သူ့ရဲ့နာမည် Imma က ဂျပန်စကားလုံး Ima (အိမ) ယခု ဆိုတဲ့ အဓိပ္ပါယ်ကို သံတူကြောင်ကွဲခေါ်ဝေါ်ထားတယ်လို့လည်း သိရပါတယ်။ IT Media ရဲ့ ပြောဆိုချက်အရ Imma ကို ဂျပန်နိုင်ငံအခြေစိုက် CG company ဖြစ်တဲ့ Modeling Cafe က တီထွင်ထားတာဖြစ်ပြီး CGWorld Magazine ရဲ့ Cover ကိုလည်း ရိုက်ကူးထားပါသေးတယ်။
Imma ရဲ့ Instagram တို့ Twitter တို့ပေါ်မှာတင်တဲ့ပုံလေးတွေကို ကြည့်ရင် တကယ့် လူ့အစစ် တစ်ယောက်လို့ပဲထင်မိမှာပါ။ Imma ရဲ့ ခေါင်းပိုင်းကို 3DCG နဲ့ ဖန်တီးထားတာဖြစ်ပြီး သူ့ရဲ့ပုံတွေထဲက ခန္ဓာကိုယ်ပိုင်း နဲ့ နောက်ခံ Background တွေကတော့ live action ရိုက်ကူးထားတာပါ။ Imma ရဲ့ Bob ဆံပင်ပုံစံ၊ Fashion, Makeup နဲ့ သူ့ရဲ့ ပန်းရောင်ဆံပင်လေးတွေက ခေတ်ဆန်တဲ့လူငယ်တစ်ယောက်ရဲ့ပုံစံလေးလိုပါပဲ။ Imma ရဲ့ ပုံလေးတွေ ဘယ်လိုတောင်လူအစစ်နဲ့တူလည်း ဆိုတာ ပုံတွေမှာ ကြည့်ကြည့်လိုက်ပါဦး။ Virtual Human တွေရဲ့ဆင့်ကဲဖြစ်စဉ်တဖြည်းဖြည်းတိုးတက်လာပြီး လူစိတ်ဝင်စားမှုများလာမှာတော့ အသေအချာပါ။ Imma က Fashion Industry ကို လူတွေပိုစိတ်ဝင်စားလာအောင် ဘယ်လိုတွေ လုပ်သွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။
#may
#LUSHmagazineMyanmar #LUSHdaily #LUSHitRight
Photo Credit – CGWorld & IT Media