အမေရိကန်သူ အသက် ၂၁ နှစ်အရွယ် မိန်းကလေးဟာ အသက်အငယ်ဆုံး ကမ္ဘာ့ ၁၉၆ နိုင်ငံကို ကမ္ဘာပတ်သူအဖြစ် ဂရင်းနစ်မှတ်တမ်းဝင်ခဲ့ပါတယ်။
Lexie Alford ဆိုတဲ့ မိန်းကလေးဟာ အမေရိကန်နိုင်ငံသူတစ်ယောက်ဖြစ်ပြီး Travel Agents မိသားစုအသိုင်းအ၀ိုင်းကနေ မွေးဖွားလာသူတစ်ယောက်ဖြစ်ပါတယ်။ ဒါဟာ သူမကိုငယ်ငယ်ကတည်းက exotic places တွေကို မကြာခဏဆိုသလို ရောက်ဖူးသူတစ်ယောက်ဖြစ်စေဖို့အတွက် အကြောင်းပြချက်တစ်ခုဖြစ်စေခဲ့ပါတယ်။ ပြီးတော့ ငယ်ငယ်ကတည်းက ဒီလို နိုင်ငံရပ်ခြားတွေကို ခရီးသွားရခြင်းက ကြီးလာတဲ့အခါ သူမရဲ့ ကမ္ဘာပတ်မယ့် အိပ်မက်ကိုဖြစ်တည်စေခဲ့တယ်လို့လည်း ပြောလို့ရနိုင်ပါတယ်။
သူမရဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အသက် ၁၂ နှစ်မှာ ခရီးသွားဖို့အတွက် ပိုက်ဆံတွေ စတင်စုဆောင်းခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ Graduated ဖြစ်ခဲ့ပြီး ကမ္ဘာပတ်ပြီး ဂရင်းနစ်မှတ်တမ်းဝင်နိုင်ဖို့ အတွက်ကို စိတ်အားထက်သန်နေခဲ့ပါတယ်။
ယခုလို ကမ္ဘာအနှံ့ခရီးသွားဖို့ပြင်ဆင်ခဲ့ရာမှာ အခက်ခဲဆုံးအပိုင်းက Visa လျှောက်ထားမှုကိစ္စရပ်တွေဖြစ်ပြီး အဲဒီအတွက် အချိန်ကာလအားဖြင့် နှစ်နဲ့ချီပြီးကြန့်ကြာစေခဲ့တယ်လို့ဆိုပါတယ်။
သူမရဲ့ နောက်ဆုံးခရီးစဉ်ကိုတော့ ၂၀၁၉ ခုနှစ်၊ မေလ ၃၁ ရက်နေ့၊ မြောက်ကိုရီးယားမှာ အဆုံးသတ်ခဲ့ပါတယ်။
Lin Takhon