Gucci က Milan Fashion week ရဲ့ Spring/Summer 2021 မှာ ပါဝင်သွားမှာဖြစ်ပြီးတော့ အဲ့မှာ ပါဝင်မယ့် collection ကို Livestream လွှင့်ပြီးပြသွားမှာပါ။ Spring/Summer 2021 (SS21) collection ရဲ့ နာမည်ကို “Epilogue” လို့ပေးထားပြီးတော့ ဒီ collection က Gucci ရဲ့ Fall/Winter 2020 show “An Unrepeatable Ritual” ရဲ့ အဆက်ပါ။ Gucci ရဲ့ သတင်းထုတ်ပြန်ချက်အရ Epilogue က ပြီးခဲ့တဲ့ season ရဲ့ ဇာတ်လမ်းအဆက်ကို အဆုံးသတ်သွားမယ်လို့ သိရပါတယ်။
Epilogue မှာ အမျိုးသားဝတ်ရော အမျိုးသမီးဝတ်ပါ ပါမှာဖြစ်ပြီးတော့ ဒီ collection က fashion house ရဲ့ လာမယ့်အနာဂတ်ကို အစပျိုးပေးသွားမှာဆိုပြီး Gucci ဘက်က ပြောခဲ့ပါတယ်။ ဘယ်လိုဆန်းဆန်းပြားပြား idea တွေချပြမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။
Narrative feature ပါမယ့် ဒီ collection က ၁၂ နာရီကြာမှာဖြစ်ပြီးတော့ YouTube, Twitter နဲ့ တခြား platform တွေမှာလည်း ပြသွားမှာပါ။ ဇူလိုင် ၁၇ ရက်နေ့ ဗြိတိန်စံတော်ချိန် မနက် ၇ နာရီ၊ မြန်မာစံတော်ချိန် နေ့လည် ၁၂း၃၀ မှာ livestream စကြည့်လို့ရမှာဖြစ်ပြီးတော့ Gucci ရဲ့ YouTube, Twitter, Facebook page နဲ့ app တွေမှာ ကြည့်လို့ရမှာပါ။