Vans အနေနဲ့ Disney နဲ့ ပထမဆုံး ပူးပေါင်းပြီး ထွက်ရှိခဲ့တဲ့ Harry Potter Collection က အောင်မြင်မှုအများကြီးရရှိခဲ့သလို အခုထွက်ရှိလာတဲ့ The Nightmare before Christmas Collection ကလည်း မထွက်ခင် အချိန်တည်းက လူအများစုရဲ့ စိတ်ဝင်စားမှုများစွာ ရရှိခဲ့တာပဲဖြစ်ပါတယ်။ အခုချိန်မှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ ဒီ collection ကို အောက်တိုဘာလ ၄ ရက်နေ့ကနေစပြီး ဝယ်ယူနိုင်တော့မှာပါ။ “The Nightmare Before Christmas” ဆိုတာကတော့ ၁၉၉၃ ခုနှစ်မှာ Tim Burton ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဖြစ်ပြီး ဒီ အောက်တိုဘာလ ၂၆ ရက်နေ့ ၂၀၁၉ ခုနှစ်မှာဆိုရင် ပြသခဲ့တဲ့နှစ်ပေါင်း ၂၆ နှစ်ထဲ ရောက်ရှိလာတာဖြစ်တဲ့အတွက် အမှတ်တရ အနေနဲ့ ထွက်ရှိလာတာဆိုလည်း မမှားပါဘူး။ အခုထွက်ရှိလာတဲ့ collection မှာတော့ ဖိနပ် ဒီဇိုင်းအမျိုးအစားပေါင်း ၁၀ ခုပါဝင်လာသလို တခြား အဝတ်အထည်တွေနဲ့ accessories တွေပါ ထွက်ရှိလာတာပဲဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းအနေနဲ့လည်း Character တွေဖြစ်ကြတဲ့ Jack Skellington, Sally Zero, Zombic band တို့ရဲ့ ပုံရိပ်တွေကို တွေ့မြင်နိုင်မှာဖြစ်သလို Disney Fan တွေ အသက်အရွယ်မရွေး ဝတ်ဆင်နိုင်အောင် ထုတ်လုပ်ပေးထားတာကိုလည်း သူတို့ရဲ့ Official Website မှာ အသေးစိတ် ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။