LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILYTRAVEL

အသဲကွဲတဲ့အခါ Solo Travelling လုပ်သင့်လား

written by Aung Lynn Thit June 21, 2019
အသဲကွဲတဲ့အခါ Solo Travelling လုပ်သင့်လား

တစ်ယောက်တည်းခရီးသွားတယ်ဆိုတာ အသဲကွဲခြင်း၊ မကွဲခြင်း၊ FA ဖြစ်ခြင်း၊ မဖြစ်ခြင်းတွေနဲ့ ယေဘုယျအားဖြင့် သက်ဆိုင်ခြင်းမရှိပါဘူး။ ယေဘုယျအားဖြင့်နော်။ အသဲကွဲခြင်းကို Solo Travelling နည်းလမ်းနဲ့ ကုသကြသူတွေများစွာရှိပါတယ်။

တစ်ယောက်တည်း ခရီးသွားမယ်လို့ စဉ်းစားဖူးပါသလား။ ခရီးစဉ်တွေကို တစ်ယောက်တည်းမသွားဖူးသေးသရွေ့ တစ်ယောက်တည်းခရီးသွားရခြင်းရဲ့အရသာအစစ်အမှန်ကို သိနိုင်မှာမဟုတ်ပါဘူး။ 🙂 နေရာဒေသအနှံ့ကို တစ်ယောက်တည်း ခရီးသွားရတာကိုမှ လုံးဝကြိုက်နှစ်သက်သူတွေဟာ ကမ္ဘာပေါ်မှာအများကြီးပါ။ သူတို့အားလုံးဟာ အသဲကွဲပြီး ခရီးတွေလျှောက်သွားနေသူတွေချည်း မဟုတ်ကြသလို၊ အထီးကျန်စွာနဲ့ ကွဲပြီးလျှောက်သွားနေကြသူတွေလည်းမဟုတ်ကြပါဘူး။ နောက်ပိုင်းမှာ Travel Blogger တွေရဲ့ အခန်းကဏ္ဍက ခေတ်စားလာတဲ့အခါ Solo Traveller တွေလည်း အရမ်းပေါများလာပါတယ်။ တစ်ယောက်တည်းခရီးသွားပြီးတော့ Travel Blog ကနေ ငွေကြေးရှာဖွေနိုင်သူ Vlogger/Blogger တွေလည်း ကမ္ဘာပေါ်မှာ အများကြီးတိုးပွားလာနေပါတယ်။ ဒါက အခုအကြောင်းအရာနဲ့သိပ်သက်ဆိုင်မှုမရှိဘဲ တစ်ခြားတစ်ဖက်က Solo Traveller တွေပါ။

ကဲ ဒီတော့ . . . အသဲကွဲတဲ့အခါ Solo Travelling လုပ်ရတဲ့ အတွေ့အကြုံက ဘာတွေဖြစ်လာနိုင်မလဲ။

အသဲကွဲတဲ့အခါ တစ်ယောက်တည်း ခရီးထွက်ကြည့်လိုက်ပါ မေ့ပျောက်ပြီး တစ်ကိုယ်တော်ပျော်ရွှင်မှုတွေ ရလာလိမ့်မယ်လို့ဆိုကြပါတယ်။ ဒါက တစ်ယောက်နဲ့တစ်ယောက် အယူအဆတွေကကွဲပြားပါတယ်။ တချို့ကလည်း အသဲကွဲပြီး တစ်ယောက်တည်း ခရီးသွားလိုက်တဲ့အခါ အတိတ်ကိုမေ့မေ့ပျောက်ပျောက်နဲ့ ပိုပြီးစိတ်ရွှင်လန်းချမ်းသာစေတယ်လို့ဆိုကြပါတယ်။ ဒီလိုဖြစ်ရင်တော့ ကောင်းတာပေါ့နော်။ တချို့ကျတော့ ကားစီးရင်း၊ Flight စီးရင်းလည်း ချစ်သူကို သတိရ၊ တစ်ယောက်တည်းအိပ်ရတော့လည်း သတိတွေရ၊ အခက်အခဲနည်းနည်းလေးကြုံရတော့လည်း ချစ်သူကိုသတိရ၊ ရှုမျှော်ခင်းအလှအပတွေကို မြင်တွေ့ရတဲ့အခါမှာလည်း ချစ်သူနဲ့အတူ မျှဝေခံစားလိုတဲ့ခံစားလိုတဲ့စိတ်ကြောင့် သတိတွေရပြီးရင်း ရရင်း ပိုပြီး ပိုပြီးအသဲကွဲရတဲ့ ခရီးစဉ်ဖြစ်စေနိုင်တယ်လို့ဆိုပါတယ်(တစ်ခါမက အတူတူသွားဖူးထားရင် ပိုကြေကွဲစရာကောင်းစေနိုင်ပါတယ်)။ ဒါပေမယ့် သတိပြုရမှာတစ်ခုက တစ်ယောက်တည်းသွားနေရတာဖြစ်တဲ့အတွက် မိမိအပေါ်မှာပဲ အရာရာမူတည်နေတာပါ။ အခက်အခဲကြုံတဲ့အခါ သူ့ကိုသတိရပေမယ့် အကူအညီမရတဲ့အခါ ကိုယ်တစ်ယောက်တည်းပဲ လုပ်ဖြစ်သွားမယ်၊ ထမင်းစားတဲ့အခါ သူမပါလည်း စားတတ်သွားမယ်၊ အိပ်တဲ့အခါ သူမရှိလည်း အိပ်တတ်သွားမယ်၊ မိတ်သစ်ဆွေသစ်တွေနဲ့ အတွေ့အကြုံအသစ်တွေရလာမယ်၊ လွတ်လပ်မှုခံစားတတ်မယ်၊ အသစ်အသစ်တွေ သင်ယူနိုင်မယ်၊ သူမရှိလည်း အရာရာဖြစ်နေတာပဲ၊ ကမ္ဘာဟာ ဒီလိုပဲလည်ပတ်နေပါလားဆိုတာကို လက်ခံတတ်သွားပါမယ်။ အသဲပိုကွဲရမလား၊ မေ့ပျောက်ဖြစ်သွားမလားဆိုတာကတော့ အဲဒီခံစားချက်နဲ့ခရီးသွားဖူးမှပဲ သိနိုင်ပါလိမ့်မယ်။ အဲဒီအခိုက်အတန့်မှာ တွေ့ကြုံလာသမျှ အရာရာဟာ သင်ကိုယ်တိုင်အပေါ်မှာပဲ ဖြစ်တည်နေတာကိုတော့ အမြဲနှလုံးသွင်းထားရပါမယ်။

LUSHer တို့မှာ အသဲကွဲပြီး တစ်ယောက်တည်းခရီးသွားဖူးတဲ့(တစ်ယောက်တည်းနော်) အတွေ့အကြုံရှိရင်လည်း မျှဝေပေးခဲ့ပါဦးနော်။

Lin Takhon

LUSH June 2019LUSH Magazine MyanmarLUSH Travel
0
Facebook Twitter Google + Pinterest
Aung Lynn Thit

previous post
Workout မလုပ်ခင် မစားသင့်တဲ့ အစားအစာများ
next post
Interview with Kyar Pauk

Recommended

မြန်မာငွေ ငါးသိန်းဝန်းကျင်တန် Louis Vuitton ရဲ့ Air Pods Earrings

July 22, 2020

Hoop Earrings: Fashion Vocabulary

January 16, 2020

ထိုင်းအနုပညာရှင်များနဲ့တွဲဖက်ပြီး အနုပညာလှုပ်ရှားမှုများ ပြုလုပ်တော့မယ့် Paing Takhon

August 13, 2019

အသက် ၈၅ နှစ်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖက်ရှင်လောကရဲ့ ထိပ်တန်းဒီဇိုင်နာ Karl Lagerfeld

February 21, 2019

LGBT ဖြစ်ရတာ ရှက်စရာမဟုတ်ပါ။

June 28, 2019

Bermuda Shorts: Fashion Vocabulary

March 12, 2020

Designer မင်းသက်စံရဲ့ Sweet And Smart Haute Couture &...

May 17, 2019

တော်ဝင်စည်းမျဉ်းတွေအတိုင်း ဝတ်ခဲ့တဲ့ Meghan Markle 

May 23, 2018

သင်္ကြန်မှာကဲမယ်ဆို သိထားရမယ့် Fashion Tip များ

April 8, 2019

အမိုက်စား Digital Experience တွေကို ခံစားနိုင်မယ့် ပဲရစ်က Nike House...

July 29, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem