LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
DECOLIFELUSH DAILY

ကိုယ်နေတဲ့နေရာကျဉ်းကျဉ်းလေးကို ကျယ်ကျယ်ဝန်းဝန်းပုံစံဖြစ်အောင် လုပ်ကြမယ်

written by Maeve August 28, 2019
ကိုယ်နေတဲ့နေရာကျဉ်းကျဉ်းလေးကို ကျယ်ကျယ်ဝန်းဝန်းပုံစံဖြစ်အောင် လုပ်ကြမယ်

ကိုယ္ေနတဲ့ေနရာက်ဥ္းက်ဥ္းေလးကို က်ယ္က်ယ္ဝန္းဝန္းပံုစံျဖစ္ေအာင္ လုပ္ၾကမယ္

LUSHers တို့အတွက် ကိုယ်နေတဲ့အခန်းက ကျဉ်းကျဉ်းလေးဖြစ်နေလို့ စိတ်ညစ်နေကြပြီလား။ ဒီအတွက် တော့ စိတ်မညစ်ပါနဲ့နော်။ ကိုယ့်ရဲ့ အခန်းလေးကို ဘယ်လိုမျိုးု ပြုပြင်လိုက်ရင် ကိုယ့်အခန်းက ကျယ် ကျယ်ဝန်းဝန်းနဲ့သပ်သပ်ရပ်ရပ် ဖြစ်သွားမလည်း ဆိုတဲ့ အကြောင်း အရာကို ပြောပြပေးသွားမှာပါ။ အခု ပြောပြမယ့်အချက်လေးတွေက အရမ်းလည်း မခက်ခဲသလို လိုက်လုပ်လို့လည်း လွယ်တဲ့ အချက်လေးတွေမို့လို့ တစ်ချက်လောက် ဖတ်ကြည့်ပြီး လိုက်လုပ်ကြည့်ရအောင်။

LUSHers တို႔အတြက္ ကိုယ္ေနတဲ့အခန္းက က်ဥ္းက်ဥ္းေလးျဖစ္ေနလို႔ စိတ္ညစ္ေနၾကၿပီလား။ ဒီအတြက္ ေတာ႔ စိတ္မညစ္ပါနဲ႔ေနာ္။ ကုိယ္႔ရဲ႕ အခန္းေလးကို ဘယ္လိုမ်ိဳးု ျပဳျပင္လုိက္ရင္ ကိုယ့္အခန္းက က်ယ္ က်ယ္ဝန္းဝန္းနဲ႔သပ္သပ္ရပ္ရပ္ ျဖစ္သြားမလည္း ဆိုတဲ့ အေၾကာင္း အရာကို ေျပာျပေပးသြားမွာပါ။ အခု ေျပာျပမယ့္အခ်က္ေလးေတြက အရမ္းလည္း မခက္ခဲသလုိ လိုက္လုပ္လို႔လည္း လြယ္တဲ့ အခ်က္ေလးေတြမုိ႔လို႔ တစ္ခ်က္ေလာက္ ဖတ္ၾကည့္ၿပီး လိုက္လုပ္ၾကည့္ရေအာင္။

၁။ ကိုယ်ရဲ့အခန်းအရောင်ကို ကိုယ်ရဲ့အကြိုက်ဆုံး အရောင်ရွေးချယ်ပါ။

ကိုယ့်အခန်းရဲ့ ဖွဲ့စည်းပုံပေါ်မူတည်ပြီး လိုက်ဖက်ညီမယ့်အရောင်ကို ရွေးချယ်တာကတော့ အကောင်းဆုံးပါ။ အရောင်နဲ့ ကိုယ်အခန်းရဲ့လိုချင်တဲ့နေရာကို ကန့်သတ်ပြီး ရွေးချယ်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ဥပမာ- ကိုယ်က အခန်းကို အဖြူရောင် ရွေးချယ်ထားတယ်ဆိုပါတော့ အဲအခန်းထဲမှာထည့်မယ့်ပစ္စည်း အရောင်တွေကို အမည်းရောင် ရွေးပြီး ထည့်မယ်ဆို အခန်းက အရောင်နှစ်မျိုးထဲနဲ့ မျက်စိပဒါသလည်း ဖြစ်သလို ရှင်းရှင်းလေးဖြစ်နေမှာ အမှန်ပါပဲ။ နောက်တစ်ခုအနေနဲ့ နံရံဆေးသုတ်တဲ့ပုံစံ ရွေးချယ်တဲ့ နေရာမှာ Semi-Matte Texture ကို ရွေးချယ်တာ ပိုပြီး အဆင်ပြေစေပါတယ်။ အဓိက အရေးကြီးဆုံး တစ်ချက်ကတော့ အရောင်ရွေးချယ်တဲ့နေရာမှာ အရောင်တောက်တောက်ကြီးတွေ မရွေးချယ်မိဖို့ သတိထားသင့်ပါတယ်နော်။

