် ဆောင်နေပါတယ်။ အခုလတ်တလောမှာတော့ Bunny တစ်ယောက် မိုးလင်းတာနဲ့ studio ပြေးပြီး ညနက်ပိုင်းမှအိမ်ပြန်ရတဲ့ နေ့ရက်တွေကို ဖြတ်သန်းနေရပါတယ်။ ဒီစတုတ္ထမြောက် album ထွက်ဖို့အပြင် လွန်ခဲ့တဲ့လေးနှစ်က သူ့ရဲ့ One Man Show DVD Editing ပါ
တွဲပြီး ပရိတ်သတ်အတွက် လုပ်နေရလို့ပါ။ ဒီ One Man Show DVD ကတော့ Neon Dreams Album ထွက်ရင် Package အနေနဲ့ လက်ဆောင်ထည့်ပေးဖို့ပါလို့ ဘန်နီကပြောပါတယ်။ သီချင်းအပုဒ်ရေ ဘယ် လောက် ပါမယ်ဆိုတာတော့ လောလောဆယ် ခန့်မှန်းလို့မရသေးပါဘူး လို့လဲ ဆိုပါတယ်။ နောက်ထပ် Album ထဲမှာလည်းဘယ်လိုသီချင်းတွေ ပါဝင်လာမလဲ ဆိုတာ စောင့်စားနေပါတယ်။
ခဏတာတွေ့ဆုံရင်း သူ့ရဲ့ထူးခြားတဲ့ အနုပညာအလုပ်တွေနဲ့ပတ်သက်လို့ idea အသစ်ရအောင်ဘာတွေလုပ်ဖြစ်လဲ၊ သီချင်းတစ်ပုဒ်ရေးတော့မယ်ဆိုဘယ် လိုပြင်ဆင် ဖြစ်လဲဆိုတာတွေ မေးမြန်းမိပါတယ်။ ဂီတပိုင်းမှာ ကျွမ်းကျင်ရုံမကပဲ လူမှု ဆက်ဆံရေးလည်းကောင်းတဲ့ bunny ကတော့ လူငယ်ပီပီ ပေါ့ပေါ့ပါးပါးနဲ့ပဲ သူနှစ်သက်တဲ့ အလုပ်ကိုလုပ်ဖြစ်တယ်လို့ ပြောပါတယ်။ အနုပညာidea အသစ်တွေ ကိုတော့ တကူးတက လုပ်တာမျိုးမဟုတ်ပဲ ရုတ်တရက် idea ရလာရင်တန်းလုပ်ဖြစ် တယ်၊ သီချင်းရေးရင်လည်း ဖြစ်ပေါ်လာတဲ့ ခံစားချက်အတိုင်း အမြဲရေးဖြစ်ပြီး ဒါတွေနဲ့ ပတ်သက်လို့ အထူးတလည် ကြိုတင်ပြင်ဆင်ရတာမရှိပါဘူးလို့လဲ ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေမှာ Bunny Phyoe လို့ ပြောတာနဲ့ သူဘယ်လိုပုံစံလဲ။ ဘာတွေဝတ်လဲ ဆိုတာတွေကို လူတိုင်း သတိထားမိမှာပါ။ အနုပညာ လောကကို စဝင်ခါစ Fashion ပိုင်းနဲ့ အခုလက်ရှိ သူ့ရဲ့ Fashion ပိုင်းတွေကို ကြည့်မယ် ဆိုရင်လည်းသိသိသာသာ ပြောင်းလဲလာခဲ့ပါတယ်။
Bunny က “အရင်တုန်း ကတော့ ကိုယ့်ကိုယ်ကို မိုက်တယ်ထင်ပြီးဝတ်တော့ ဝတ်ခဲ့တာပါပဲ။ ပြန်ကြည့်တော့ ဘာတွေဝတ်မှန်းမသိ လွဲနေခဲ့တာတွေတော့ ရှိပါတယ်။ အခုချိန်မှာတော့ ကိုယ်တိုင် မှန်ကြည့်ပြီး ဘာကိုဝတ်ရင်ပိုလိုက်မလဲဆိုတာ စဉ်းစား တတ်လာတယ်။ နောက်ပြီး ရာသီဥတုအလိုက် ရွေးချယ်ဝတ်ဆင်ဖြစ်လာပါတယ်” လို့ဆိုပေမယ့် အသက်အရွယ်အလိုက် ခေတ်ရေစီးကြောင်းအလိုက် ဝတ်စားတတ်သူ တစ်ဦးဖြစ်တယ်လို့ ပရိတ်သတ် တွေမြင်မိမယ်ထင်ပါတယ်။
Bunny ဟာ Music တင်မဟုတ်ပဲ Karrot Clothing Brand ကိုပါ လုပ်နေတာ လည်း တွေ့ရပါတယ်။ First Collection အနေနဲ့ No Bad Vibes Clothing Design တွေကိုလည်း ထုတ်ခဲ့ပြီးဖြစ်ပါတယ်။ ခုတော့ Music ပိုင်းမှာပဲ ပိုအာရုံစိုက် ဖြစ်နေတယ်လို့လဲ ဆိုပါတယ်။ ဒါပေမယ့် 4th ablum နဲ့အတူ Karrot Collection နောက်တစ်ခုလည်း ထပ်လုပ်ဖြစ်မယ်လို့လဲပြောပါတယ်။
July 2018 မှာထွက်မယ့် Neon Dreams album အတွက် ထူးခြားချက်ကတော့ Bunny က သူ ကြိုက်နှစ်သက်တဲ့ နီယွန်အရောင်က ထူးခြားတောက်ပ သလို လူတွေအားလုံးရဲ့ အိမ်မက်တွေကိုလည်း နီယွန် color လိုပဲ သူများတွေထက် ပိုတောက်ပရမယ်ဆိုတဲ့idea ပေးထားခြင်းပါပဲ။ Social Media ပိုင်းနဲ့ ပတ်သက်လို့လည်း Bunny အတွက်ကတော့ ကိုယ်တိုင်ချပြပုံ ဖော်တဲ့ နေရာမှာကော learning လုပ်တဲ့အပိုင်းမှာပါ အနုပညာရှင် တစ်ယောက် အနေနဲ့တော်တော်လေး အရေးပါတယ် လို့ ထင်မြင်ချက်ပေးခဲ့ပါ သေးတယ်။
Music အပြင် Architecture ပိုင်းကိုလည်း ဝါသနာ ပါခဲ့လို့ engineering ကျောင်း တက်နေပေမယ့် လက်ရှိ album ကြောင့် ကျောင်းနားထားပါ သေးတယ်။ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက Frenzo Production နဲ့ လက်တွဲ ခဲ့တဲ့ Bunny ကတော့ စိုင်းတို့နဲ့ Frenzo One Man Show နဲ့
နယ်ဘက် Frenzo Show တွေအတွက် လှုပ်ရှားမှုတွေ လုပ်နေပါတယ်။ လာမယ့် 2018 August မှာလည်း Frenzo က Singapore Tour လုပ်ဖို့ရှိတယ် လို့လဲ သိရပါတယ်။ EDM Festival တွေ ခေတ်စားလာတဲ့ အလျောက် ပွဲတွေသိပ်တော့မသွားဖြစ်ဘူးလို့ Bunny ကနေသိရပါတယ်။ EDM နဲ့ပက်သက်လို့ ကိုဖြိုးဝေ ကိုဇင်မင်းတို့နဲ့အတူတူ EDM Music Type တွေ ဖန်တီးခဲ့တဲ့အထဲမှာ ညို့သီချင်း ကတော့ တော်တော် လေး ရေပန်းစားခဲ့ပါတယ်။
Social Media ပိုင်းမှာ Profile Picture တွေကလည်း အဓိကကျတဲ့နေရာ ကနေ ပါဝင်လာပါတယ်။ Bunny ကတော့ အထူးတလည် Profile Picture ပုံတင် တာမျိုး မဟုတ်ပဲ သူ့စိတ်ထဲက ပေါ်လာတဲ့အတိုင်း တင်ဖြစ်တာ များတယ်လို့ ဖြေထားပါတယ်။ ဒါပေမယ့် သူ့ Profile Picture လေးတွေက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တစ်လောက သူတင်ထားတဲ့ SAMSUNG ကလုပ်တဲ့ campaign မှာ ပါတဲ့ AR Emoji လေးနဲ့ပုံ ကို
ပရိတ်သတ်တွေ တော်တော်လေး ကြိုက်ပါတယ်။ နောက်လမှာ ထွက်လာမယ့် သူ့ရဲ့ စတုတ္ထမြောက် Album ကိုလည်း Profile Picture မိုက်မိုက်လေးလုပ်ပြီး တင်မယ်လို့ ပြောပြထားလို့ စိတ်ဝင်တစား စောင့်စားနေပါတယ်။
(English Version)
Those born in 1990s and 2000s will recall the songs such as ‘A Lwan Pyay A Nan’ by Bunny Phyoe. Since his entry to the Music industry in 2009, his talent and hard work are well received by not only teenage fans but by music lovers of all ages.
Bunny Phyoe is currently in the studio getting ready for his 4th album ‘Neon Dreams’. He told LUSH that he has been going to the studio every morning to work on his album. Not only that, he is also editing his One Man Show DVD from four years ago to be released along with his new album. The One Man Show DVD will be given as a thanking gift for purchase of his ‘Neon Dreams’ album. He can’t tell us how many songs will be included in the album. We are eagerly awaiting for how his Music will sound like.
In a quick meeting with LUSH, Bunny Phyoe shared how he gets inspiration and how he prepared to write his songs. Well versed not only in singing but also in communicating, Bunny answered that he is just doing a job that he loves. Instead of searching for new ideas, he follows when inspiration strikes. He writes songs about his current state of emotions.
Bunny Phyoe had a signature fashion style when he first came out. Now you will see a change in his Fashion style. “I used to wear things I thought were cool. Now when I look back, I realized some were not very suitable for me. Now I look myself in the mirror and choose cloth that suits me. And I am wearing clothing according to the weather,” he said. However the fans will know that he wears suitable fashion for every occasion.
Apart from Music which he is crazy about, Bunny is also working on Karrot Clothing Brand. He introduced “No Bad Vibes” Clothing Design as his first collection but recently he is focusing more on his Music. Another Karrot Collection will be introduced together with his Neon Dreams Album.
Bunny said he got an idea for Neon Dreams because he likes the shiney Neon colors, he wishes our Dreams should be shinier more than other. Neon Dreams Album is going to be released in July 2018. He also thinks that Social Media is also important for an artist to communicate his brand with the audience.
Beside Music, Architecture is also his passion and he studied at the engineering school. But because of his album, he has paused his studies for the time being. After working together with, Franzo production four years ago, he has been touring with them for Franzo One Man Show and other Franzo Shows for regional places. That Franzo Production will also hold Franzo Tour in Singapore during August 2018. Though Bunny doesn’t like going to EDM festivals, he has created EDM music together with Ko Phyoe Wai and Ko Zin Min.
Profile pictures are also important during modern world of Social Media. For Bunny, he said he just posted his profile pictures according to his mood. However, his profile pictures are really interesting.He has an adorable AR emoji of himself made Samsung S9+ which was well loved by his fans. It would be rather interesting to see what kind of Profile Frame he will release about his 4th Album Neon Dreams.