၁။ ကိုယ္ရဲ႕အခန္းအေရာင္ကို ကိုယ္ရဲ႕အႀကိဳက္ဆံုး အေရာင္ေရြးခ်ယ္ပါ။

ကိုယ့္အခန္းရဲ႕ ဖြဲ႔စည္းပံုေပၚမူတည္ၿပီး လိုက္ဖက္ညီမယ့္အေရာင္ကို ေရြးခ်ယ္တာကေတာ့ အေကာင္းဆံုးပါ။ အေရာင္နဲ႔ ကိုယ္အခန္းရဲ႕လိုခ်င္တဲ့ေနရာကို ကန္႔သတ္ၿပီး ေရြးခ်ယ္မယ္ဆိုရင္လည္း အဆင္ေျပပါတယ္။ ဥပမာ- ကိုယ္က အခန္းကို အျဖဴေရာင္ ေရြးခ်ယ္ထားတယ္ဆိုပါေတာ့ အဲအခန္းထဲမွာထည့္မယ့္ပစၥည္း အေရာင္ေတြကို အမည္းေရာင္ ေရြးၿပီး ထည့္မယ္ဆို အခန္းက အေရာင္ႏွစ္မ်ိဳးထဲနဲ႕ မ်က္စိပဒါသလည္း ျဖစ္သလို ရွင္းရွင္းေလးျဖစ္ေနမွာ အမွန္ပါပဲ။ ေနာက္တစ္ခုအေနနဲ႔ နံရံေဆးသုတ္တဲ့ပံုစံ ေရြးခ်ယ္တဲ့ ေနရာမွာ Semi-Matte Texture ကို ေရြးခ်ယ္တာ ပိုၿပီး အဆင္ေျပေစပါတယ္။ အဓိက အေရးႀကီးဆံုး တစ္ခ်က္ကေတာ့ အေရာင္ေရြးခ်ယ္တဲ့ေနရာမွာ အေရာင္ေတာက္ေတာက္ႀကီးေတြ မေရြးခ်ယ္မိဖို႔ သတိထားသင့္ပါတယ္ေနာ္။

၂။ ကိုယ့်အခန်းထဲ ထည့်မယ့် ပရိဘောဂရွေးချယ်မှု မှန်ကန်ပါစေ။

နေရာကျဉ်းကျဉ်းလေးမှာ ပစ္စည်းတွေပြုံနေမယ်ဆို တစ်ခုခုလိုအပ်တဲ့အချိန် လိုက်ရှာနေရရင် ဘယ်လိုမှ အဆင်မပြေပါဘူး။ အဲတော့ အချိန်လည်း မကုန် ပစ္စည်းတွေကိုလည်း နေရာကျဉ်းကျဉ်းလေးမှာ အဆင်ပြေပြေနဲ့ ထားလို့ရအောင် အခန်းထဲထည့်မယ့် ပရိဘောဂကို ရွေးချယ်တဲ့နေရာမှာ ပါးနပ်ဖို့ လိုအပ် သွားပြီနော်။ ကိုယ့်အခန်းထဲမှာနေရာအယူဆုံးဖြစ်တဲ့ ကုတင်ကို ရွေးချယ်တဲ့နေရာမှာ ခေါက်လို့လွယ်ကူမယ့် ခေါက်ကုတင်ကို ရွေးချယ်သင့်ပါတယ်။ ခေါက်ကုတင်က ခေါက်ထားတဲ့အချိန် ထိုင်လို့ရတဲ့ဆိုဖာအနေနဲ့ ပြန်လည် အသုံးပြု လို့ရပါတယ်။ ကုဗတုံးလေးတွေ ခုံပုလေးတွေကို ခုံတန်းရှည်တွေ ခုံအမြင့်တွေအစား ရွေးချယ်မယ်ဆိုရင် နေရာလည်း ပိုကျယ်သွားသလို လိုသလို ရွေ့ပြီးအသုံးပြုလို့ရပြီပေါ့။ ကော်ဖီခုံ အဖြစ်အသုံးပြုမလား အိပ်ယာ ဘေးမှာ ပစ္စည်းတင်ဖို့ ခုံအဖြစ်သုံးမလား သူငယ်ချင်းတွေလာရင်လည်း ခုံရှည်ကြီးမှာ နေရာလုနေစရာမလိုပဲ တစ်ယောက်တစ်ခုံ အဆင်ပြေအောင် ထိုင်လို့ ရပြီပေါ့။

၂။ ကိုယ့္အခန္းထဲ ထည့္မယ့္ ပရိေဘာဂေရြးခ်ယ္မႈ မွန္ကန္ပါေစ။

ေနရာက်ဥ္းက်ဥ္းေလးမွာ ပစၥည္းေတြၿပံဳေနမယ္ဆို တစ္ခုခုလိုအပ္တဲ့အခ်ိန္ လိုက္ရွာေနရရင္ ဘယ္လိုမွ အဆင္မေျပပါဘူး။ အဲေတာ့ အခ်ိန္လည္း မကုန္ ပစၥည္းေတြကိုလည္း ေနရာက်ဥ္းက်ဥ္းေလးမွာ အဆင္ေျပေျပနဲ႔ ထားလုိ႔ရေအာင္ အခန္းထဲထည့္မယ့္ ပရိေဘာဂကို ေရြးခ်ယ္တဲ့ေနရာမွာ ပါးနပ္ဖို႔ လိုအပ္ သြားၿပီေနာ္။ ကိုယ္႔အခန္းထဲမွာေနရာအယူဆုံးျဖစ္တဲ့ ကုတင္ကို ေရြးခ်ယ္တဲ့ေနရာမွာ ေခါက္လို႔လြယ္ကူမယ့္ ေခါက္ကုတင္ကို ေရြးခ်ယ္သင့္ပါတယ္။ ေခါက္ကုတင္က ေခါက္ထားတဲ့အခ်ိန္ ထုိင္လုိ႔ရတဲ့ဆိုဖာအေနနဲ႔ ျပန္လည္ အသံုးၿပဳ လုိ႔ရပါတယ္။ ကုဗတံုးေလးေတြ ခုံပုေလးေတြကို ခံုတန္းရွည္ေတြ ခံုအျမင့္ေတြအစား ေရြးခ်ယ္မယ္ဆိုရင္ ေနရာလည္း ပိုက်ယ္သြားသလို လိုသလို ေရြ႕ၿပီးအသံုးျပဳလုိ႔ရၿပီေပါ့။ ေကာ္ဖီခံု အျဖစ္အသံုးျပဳမလား အိပ္ယာ ေဘးမွာ ပစၥည္းတင္ဖုိ႔ ခံုအျဖစ္သံုးမလား သူငယ္ခ်င္းေတြလာရင္လည္း ခံုရွည္ႀကီးမွာ ေနရာလုေနစရာမလိုပဲ တစ္ေယာက္တစ္ခံု အဆင္ေျပေအာင္ ထုိင္လုိ႔ ရၿပီေပါ့။

၃။ ကိုယ့်အိမ်နံရံကို အမှီပြုပြီး အခန်းကို ကျယ်ဝန်းတဲ့ပုံစံ ဖန်တီးပါ။

ကိုယ်ရဲ့အိမ်နံရံမှာ ဘယ်လိုပစ္စည်းတွေ ချိတ်တတ်ကြလဲ? ပန်းချီကားလား တီဗီလား ဒါမှမဟုတ် ဓာတ်ပုံ တွေလား? ဒီပစ္စည်းတွေအပြင် တခြားပစ္စည်းလေးတွေလည်း နံရံမှာ Attached လုပ်ထားပြီး ကိုယ်ရဲ့ အခန်းနေရာကို ကျယ်ကျယ်ဝန်းဝန်းဖြစ်အောင် လုပ်လို့ရပါတယ်။ နံရံကပ် စားပွဲကို မြင်ဖူးကြမယ် ထင်ပါတယ်။ ပုံမှန်ကြည့်လိုက်ရင်တော့ နံရံမှာ ဘာမှမရှိဘူးလို့ထင်ရပေမယ့် စားပွဲလေးကို ဆွဲချလိုက်မှ စာရေးစားပွဲဖြစ်သွားတာမျိုး၊ စာရေးကိရိယာတွေတင်တဲ့စင်က အထပ်ထပ်ခေါက်လို့စင်လိုမျိုးလည်း ဖန်တီးလို့ ရနိုင်ပါသေးတယ်။ ဒါမှမဟုတ် နံရံမှာ အပင်လေးတွေစိုက်ချင်တယ်ဆိုရင်လည်း ပန်းတင်တဲ့စင် အဆင့်ဆင့်ပါတဲ့ဟာကို အသုံးပြုပြီး အခန်းကို အလှဆင်နိုင်ပါသေးတယ်။ ဒီလိုပြင်ထားတာတောင် ကိုယ်ရဲ့ အခန်းက ကျဉ်းနေသေးတယ် ထင်နေသေးရင်တော့ မှန်ချပ်အကြီးကြီးသာ ထားထားလိုက်ပါ မှန်က ကိုယ်ရဲ့ အခန်းနေရာကို ကျယ်ဝန်းသယောင်ဖြစ်စေလို့ပါ။

၃။ ကိုယ့္အိမ္နံရံကို အမွီျပဳၿပီး အခန္းကို က်ယ္ဝန္းတဲ့ပံုစံ ဖန္တီးပါ။

ကိုယ္ရဲ႕အိမ္နံရံမွာ ဘယ္လိုပစၥည္းေတြ ခ်ိတ္တတ္ၾကလဲ? ပန္းခ်ီကားလား တီဗီလား ဒါမွမဟုတ္ ဓာတ္ပံု ေတြလား? ဒီပစၥည္းေတြအျပင္ တျခားပစၥည္းေလးေတြလည္း နံရံမွာ Attached လုပ္ထားၿပီး ကိုယ္ရဲ႕ အခန္းေနရာကို က်ယ္က်ယ္ဝန္းဝန္းျဖစ္ေအာင္ လုပ္လုိ႔ရပါတယ္။ နံရံကပ္ စားပြဲကို ျမင္ဖူးၾကမယ္ ထင္ပါတယ္။ ပံုမွန္ၾကည့္လိုက္ရင္ေတာ့ နံရံမွာ ဘာမွမရိွဘူးလို႔ထင္ရေပမယ့္ စားပြဲေလးကို ဆြဲခ်လိုက္မွ စာေရးစားပြဲျဖစ္သြားတာမ်ိဳး၊ စာေရးကိရိယာေတြတင္တဲ့စင္က အထပ္ထပ္ေခါက္လုိ႔စင္လိုမ်ိဳးလည္း ဖန္တီးလို႔ ရႏုိင္ပါေသးတယ္။ ဒါမွမဟုတ္ နံရံမွာ အပင္ေလးေတြစိုက္ခ်င္တယ္ဆိုရင္လည္း ပန္းတင္တဲ့စင္ အဆင့္ဆင့္ပါတဲ့ဟာကို အသံုးၿပဳၿပီး အခန္းကို အလွဆင္ႏုိင္ပါေသးတယ္။ ဒီလိုျပင္ထားတာေတာင္ ကိုယ္ရဲ႕ အခန္းက က်ဥ္းေနေသးတယ္ ထင္ေနေသးရင္ေတာ့ မွန္ခ်ပ္အႀကီးႀကီးသာ ထားထားလိုက္ပါ မွန္က ကိုယ္ရဲ႕ အခန္းေနရာကို က်ယ္ဝန္းသေယာင္ျဖစ္ေစလုိ႔ပါ။

၄။ ကိုယ်ရဲ့အခန်းထဲမှာ နေရာလွတ်တွေရှိရင် နေရာတစ်ခုဖြစ်အောင် ဖန်တီးပါ။

အခန်းရဲ့ တစ်ချို့သော ထောင့်နေရာတွေ အိပ်ယာ နဲ့ နံရံကြား နေရာတွေက စိတ်ထဲမှာတော့ ဘာပစ္စည်းမှ ထည့်လို့မရဘူး အလွတ်ထားလိုက်မှရမယ်လို့ စဉ်းစားနေတဲ့အတွေးရှိနေရင် အခုပဲ ခေါင်းထဲကနေ ထုတ်ပစ် လိုက်ပါနော်။ ဘာလို့လဲဆိုတော့ အဲလိုလွတ်နေတဲ့နေရာလေးတွေကြားထဲမှာ ခေါက်ကုလားထိုင်လေးတွေ ၊ တခြား ကိုယ်သိပ်မသုံးဖြစ်တဲ့ ပစ္စည်းတွေကို အစုလိုက်သိမ်းပြီး အဲဒီနေရာတွေမှာ သိမ်းဆည်းလို့ ရပါ တယ်။

၄။ ကိုယ္ရဲ႕အခန္းထဲမွာ ေနရာလြတ္ေတြရိွရင္ ေနရာတစ္ခုျဖစ္ေအာင္ ဖန္တီးပါ။

အခန္းရဲ႕ တစ္ခ်ိဳ႕ေသာ ေထာင့္ေနရာေတြ အိပ္ယာ နဲ႔ နံရံၾကား ေနရာေတြက စိတ္ထဲမွာေတာ့ ဘာပစၥည္းမွ ထည့္လို႔မရဘူး အလြတ္ထားလိုက္မွရမယ္လို႔ စဥ္းစားေနတဲ့အေတြးရိွေနရင္ အခုပဲ ေခါင္းထဲကေန ထုတ္ပစ္ လိုက္ပါေနာ္။ ဘာလို႔လဲဆိုေတာ့ အဲလိုလြတ္ေနတဲ့ေနရာေလးေတြၾကားထဲမွာ ေခါက္ကုလားထိုင္ေလးေတြ ၊ တျခား ကိုယ္သိပ္မသံုးျဖစ္တဲ့ ပစၥည္းေတြကို အစုလိုက္သိမ္းၿပီး အဲဒီေနရာေတြမွာ သိမ္းဆည္းလို႔ ရပါ တယ္။

၅။ ကိုယ့်အခန်းကျဉ်းကျဉ်းလေးမှာ ပစ္စည်းတွေ ဖွလန်မကြဲနေစေဖို့ ဒီအချက်လေးတွေကိုလည်း သတိပြုပါ။

အခန်းကျဉ်းကျဉ်းလေးက နေတတ်ရင်ကျေနပ်စရာပါ။ ဒါပေမယ့် အမှိုက်တွေ ပွရှုပ်နေရင်တော့ စိတ်အိုက်ပြီး လုပ်ချင် ကိုင်ချင်စိတ် ပျောက်သွားတတ်ပါတယ်။ အဲလိုမဖြစ်ရအောင် အခုပြောပြမယ့် အချက်လေးတွေ လိုက်လုပ်ကြည့်နော်။

၅။ ကိုယ့္အခန္းက်ဥ္းက်ဥ္းေလးမွာ ပစၥည္းေတြ ဖြလန္မႀကဲေနေစဖို႔ ဒီအခ်က္ေလးေတြကိုလည္း သတိျပဳပါ။

အခန္းက်ဥ္းက်ဥ္းေလးက ေနတတ္ရင္ေက်နပ္စရာပါ။ ဒါေပမယ့္ အမိႈက္ေတြ ပြရႈပ္ေနရင္ေတာ့ စိတ္အိုက္ၿပီး လုပ္ခ်င္ ကိုင္ခ်င္စိတ္ ေပ်ာက္သြားတတ္ပါတယ္။ အဲလိုမျဖစ္ရေအာင္ အခုေျပာျပမယ့္ အခ်က္ေလးေတြ လိုက္လုပ္ၾကည့္ေနာ္။

(၁) ဟင်းချက်ပြီးသား အိုးခွက်ပန်းကန်တွေကို ဘေစင်ထဲမှာ မထားခဲ့ဘဲ တစ်ခါတည်း ရှင်းလင်းသန့်စင်ပါ။

(၁) ဟင္းခ်က္ၿပီးသား အိုးခြက္ပန္းကန္ေတြကို ေဘစင္ထဲမွာ မထားခဲ့ဘဲ တစ္ခါတည္း ရွင္းလင္းသန္႔စင္ပါ။

(၂) ကိုယ်ရဲ့အဝတ်အဟောင်းတွေ တခြား ပစ္စည်းတွေကို ဟိုပစ်ထား ဒီပစ်ထား လုပ်မယ့်အစား အိတ် တစ်အိတ် ဒါမှမဟုတ် နေရာတစ်ခုသတ်မှတ်ပြီး အဲဒီနေရာမှာ ထားပါ။

(၂) ကိုယ္ရဲ႕အဝတ္အေဟာင္းေတြ တျခား ပစၥည္းေတြကို ဟိုပစ္ထား ဒီပစ္ထား လုပ္မယ့္အစား အိတ္ တစ္အိတ္ ဒါမွမဟုတ္ ေနရာတစ္ခုသတ္မွတ္ၿပီး အဲဒီေနရာမွာ ထားပါ။

(၃) ကိုယ့်အတွက် မလိုအပ်တော့တဲ့ပစ္စည်းတွေကို သိမ်းမထားပဲ သူများတွေကို ပေးတာပဲဖြစ်ဖြစ်၊ အလှုအဖြစ်ပေး ကမ်းစွန့်ကြဲခြင်းအားဖြင့် ကုသိုလ်လည်းရ အလှုလည်း တစ်ခါတည်း လုပ်ပြီးသား ဖြစ်သွားတာပေါ့။

(၃) ကိုယ့္အတြက္ မလိုအပ္ေတာ့တဲ့ပစၥည္းေတြကို သိမ္းမထားပဲ သူမ်ားေတြကို ေပးတာပဲျဖစ္ျဖစ္၊ အလႈအျဖစ္ေပး ကမ္းစြန္႔ႀကဲျခင္းအားျဖင့္ ကုသိုလ္လည္းရ အလႈလည္း တစ္ခါတည္း လုပ္ၿပီးသား ျဖစ္သြားတာေပါ့။

ကဲ LUSHers တို့ရေ အခန်းကကျဉ်းလို့ စိတ်ကျဉ်းကျပ်တာတို့ နေရထိုင်ရ အဆင်မပြေဘူးလို့ ညည်း မနေနဲ့နော်။ အခုပြောပြပေးခဲ့တဲ့အချက်လေးတွေကို လိုက်လုပ်ရင်း ကိုယ်ရဲ့အခန်းကို အလှဆင်နိုင် ကြပါစေ။

ကဲ LUSHers တုိ႔ေရ အခန္းကက်ဥ္းလုိ႔ စိတ္က်ဥ္းက်ပ္တာတို႔ ေနရထိုင္ရ အဆင္မေျပဘူးလို႔ ညည္း မေနနဲ႔ေနာ္။ အခုေျပာျပေပးခဲ့တဲ့အခ်က္ေလးေတြကို လုိက္လုပ္ရင္း ကိုယ္ရဲ႕အခန္းကို အလွဆင္ႏုိင္ ၾကပါေစ။

Editor: Eain Chu

LUSH August 2019LUSH DAILYLUSH decoLUSH Magazine Myanmar
0
Facebook Twitter Google + Pinterest
Maeve

previous post
Best Fashion Looks of MTV Video Music Awards 2019
next post
Umbrella – Fashion Vocabulary

Recommended

လူတယောက်ကို စွန့်လွှတ်လိုက်ဖို့ လိုအပ်နေတဲ့အချိန်

June 23, 2023

Timeless Iconic Bag @ Dior Lady Art

January 13, 2021

တစ်ခေတ် တစ်ခါကနာမည်ကျော်ခဲ့တဲ့ Iconic တွေနဲ့သူတို့ရဲ့ Fashion အသုံးအဆောင်များ

September 21, 2019

The Simpsons နှစ် ၃၀ ပြည့်အတွက် ထွက်ရှိလာတဲ့ Vans x...

August 6, 2020

Optimising your decor with clocks

June 26, 2020

Cara collaborated with PUMA and launched Pride Pack...

June 1, 2020

Hand Sanitizer တွေထုတ်လုပ်သွားမယ့် LVMH

March 16, 2020

Gigi Hadid ရဲ႕ပိုင္ဆိုင္မႈတန္ဖိုးထက္ ၃ဆပိုမ်ားတဲ့ Ariana Grande

June 26, 2018

Instagram Fashionable Lookbook (Romance Style)

November 27, 2020

BLACKPINK’s Jennie Chanel Look-book

November 6, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem